အဆင့်(၆) အဆောင်၊ နတ်ဆိုးအသိုက်ကိုဖျက်ဆီးခြင်း၊ ကောင်းကင်သခင်နှင့် တွေ့ဆုံခြင်း( ၂)
Vol. 27 Ch. 511
မမျှော်လင့်ထားဘဲ၊ ထိုအချိန်တွင် အပြာရောင်အလင်းသည် ရုတ်တရက်သူတို့အား လွှမ်းမိုးသွားသည်။
၎င်းသည် ရှန်းရူယန်၏ အခြားအဆင့်(၅) စစ်မှန်ရတနာ သစ်ခွလျှပ်စီးပိုက်ကွန်ဖြစ်သည်။
ထိုရတနာသည် သူမ၏ တစ်ခါက အဆင့်(၄) ဓမ္မရတနာဖြစ်ခဲ့သည်။ ၄င်းသည် အထူးသဖြင့် ရန်သူများအား ချုပ်နှောင်တားဆီးထားနိုင်ရန် အသုံးပြုသည်။
ရှန်းရူယန်သည် အပတ်တကုတ်ကြိုးစား၍ အဆင့်(၅)ထိုရောက်အောင် ကြိုးစား မြင့်တင်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ လက်တွေ့အသုံးချပြီးနောက် ၄င်းသည် ထွက်ပြေးလွတ်မြောက်တော့မည့် နတ်ဆိုးကျင့်ကြံသူနှစ်ဦး၏ လမ်းကြောင်းကို ထိရောက်စွာတားဆီးထားနိုင်ခဲ့သည်။
ခွပ်…
အပြာရောင်လျှပ်စီးပိုက်ကွန်ထဲတွင်၊ အမျိုးမျိုးသောလျှပ်စီးများက အကြီးအကျယ် ဖျက်စီးနေကြလေသည်။
နှာခေါင်းကောက်သည့်နတ်ဆိုးကျင့်ကြံသူနှင့် ဝါးဦးထုပ်နှင့်နတ်ဆိုးကျင့်ကြံသူတို့က မည်မျှပင် ခုခံပါစေ၊ ရုန်းကန်ပါစေ၊ ဆန္ဒမရှိပါစေ၊ ဒေါသထွက်နေပါစေ ရှုံးနိမ့်နေရခြင်းမှ ရှောင်ဖယ်နိုင်ခြင်းမရှိပါ။
ခနအကြာတွင်၊
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည် နတ်ဆိုးကျင့်ကြံသူနှစ်ဦး လျှပ်စီးပိုက်ကွန်အတွင်း ပြာများအဖြစ် လောင်ကျွမ်းသွားကြသည်ကို ကြည့်ကာ သူတို့၏လက်များကိုမြောက်လိုက်ကြပြီး ရှုံးနိမ့်သွားသောရန်သူများမှ သိုလှောင်လက်စွပ်များကိုယူလိုက်ကြသည်။
“အား…..”
တစ်ချိန်တည်းမှာပင်။
အဝေး၌ အခြေတည်ဝိဉာဉ်နောက်ဆုံးအဆင့် ကျင့်ကြံသူက ခရမ်းရောင်ဓားအလင်းမှ နှစ်ပိုင်းဖြတ်ခံလိုက်ရလေသည်။
၄င်းသည် စံသခင်ရွှမ်းယန်၏ ကိုယ်ပိုင်ဓား ခရမ်းရောင်တိမ်တိုက်ဓားဖြစ်သည်။
စံသခင်ရွှမ်းယန်က ပြန်လှည့်ပြီး အခြားနတ်ဆိုးကျင့်ကြံသူများနှင့်တိုက်ခိုက်နေသော စံသခင်ဖုန်းယွင်နှင့် အခြားသူများထံသို့ သွားလိုက်သည်ကို ကြည့်ကာ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
တုံ့ဆိုင်းခြင်းမရှိဘဲ၊ ထိုစုံတွဲသည် နှင်းပန်းပွင့်စံသခင်နှင့်တိုက်ခိုက်နေသော အခြေတည်ဝိဉာဉ်နတ်ဆိုး ကျင့်ကြံသူများထံသို့ ဦးတည်၍ သွားလိုက်သည်။
နာရီပေါင်းများစွာကြာသောအခါတွင်။
အခြေတည်ဝိဉာဉ်စံသခင်များပူးပေါင်းကာ နောက်ဆုံးကျန်သည့် အခြေတည်ဝိဉာဉ်နတ်ဆိုး ကျင့်ကြံသူအား ဝိုင်းဝန်းကာ သတ်ဖြတ်လိုက်ပြီးနောက် မစ်ရှင်က အခြေခံအားဖြင့် ပြီးဆုံးသွားတော့သည်။
ရှေ့မှ မှောင်မဲကာ နက်ရှိုင်းသည့် နတ်ဆိုးအသိုက်ကို ကြည့်ကာ၊ စံသခင်ဖုန်းယွင်သည် လူတိုင်းကို မဝင်ခိုင်းပေ။
ထိုအစား သူသည် အခြားအဆောင်တစ်ခုကို သူ၏ခန္ဓာကိုယ်ပေါ်မှ ထုတ်လိုက်သည်။
ထိုအဆောင်၏မျက်နှာပြင်ပေါ်တွင် အဆုံးမရှိ ကောင်းကင်ဘုံကျီယန်နေမီးတောက်များကို ရေးထွင်းထားသည်။
ထို့အပြင်၊ ခရမ်းရောင်လျှပ်စီးအလင်းတန်းက ထိုအပေါ်တွင် ကနေသေးသည်။
ထိုအဆောင်မှ ထွက်ပေါ်လာသည့်အရောင်အဝါက အခြေတည်ဝိဉာဉ်ကျင့်ကြံသူများအား ကြောက်ရွံတုန်လှုပ်စေသည်။
“အဆင့် (၆) ကျီယန်နေနတ်ဘုရားလျှပ်စီးအဆောင်”
ကျင့်ကြံသူအချို့က စံသခင်ဖုန်းယွင်၏လက်ထဲမှ အဆောင်အား မှတ်မိသွားကြသောအခါ မနေနိုင်ဘဲအံ့အားသင့်သွားတော့သည်။
ကျီ..ကျီ..ကျီ..
စံသခင်ဖုန်းယွင်၏လက်ထဲမှ ကျီယန်နေနတ်ဘုရားလျှပ်စီးအဆောင်က ပို၍ ပို၍ တောက်ပလာသည်။
ကြောက်စရာကောင်းသည့်ဖိအားက ကျင့်ကြံသူများအားလုံးကို မထင်မှတ်ဘဲ နောက်ဆုတ်စေခဲ့သည်။
ထိုအရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းကာ အင်အားကြီးသည်။
၎င်းစွမ်းအားသည် အခြေတည်ဝိဉာဉ်ကျင့်ကြံသူများက ခုခံနိုင်သည့်အရာမဟုတ်ပေ။
ခွပ်..ခွပ်..ခွပ်
နောက်ဆုံးတွင် အလယ်တွင်ရှိသော အဆောင်ဖြင့် ပတ်ပတ်လည်တွင်ဝန်းရံနေသည့် ကောင်းကင်နှင့်မြေကြီးဓာတ်ချီက ပြင်းထန်စွာ လိမ့်တက်လာခဲ့သည်။
ကြီးမားကာ ပုံစံမရှိဘဲ မျက်စိကျိန်းစေသော မီးတောက်နှင့် လျှပ်စီးများက လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့သည်။
ကျန်းချန်းရွှမ်၊ ရှန်းရူယန်နှင့် အခြားသူများသည် ရှင်းလင်းစွာပင် သာမန်မျက်စိဖြင့်မမြင်နိုင်သော နေရာလပ်ထဲရှိ အမဲရောင်အက်ကွဲရာများကို သတိပြုမိခဲ့ကြသည်။
၎င်းသည် နေရာလပ်အက်ကွဲခြင်းဖြစ်သည်။
ကျီယန်နေနတ်ဘုရားလျှပ်စီးအဆောင်က တကယ်ပင် နေရာလပ်အားဖိအားပေးကာ ထိုကဲ့သို့ အက်ကွဲမှုများကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။
ကျန်းချန်းရွှမ်၊ နှင်းပန်းပွင့်စံသခင်၊ ကြယ်ပင်လယ်စံသခင်နှင့် အခြားသူများက မနေနိုင်ဘဲ အံ့ဩနေကြတော့သည်။
အဆင့် (၆) ရှိစွမ်းအားက တကယ်ပင် အလွန်ကြောက်စရာကောင်းသည်။ စံသခင်ဖုန်းယွင်၏နဖူးပေါ်တွင် ချွေးများကျနေသည်ကို လူတိုင်းမြင်နိုင်သည်။
ကျီယန်နေနတ်ဘုရားလျှပ်စီးအဆောင်ကို ကိုင်ထားသည့်လက်က မထိန်းနိုင်လောက်အောင် တုန်လှုပ်လာခဲ့သည်။
ရှင်းလင်းစွာပင်၊ သူ၏ကျင့်ကြံခြင်းနှင့် အင်အားများနှင့်ပင်၊ အဆင့်(၆)အဆောင်ကို အသက်သွင်းဖို့ရန်မှာ ခက်ခဲသော အလုပ်တစ်ခုဖြစ်နေသေးသည်။
ကံကောင်းစွာပင်၊ စံသခင်ဖုန်းယွင်က ထိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
သူ၏ခန္ဓာကိုယ်မှ ဓမ္မစွမ်းအင်များကုန်ခန်းတော့မည်အချိန်တွင် သူ၏အခြားလက်တစ်ဖက်မှ ဘဲငန်းဥ အရွယ်ဝိဉာဉ်ကျောက်တုံးက ရုတ်တရက်ပေါ်လာခဲ့သည်။
ထိုဝိဉာဉ်ကျောက်တုံးက အပစ်အနာအဆာမရှိပဲ သိမ်မွေ့သည့်အဖြူရောင်အလင်းကို ထုတ်လွှတ်နေသည်၊။
၎င်းသည် အလွန်ရှားပါးသည့်အဆင့်မြင့် ဝိဉာဉ်ကျောက်တုံးဖြစ်သည်။
ထိုကဲ့သို့ ဝိဉာဉ်ကျောက်တုံးမျိုးသည် ကောင်းကင်သခင်များအတွက်ပင် အသုံးဝင်သည်။
ကျီယန်မီးတောက် ကောင်းကင်သခင်၏ ကိုယ်ပိုင်တပည့်သည် မျှော်လင့်ထားသည့်အတိုင်းပင်။
စံသခင်ဖုန်းယွင်၌ တကယ်ပင် ထိုကဲ့သို့သော ရတနာမျိုးရှိနေသည်။
ကျီ…
အဆင့်မြင့်ဝိဉာဉ်ကျောက်တုံး၏ ကူညီမှုဖြင့် စံသခင်ဖုန်းယွင်၏ခန္ဓာကိုယ်မှ ကုန်ခမ်းခါနီးပြီဖြစ်သည့် ဓမ္မစွမ်းအားသည်ချက်ခြင်းပြန်လည် ပြည့်တင်းလာကာ သူ့အား အဆင့်(၆) ကျီယန်နေလျှပ်စီးအဆောင်ကို အသက်သွင်းရာတွင် ထောက်ပံ့ပေးခဲ့သည်။
ဘွန်း..
စံသခင်ဖုန်းယွင်က ကျီယန်နေနတ်ဘုရားလျှပ်စီးအဆောင်အားပစ်လိုက်ကာ သူက ချက်ခြင်းပင် လူတိုင်းကို ထွက်ခွာရန်အမိန့်ပေးလိုက်သည်။
လူတိုင်းက တိုက်လေသင်္ဘော သုံးစင်းပေါ်သို့တက်ပြီး မိုင် ပေါင်း တစ်သောင်းအကွာခန့်ထိ ပျံသန်းသွားပြီးနောက် ရုတ်တရက်ထိတ်လန့်စရာတစ်ခုကိုတွေ့လိုက်ရသည်။
နတ်ဆိုးအသိုက်၏ဘက်တွင်၊ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသည့်မှိုပွင့်သဏ္ဍာန်တိမ်က ရုတ်တရက် မြင့်တက်လာသည်။
မီးတောက်နှင့် လျှပ်စီးများက ရောယှက်နေသည်။
ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားက မိုင်ပေါင်းထောင်ချီအထိပင် ဖြတ်သန်းသွားခဲ့သည်။
၎င်းသည် အရာအားလုံးကို အငွေ့ပျံသွားစေပြီး အသေးငယ်ဆုံးသောအစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားစေသည်။
နတ်ဆိုးချီနှင့် နတ်ဆိုးအသိုက်က ရှင်းလင်းစွာပင် ထိုအဆင့်၏စွမ်းအားကိုတောင့်ခံထားနိုင်ခြင်းမရှိပါ။
အရင်းမြစ်မှ စ၍၊ ၄င်သည် တည်ရှိနေသည့်အရာအားလုံး၏ သဲလွန်စကိုပင်ဖျောက်ဖျက်ပစ်လိုက်သည်။
ဂျုန်း…
၎င်းသည် ထိုအချိန်က နတ်ဆိုးအသိုက်ဖက်က ထွက်ပေါ်လာသည့် ကြီးမားသည့် ပေါက်ကွဲခြင်းအသံက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေခဲ့သည်။
ထိုအချိန်တွင်၊ နှစ်ဖက်စလုံးက ကီလိုမီတာသောင်းကျော်သို့ပင် ဝေးကွာနေပြီဖြစ်သော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသည့်အသံက အချို့ကျင့်ကြံသူများ၏ နားမှ သွေးပင်ထွက်စေသေးသည်။
သူတို့၏ခေါင်းများသည် မူးဝေနေကာ အမြင်က မဲမှောင်နေသည်။
အကယ်၍ သူတို့သည် ထွက်ခွာသည်မှာနောက်ကျခဲ့ပါက၊ အခြေတည်ဝိဉာဉ်စံသခင်များမှ လွဲ၍ ထိုစွမ်းအား၏ နောက်ဆက်တွဲကြောင့် မည်သူမှ အသက်ရှင်နိုင်စွမ်းရှိမည်မဟုတ်ပါ။
၎င်းသည် အဆင့်(၆)၏ စစ်မှန်စွမ်းအားဖြစ်သည်။
ထိုအရာသည် အဆင့်(၅) အခြေတည်ဝိဉာဉ်နှင့် မှန်းဆ၍မရလောက်အောင်င် ကွာခြားချက်ရှိပေသည်။
သူတို့သည် ထိုနေရာတွင် အချိန်ကြာကြာမနေကြတော့ပါ။
စံသခင်ဖုန်းယွင်နှင့် အခြားသူများက နတ်ဆိုးအသိုက်နှင့် ၎င်း၏ပတ်ဝန်းကျင် ကီလိုမီတာ ထောင်ပေါင်းများစွာသည် လုံးလုံးလျားလျားပျက်စီးသွားပြီဖြစ်ကြောင်းအတည်ပြုပြီး လူတိုင်းကို ကျီယန်နေနန်းတော်သို့ အမြန်ပြန်ကြရန် အမိန့်ပေးလိုက်သည်။
ရက်အနည်းငယ်အကြာတွင်။
ထိုအုပ်စုသည် ကျီယန်နေနန်းတော်သို့ ပြန်ရောက်လာကြသည်။
ကျီယန်နေနန်းတော်သို့ ပြန်ရောက်ပြီးနောက် စံသခင်ဖုန်းယွင်က ချက်ခြင်း လူတိုင်းကို ၎င်းတို့ အကူအညီပေးခဲ့သည့်အရ သက်ဆိုင်ရာ အကူအညီပေးခဲ့သည့်ရမှတ်များကို ပေးခဲ့သည်။
ထိုအကူအညီပေးခဲ့သည့်ရမှတ်များသည် ကျီယန်နေနန်းတော်မှ ကျင့်ကြံရေးအမွေအနစ်တစ်ခုနှင့် လဲ၍ ရလေသည်။
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က အတူတကွ အလယ်ဆင့် အခြေတည်ဝိဉာဉ်နတ်ဆိုးကျင့်ကြံသူ နှစ်ဦးကို သတ်ဖြတ်ခဲ့ကြသည်။
တစ်ချိန်တည်း၌ သူတို့သည် အခြားစံသခင်များကို ကူညီကာ များစွာသော အခြေတည်ဝိဉာဉ်နတ်ဆိုး ကျင့်ကြံသူများကို သတ်ခဲ့သည်။
ထို့ကြောင့် အကူအညီပေးသည့်ရမှတ် စုစုပေါင်း ၅၀၀ မှတ်ရရှိခဲ့လေသည်။
ထိုအမှတ် ၅၀၀ မှတ်သည် များပြားသည့်ပုံမပေါက်ပေ၊ သို့သော်လည်း အဆင့်(၅) ဝိဉာဉ်ပစ္စည်းများစွာနှင့် လဲလှယ်နိုင်ပါသည်။
သူတို့အထဲ၌ အထွတ်အထိပ်ဆေးလုံးလည်းပါကာ ထိုဆေးလုံးက အခြေတည်ဝိဉာဉ်ကျင့်ကြံသူများကို အဆင့်ထိုးဖောက်နိုင်ရန် ကူညီပေးသည်။
သို့သော်လည်း ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့လိုအပ်သောဆေးမှာထိုကဲ့သို့သောဆေးမျိုးမဟုတ်ပါ။
သူတို့လိုအပ်နေသည့်အရာမှာ သူတို့၏ ကြယ်သံကြိုးအစီအရင်ကို အဆင့် (၅) သို့ အဆင့်မြင့်နိုင်မည့်ရတနာဖြစ်သည်။
၎င်းသည် နက္ခတ်မြစ်သလင်းကျောက်ဟု ခေါ်သည်။
ထိုရတနာအား အကူအညီပေးသည့်အမှတ် ၄၀၀ မှတ်နှင့် လဲနိုင်သည်။
ထို့ကြောင့်၊ ထိုစုံတွဲက လဲဖို့ရန် အချိန်အနည်းငယ်သာတုံ့ဆိုင်းခဲ့ပြီး လဲခဲ့တော့သည်။
ကျန်းချန်းရွှမ်က ကျန်နေသည့် အမှတ် ၁၀၀ ကိုတောင်မြောက်နတ်ဘုရားသံလိုက်ဟုခေါ်သည့် ရတနာဖြင့် လဲခဲ့သည်။
ထိုအရာသည် သူ၏ ဒွိအစွန်းနတ်ဘုရားတောင်အား အဆင့် (၅) သို့ရောက်အောင်အဆင့်မြင့်နိုင်သည်။
နှစ်ဦးသား လိုအပ်သည့်ရတနာများအား လဲပြီးသည့်နောက် စံသခင်ဖုန်းယွင်နှင့်အခြားသူများအား နှုတ်ဆက်ရန်သွားခဲ့ရာ စံသခင်ဖုန်းယွင်က ရုတ်တရက် ရပ်ခိုင်းကာ သူ၏ဆရာ ကောင်းကင်သခင်ကျီယန်မီးတောက်က သူတို့အား တွေ့ချင်သည်ဟု ပြောခဲ့သည်။
နှစ်ဦးသားသည် ထိုကဲ့သို့ မျှော်မှန်းထားခဲ့သော်လည်း၊ သူတို့က ထိုအချိန်သည်အမှန်တကယ်ရောက်လာသောအခါတွင် မအံ့ဩဘဲမနေနိုင်ကြပေ။
မကြာမီပင်၊ စံသခင်ဖုန်းယွင်က ထိုစုံတွဲအား တိတ်ဆိတ်သည့် ခရမ်းရောင်ဝါးတောထဲသို့ ခေါ်သွားခဲ့သည်။
ထိုနေရာ၌။
ခရမ်းရောင်ဝတ်ရုံဝတ်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်က အပြာရောင်နှင့် လူငယ်တစ်ဦးနှင့်အတူ စစ်တုရင်ဆော့နေသည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦး၌ ပြင်းထန်သောလှိုင်းများမရှိပေ။
နှစ်ဦးစလုံးက သေမျိုးကမ္ဘာမှ သာမန်လူသားများကဲ့သို့ပင်။
သို့သော်လည်း၊ ကျန်းချန်းရွမ်နှင့်ရှန်းရူယန်တို့က သူ၏နှစ်ဦး၏ရှေ့မှ သူများက သာမန်လူနှစ်ဦးမဟုတ်ကြကြောင်းသိကြသည်။
သူတို့သည် အဝေးမှ ကောင်းကင်သခင်နှစ်ဦးဖြစ်ကြသည်။
ကျီယန်နေနန်းတော်မှ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အနက်ရောင်ပင်လယ်ပွဲကြည့်စင်မှ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်ပင်ဖြစ်ကြသည်။
***