ကောင်းကင်သခင်၏ လက်ဆောင်၊ကျန်းမိသားစုသို့ပြန်ခြင်း၊ ထန်ပိုင်ရှန်း လာရောက်လည်ပတ်ခြင်း
Vol. 27 Ch. 512
“ဒီနေ့အတွက် ဒီမှာပဲရပ်လိုက်ရင်ကော ဘယ်လိုလဲ?”
ထိုအချိန်တွင်၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် ကောင်းကင်မီးတောက်အဆုံးမဲ့ပင်လယ်တို့က ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့အားမြင်လိုက်ကြသည်။
ပြီးနောက်၊ သူသည် ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့ဖက်ကိုလှည့်လိုက်သည်။
“နှုတ်ဆက်ပါတယ်၊ စီနီယာ ကျီယန်မီးတောက်၊ စီနီယာ အဆုံးမဲ့ပင်လယ်။”
ကောင်းကင်သခင်နှစ်ဦးက သူတို့ကို ကြည့်နေသည်ကို မြင်လျှင်၊ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က နှောင့်နှေးမနေရဲပေ။
သူတို့က ချက်ခြင်း ရှေ့တိုးကာ လေးစားစွာဂါရဝပြုလိုက်ကြသည်။
သူတို့၏ဘေးရှိ စံသခင်ဖုန်းယွင်က လည်း လေးစားသည့် အမူအရာနှင့် ရှိနေသည်။
“နှုတ်ဆက်ပါတယ်၊ ဆရာ။ နှုတ်ဆက်ပါတယ်၊ စီနီယာအဆုံးမဲ့ပင်လယ်။”
ကောင်းကင်သခင်ကျီယန်မီးတောက်က သူ၏တပည့်ကို ခေါင်းညိတ်ပြ၍ ထွက်သွားခိုင်းလိုက်သည်။
စံသခင်ဖုန်းယွင်က ထွက်သွားလျှင်၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်တို့က ကျန်းချန်းရွှမ်နှင့်ရှန်းရူယန် တို့အား ထပ်မံကြည့်လိုက်ကြသည်။
ကောင်းကင်သခင် ကျီယန်မီးတောက်က ပြုံးကာ ပြောသည်။ “ငယ်ရွယ်တဲ့မိတ်ဆွေတို့၊ အရမ်းယဉ်ကျေးနေစရာမလိုပါဘူး။
ခင်ဗျားတို့ကိုတွေ့ချင်ရတဲ့အကြောင်းရင်းက ပထမတော့ ရွှမ်းယန်က ခင်ဗျားတို့ကြောင်းကိုအရမ်းပြောနေလို့၊ ဒုတိယတော့၊ ကျုပ်က ဒီအခွင့်အရေးကိုသုံးပြီးခင်ဗျားတို့နဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ။”
“ဟမ်?”
ကောင်းကင်သခင်ကျီယန်မီးတောက်၏ စကားများကိုကြားလျှင်၊ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က အံ့ဩသွားကြသည်။
ထိုအချိန်တွင် ကောင်းကင်သခင်ကျီယန်မီးတောက်က သူ၏လက်ကိုလှည့်လိုက်သည်။
ခရမ်းရောင်အဆောင်တစ်ခုက လက်ထဲတွင်ပေါ်လာသည်။
ထိုအဆောင်၏ မျက်နှာပြင်ပေါ်တွင် ကောင်းကင်ဘုံကျီယန်နေမီးတောက် ပုံစံကို ရေးထွင်းထားလေသည်။
ထိုအရာမှ ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းများထွက်နေရာ ကောင်းကင်ဘုံသခင်ကျီယန်မီးတောက်ထုတ်လာသည့် ထိုအဆောင်သည် ကျီယန်နေနန်းတော်၏ ထင်ရှားသည့် အဆင့်မြင့် အဆင့် (၅) အဆောင်ဖြစ်သည့် ကောင်းကင်ဘုံကျီယန်နေမီးအဆောင်ဖြစ်ကြောင်းကို သိလိုက်ကြသည်။
သူတို့သည် ထိုအဆောင်၏အစွမ်းကို နတ်ဆိုးအသိုက်တွင်မြင်ခဲ့ပြီးပြီဖြစ်သည်။
ထို့ကြောင့် ထိုအဆောင်က အခြေတည်ဝိဉာဉ်အထွတ်အထိပ်အဆင့်များကိုပင် ချိန်းခြောက်နိုင်သည့်အဆောင် တစ်ခုဖြစ်ကြောင်း သိကြသည်။
ထို့အပြင် ၎င်းသည် သုံးကြိမ်သုံးနိုင်လေသည်။
အခြားတစ်နည်းဖြင့်ပြောရလျှင်၊ ထိုသို့သောအဆောင်မျိုးသည် အခြေတည်ဝိဉာဉ်နှောင်းပိုင်းအဆင့်ကျင့်ကြံသူထံမှ အင်အားကုန်သုံးထားသည့် တိုက်ခိုက်မှု သုံးခုနှင့် ညီမျှလေသည်။
ထိုအဆောင်၏ စွမ်းအားက ပို၍ပင် ကောင်းသေးသည်။
ယခုမူ ကောင်းကင်သခင်ကျီယန်မီးတောက်က သူတို့ရှေ့တွင် ထိုအဆောင်ကိုထုတ်လာရာ ဖြစ်နိုင်သည်မှာ….
ထိုအတွေးက သူတို့စိတ်ထဲဝင်လာသည်နှင့်၊ ကောင်းကင်သခင်ကျီယန်မီးတောက်က ပြုံးကာ သူတို့အား ခေါင်းညိတ်ပြသည်။
“ခင်ဗျားတို့မှန်းကြည့်ပြီးပြီလို့ကျုပ်ယုံကြည်တယ် ဟုတ်တယ်မလား? မှန်တယ်။ ကျုပ်လက်ထဲက အဆောင်က ကျီယန်နေနန်းတော်က အဆင့်မြင့် အဆင့် ၅ အဆောင်ဖြစ်တဲ့ ကောင်းကင်ဘုံကျီယန်နေမီးအဆောင်ပဲ။
ဒီတစ်ကြိမ်မှာ ခင်ဗျားတို့ ကျုပ်ရဲ့ ကျီယန်နေနန်းတော်ကိုလာတဲ့အတွက် ကျုပ်မှာ ဘာလက်ဆောင်မှ မရှိနေဘူး။ ကျုပ်က ဒီ ကောင်းကင်ဘုံကျီယန်နေမီးအဆောင်ကို မိတ်ဆက်လက်ဆောင်အနေနဲ့ပေးလိုက်မယ်။”
စကားပြောပြီးသည်နှင့် ကောင်းကင်ဘုံကျီယန်နေမီးအဆောင်က ကောင်းကင်သခင် ကျီယန်နေမီးတောက် လက်ထဲမှ ထိုစုံတွဲဆီသို့ လွင့်လာခဲ့သည်။
ဤသည်ကိုမြင်လျှင် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က မနေနိုင်ဘဲ တုံ့ဆိုင်းနေကြသည်။
သို့သော်လည်း နောက်ဆုံး၌ သူတို့နှစ်ဦးက ယူလိုက်ကြကာ ကောင်းကင်သခင်ကျီယန်မီးတောက် အား ကျေးဇူးတင်စကားပြောလိုက်သည်။
“ရတနာအတွက် ကျေးဇူးတင်ပါတယ်။ စီနီယာ ကျီယန်မီးတောက်။”
ကောင်ကင်သခင်ကျီယန်မီးတောက်က ပြုံကာ လက်ကို ယမ်းလိုက်သည်။
“ကျုပ်နဲ့ဆိုရင် ဟိတ်ဟန်တွေမလိုပါဘူး။ ခင်ဗျားတို့ ကောင်းမွန်စွာကျင့်ကြံပြီး အနာဂတ်မှာအခြေတည်ဝိဉာဉ်ဖွဲ့စည်းခြင်းကို ထိုးဖောက်နိုင်ပြီး ကျုပ်နဲ့အရည်အချင်းတူသွားရင် အရမ်းကောင်းသွားလိမ့်မှာပါ။”
ကောင်းကင်သခင်ကျီယန်မီးတောက်က မှန်ကန်သည့်သူဖြစ်ကြောင်း ပြောနိုင်ပါသည်။ ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်ကလည်း အပြုံးဖြင့်ပြောလေသည်။
“တာအိုရောင်းရင်းကျီယန်မီးတောက်က ခင်ဗျားတို့ကို မိတ်ဆက်လက်ဆောင်ပေးမှတော့ ကျုပ်ကလည်း ခင်ဗျားတို့နဲ့ မိတ်ဆွေတွေဖြစ်ဖို့ အခွင့်အရေးယူလိုက်ရတာပေါ့။”
ပြောပြီးသည်နှင့်၊ ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်ကလည်းသူ၏လက်ကို မြောက်လိုက်သည်။ သူ၏လက်ထဲတွင် အဆုံးမရှိသော ရေဓာတ်ချီများ ထုတ်လွတ်နေသည့် အဆောင်တစ်ခုထွက်လာလေသည်။
“ဒီအဆောင်က ပင်လယ်လှိုင်းတစ်သောင်းအဆောင်လို့ခေါ်တယ်။ ဒါကတာအိုရောင်းရင်း ခင်ဗျားတို့ကိုပေးတဲ့ ကောင်းကင်ဘုံကျီယန်နေမီးအဆောင်နဲ့အတူတူပဲ။ ဒါကလည်း အဆင့်မြင့် အဆင့်(၅)အဆောင်ပဲ။ အသက်သွင်းပြီးတာနဲ့ ပင်လယ်နက်ထဲက ဆူနာမီရေဝဲဂယက်တွေ ထုတ်နိုင်တယ်။ ဒါကိုလည်း ၃ကြိမ်သုံးလို့ရတယ်။”
ကောင်းပြီ ကျန်းချမ်းရွှမ်နှင့် ရှန်းရူယန် တို့က ကောင်းကင်သခင် ကျီယန်မီးတောက်က လွှဲ၍ အနက်ရောင် ပင်လယ်ပွဲကြည့်စဥ်မှ ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်ကလဲ သူတို့အား ထိုကဲ့သို့ အဆောင်ကို ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။
မထင်မှတ်ထားသဖြင့် ကောင်းကင်သခင်ကျီယန် မီးတောက်အား ကြည့်လိုက်ကြရာ သူကချက်ချင်းပြုံးလိုက်သည်။ ”တာအိုရောင်းရင်း အဆုံးမဲ့ပင်လယ်က ကြင်နာမှုနဲ့ပေးတဲ့လက်ဆောင်ဆိုတော့ လက်ခံလိုက်ပါ။
ခင်ဗျာတို့ ကောင်ကောင်ကျင့်ကြံနိုင်ပြီး ဝိဉာဉ်ဖွဲ့စည်းခြင်းကို ထိုးဖောက်နိုင်တာနဲ့၊ ကျုပ်နဲ့ တာအိုရောင်းရင်း အဆုံးမဲ့ပင်လယ်တို့ကို ကျေးဇူးဆပ်တာပါပဲ။”
“ဟုတ်ကဲ့ပါ။”
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့ကချက်ခြင်း ပင်လယ်လှိုင်းလုံးတစ်သောင်း အဆောင်အား လက်ခံလိုက်ကာ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်အား ကျေးဇူးတင်လိုက်ကြသည်။ “ရတနာအတွက်ကျေးဇူးတင်ပါတယ်၊ စီနီယာ အဆုံးမဲ့ပင်လယ်။”
ကောင်ကင်သခင် အဆုံးမဲ့ပင်လယ်ကလည်း ပြုံးကာ သူ၏လက်ကိုယမ်းပြလိုက်သည်။
“ရပါတယ်။ တာအိုရောင်းရင်းကျီယန်မီးတောက်က လိုအပ်တာတွေအကုန်ပြောပြီးပြီ။ အနာဂတ်မှာ သူရဲ့ညွှန်ကြားမှုနောက်လိုက်ပါ။ အဲ့နည်းလမ်းနဲ့ ကျုပ်တို့ကို စိတ်ပျက်စေမှာမဟုတ်ပါဘူး။”
နောက်တွင်၊ ကောင်းကင်သခင်ကျီယန်မီးတောက်က ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အား အချိန်အကြာကြီးမခေါ်ထားတော့ပေ။
အားပေးစကားတစ်ချို့ပေးပြီးနောက်၊ ထွက်ခွာခွင့်ပြုလိုက်သည်။
ပျောက်ကွယ်သွားသောသူတို့၏နောက်ကျောများကိုကြည့်ကာ၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က မနေနိုင်ဘဲ ကောင်ကင်သခင်ကျီယန်မီးတောက်ကို ကြည့်လိုက်သည်။
“ကျီယန်မီးတောက်၊ အဲ့ငယ်ရွယ်တဲ့တာအိုရောင်းရင်းတွေကို မြင့်မြင့်မှန်းထားတာလား?”
ကောင်းကင်သခင်ကျီယန်မီးတောက်က ပြုံးလိုက်သည်။
“နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ်၊ သူတို့ရဲ့ အနာဂတ်က သူတို့လက်ထဲမှာပဲရှိတာပါ။ လက်ရှိအနှစ်သာရကိုးပါးမသေမျိုးလောကမှာ ဝိဉာဉ်ဖွဲ့စည်းခြင်းကို ထိုးဖောက်ဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာခင်ဗျားလဲသိပါတယ်။
ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်ဖို့ ဖြစ်နိုင်ချေရှိတဲ့ မျိုးစေ့တွေက နည်းသထပ်နည်းလာတယ်။ အနည်းဆုံးကျုပ်တို့အောက်မှာ ဘယ်သူမှ အဲ့ဒီလောက်အဆင့်ကိုရောက်ဖို့အခွင့်အရေးမရှိဘူး။ အခုနောက်ဆုံးတော့ ဖြစ်နိုင်ချေရှိတဲ့မျိုးစေ့လေးနှစ်ခုကိုတွေ့တော့ သူတို့ကို တတ်နိုင်သမျှ ဂရုစိုက်ပေးပြီး သူတို့နဲ့မိတ်ဆွေဖွဲ့ထားရမှာပေါ့။ ဟုတ်တယ်မလား?”
***