ကောင်းကင်သခင်၏ လက်ဆောင်၊ကျန်းမိသားစုသို့ပြန်ခြင်း၊ ထန်ပိုင်ရှန်း လာရောက်လည်ပတ်ခြင်း (၂)
Vol. 27 Ch. 513
ထိုအချိန်တွင်၊ ကောင်းကင်သခင် ကျီယန်မီးတောက်က မနေနိုင်ဘဲ ရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ဒါကလည်း ခင်ဗျားသူတို့ကို လက်ဆောင်ပေးလိုက်ရတဲ့ အကြောင်းရင်းမဟုတ်ဘူးလား?
“ဟီးဟီး၊ ခင်ဗျားကအားလုံးကိုပြောပြီးပြီဘဲ၊ ကျုပ်ကိုဘာထပ်ပြောစေချင်သေးလို့လဲ?”
ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်က မနေနိုင်ဘဲ အပြုံးဖြင့် ပြောလိုက်သည်။ “ဒါမဲ့ ထပ်ပြီး၊ ခင်ဗျားနဲ့ကျုပ်နဲ့ ဒီတစ်ခေါက် ရင်ဆိုင်ရမဲ့ နတ်ဆိုးကပ်ဘေးက သေးသေးလေးမဟုတ်ဘူးနော်။ ကျုပ်တို့နှစ်ယောက်လုံး သေနိုင်တဲ့အထိ တွေးပြီးပြင်ဆင်ထားရမယ်။”
ရုတ်တရက်၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၏ အမူအရာကအလွန်အလေးအနက် ဖြစ်လာခဲ့သည်။
တစ်ချိန်တည်း၌ပင်။
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က ကောင်းကင်သခင် ကျီယန်မီးတောက်၏ နေရာမှထွက်လာရာ၊ သူတို့၏ စံသခင်ရွှမ်းယန်နှင့်အခြားသူများက အပြင်တွင်စောင့်နေကြောင်း တွေ့ရှိခဲ့သည်။
စံသခင်ရွှမ်းယန်နှင့် အခြားသူများက မည်သည့်အတွက်ကြောင့် ကျန်းချန်းရွှမ်းနှင့်ရှန်းရူယန်တို့က ယခုပင် ထွက်လာကြောင်ကိုသိကြသည်။
သို့သော်လည်း ထိုအချိန်တွင်၊ သူတို့က မည်သည်ကိုမှ မမေးကြပေ။
စံသခင်ရွှမ်းယန်က ပြုံးကာ သူတို့နှစ်ဦးက ခေါင်းညိတ်ပြသည်။
“တာအိုရောင်းရင်း၊ အကယ်၍ ဘာကိစ္စမှမရှိတော့ရင် အတူတူပြန်ကြတာပေါ့။”
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က ကန့်ကွက်စရာမရှိပါ။
မကြာမီ၊ သူတို့က စံသခင်ရွှမ်းယန်၏ အဆင့်(၅) တိုက်သင်္ဘော ကိုစီးကာ ယုနိုင်ငံသို့ ပြန်ကြသည်။
ဆယ်ရက်ကြာပြီးနောက်။
ကျန်းချန်းရွှမ်နှင့်အခြားသူများက ယုနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြသည်။
စံသခင်ရွှမ်းယန်၊ နှင်းပန်းပွင့်စံသခင်နှင့် အခြားသူများအားနောက်တစ်ကြိမ်တွေ့ရန် သဘောတူညီကြပြီးနောက် ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က ကျန်းနိုင်ငံသို့ ပြန်ရောက်သွားကြသည်။
သူတို့လူများအား ကျန်းနိုင်ငံသို့ ပြန်ခေါ်သွားပြီးနောက်တွင်၊ ဂိုဏ်းအသီးသီးမှကျင့်ကြံသူများကို သူတို့၏ဂိုဏ်းသို့ ပြန်ပို့ခဲ့ကြသည်။
ထိုစုံတွဲက ကျန်းမိသားစု၏တပည့်များကို မှော်ဝင်တိုင်တောင်သို့ပြန်ခေါ်လာခဲ့ကြသည်။
သူသည်မှော်ဝင်တိုင်တောင်သို့ရောက်သည်နှင့် မိသားစုအားစောင့်ကြပ်ရန်တာဝန်ကျသည့် ကျန်းရန်ယီက ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်ကိုရှာကာ ထန်ပိုင်ရှန်းဟုခေါ်သော အခြေတည်ဝိဉာဉ်စံသခင်တစ်ဦးကလာကာ ထိုစုံတွဲ၏မိတ်ဆွေကောင်းဟုပြောကာ လာရှာကြောင်းပြောပြခဲ့သည်။
သူက ဤတစ်ကြိမ်လာရသည့်အကြောင်းမှာ သူတို့၏မိသားစုထဲဝင်ချင်၍ ဖြစ်ကြောင်း ပြောသည်။
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်က ကျန်းရန်ယီတင်ပြသည်ကိုကြားကာ လွန်စွာအံ့ဩသွားခဲ့သည်။
သူတို့က ထန်ပိုင်ရှန်းသည် နှစ်ပေါင်းများစွာကြာပြီးနောက်အခြေတည်ဝိဉာဉ်အဆင့်သို့ ရောက်မည်ဟု မထင်ခဲ့ကြပေ။
အရေးအကြီးဆုံးအချက်မှာ သူက အမှန်တကယ်ပင် သူတို့၏မိသားစုကို ပူးပေါင်းချင်သည်ဟုဆိုသည်။ ထိုစုံတွဲက တစ်ချိန်တည်းမှာပင် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
ကျန်းချန်းရွှမ်က ပြောလိုက်သည်။ “တာအိုရောင်းရင်းကျန်းကအခု ဘယ်မှာလဲ?”
ကျန်းရန်ယီက ချက်ခြင်းပြန်ဖြေသည်။
“အဖိုး၊ အဲ့ဒီစီနီယာထန်က လက်ရှိ ကျွန်တော်တို့ကျန်းမိသားစုရဲ့ ဧည့်လက်ခံရာတောင်ထိပ်မှာပါ။”
“ကောင်းပြီ။”
ကျန်းချန်းရွှမ်က သူသိပြီဖြစ်ကြောင်း ကျန်းရန်ယီကိုခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူနှင့်ရှန်းရူယန်တို့က ကျန်းမိသားစု၏ ဧည့်လက်ခံရာတောင်ထိပ်သို့သွားလိုက်သည်။
ထိုနေရာတွင် စုံတွဲက တကယ်ပင် ထန်ပိုင်ရှန်းကိုတွေ့လိုက်ရသည်။
ထိုအချိန်တွင် ထန်ပိုင်ရှန်း၏ ကျင့်ကြံဆင့်က တကယ်ပင် အခြေတည်ဝိဉာဉ်အဆင့်ကို ချိုးဖောက်နိုင်ပြီဖြစ်သည်။
သို့သော်လည်း ထိုစုံတွဲအားမျက်မှောင်ကုပ်သွားစေသည်မှာ ထန်ပိုင်ရှန်း၏ အရှိန်အဝါက မတည်ငြိမ်ကြောင်းတွေ့ခဲ့ရသောကြောင့်ဖြစ်သည်။
သူကဒဏ်ရာရနေကြောင်းသိသာသည်။
သူက ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့ကိုတွေ့သောအခါ သူက အံ့ဩဝမ်းသာသွားသည်။
သူသည် ချက်ခြင်းပင် ရှေ့ထွက်လာကာ လက်များကိုဆုပ်လိုက်သည်။
“တာအိုရောင်းရင်းတို့၊ ကျွန်တော် မဖိတ်ခေါ်ပဲလာမိပါတယ်။ ခင်ဗျားတို့ စိတ်မရှိဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်။”
ကျန်းချန်းရွှမ်က ချက်ခြင်းပြုံးလိုက်ကာ ခေါင်းခါလိုက်သည်။
“ထန်ညီကို၊ ဘာပြောတာလဲ။ ခင်ဗျားရောက်လာတာ ကျုပ်တို့ကျန်းမိသားစုရဲ့ဂုဏ်ယူစရာပါ။ ပြောရင်းနဲ့ ထန်ညီကိုရဲ့ အခြေတည်ဝိဉာဉ်အဆင့်ကိုချိုးဖောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်မပြုရသေးဘူးပဲ၊ စကားမစပ်…..”
ထိုအချိန်တွင် ကျန်းချန်းရွှမ်က မတတ်နိုင်ဘဲ ခနရပ်လိုက်ကာ ထန်းပိုင်ရှန်းကို ကြည့်လိုက်သည်။
“ကျုပ် ထန်ညီကိုရဲ့ အရှိန်အဝါတွေမှာ မတည်ငြိမ်မှုတွေတွေ့ရတယ်။ ဘာဖြစ်လဲဆိုတာကို မေးလို့ရမလား?”
ကျန်းချန်းရွှမ်၏စကားများကိုကြားလျှင်၊ ထန်ပိုင်ရှန်းက ချက်ခြင်းပင် ခါးသီးစွာပြုံးလိုက်သည်။
“ရိုးရိုးသားသားပြောရရင်၊ ကျုပ်ခင်ဗျားတို့မိသားစုကိုမလာခင် လူသားနဲ့နတ်ဆိုးတို့ကြားက တိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်လာတာပါ။”
“ဟမ်? ဘယ်လိုဖြစ်ရတာလဲ?”
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က တကယ်ပင်ပဟေဠိဖြစ်သွားကြသည်။
သူတို့သည် ထန်းပိုင်ရှန်းက အဘယ်ကြောင့် နတ်ဆိုးနှင့်လူသားတိုအကြားတိုက်ပွဲများသို့ သွားကြောင်းကိုနားမလည်နိုင်ကြပေ။
သူတို့တွေးနေသည်ကို နားလည်နေသကဲ့သို့ ထန်းပိုင်းရှန်းက ရှင်းပြသည်။
“ရိုးရိုးသားသားပြောရရင် မကြာသေးခင်က လူသားနဲ့နတ်ဆိုးတို့နယ်နိမိတ်ကြားက သူတော်စင် ရှန့်လျိူရှန်းမှာ အရမ်းကြီးတဲ့ ရှေးဟောင်းအကြွင်းအကျန် တစ်ခုထွက်ပေါ်လာခဲ့တယ်။
ကျုပ်ရဲ့တွက်ချက်မှုအရ၊ အဲ့ဒီအကြွင်းအကျန်က ကောင်းကင်သခင်က ချန်ခဲ့တာပဲ။”
“ဘယ်လို..?”
ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က အမူအရာများပြောင်းလဲသွားသည်။
အကယ်၍ ထန်းပိုင်ရှန်းပြောသည့်စကားမှာ အမှန်ဖြစ်ခဲ့လျှင် နတ်ဆိုးနှင့် လူသားကြားမှ တိုက်ပွဲက ရှောင်လွှဲမရနိုင်လောက်ပါ။
ထို့အပြင် ထိုတိုက်ပွဲ၏စကေးက အဆင့်(၅) တွင်ရှိလိမ့်မည်။
“တာအိုရောင်းရင်းထန်၊ ရှင်ပြောတာမမှားတာသေချာလား?”
ထို အချိန်တွင် ရှန်းရူယန်က မတတ်နိုင်ဘဲမေးလိုက်သည်။
သူမ၏ စကားကိုကြားလျှင်၊ ထန်ပိုင်ရှန်းက ခါးသီးစွာပြုံးလိုက်ပြန်သည်။
“နတ်သမီးရှန်း၊ ကျွန်တော်ပြောတာအမှန်တွေဆိုတာ အာမခံနိုင်ပါတယ်။ အကြောင်းက ကျွန်တော် ထွက်မလာခင် လူသားမျိုးနွယ်ဖက်က စံသခင်တစ်ချို့က အဲ့ဒီအဆင့် (၅) နတ်ဆိုးဧကရာဇ်တွေနဲ့ ကြီးမားတဲ့တိုက်ပွဲကြီးကို တိုက်နေကြတာ။
ကျုပ်ဒဏ်ရာရလာတဲ့အကြောင်းကလည်း အဲ့ဒီတိုက်ပွဲကြောင့်ပါ။ ဒါ့အပြင်၊ ဒီကိစ္စက အပြင်ကို မပြန့်သွားသင့်ဘူး။ ဒါပေမဲ့ ကျုပ်ယုံကြည်တယ် ဒီသတင်းက မြောက်ပိုင်းနယ်နိမိတ်တစ်ခုလုံးကို ပြန့်လာမှာ မကြာတော့လောက်ဘူး။”
ထန်ပိုင်ရှန်း၏စကားကို ကြားလျှင် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က သံသယမဝင်တော့ပေ။
ကျန်းချန်းရွမ်က ထိုကိစ္စအကြောင်းကိုမေးခွန်းများထပ်မေးတော့မည့်အချိန်တွင်ပင်၊ မိသားစုခေါင်းဆောင်၊ ကျန်းရန်ယီက ရုတ်တရက် ဧည့်လက်ခံရာတောင်ထိပ်သို့လာကာ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့အား သတင်းတစ်ခုလာပေးသည်။
ထိုအကြောင်းအရာက ထန်ပိုင်ရှန်းအခုပင်ပြောသောအရာဖြစ်သည်။
ထိုစုံတွဲက ထန်ပိုင်ရှန်းကိုကြည့်လိုက်ကြသည်။
ကျန်းချန်းရွှမ်က မတတ်နိုင်ဘဲ အကူညီမဲ့စွာပြုံးလိုက်တော့သည်။
“ထန်ညီကို ကြည့်ရတာ သတင်းက ကျွန်တော်တို့ ထင်တာထပ်ပိုပြီးမြန်မြန်ပျံနေပုံပဲ။”
သူက ပြောရင်းပင်၊ ကျန်းရန်ယီလာပေးသည့် ကျောက်စိမ်းပြားကို ထန်းပိုင်ရှန်းကို ပေးလိုက်သည်။
ထန်းပိုင်ရှန်းက ကျောက်စိမ်းပြားကိုယူလိုက်သည်။
သူသည် အကြောင်းအရာများကိုဖတ်ကြည့်ပြီးနောက် မတတ်နိုင်ဘဲသက်ပြင်းချလိုက်တော့သည်။ “ဒါတကယ်ပဲခင်ဗျားပြောသလို့ပဲ။ ညီကိုကျန်း၊ အခြေအနေတွေအရ လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်က အခြေတည်ဝိဉာဉ်စံသခင်တွေနဲ့ အဆင့်(၅) နတ်ဆိုးဧကရာဇ်တွေက သူတော်စင် ရှန့်လျိူရှန်း မှာစုကြမှာ သိပ်မကြာတော့လောက်ဘူး?”
ထိုအချိန်တွင် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အားကြည့်ကာ တွေးဆပြီးမှ မေးလိုက်သည်။ “ခင်ဗျားတို့သွားဖို့အစီအစဉ်ရှိလား?”
“ညီကိုထန်၊ ခင်ဗျားကောဘယ်လိုထင်လဲ?”
ကျန်းချန်းရွှမ်က မဖြေဘဲမေးလိုက်သည်။
ထန်ပိုင်ရှန်းက ခနလောက်တွေးဆနေကာ ခေါင်းခါလိုက်သည်။
“ကျုပ် သေချာမပြောတတ်ဘူး။ ဒါပေမဲ့ ကျုပ်အတွက်ကတော့ ထပ်သွားချင်တယ်။ ဘာလို့ဆို ကျုပ်နားလည်မှုအရ အဲ့ဒီရှေးဟောင်းအကြွင်းအကျန်တွေထဲမှာ တန်ဖိုးရှိတဲ့ပစ္စည်းတွေ အများကြီးရှိလိမ့်မယ်။
အခြေတည်ဝိဉာဉ်နှောင်းပိုင်းကျင့်ကြံသူတွေအတွက်တောင် အရမ်းဆွဲဆောင်မှုရှိနေတာ။ လက်လွတ်ခံလိုက်ရရင်၊ ဒီလိုအခွင့်အရေးဘယ်တော့ပြန်ရမယ်ဆိုတာမသိဘူးလေ။
အရေးအကြီးဆုံးက ကောင်းကင်သခင်တွေနဲ့ အဆင့်(၆)နတ်ဆိုးတွေလို တန်ခိုးကြီးတဲ့သူတွေက ဒီလိုအဆင့်ရှေးဟောင်းအကြွင်းအကျန်တွေကို ပါဝင်စွက်ဖက်မှာမဟုတ်လောက်ဘူး။
အကယ်၍ မျိုးနွယ်စုနှစ်ခုထဲက သေရေးရှင်ရေးတိုက်ပွဲဆိုရင်တောင် အပိုင်းအခြားက အဆင့်(၅)လောက်မှာပဲရှိလိမ့်မယ်။ အဆင့်(၆)ထိတော့ ပါဝင်လာလိမ့်မှာ မဟုတ်လောက်ဘူး။”
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့သည်ထန်ပိုင်ရှန်းနှင့် သဘောတူကြသည်။
ဝိဉာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်က ထားခဲ့သော ရှေးဟောင်းအကြွင်းအကျန်တွင် ကောင်းကင်သခင်ပင်သုံးနိုင်သော ပစ္စည်းအချို့ပါရှိလိမ့်မည်။
သို့သော်လည်း၊ လူသားများဖြစ်စေ နတ်ဆိုးများဖြစ်စေ ထိုပစ္စည်းအနည်းငယ်မျှလောက်အတွက် ဟန်ချက်ညီမှုကို လွယ်ကူစွာဖျက်စီးကြလိမ့်မည်မဟုတ်ပေ။
အများစုက အခြေတည်ဝိဉာဉ်ကျင့်ကြံသူနှင့် အဆင့်(၅)နတ်ဆိုးဧကရာဇ်အောက် အဆင့်များကိုပင် ရှေးဟောင်းအကြွင်းအကျန်ထဲသို့ ဝင်ခွင့်ပြုလိမ့်မည်ဖြစ်သည်။
အကယ်၍ လိုအပ်သော အရာရှိလျှင်အင်အားမသုံးပဲ လုယူရန် အချိန်မနောက်ကျသေးပါ။
၄င်းသည့် ထန်းပိုင်ရှန်းက ၎င်းတို့ကဲ့သို့ အခြေတည်ဝိဉာဉ်နယ်ပယ်စံသခင်များက ရှေးဟောင်းအကြွင်းအကျန်ထဲသို့ဝင်လျှင် တန်ဖိုးရှိသောပစ္စည်းများရနိုင်ဖို့အခွင့်အရေးရှိကြောင်းတွေးမိခြင်း၏ အဓိကအချက်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်က ထန်ပိုင်ရှန်းကိုကြည့်လိုက်သည်။
ကျန်းချန်းရွှမ်က ရုတ်တရက် ခေါင်းစဉ်ကို ပြောင်းလိုက်သည်။
“ထန်ညီကို၊ ကျုပ်ရန်ယီဆီက ကြားတာ ခင်ဗျားက ကျုပ်တို့ကျန်းမိသားစုထဲဝင်ချင်လို့ဆို၊ ဟုတ်လား?”
***