တောင်အကာအကွယ်အစီအရင်ကို အဆင့်မြင့်ခြင်း၊ သူတော်စင်ရှန့်လျိူရှန်းသို့ရောက်ရှိခြင်း၊ အဆင့် (၆) နတ်ဆိုးဘုရင် Vs ဝိဉာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်
Vol. 27 Ch. 514
“အာ..” ထန်ပိုင်ရှန်းက ကျန်းချန်းရွှမ်က ရုတ်တရက်ခေါင်းစဉ်ပြောင်းလိမ့်မည်ဟုမထင်ခဲ့ပေ။
၄င်းသည် သူ့အားကြောင်အသွားစေသည်။
သို့သော်လည်း၊ ထန်ပိုင်ရှန်းက ချက်ခြင်းပင် အသိပြန်ကပ်လိုက်သည်။
သူက မငြင်းပယ်ပါ။ ထိုအစား သူက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“မှန်ပါတယ်။ ကျုပ်မှာ ကျင့်ကြံဖို့ သင့်တော်တဲ့နေရာကိုရှာဖို့အကြံအစည်ရှိတယ်။ ပြီးတော့လဲ ကျုပ်တို့အဆင့်မှာ သင့်တော်တဲ့ အဆင့် (၅) ဝိဉာဉ်သွေးကြောကိုရှာဖို့က မလွယ်ဘူးလေ။
ဒါကြောင့်ပါ။ ဒါကြောင့်ကျုပ်ခင်ဗျားတို့ကိုတွေးမိသွားတာ။ ကျုပ်ကိုကြိုဆိုပါ့မလားတော့ ကျုပ်မသိပါဘူး။”
“ဘာလို့အဲ့လိုပြောရတာလဲ ထန်ညီကို?”
ကျန်းချန်းရွှမ်က မတတ်နိုင်ဘဲ ပြုံးကာပြောလိုက်သည်။ “အကယ်၍ ညီကိုထန်က တကယ်ပဲ ကျုပ်တို့ကျန်းမိသားစုကို ဝင်ချင်ပြီး အကြီးအကဲဖြစ်ချင်ရင်၊ ကျုပ်တို့ကျန်းမိသားစုက ခင်ဗျားကို ဝမ်းမြောက်ဝမ်းသာလက်ခံမှာပါ။
အကယ်၍ ကျုပ်တို့ကျန်းမိသားစုမှာ ဧည့်သည်အကြီးအကဲအဖြစ်ပဲနေမယ်ဆိုရင်တောင် ကျုပ်က ဝမ်းသာမှာပါ။”
“ဟဲဟဲ၊ ဒါဆိုရင် ကျုပ်စိတ်အေးရပါပြီ။” ထန်ပိုင်ရှန်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ကျန်းမိသားစုရဲ့ကိုယ်စား ထန်ညီကိုကို ကျုပ်တို့ဆီဝင်လို့ ကြိုဆိုပါတယ်။”
“အာ..” ထန်ပိုင်ရှန်းက မတုံ့ပြန်နိုင်ခင်တွင်ပင်၊ ကျန်းချန်းရွှမ်က ခေါင်းစဉ်ကိုပြောင်းလိုက်သည်။
“ကောင်းပြီ။ ညီကိုထန်၊ အခု ကျုပ်တို့ ခနကခေါင်းစဉ်ကို ပြန်ဆက်ကြတာပေါ့။”
ခနအကြာတွင်။
ကျန်းချန်းရွှမ်က ချက်ခြင်းပင် ကျန်းမိသားစု၏အကြီးအကဲများအား ထန်ပိုင်ရှန်းက ကျန်းမိသားစုထဲဝင်ကာ အကြီးအကဲဖြစ်လာမည်အကြောင်းကို ပြောလိုက်သည်။
၎င်းက ချက်ခြင်းပင် ကျန်းမိသားစုအကြီးအကဲများအားအံ့အားသင့်စေသည်။
သိသာစွာပင်၊ သူတို့သည် ထန်ပိုင်ရှန်းက အခြေတည်ဝိဉာဉ်ကျင့်ကြံသူဖြစ်ကြောင်းသိပြီးဖြစ်သည်။
၎င်းသည် ကျန်းမိသားစုတစ်ခုလုံးအတွက် ထိုကဲ့သို့ အခြေတည်ဝိဉာဉ်ကျင့်ကြံသူတစ်ဦးကို ရလိုက်ခြင်းမှာ ကောင်းသောကိစ္စဖြစ်သည်မှာ သံသယဝင်စရာမရှိပါ။
တစ်ချိန်တည်း၌ပင်။
ကျန်းချန်းရွှမ်၊ ရှန်းရူယန်နှင့် ထန်ပိုင်ရှန်းတို့သည် ဝိဉာဉ်ချီများနှင့် ပြည့်နေသည့် တောင်ထိပ်သို့ ရောက်လာခဲ့ကြသည်။
အဆင့်(၅) သို့ရောက်ရှိနေသော ဝိဉာဉ်ချီ၏ သိပ်သည်းခြင်းကိုမည်သူမဆို ခံစားရနိုင်သည်။
ထို့အပြင်၊ ၎င်းသည် သာမန်အဆင့်(၅) ဝိဉာဉ်ချီထပ် သန့်စင်ကာ များပြားသည်။
ထိုအချိန်တွင် ကျန်းချန်းရွှမ်က ပြောလိုက်သည်။ “ညီကိုထန်၊ ဒီနေရာကို ဘယ်လိုထင်လဲ?
အကယ်၍ ပြသနာမရှိရင်၊ ကျုပ်တို့ကျန်းမိသားစုရဲ့ ဒီတောင်ပေါ်မှာခင်ဗျားကျင့်ကြံနိုင်ပါတယ်။”
ထန်ပိုင်ရှန်းက ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။
“ကျုပ်မှာဒီအတွက်ဘာမှကန့်ကွက်စရာမရှိပါဘူး။ စကားမစပ်…”
ရုတ်တရက် သူက တစ်ခုခုကိုစဉ်းစားမိသွားကာမေးလိုက်သည်။ “ညီကိုကျန်း၊ သူတော်စင်ရှန့်လျိူရှန်းကို သွားဖို့ခရီးကကော၊ ဘယ်ချိန်စထွက်ကြမလဲ?”
“အလျှင်မလိုပါဘူး။”
ကျန်းချန်းရွှမ်က ပြုံးကာပြောလိုက်သည်။
“ညီကိုထန်၊ ခင်ဗျားရဲ့ ဒဏ်ရာတွေပျောက်သွားပြီးမှ ကျွန်တော်တို့ သူတော်စင်ရှန့်လျိူရှန်းကို သွားဖို့အတွက် ဆုံးဖြတ်ကြတာပေါ့။
ကျုပ်လည်း ကျန်းမိသားစုရဲ့ အကာအကွယ်အစီအရင်ကို အဆင့်မြင့်ဖို့အချိန်တစ်ချို့လိုသေးတယ်။”
ထန်ပိုင်ရှန်းက ထိုကိစ္စနှင့်ပက်သက်၍ ကန့်ကွက်စရာမရှိပါ။
ထို့နောက် သူ၏လက်ရှိအခြေအနေသည် သူတော်စင်ရှန့်လျိူရှန်းကိုသွားရန်မလုံခြုံပါ။
ကျန်းချန်းရွှမ်က ထန်ပိုင်ရှန်းအားနှုတ်ဆက်ကာ ကျန်းမိသားစု၏ တောင်အကာအရံအစီအရင်ဆီသို့ ရှန်းရူယန်နှင့်အတူလာခဲ့သည်။
သူသည် ကျီယန်နေနန်းတော်မှလဲခဲ့သော နက္ခတ်မြစ်သလင်းကျောက်ကိုထုတ်လာခဲ့သည်။ ကျန်ုးချန်းရွှမ်သည်ရှန်းရူယန်အားကြည့်လိုက်သည်။
“မိန်းမရေ၊ ဒီတစ်ခုကိုတော့မင်းကိုပဲအားကိုးရမှာကို ကိုယ်စိုးရိမ်မိတယ်။ ကိုယ်မင်းကို ထောက်ပံ့ပေးပါ့မယ်။”
ထို့ပြင် ကျန်းချန်းရွှမ်၏ အစီအရင်ဖွဲ့စည်းခြင်းတွင် ရရှိထားသည်မှာ အဆင့် (၅) သို့ ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။
အကယ်၍ သူက မဆင်မခြင်နှင့် နက္ခတ်မြစ်သလင်းကျောက်အား ကျန်းမိသားစု၏ တောင်အကာအရံအစီအရင်ကို အဆင့်မြင့်ဖို့ရန်သုံးလိုက်လျှင် ကျရှုံးဖို့ရန်အခွင့်အရေးများလေသည်။
ထိုသို့ဆိုလျှင်၊ ကြီးမားသောဆုံးရှုံးမှု ဖြစ်လိမ့်မည်။ ရှန်းရူယန်က ကျန်းချန်းရွှမ်၏ ရည်ရွယ်ချက်ကို နားလည်သည်။
ထို့သို့ကြားလျှင် သူမသည် နက္ခတ်မြစ်သလင်းကျောက်ကို ယူလိုက်သည်။
ပြီးနောက် သူမက လက်ကိုမြောက်လိုက်ကာ အနည်းငယ်သောအစီအရင်မန္တာန်တစ်ချို့ကို ဖွဲ့စည်းလိုက်သည်။
ကျီ… ကျန်းမိသားစု၏တောင်အကာအရံအစီအရင် မျက်နှာပြင်က ရုတ်တရက်ရေကဲ့သို့ ဂယက်ထလာသည်။
ကောင်းကင် ပေါ်တွင် ကြယ်များစွာကျဆင်းလာသည်။ ရှန်းရူယန်ကထိုအခွင့်အရေးကို ယူ၍ နက္ခတ်မြစ်သလင်း ကျောက်ကို တောင်အကာအရံအစီအရင်နှင့် ပေါင်းစပ်လိုက်သည်။
ထိုအရာကိုမြင်လျှင် ကျန်းချန်းရွှမ်က ချက်ခြင်းပင် ပူးပေါင်းလိုက်ကာ အနည်းငယ် သော အစီအရင်ဖွဲ့စည်းခြင်းမန္တာန်တစ်ချို့ကိုရွတ်လိုက်သည်။ ထိုစုံတွဲ၏ပူးပေါင်းလုပ်ဆောင်မှုကြောင့် အချိန်ကြာကြာမယူလိုက်ရပဲကောင်းကင်မှကြယ်များမှစွမ်းအားကိုငှားယူကာ တဖြည်းဖြည်း စွမ်းအင်များစုစည်းကာ အစီအရင်ကိုစတင်ခဲ့သည်။
ရက်အနည်းငယ်အကြာတွင်။
နက္ခတ်မြစ်သလင်းကျောက်က တောင်အကာအရံအစီအရင်နှင့် ပေါင်းစပ်သွားခဲ့ကာ အစီအရင်က ဆွဲထားသည့် နက္ခတ်၏ စွမ်းအားက ပို၍သန်မာလာခဲ့သည်။
ရက်အနည်းငယ်အကြာတွင်။
အစီအရင်တစ်ခုလုံးတွင် လှိုင်းဂယက်များက ရုတ်တရက်ထလာခဲ့သည်။
မရေတွက်နိုင်သည့် ထွန်းလင်းတောက်ပသည့်ကြယ်များစုစည်းလာခဲ့သည်။
အခြေတည်ဝိဉာဉ်ကျင့်ကြံသူများပင် ကြောက်ရသည့် စွမ်းအားကြီးသောအင်အားတစ်ခုက ထွက်လာခဲ့သည်။
ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က စိတ်ချစွာပြုံးလိုက်ကြေတာ့သည်။
သူတို့သည် တောင်အကာအရံအစီအရင်ဖြစ်သည့် ကြယ်သံကြိုးအစီအရင်က ထိုအချိန်တွင် အဆင့် (၅)သို့ အောင်မြင်စွာ တိုးတက်သွားခဲ့သည်။
ထို့နောက်တွင် သူတို့ကပတ်ပတ်လည်တွင်မရှိချိန် အခြေတည်ဝိဉာဉ်အဆင့်က တိုက်ခိုက်လာလျှင်ပင် ကျန်းမိသားစုက ဤအစီအရင်ကိုသုံးကာ အချိန်ကြာကြာ တောင့်ခံထားနိုင်လိမ့်မည်။
တစ်ချိန်တည်းမှာပင်။
ထန်ပိုင်ရှန်းက ကျန်းချန်းရွမ်နှင့်ရှန်းရူယန်တို့၏ ဘေးတွင် ပေါ်ထွက်လာသည်။
သူက အဆင့်(၅)သို့မြင့်တင်ပြီးသွားသော တောင်အကာအရံအစီအရင်ကိုကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
“ကျုပ်က ခင်ဗျားတို့ရဲ့မိသားစု အခြေခံက ဒီလောက် နက်ရှိုင်းလိမ့်မယ်လို့မမျှော်လင့်ထားဘူး။ ကျုပ်လာလိုက်တာ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုပဲ။”
“ဟဲဟဲ ညီကိုထန် ကျုပ်ကို မြောက်နေတာပဲ” ကျန်းချန်းရွှမ်က ထန်ပိုင်ရှန်းကိုကြည့်ကာ မေးလိုက်သည်။ “ဒါနဲ့ ညီကိုထန် ခင်ဗျားရဲ့ ဒဏ်ရာတွေကကော? အဆင်ပြေရဲ့လား?”
ထန်ပိုင်ရှန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ကျုပ်အခုသက်သာသွားပါပြီ။ ပြောရင်းနဲ့ ဒီမှာရှိတဲ့ ဝိဉာဉ် သွေးကြောကိုပဲ ကျေးဇူးတင်ရမယ်။ ဒီမှာရှိတဲ့ ဝိဉာဉ်သွေးကြောထဲက ဝိဉာဉ်ချီကြောင့်သာ မဟုတ်ရင် ကျုပ်ဒဏ်ရာက ဒီလောက်မြန်မြန်ပြန် ကောင်းမှာမဟုတ်ဘူး။”
***