← Chapters

တောင်အကာအကွယ်အစီအရင်ကို အဆင့်မြင့်ခြင်း၊ သူတော်စင်ရှန့်လျိူရှန်းသို့ရောက်ရှိခြင်း၊ အဆင့် (၆) နတ်ဆိုးဘုရင် Vs ဝိဉာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် (၂)

Vol. 27 Ch. 515

တောင်အကာအကွယ်အစီအရင်ကို အဆင့်မြင့်ခြင်း၊ သူတော်စင်ရှန့်လျိူရှန်းသို့ရောက်ရှိခြင်း၊ အဆင့် (၆) နတ်ဆိုးဘုရင် Vs ဝိဉာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် (၂)

Vol. 27 Ch. 515

ထိုအချိန်တွင်၊ ထန်ပိုင်ရှန်းက ခနရပ်သွားကာ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်အား ကြည့်လိုက်သည်။

“ကျုပ်တို့လက်ထဲကကိစ္စအားလုံးနီးပါးက အဆင်ပြေနေပြီ။ သူတော်စင်ရှန့်လျိူရှန်းက ခရီးအတွက် ကျုပ်တို့အတွက်ဘယ်အချိန် ထွက်ခွာဖို့အသင့်တော်ဆုံးလို့ထင်လဲ?”

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ပြီးနောက် ကျန်းချန်းရွှမ်က ပြုံးကာပြောလိုက်သည်။ “အကယ်၍ ညီကိုထန်အဆင်ပြေရင် အခုပဲစထွက်ကြတာပေါ့၊ ဘယ်လိုထင်လဲ?”

“အခုလား။” ထန်ပိုင်ရှန်းက သိသာစွာပင် ကြောင်အသွားသည်။ သို့သော်လည်း၊ သူက အမြန်ပင် တုံ့ပြန်လိုက်ပြီး အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ “ပြသနာမရှိပါဘူး။လုပ်ကြတာပေါ့။”

“ကျုပ်သဘောတူတယ်။” ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က ခေါင်းညိတ်လိုက်သည်။

သူတို့အဝေးရောက်နေစဉ်အတွင်း အာရုံစိုက်ရမည့်အရာများအား ကျန်းရန်ယီကို ပြောပြီးနောက် သူတို့သည် မှော်ဝင်တိုင်တောင်မှထွက်ခွာလာခဲ့ပြီး သူတော်စင်ရှန့်လျိူရှန်းသို့ ဦးတည်လိုက်ကြသည်။

ကျန်းနိုင်ငံမှ သူတော်စင်ရှန့်လျိူရှန်းသို့ လမ်းတစ်လျှောက် လူသားပိုင်နက်များစွာကို ဖြတ်သန်းခဲ့ရသည်။

သူတို့ ဝေးဝေးမပျံသန်းမီတွင်ပင် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့မှ စာကိုရခဲ့သည်။

အကြောင်းအရာက သူတော်စင်ရှန့်လျိူရှန်းအကြောင်းသာဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ သူတို့သည် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်အား အတူသွားကြမည်လားဟူ၍ မေးထားသည်။

အကယ်၍ အသင်းဖွဲ့နိုင်လျှင် သူတို့က တစ်ဦးနှင့်တစ်ဦး ဂရုစိုက်နိုင်ပြီဖြစ်သည်။

ထို့နောက် အခြေအနေအရ သူတော်စင်ရှန့်လျိူရှန်းသို့ ခရီးက သေချာပေါက် စိတ်မချရသည့်ခရီးတစ်ခုဖြစ်သည်။

အကယ်၍ အားလုံးက အခြေတည်ဝိဉာဉ်စံသခင်အဆင့်များဖြစ်လျှင်ပင်၊ သေနိုင်သည်က များသည်။

ထို့ကြောင့် နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့က အကြံပေးခြင်းဖြစ်သည်။

ယခင်နတ်ဆိုးအသိုက်ရှိတိုက်ပွဲတွင် ကျန်းစုံတွဲ၏လုပ်နိုင်စွမ်းကို သူတို့တွေ့ခဲ့ရပြီးဖြစ်သည်။

အထူးသဖြင့် အရည်ချင်းအရ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အား နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့က မြင့်မားစွာ တွေးထားသည်။

အကြိမ်အနည်းငယ်ခန့်ဆွေးနွေးပြီးနောက် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့နှင့် အသင်းဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြသည်။

နှစ်ဖက်လုံးသဘောတူသည့်နေရာတွင်ဆုံကြရန် လုပ်ထားသည်။

ဆယ်ရက်ကြာပြီးနောက်တွင်၊ ငါးယောက်က တွေ့ဆုံကြသည်။

မကြာမီ ကျန်းချန်းရွှမ်က ထန်းပိုင်ရှန်းနှင့် နှင်းပန်းပွင့်စံသခင်တို့အား တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပေးလိုက်သည်။

ထို့နောက်တွင် ငါးယောက်သား အသေးစိတ်အစီအစဉ်ကို ဆွေးနွေးကြသည်။

အရာအားလုံးအစီအစဉ်ချပြီးနောက်၊ ငါးဦးသားသည် သူတော်စင်ရှန့်လျိူရှန်းသို့ ပျံသန်းသွားကြတော့သည်။

ဓားဖုံးနန်းတော်မှ စံသခင်ရွှမ်းယန်အားသူတို့ မဖိတ်ရသည့်အကြောင်းမှာ ရှင်းပါသည်။

အခြေတည်ဝိဉာဉ်နှောင်းပိုင်းအဆင့်အနေနှင့် စံသခင်ရွှမ်းယန်သည် သူ၏ကိုယ်ပိုင်အဝန်းအဝိုင်းရှိသည်။

သူတို့၏အထောက်အထားများက ကွဲပြားကြပြီး စွမ်းအားများကလည်း ကွာခြားသည်။

အကယ်၍ အင်အားများပေါင်းလိုက်လျှင်၊ အချင်းချင်းအတွက် ကောင်းသည့်အရာများ ဖြစ်လာမည်မဟုတ်ပါ။

ထို့ကြောင့် နှစ်ဖက်စလုံးက ပြောဖို့မလိုသည့်နားလည်မှုရှိကာ အချင်းချင်းမဖိတ်ခေါ်ကြခြင်းဖြစ်သည်။

ဝှစ်…ဝှစ်…ဝှစ်..

ငါးဦးစလုံးက အလွန်မြန်ဆန်သည်။

ဆယ်ရက်အတွင်းတွင်ပင်၊ သူတို့သည် လူသားနိုင်ငံအများအပြားကိုကျော်လွန်ခဲ့ပြီးဖြစ်သည်။

မျက်စိတမှိတ်အတွင်းတွင်ပင်၊ ငါးဦးသား မြောက်ပိုင်းနယ်နိမိတ်ကို ချဉ်းကပ်လာနိုင်ပြီဖြစ်သည်။

ထိုအချိန်တွင်၊

တဖြည်းဖြည်းနှင့် လူသားနယ်မြေများ နည်းပါးလာသည်။

မျက်စိရှေ့တွင်မြင်မြင်သမျှသည်၊ အဆုံးမဲ့တောင်များနှင့် မြစ်များပင်ဖြစ်သည်။

သူတို့က အင်အားကြီးသည့် အလင်းတန်းငါးခု ကောင်းကင်မှပျံသန်းသွားသည်ကိုတွေ့ကာ၊ မတတ်နိုင်ဘဲ အံ့အားသင့်နေကြသည်။

သူတို့မမှားခဲ့လျှင်၊ ၎င်းတို့သည် လူသားမျိုးနွယ်မှအခြေတည်ဝိဉာဉ်စံသခင်ငါးဦး ဖြစ်နိုင်သည်။

၎င်းသည် အခြေတည်ဝိဉာဉ်ကျင့်ကြံသူများ ဖြတ်သွားသည့် ပထမဆုံးအကြိမ်မဟုတ်ပါ။

ထိုနေရာအား မြင့်မားသည့်ကြိမ်နှုန်းဖြင့် ဖြတ်သန်းသွားကြခြင်းသည်၊ အရေးကြီးသည့်တစ်ခုခုက ဖြစ်လာသောကြောင့်ဖြစ်လိမ့်မည်။

ပြီးနောက် ၎င်းသည် အခြေတည်ဝိဉာဉ်ကျင့်ကြံသူများအကြားယေဘုယျအားဖြင့် သိကြလေသည်။

သို့သော်လည်း ထိုအဆင့်အောက်တွင်မူ အလွန်နည်းပါးသည့်ကျင့်ကြံသူတစ်ချို့သာ မည်သည့်အရာများဖြစ်နေမှန်းကို သတိပြုမိကြသည်။

၎င်းသည် အဆင့်များအကြားရရှိသည့် သတင်းအချက်အလက် ကွာဟချက်ပင်ဖြစ်သည်။

သူတို့၌ ဖြစ်ပျက်နေသည့်အရာများကို သတင်းရလျှင်ပင် အချိန်ကမည်မျှကုန်လွန်သွားကြောင်းကို မည်သူသိနိုင်မည်နည်း။

ထိုအချိန်တွင် ကျန်းချန်းရွှမ်နှင့် အခြားသူတို့က မနှိုင်းယှဉ်နိုင်အောင် ဆန်းကြယ်မြို့ကိုဖြတ်သန်းသွားပြီးပြီဖြစ်သည်။

၎င်းသည် လူသားမျိုးနွယ်၏ နတ်ဆိုးမျိုးနွယ်အကြား ပထမဆုံး ခုခံရေးလိုင်းဖြစ်သည်။

၎င်းကို တိုက်ပွဲတစ်ထောင်တောင်ကြားလမ်း ဟုခေါ်သည်။

ထိုနေရာတွင် တိုက်ပွဲတစ်သောင်းခန့် ဖြစ်ပွားကာ ဂယက်ရိုက်မှုများ ဖြစ်လာခဲ့သော်လည်း တောင်ကြားလမ်းက ကျန်ရှိနေဆဲဖြစ်သည်။

မည်သူမဆို တိုက်ပွဲတစ်ထောင်တောင်ကြားလမ်း၏ နံရံတွင် အနီရင့်ရောင်စွန်းထင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

၎င်းသည် လူသားမျိုးနွယ်၏သွေးရောင်များဖြစ်ကာ သူတို့အားလာရောက်တိုက်ခိုက်သည့် နတ်ဆိုးသားရဲများကျန်ခဲ့သည့် သွေးများလည်းဖြစ်သည်။

ထိုမြင်ကွင်းသည်ပင် ထိုတောင်ကြားလမ်းသို့ ပထမဆုံးရောက်ရှိသော ကျင့်ကြံသူများအပေါ် ကြက်သီးထစရာကောင်းသော ရက်စက်မှုနှင့် နှလုံးသားထဲရှိဝမ်းနည်းမှုတို့အား ခံစားရစေရန် လုံလောက်သည်။

ကျန်းချန်းရွှမ်နှင့် သူ၏အဖော်များကဲ့သို့ အခြေတည်ဝိဉာဉ်စံသခင်များသည်ပင် ထိုတောင်ကြားလမ်းကို မြင်လျှင် မနေနိုင်ဘဲ စိတ်ခံစားမှုများနေကြသည်။

၎င်းသည် ယခင်က ဤနေရာတွင် မြေမြုပ်ခံခဲ့ရသည့် မရေမတွက်နိုင်သော လူသားသူရဲကောင်း များအား လေးစားခြင်းပင်ဖြစ်သည်။

ဝှစ်..ဝှစ်..ဝှစ်..

လေပေါ်တွင် အချိန်ဆွဲမနေတော့ဘဲ၊ ကျန်းချန်းရွှမ်နှင့် သူ၏အသင်းသည် အမြန်ပင် ကျော်ဖြတ်သွားသည်။

ထိုအချိန်တွင် လူသားတို့၏ပိုင်နက်ကို လုံးဝစွန့်ခွာသွားရပြီဖြစ်သည်။

ရှေ့တွင်ရှိသောလမ်းသည် နတ်ဆိုးမျိုးနွယ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်မြေများ မဟုတ်သော်လည်း၊ လူသားတို့၏ပိုင်နက်အတွင်းတွင်မရှိတော့ပါ။

၎င်းသည် လူသား၊ နတ်ဆိုးနှင့် သားရဲများပေါင်းနေသော ဖရိုဖရဲနယ်မြေဖြစ်ကာ သတ်ဖြတ်ခြင်းများ တိုက်ပြွများနှင့် လုယက်ခြင်းများ ဖြစ်လေ့ရှိသည့်နေရာဖြစ်သည်။

ကံကောင်းစွာပင်၊ အခြေတည်ဝိဉာဉ်စံသခင်အနေဖြင့် သူတို့က ကျင့်ကြံသူများအထက်တွင်ရှိနေသည်။

သူတို့သည်ဝိဉာဉ်စွမ်းအင်ဖိအားကို အပြည့်အဝထုတ်လွတ်ထားလျှင် နတ်ဆိုးကျင့်ကြံသူနှင့်သားရဲများတစ်ကောင်မှ သူတို့အားရန်စရဲမည်မဟုတ်ပေ။

သူတို့သည် ကြွက်ကကြောင်ကိုရှောင်ရှားသကဲ့သို့ ရှောင်သွားကာ အဝေးသို့ထွက်ပြေးသွားကြသည်။

ထိုသို့ ကျန်းချန်းရွှမ်နှင့် အခြားသူများသည် (၅) ရက်ကြာပြီးနောက် ပေပေါင်း (၈၀,၀၀၀) မြင့်သောမြင့်မြတ်ထူးကဲသည့် တောင်ပေါ်သို့ ရောက်သွားကြသည်။

ထိုတောင်သည် အဆုံးမရှိပေ။

ပြီးနောက် တစ်နှစ်ပတ်လုံး တိမ်များဖြင့် ဖုံးလွမ်းနေသည်။

ကျင့်ကြံသူ၏နတ်ဘုရားအာရုံသည် သက်ရောက်မှု ၆၀ မှ ၇၀ ရာခိုင်နှုန်းထိရှိသည်။

၎င်းသည် သူတို့၏နောက်ဆုံးဦးတည်ရာ သူတော်စင်ရှန့်လျိူရှန်းထိပ်ဖြစ်သည်။

ဝှစ်..ဝှစ်…ဝှစ်…

ကျန်းချန်းရွှမ်နှင့် အဖွဲ့က မြေပြန့်တွင်ဆင်းသက်လိုက်ကြသည်။

သူတို့၏နတ်ဘုရားအာရုံက အနီးအနား၌ လူသားကျင့်ကြံသူ အယောက် ၂၀ခန့်ရှိနေကြောင်း ပြနေသည်။

သူတို့အပါအဝင် ထိုနေရာတွင် ၂၅ ယောက်ဖြစ်လိမ့်မည်။

ဆန့်ကျင်ဘက်တွင်၊ ကြီးမားကာ ရက်စက်ကြမ်းကြုတ်သည့် ပုံရိပ်များက ရပ်နေပြီး အရိုင်းဆန်ကာ ကြမ်းကြုတ်သည့် အရောင်အဝါများကိုထုတ်လွတ်နေသည်။

၎င်းတို့သည် အဆင့်(၅) နတ်ဆိုးဧကရာဇ်များဖြစ်ကြသည်။

အံ့ဩစွာပင်၊ သူတို့၏ အရေအတွက်က လူသားများထပ်များနေကာ ၃၀ ဝန်းကျင်ပင်ရှိလေသည်။

ထိုနတ်ဆိုးဧကရာဇ်များသည် အကြွင်းအကျန်၏ဝင်ပေါက်တွင် ပိတ်ရပ်နေကြကာ သူတို့၏ဆန့်ကျင်ဘက်မှ လူသားကျင့်ကြံသူများကို အန္တရာယ်ရှိသည့်အကြည့်များဖြင့် ကြည့်နေကြသည်။

၄င်းသည် ထိုနတ်ဆိုးများက လူသားတို့အား ရှေးဟောင်းအပျက်အစီးထဲသို့ မဝင်စေလိုကြောင်း သိသာနေသည်။

သို့သော် ကျန်းချန်းရွှမ်က ဤသည်မှာမဖြစ်နိုင်ကြောင်း သိပါသည်။

အကယ်၍ သားရဲများအုပ်စုက ထိုသို့တားဆီးထားမည်ဆိုလျှင် တစ်ခုတည်းသောရလဒ်မှာ နှစ်ဖက်လုံးး တိုက်ခိုက်မှု အကြီးအကျယ်ဖြစ်လိမ့်မည်ဖြစ်သည်။

ဘွန်း…

ထိုအချိန်တွင်ပင်၊ သူတို့၏ ခေါင်းပေါ်တွင်၊ သူတော်စင်ရှန့်လျိူရှန်း၏အပေါ်တွင် တူညီသည့်ကြီးမားကာ မြင့်မြတ်သည့်ပုံရိပ်နှစ်ခုက မီတာပေါင်း နှစ်သောင်းခြောက်ထောင်ခန့် အမြင့်ကောင်းကင်ပေါ်တွင် ပေါ်လာခဲ့သည်။

တစ်ခုမှာကြီးမားသောအနက်ရောင်နဂါးကြီးဖြစ်ပြီး အကြေးခွံများက စတီးဖြင့်ထုဆစ်ထားသကဲ့သို့ ဖြစ်ကာ သတ္တုအရောင်များထွက်နေသည်။

၎င်း၏ ကြီးမားသည့်ကိုယ်ထည်သည် အပြည့်အဝဆန့်လျှင် ပေတစ်ထောင်ခန့်ရှည်မည်ဖြစ်ပြီး အဆုံးမရှိသည့် အရိပ်ကိုကျစေသည်။

ကြောက်မက်ဖွယ်ကောင်းသည့် နဂါးသည် ချက်ခြင်းပင် မိုင်ပေါင်းတစ်ထောင်အတွင်းမှ သက်ရှိများကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်စေသည်။

ကျန်းချန်းရွှမ်ကဲ့သို့ အခြေတည်ဝိဉာဉ်ကျင့်ကြံသူပင်လျှင် မရှင်းပြနိုင်သည့် နှလုံးသားအောက်ခြေထိ ကြက်သီးထမှုကို ခံစားရစေသည်။

ထိုသားရဲက နတ်ဆိုးသားရဲမျိုးနွယ်မှ အဆင့်(၆) မှင်နဂါးနတ်ဆိုးဘုရင်ဖြစ်သည်။

အခြားသောပုံရိပ်တစ်ခုက ပြင်းထန်သောအဖြူရောင်အလင်းကိုထုတ်လွတ်နေကာ သူ၏အဆင့်မှာလဲ မှင်နဂါးအောက်မလျော့ပေ။

သူ၏နောက်မှဓမ္မခန္ဓာကိုယ်က လုံးဝအပြည့်အဝထွက်ပေါ်နေသည်။

၎င်းသည်လည်း ပေပေါင်း တစ်ထောင်ရှည်သည်။

သူ၏လက်မှ အဖြူရောင်အလင်းက တလက်လက်ဖြစ်နေသည်။

သူသည်မှင်နဂါးနတ်ဆိုးနှင့် ရင်ဆိုင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုသူသည် လူသားမျိုးနွယ်၏ကြီးမြတ်သူထဲမှတစ်ဦးဖြစ်သော ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ပြီဖြစ်သည့် ကောင်းကင်သခင်ဖြစ်သူ ကောင်းကင်သခင် ရုန်ဟန်ကျီးရှန်း ဖြစ်သည်။

***

All Chapters