← Chapters

ရွှေရောင်ဝံပုလွေ နတ်ဆိုးဧကရာဇ်၏ ဆုလဒ်၊ ကျန်းချန်းရွှမ်က အဆင့်(၅) နတ်ဆိုးဧကရာဇ်ကို ဆုတ်ဖြဲခြင်း

Vol. 27 Ch. 516

ရွှေရောင်ဝံပုလွေ နတ်ဆိုးဧကရာဇ်၏ ဆုလဒ်၊ ကျန်းချန်းရွှမ်က အဆင့်(၅) နတ်ဆိုးဧကရာဇ်ကို ဆုတ်ဖြဲခြင်း

Vol. 27 Ch. 516

ဘွန်း…ဘွန်း…ဘွန်း..

အဆင့်(၆) နတ်ဆိုးဘုရင်နှင့် ကောင်းကင်သခင်တို့က တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်တိုက်ခိုက်နေကြသည်။

သူတို့နှစ်ဦး၏စွမ်းအားများက ထိပ်တိုက်တွေ့ကြတိုင်း ကျယ်လောင်သည့်ဟိန်းသံများသည် သူတော်စင်တောင်ပေါ်မှ ထွက်ပေါ်နေသည်။

မှင်နဂါးနတ်ဆိုးဘုရင်နှင့် ကောင်းကင်သခင် ရုန်ဟန်ကျီးရှန်းတို့က အမှန်တကယ်စတင်၍ တိုက်ခိုက်ချိန်တွင်၊ ဆယ်မိုင်အတွင်းမှ ရာသီဥတုသည် ဒလဟောကျဆင်းလာသည့်မိုးရေများ၊ လေပြင်းများ၊ မိုးကြိုးများနှင့် မီးတောက်များ စသဖြင့် လုံးဝပြောင်းလဲသွားသည်။

အထူးသဖြင့် သူတို့၏ရင်ဆိုင်တိုက်ခိုက်နေသောနေရာအနီးတွင် ယခင်က တည်ငြိမ်နေသည့် နေရာလပ်၌ အနက်ရောင်အက်ကြောင်းများကိုမြင်နေရသည်။

၄င်းသည် ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူတိုင်း ကြောက်လန့်ကြသည့် နေရာလပ်အက်ကွဲကြောင်းပင်ဖြစ်သည်။

ထိုအက်ကွဲကြောင်းများ၌ အရိုင်းဆန်သည့် ဖရိုဖရဲများနှင့် ပြင်းထန်သည့် စွမ်းအင်များပါဝင်ကာ အထဲတွင် ခက်ထန်သည့် နေရာလပ်မုန်တိုင်းရှိသည်။

ဝိဉာဉ်ဖွဲ့စည်းခြင်းအောက်မှ ကျင့်ကြံသူမည်သူမဆို ထိုအထဲသို့ဝင်သွားလျှင် သေခြင်းနှင့် ရင်ဆိုင်ရမည်မှာ ကျိန်းသေသည်။

လူတိုင်းက အလွန်ထိတ်လန့်နေကြသည်။

သူတို့သည် ထိုအဆင့်(၆) တိုက်ခိုက်မှုအကြွင်းအကျန်လေးများ၏ သက်ရောက်မှုက ထိုမျှလောက် ကြောက်စရာကောင်းသည့် စွမ်းအားဖြစ်ကာ နေရာလပ်သည်ပင် မခံနိုင်ကြောင် မထင်မှတ်ထားကြပေ။

သူတို့သည် တိုက်ခိုက်မှု၏အလယ်ဗဟိုတွင် မည်သို့သောစွမ်းအားသက်ရောက်နေမည်ကို တွေးပင်မတွေးရဲကြတော့ပေ။

နောက်ဆုံးတွင် အသက်ရှုသံဒါဇင်ပေါင်းများစွာကြာပြီနောက် အနက်ရောင်နဂါးဘုရင်နှင့် ကောင်းကင်သခင်အဆုံးမဲ့တောင်တို့က တဖြည်းဖြည်း သူတို့၏တိုက်ခိုက်မှုအရှိန်ကိုလျော့လိုက်ကြကာ နားလည်မှုနှင့် နောက်ဆုံးရပ်လိုက်ကြသည်။

သူတို့၏ပုံရိပ်များက အချိန်ကြာကြာမရှိနေတော့ပေ။

မကြာမီ၊ သူတို့သည် လူအုပ်ကြီး၏အကြည့်အောက်မှ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတော့သည်။

အဓိပ္ပာယ်က ရှင်းပါသည်။

၎င်းသည် နတ်ဆိုးဘုရင်နှင့် ကောင်းကင်သခင်တို့သည် အကြွင်းအကျန်များ၏တိုက်ပွဲတွင် ပါဝင်တော့မည်မဟုတ်ပါ။

အရာအားလုံးက အဆင့် (၅)နတ်ဆိုးဧကရာဇ်နှင့် အခြေတည်ဝိဉာဉ်စံသခင်တို့အပေါ်တွင်သာ မူတည်နေသည်။

ထိုအချိန်တွင် အံ့အားသင့်ဖွယ်ကောင်းသောထိုသူနှစ်ဦး၏ ထွက်ခွာမှုကြောင့် လေထုက ပြန်လည်၍ ပြင်းထန်လာသည်။

စံသခင် (၂၀)ကျော်က နတ်ဆိုးဧကရာဇ် (၃၀)ကျော်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည်။

သူတို့သည် အချင်းချင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းရည်ရွယ်ချက်များကို မြင်နေရသည်။

ဝှစ်…ဝှစ်…ဝှစ်…

ထို့နောက် အဝေးမှ အလင်းတန်း ၇ ခု သို့ ၈ခုက အဝေးမှ ချဉ်းကပ်လာကြသည်။

ဦးဆောင်လာသူမှာ ကျန်းချန်းရွှမ်တို့ရင်းနှီးသော စံသခင်ရွှမ်းယန်ဖြစ်သည်။

သို့သော်လည်း စံသခင်ရွှမ်းယန်တို့၏ အခြားတစ်ဖက်၌လည်း များစွာသောနတ်ဆိုးလေပြင်းများ တိုက်ခိုက်လာကြသည်။

၎င်းသည် အဆင့်(၅)နှောင်းပိုင်းအဆင့် နတ်ဆိုးဧကရာဇ်ဖြစ်ကာ ကျန်းချန်းရွှမ်၏အသိအကျွမ်းပင် ဖြစ်သည်။

ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်ပင်ဖြစ်သည်။

ဘွန်း…

ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်နှင့် စံသခင်ရွှမ်းယန်တို့တွေ့ကြချိန်တွင် လူနှင့် နတ်ဆိုးတို့က ယဉ်ကျေးမှုလောကဝတ်များမပြကြပေ။

ချက်ခြင်းပင် နှစ်ဖက်စလုံး၌ ရက်စက်ကြမ်းကြုတ်သည့်အရောင်အဝါများထွက်ပေါ်လာကြသည်။

ဘန်း…ဘန်း….ဘန်း….

ဘွန်း….ဘွန်း…ဘွန်း…….

ချက်ခြင်းပင်နေရာလပ်တွင် ပေါက်ကွဲသံများဆက်တိုက်ထွက်လာခဲ့သည်။

မြင်ရသောစွမ်းအင်လှိုင်းများရော မမြင်ရသည့်စွမ်းအင်လှိုင်းများပါ ဆက်တိုက်ထွက်ပေါ်လာနေခဲ့သည်။

နောက်ဆုံးတွင် နှစ်ဖက်စလုံး တစ်ချိန်တည်း၌နောက်ဆုတ်လိုက်ကြကာ သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းလိုက်ကြသည်။

ကျန်းချန်းရွှမ်နှင့် အခြားသူများက ချက်ခြင်းပင် ရှေ့သွားလိုက်ပြီးစံသခင်ရွှမ်းယန်အား နှုတ်ဆက်လိုက်ကြသည်။

စံသခင်ရွှမ်းယန်က ပြုံးပြကာပြန်လည်နှုတ်ဆက်သည်။

သို့သော်လည်း ထိုအချိန်တွင် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က သူတို့၏နတ်ဘုရားအသိမှ အန္တရာယ်ကို အာရုံခံလိုက်မိသည်။

ထိုစုံတွဲက အလျှင်အမြန်လှည့်ကြည့်ခဲ့သည်။

ဆန့်ကျင်ဘက်တွင် ယခုမှရောက်လာသော ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်က သူတို့ကို အလွန်အေးစက်သည့် အကြည့်ဖြင့်ကြည့်နေသည်။

ရုတ်တရက် ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်ကပြောလိုက်သည်။

“အဲ့ဒီ စံသခင်လူသားနှစ်ယောက်ကိုသတ်နိုင်တဲ့ မည်သူမဆို ဒီမရဏမြက်ကိုရမယ်။”

ပြီးနောက် သူ၏လက်ထဲတွင် အစိမ်းရောင်အလင်းထွက်နေသော အပင်တစ်ပင်ပေါ်လာသည်။

ထိုဝိညာဉ်အပင်ကို မြင်လျှင် အဆင့်(၅)နတ်ဆိုးဧကရာဇ်များက သူတို့၏မျက်လုံးထဲတွင် လိုချင်စိတ်များ ဖြစ်ပေါ်လာကြသည်။

ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်၏လက်ထဲမှ ဝိညာဉ်ဆေးပင်သည် အလွန်ပင် နတ်ဆိုးများအတွက်အကျိုးသက်ရောက်မှုရှိပေသည်။

သူတို့ကဲ့သို့ အဆင့် (၅) နတ်ဆိုးဧကရာဇ်များသည်လည်းခြွင်းချက်မရှိပါ။ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့က သူတို့၏မျက်လုံးများကျဉ်းသွားသည်။

သို့သော် သူတို့မတုံပြန်နိုင်ခင်တွင်ပင် စံသခင်ရွှမ်းယန်က သူတို့ဘေးနားတွင်ရပ်နေရင်း ရှေ့သို့ထွက်လာကာ ဂရုမစိုက်ဘဲ အခြားတစ်ဖက်မှ နတ်ဆိုးဧကရာဇ်ကို ပြောလိုက်သည်။

“မင်းတို့ ကြိုးစားကြည့်လေ။ မင်းတို့လက်သည်းကပဲထက်မလား၊ ငါ့ဓားကပဲထက်သလား၊ ကြည့်ကြသေးတာပေါ့။”

သူပြောစဉ်တွင်ပင် သူ၏အကြည့်က ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်ကို ကြည့်နေကာ အသံကရုတ်တရက် အလွန်အေးစက်သွားသည်။

“ရွှေရောင်ဝံပုလွေ၊ အကယ်၍ မင်းတို့ နတ်ဆိုးမျိုးနွယ်က ဒီမှာတင်ပဲ ငါတို့လူသားမျိုးနွယ်နဲ့ စစ်ပွဲစချင်ရင် ဘယ်သူက ပိုသန်မာလဲကြည့်ကြသေးတာပေါ့။”

ပြောနေစဉ်တွင်ပင် ချီဓာတ်များလွှမ်းမိုးနေသော ဓားက စံသခင်ရွှမ်းယန်ဘေးနားတွင် လိမ့်တက်လာကာ တောက်ပပြီး ခြိမ်းခြောက်နေသော ကောင်းကင်ပေါ်မှ နေမင်း (သို့) နှစ်တစ်ထောင် သက်တမ်းရှိ နဂါးငွေ့တမ်းဂလက်ဆီကဲ့သို့ဖြစ်နေကာ သတ်ဖြတ်ခြင်းရည်ရွယ်ချက်ဖြင့် ပြည့်နေသည်။

စံသခင်ရွှမ်းယန်၏ ရှိန်လောက်သည့်အရှိန်အဝါကိုမြင်လျှင် နတ်ဆိုးဧကရာဇ်များ၏မျက်လုံး၌ ကြောက်ရွံမှုနှင့် စိုးရိမ်မှုများပေါ်လာလေသည်။

အဆုံးမှာ စံသခင်ရွှမ်းယန်သည် နတ်ဆိုးများအကြား ထင်ရှားသည်။

သူ၏ဓားအောက်တွင် နတ်ဆိုးဧကရာဇ် သုံးယောက်မှ ငါးယောက်ကျော် သေဆုံးခဲ့ရဖူးသည်။ သူသည် ကျန်းချန်းရွှမ်နှင့်အခြားသူများကိုထောက်ခံပေးနေသည်။

ယခင်က လူသားမျိုးနွယ်သည် နတ်ဆိုးမျိုးနွယ်ထပ် အင်အားနည်းနေသော်လည်း စံသခင်ရွှမ်းယန် ရောက်လာပြီးနောက် နှစ်ဖက်စလုံး၏ အင်အားချင်းက မျှသွားလေသည်။

ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်ရှိလျှင်ပင်ဖြစ်သည်။

“တော်လောက်ပြီ။”

ထိုအချိန်တွင် ဖီးနစ်နှင့်တူသည့် မီးတောက်များနှင့် ဖုံးလွမ်းနေသော နတ်ဆိုးဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ်တို့ရဲ့ ဒီနေရာကိုလာရတဲ့ ရည်ရွယ်ချက်က ရှေးဟောင်းအကြွင်းအကျန်ကို ရှာဖွေဖို့ပဲ….”

***

All Chapters