← Chapters

ရွှေရောင်ဝံပုလွေ နတ်ဆိုးဧကရာဇ်၏ ဆုလဒ်၊ ကျန်းချန်းရွှမ်က အဆင့်(၅) နတ်ဆိုးဧကရာဇ်ကို ဆုတ်ဖြဲခြင်း (၂)

Vol. 27 Ch. 517

ရွှေရောင်ဝံပုလွေ နတ်ဆိုးဧကရာဇ်၏ ဆုလဒ်၊ ကျန်းချန်းရွှမ်က အဆင့်(၅) နတ်ဆိုးဧကရာဇ်ကို ဆုတ်ဖြဲခြင်း (၂)

Vol. 27 Ch. 517

စီနီယာနှစ်ဦးရဲ့ရည်ရွယ်ချက်က ရှင်းလင်းပါတယ်။ ဒီမှာတိုက်ခိုက်မဲ့အစား၊ ကျုပ်တို့ အကြွင်းအကျန်ကမ္ဘာထဲ အရင်ဝင်ရင်ကောဘယ်လိုလဲ၊ ဒါပြီးမှ တိုက်ခိုက်ကြရင်လည်း နောက်မကျသေးပါဘူး။ ဘယ်လိုထင်ကြလဲ?”

စကားပြောနေသည့် နတ်ဆိုးဧကရာဇ်သည် ဖီးနစ်ကလန်မှဖြစ်သည်။

လူတိုင်းက သူတို့၏ရည်ရွယ်ချက်ကို မမေ့သွားစေရန် သတိပေးလိုက်သည်။

အကယ်၍ မျိုးနွယ်စုနှစ်ခု၏ကြားတွင် မလိုမုန်းထားမှုများရှိသော်လည်း အကြွင်းအကျန်များထဲ မဝင်ခင်ထိ တိုက်ခိုက်နေဖို့ရန်မလိုအပ်ပါ။

အဓိပ္ပာယ်မရှိသည့်တိုက်ခိုက်မှုက မည်သူ့အတွက်မှ ကောင်းကျိုးမရှိပါ။

အဆုံး၌ သူတို့သည် ဤနေရာကို သတ်ဖြတ်ရန်လာခြင်းမဟုတ်ပေ။

ဖီးနစ်အုပ်စုသည် အဆင့် (၆) နတ်ဆိုးဘုရင်နောက်ခံရှိသည့် ကြီးမားသည့်အုပ်စုတစ်ခုဖြစ်သည်။

ထို့အပြင် ဖီးနစ်နတ်ဆိုးဧကရာဇ်၏ကျင့်ကြံဆင့်က အဆင့် (၅) နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ထိုသူ၏စကားက အလွန်လေးနက်ပါသည်။

ထိုအချိန်တွင် နတ်ဆိုးဧကရာဇ်များက ထိုစကားများကိုကြားလျှင် သူတို့က ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်ကို ကြည့်လိုက်ကြသည်။

ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်ကရယ်လိုက်သည်။

“ဖီးနစ်ကတောင်ပြောနေပြီဆိုတော့၊ ကျုပ်က ကန့်ကွက်စရာမရှိပါဘူး။ ဒါမဲ့တစ်ချိန်တည်းမှာပဲ ကျုပ်ရဲ့စကားတွေက အကျုံးဝင်နေပါသေးတယ်။ အကယ်၍ အဲ့စုံတွဲကို အကြွင်းအကျန်ထဲမှာ သတ်နိုင်ရန် ဒီမရဏာမြက်က ခင်ဗျားတို့အတွက်ပါပဲ။”

ပြောပြီးသည်နှင့် ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်က သူ၏သားရဲများနှင့်အတူ အကြွင်းအကျန်ထဲသို့ ဝင်သွားသည်။ ထိုအရာကိုမြင်လျှင် နတ်ဆိုးဧကရာဇ်များနှင့် လူသားစံသခင်များသည်လည်း တုံ့ဆိုင်းနေခြင်းမရှိတော့ပေ။

တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက်၊ သူတို့သည် အကြွင်းအကျန်ထဲသို့ မပြောဘဲသိသော နားလည်မှုနှင့် ဝင်လိုက်ကြတော့သည်။ ကျန်းချန်းရွှမ်နှင့်ရှန်းရူယန်တို့လည်း ပါဝင်သည်။

သို့သော်လည်း သူတို့စုံတွဲနှင့် ထန်ပိုင်ရှန်း၊ နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့သည် အကြွင်းအကျန်ကမ္ဘာထဲသို့ ဝင်တော့မည်ဆဲဆဲတွင် ကြီးမားသည့်အရိပ်ကြီးက ရုတ်တရက် သူတို့ထံရွေ့လာလေသည်။

၎င်းသည် ကြီးမားသည့် အနက်ရောင်ကျီးကန်းကြီးဖြစ်ကာ အဆင့်(၅) သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုနတ်ဆိုးသားရဲက လက်ရှိတွင် သွေးကြောပြောင်းလဲခြင်းအဆင့်တွင်ရောက်နေကာ မရဏာမြက်ကို အသည်းအသန်လိုချင်နေသည်။

ထိုစုံတွဲ၏ အင်အားကိုမသိဘဲနှင့် ၄င်းကတိုက်ခိုက်ခဲ့ပြီး သူတို့ထဲမှ တစ်ဦးကို အရင်သတ်ရန် ရည်ရွယ်ထားလေသည်။

၎င်း၏ဘေးတွင် အခြားအဆင့်(၅)သွေးကျီးကန်းနတ်ဆိုးဧကရာဇ်ရှိပြီး အမေမတူသည့် ညီအစ်ကိုများဖြစ်ကာ တစ်ဦးကိုတားထားရန် တာဝန်ယူလေသည်။

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်လုံးများကချက်ခြင်းပင် အေးစက်သွားခဲ့သည်။

နှစ်ဦးက တစ်ဦးကိုတစ်ဦးကြည့်လိုက်ကာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ထိုနတ်ဆိုးဧကရာဇ် နှစ်ကောင်အားသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီး အလျှင်အမြန်အခြားသူများကို ဟန့်တား ထားလိုက်သည်။

ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က မတုံ့ဆိုင်းတော့ပါ။

ဘွန်း….

ကျန်းချန်းရွှမ်၏ပုံရိပ်က ရုတ်တရက် ကြီးမားသွားသည်။

မျက်စိတမှိတ်အတွင်းတွင်ပင်၊ ပေ ၄၀၀ ရှည်သွားခဲ့သည်။

သူ၏နောက်တွင် နဂါးနှင့် ဆင်ပုံရိပ်ယောင်များပေါ်လာခဲ့သည်။ တစ်ချိန်တည်း၌၊ သူ၏ နတ်ဆိုးသတ်ဖြတ်ခြင်းစွမ်းရည်က အပြည့်အဝပွင့်သွားခဲ့သည်။

အစိမ်း၊ အနီ၊ အဝါ၊ အဖြူ နှင့် အပြာရောင် အလင်းများက နတ်ဆိုးနှစ်ကောင်ဆီသို့ဖြတ်သွားသည်။

အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်၏မျက်စိသူငယ်အိမ်ထဲ၌ ဓားပျံများသည် အဆုံးမရှိ ထက်မြက်ကာ အမြန်ကြီးမားလာခဲ့သည်။

ဝှစ်..ဝှစ်…ဝှစ်….

အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်က ရုတ်တရက်အားနည်းသွားသလိုခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဓားပျံကသူ၏ခေါင်းသို့ဦးတည်ကာ မြန်ဆန်စွာပျံလာသည်ကိုသာ မြင်လိုက်ရသည်။

ဘယ်လိုဖြစ်ရတာလဲ?

ကျန်းချန်းရွှမ်အား ထိုမျှလောက်အင်အားကောင်း၍ ချိန်းခြောက်နိုင်မည်ဟုမမျှော်လင့်ထားခဲ့ပေ။

ကံမကောင်းစွာနှင့်၊ နောက်ပြန်လှည့်ရန် လမ်းမရှိပါ။

အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်က ကျယ်လောင်သောအော်မြည်သံနှင့်အတူ များစွာသော အနက်ရောင်အတောင်များက များပြားသောမြှားများကဲ့သို့ ကျန်းချန်းရွှမ်၏ ဓားပျံများဆီသို့ ပျံလာလေသည်။

အနက်ရောင်အတောင်များက ကျန်းချန်းရွှမ်၏ဓားပျံများနှင့် ရင်ဆိုင်တိုက်မိသွားသောကြောင့် ကလန်ဟူသောအသံများမြည်နေလေသည်။

သို့သော်လည်း အနက်ရောင်ကျီးကန်းဧကရာဇ်၏ ကြောက်စရာကောင်းသော အနက်ရောင်အတောင် များက ကျန်းချန်းရွှမ်၏ ဓားပျံဆီမှ ဖြတ်တောက်ခြင်းကိုခံခဲ့ရသည်။

ဘွန်း…..

တစ်ချိန်တည်းမှာပင်။

အနက်ရောင်နတ်ဆိုးဧကရာဇ်က ရုတ်တရက်သူ၏ အမြင်အာရုံက ဝါးသွားသည်။

ပြန်ကြည့်လိုက်သောအခါ၊ ကျန်းချန်းရွှမ်၏ ဝါးနေသောပုံရိပ်က ၎င်း၏ရှေ့တွင်ပေါ်လာခဲ့သည်။

“မင်း….”

အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်က ဘာမှမပြောနိုင်ခင်တွင်၊ ၎င်း၏ ရှေ့တွင်ကြီးမားလာသည့် လက်သီးကြီးကို မြင်လိုက်ရသည်။

ဘန်းဆိုသည့်အသံနှင့်အတူ၊ အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်၏ ကြီးမားသည့် ခန္ဓာကိုယ်သည် မိုင်ပေါင်းများစွာသို့ လွင့်သွားလေတော့သည်။

၎င်းသည် ကြီးမားသည့် တောင်ကြီးနှင့် သွားတိုက်လေသည်။

“အား…..”

အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်ထံမှ အော်သံထွက်လာခဲ့သည်။

ကျန်းချန်းရွှမ်၏ ခန္ဓာကိုယ်က လျှပ်တပြက်နှင့် ၎င်း၏ရှေ့တွင် ပြန်ပေါ်လာပြန်သည်။

ထိုအချိန်တွင် ကျန်းချန်းရွှမ်က သည်းမခံတော့ပါ။

သူသည် အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်၏ တောင်ပံနှစ်ဖက်ကိုကိုင်ကာ ခန္ဓာကိုယ် ထိန်းချုပ်သည့် နည်းစနစ်ဖြစ်သည့် အကန့်အသတ်မဲ့ဘီးကိုသုံးကာ အမြင့်ဆုံးတင်ပြီး ဆွဲဖြဲလိုက်တော့သည်။

ထိုနေရာတွင် ဆုတ်ပြဲသွားသည့်အသံကိုကြားလိုက်ကြရသည်။

အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်၏ ကြီးမားသည့်ခန္ဓာကိုယ်က ကျန်းချန်းရွှမ်မှ လုပ်လိုက်သောကြောင့် နှစ်ပိုင်းပြတ်သွားလေသည်။

ချက်ခြင်းပင်၊ ကျောက်ရည်ပူကဲ့သို့ ပူသော နတ်ဆိုးဧကရာဇ်၏ သွေးက ကျန်းချန်းရွှမ်ပေါ်သို့ စင်ကုန်သည်။

ကျန်နေသောသွေးများက မြေပေါ်သို့ကျကုန်၍ မြေကြီးက တစ်ရှဲရှဲမြည်နေကာ ချက်ခြင်းပင် အပေါက်များ ဖြစ်ကုန်လေသည်။

အငွေ့အမျှင်တန်းများကလည်း လှိုင်းလုံးများကဲ့သို့တက်လာသည်။

တိတ်ဆိတ်သွားသည်။ သေခြင်း၏တိတ်ဆိတ်မှုဖြစ်သည်။

မည်သူမှ (သို့) မည်သည့်နတ်ဆိုးဧကရာဇ်ကမှ ကျန်းချန်းရွမ်၏အင်အားက ထိုမျှလောက် အလွန် ကြောက်စရာကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။

သူသည် တကယ်ပင် အဆင့် ၅ နတ်ဆိုးဧကရာဇ်ကို နှစ်ပိုင်းဆွဲဖြဲခဲ့သည်။

ထို့အပြင် သူသုံးလိုက်သည့်အချိန်က အသက် ဆယ်ခါရှုစာအချိန်လောက်ပင်ရှိသည်။

ထိုကဲ့သို့ အင်အားက ထို အစောပိုင်း အဆင့် ၅ နတ်ဆိုးအင်ပါယာများ၏နှလုံးကိုတုန်လှုပ်စေခဲ့သည်။

အကယ်၍ ယခု ကျန်းချန်းရွှမ်အားတိုက်ခိုင်သည်မှာ အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်မဟုတ်ဘဲ သူတို့သာဖြစ်ခဲ့လျှင်၊ သူတို့သည်လည်း တူညီသောအခြေအနေအတိုင်း ကျန်းချန်းရွှမ်ထံမှ ဆုတ်ဖြဲခံရမည်လား?

အဖြေမှာ တူညီနိင်ပါသည်။

သိထားသင့်သည်မှာ အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်က သာမန်နတ်ဆိုးဧကရာဇ်မဟုတ်ပါ။

ရှေးဟောင်းနတ်ဆိုးသားရဲနိုးထသည့် စစ်မှန်သောသွေးမျိုးဆက်ဖြစ်သည်။

၎င်း၏အင်အားက အချို့အလယ်ဆင့် အဆင့် ၅ နတ်ဆိုးဧကရာဇ်၏ အင်အားထပ်မနိမ့်ကျပေ။

သို့သော်လည်း၊ ထိုကဲ့သို့ နတ်ဆိုးဧကရာဇ်မျိုးက ယခုမူ…..

ဘွန်း….

အား…….

နတ်ဆိုးဧကရာဇ်များက ကြောက်ရွံနေချိန်၌ပင်၊ မဝေးသောနေရာတစ်ခုမှ အော်သံတစ်ခုက ရုတ်တရက်ထွက်လာသည်။

သူတို့က လှည့်ကြည့်လိုက်ကြသောအခါ ကြောက်ရွံစရာကောင်းသော များစွာသောမိုးကြိုးများဖြင့် ရစ်ပတ်ထားသည့် ဓားအလင်းက သွေးကျီးကန်းနတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိုးခွဲလိုက်သည်ကို မြင်လိုက်ကြရသည်။

ကြီးမားသော နတ်ဆိုးဧကရာဇ်၏ခန္ဓာကိုယ်က ချက်ခြင်းပင် ကောင်းကင်ပေါ်တွင် သွေးမြူအဖြစ် ပေါက်ကွဲသွားတော့သည်။

ကြည့်ရှုနေသူများသည် နတ်ဆိုးဧကရာဇ်များဖြစ်ကြရာ သူတို့၏မျက်စိသူငယ်အိမ်များတွင် ထိတ်လန့်မှုများနှင့် ပြည့်နေကြသည်။

အလွန်အံ့အားသင့်စရာကောင်းလောက်အောင်ပင်၊ အခြားနတ်ဆိုးဧကရာဇ်သည်လည်း သတ်ဖြတ်ခြင်း ခံခဲ့ရပြီဖြစ်သည်။

သွေးကျီးကန်းနတ်ဆိုးဧကရာဇ်က အနက်ရောင်ကျီးကန်းနတ်ဆိုးဧကရာဇ်လောက် အင်အားမကြီးသော်လည်း အဆင့် ၅ နတ်ဆိုးဧကရာဇ်ဖြစ်သည်။

ထို့ပြင် ယခုထိ အင်အားပင်မသုံးဘဲ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် အဆင့် ၅ နှောင်းပိုင်းအဆင့်က လူတိုင်းသည် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်အား ကွဲပြားစွာကြည့်လာကြသည်။

အမှန်တကယ်၌ ထိုနှစ်ဦးစလုံးသည် နတ်ဆိုးဧကရာဇ်နှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းသည် ကံကောင်းမှုကြောင့်မဟုတ်ပေ။

အထူးသဖြင့်၊ သူတို့သုံးသွားသောအချိန်သည် အလွန်တိုပြီး အင်အားသုံးစရာပင် မလိုလိုက်ပေ။

ထိုနှစ်ယောက်သည် အသေးအဖွဲ့အဖြစ်သတ်မှတ်၍မရကြောင်း သုံးသပ်မိကြသည်။

အကြောင်းအရင်းမရှိဘဲ အချို့စုံတွဲကိုသတ်ဖို့ရန် အကြံအစည်ရှိသော နတ်ဆိုးဧကရာဇ်များက ချက်ခြင်း ကောင်းကောင်းတွေးလိုက်ကြသည်။

“သွားကြမယ်။”

အခြားနတ်ဆိုးဧကရာဇ်များသည် ယာယီအားဖြင့် သူတို့၏ မကြာခင်က လုပ်ရှားမှုကြောင့် ချိန်းခြောက်ခံလိုက်ကြရသည်။ ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့က အချိန်မဆွဲကြတော့ပေ။

အသံပို့ဆောင်မှုနှင့်စံသခင်ရွှမ်းယန်အား ကျေးဇူးတင်ကြောင်းဖော်ပြလိုက်ပြီးနောက် သူတို့သည် ထန်ပိုင်ရှန်း၊ နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့အားခေါ်လိုက်ကာ အလျှင်အမြန် အကြွင်းအကျန်များရှိသည့်ဝင်ပေါက်သို့ သွားလိုက်ကြသည်။

ထန်ပိုင်ရှန်း၊ နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့ကလည်း မပေါ့ဆရဲကြပဲ ချက်ခြင်း ထိုစုံတွဲနောက်သို့ လိုက်သွားကြသည်။

***

All Chapters