← Chapters

အဆင့် (၅) နတ်ဆိုးဝိညာဉ်၊ ရှေးဦးဝိညာဉ်အဆင့်၏ ရင်ဆိုင်တိုက်ခိုက်မှု၊ အနက်ရောင်ကျောက်မိုင်းတွင်းပေါ်ပေါက်လာခြင်း၊ အဆင့်(၅) အစီအရင်ဆရာဖြစ်လာခြင်း

Vol. 27 Ch. 518

အဆင့် (၅) နတ်ဆိုးဝိညာဉ်၊ ရှေးဦးဝိညာဉ်အဆင့်၏ ရင်ဆိုင်တိုက်ခိုက်မှု၊ အနက်ရောင်ကျောက်မိုင်းတွင်းပေါ်ပေါက်လာခြင်း၊ အဆင့်(၅) အစီအရင်ဆရာဖြစ်လာခြင်း

Vol. 27 Ch. 518

ထိုအချိန်တွင် ကျန်းချန်းရွှမ်နှင့်အခြားသူများကို တားမြစ်သည့်သူမည်သူမှ မရှိပါ။ ထိုအစား လမ်းဖယ်ပေးလိုက်ကြသည်။

သူသည် အပျက်အစီးထဲသို့သွားလိုက်သည်နှင့် ကျန်းချန်းရွှမ်က ရင်းနှီးနေသောမူးမိုက်မှုကို ခံစားလိုက်သည်။

ကံကောင်းစွာပင်၊ သူ၏လက်ရှိကျင့်ကြံဆင့်ကြောင့်၊ ထိုမူးမိုက်မှုက ရောက်လာပြီးနောက် အမြန်ပင်ပြန်ထွက်သွားသည်။

ခနအကြာတွင် သူက သာမန်အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

အပေါ်သို့မော့ကြည့်လိုက်သောအခါ၊ သူကကျယ်ပြောခြင်းတောင်ကြားထဲတွင်ရှိခဲ့စဉ်က ပတ်ဝန်းကျင်ဖြစ်ကြောင်း သတိပြုမိသွားသည်။

ထိုတောင်ကြားက ဝိညာဉ်ချီများနှင့် ပြည့်နေသည်။

အချိန်ကြာလာသည်နှင့်အမျှ၊ များစွာသော ဝိညာဉ်ငှက်များနှင့်သားရဲများက သူ၏မျက်လုံး၌ ပြန်ပေါ်လာသည်။

သူယခင်က စွန့်စားသွားလာခဲ့သော အမျိုးမျိုးသောအကြွင်းအကျန်ကမ္ဘာများထဲမှ ရှားပါးသောတစ်ခု ဖြစ်သည်။

အဆုံး၌ အကြွင်းအကျန်ကမ္ဘာအများစုသည် အပြင်ကမ္ဘာနှင့်မတူကြပေ။

ထိုနေရာ၌ သက်ရှိများအား အချိန်အကြာကြီးရှင်သန်နိုင်ရန် ပြည့်စုံသည့် လွတ်လပ်၍ စည်းကမ်းရှိသော စနစ်မရှိပေ။

သို့ရာတွင်၊ သူရှိနေသည့် အကြွင်းအကျန်ကမ္ဘာသည် မတူဘဲကွဲပြားသည်။

ဤနေရာသည် ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်ကချန်ခဲ့သော နေရာဖြစ်သည်။

၎င်းသည် ကျန်းချန်းရွှမ်က ယခင်က စွန့်စားသွားလာခဲ့ဖူးသည့် အကြွင်းအကျန်ကမ္ဘာများနှင့် နှိုင်းယှဉ်၍မရပါ။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်သွားသည့် ကျင့်ကြံသူများသည်၊ ဤလောကနှင့်ပက်သက်သည့် နေရာလပ်ဥပဒေသများကို နားလည်သဘောပေါက်နိုင်ကြပြီး လွတ်လပ်သည့်နေရာလပ် အစိတ်အပိုင်းတစ်ခုကို ဖွင့်နိုင်စွမ်းရှိကာ သက်ရှိများအတွက်သင့်တော်သည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြသည်။

တစ်ခုတည်းသောပြသနာသည် ဤသို့သော်ပတ်ဝန်းကျင်တွင်မွေးဖွားလာသည့် ကျင့်ကြံသူများ၏ ကန့်သတ်ချက်ရှိကာ အဆင့် (၆) ကို ကျော်လွန်နိုင်ခြင်းမရှိကြပေ။

သူတို့သည် အဆင့် ၅ အလယ်ဆင့်သို့သာ ရောက်နိုင်စွမ်းရှိကြသည်။

၄င်းသည် စည်းမျဉ်းများမှကန့်သတ်ထားခြင်းဖြစ်သည်။

ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်သော်အခါ အကြွင်းအကျန်ကမ္ဘာ၏ပို့ဆောင်ရေးက သမရိုးကျ မဟုတ်သောကြောင့် ကျန်းချန်းရွှမ်က သူသည် ရှန်းရူယန်၊ အခြားသူများနှင့် ခွဲခြားထားခံရကြောင်းကို တွေ့လိုက်ရသည်။

ကံကောင်းစွာပင်၊ ငါးဦးစလုံးက မဝင်ခင်ကပင် ပြင်ဆင်မှုပြုလုပ်ထားခဲ့ကြသည်။

လူတိုင်းက နှလုံးသားသော့ကိုတပ်ဆင်ထားကြသည်။

ထိုအရာနှင့်ဆိုလျှင် ငါးဦးသားသည် အချင်းချင်း၏ တည်နေရာကို စစ်ဆေးနိုင်ကြသည်။

သူတို့က စီစဉ်ပြီးဖြစ်သည်။

ထိုအခြေအနေသို့ရောက်သည်နှင့်သူတို့သည် ကျန်းချန်းရွှမ်အား အလယ်ဗဟိုချက်အဖြစ်ထား၍ စုစည်းရန် ကြိုးစားဖို့ရန်လုပ်ထားကြသည်။

နီးကပ်နေသောသူများက အရင်အဖွဲ့ဖွဲ့ကြရမည်ဖြစ်သည်။ သူတို့သည် အခြေအနေအားလိုအပ်သလို ပြောင်းလဲလိမ့်မည်ဖြစ်သည်။

ထိုအချိန်တွင်ပင်။

ကျန်းချန်းရွှမ်က သူ၏နှလုံးသားသော့ကို ယူထုတ်လာကာ ရှန်းရူယန်နှင့်အခြားသူမျာက သူနှင့်နီးသောနေရာတွင် မရှိကြောင်းကို သိလိုက်ရသည်။

အနီးစပ်ဆုံးတွင်ရှီသည့် နှင်းပန်းပွင့်စံသခင်သည်ပင် သူနားရောက်အောင်အချိန်တချို့ သုံးရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူသည် အကြွင်းအကျန်ကမ္ဘာထဲက အခွင့်အရေးများအား လွတ်သွားနိုင်ချေ ရှိသောကြောင့် စောင့်ဆိုင်းရန်မဆုံးဖြတ်တော့ပေ။

ထိုအချိန်တွင် ကျန်းချန်းရွှမ်သည် ချီရိတ်သိမ်းခြင်းနည်းစနစ်နှင့် ချီကောင်းချီးတို့ကို ပေါင်းကာ သူ၏ခန္ဓာကိုယ်ထဲတွင်စုစည်းလိုက်သည်။

အခြားတစ်ဖက်၌ သူသည် တွက်ချက်ရန်အတွက် ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်ကို သုံးခဲ့သည်။

ခနအကြာတွင် ကျန်းချန်းရွှမ်က ဦးတည်ချက်ကို အတည်ပြုလိုက်ပြီး ထိုဦးတည်ချက်အတိုင်း ပျံသန်းသွားလိုက်သည်။

ဝှစ်…ဝှစ်..

အရောင်ငါးမျိုးပါသောအလင်းတန်းက အမြန်ကောင်းကင်ပေါ်တွင် ပျံသန်းသွားသည်။

ဆယ်မိနစ်အကြာတွင် ကျန်းချန်းရွှမ်က ပေတစ်ထောင်မြင့်သော သစ်ပင်ကြီးတစ်ပင်အပေါ်တွင် ရပ်နားလိုက်သည်။

သူက သစ်ပင်ကြီးပေါ်သို့ကြည့်လိုက်ရာ နှင်းကြာပွင့်များနှင့်တူသော အဖြူရောင်ပန်းတစ်မျိုးကို တွေ့ရှိခဲ့သည်။

ထိုပန်းသည် ဆဠဂံပုံစံရှိကာ လတ်ဆတ်သောအနံကို ထုတ်လွတ်နေသည်။

ဒါက…..?

အဆင့် (၅) သဟဇာတခြောက်မျိုးရေခဲပန်း။

ကျန်းချန်းရွမ်က ထိတ်လန့်သွားသည်။

သူ၏တွက်ချက်မှုနှင့် ချီကောင်းချီးက သူ့အား စိတ်မပျက်စေခဲ့ပေ။

သူသည် ထိုကဲ့သို့ ဝိညာဉ်ပန်းပင်မျိုးကို ရှာမတွေ့ခဲ့သည်မှာ ကြာပြီဖြစ်သည်။

ထို သဟဇာတခြောက်မျိုးရေခဲပန်းဟုခေါ်သည့် ရတနာသည် အခြေတည်ကျင့်ကြံသူကို နတ်ဘုရားအာရုံ သန်မာလာစေရန် အထောက်အကူပြုပေးသည်။

ထို့အပြင် ၎င်းသည် အတွင်းနတ်ဆိုးများကို ပျောက်ကွယ်စေသည့် အာနိသင်ရှိသည်။

၎င်းသည် သဟဇာတခြောက်မျိုးရှိသည့် မြေအနေအထားတွင်သာ ပေါက်ရောက်နိုင်ပြီး တစ်နှစ်ပတ်လုံး အပူချိန် ၃ ဒီဂရီကိုမကျော်သည့်နေရာ နှင့် ရေခဲဝိညာဉ်ပါဝင်သည့် ကြီးမားသည့်သစ်ပင်ထိပ်၌သာ ပေါက်ရောက်သည်။

၎င်းသည် အပြင်ကမ္ဘာတွင် ရှားပါးသောရတနာဖြစ်သည်။

ကြည့်ရသည်မှာ ထိုသစ်ပင်၏ စစ်မှန်မူလအရည်အချင်းက ရေခဲဖြစ်လိမ့်မည်။

ကျန်းချန်းရွှမ်က သစ်ပင်ကို ကြည့်လိုက်သည်။

သို့ရာတွင် ထိုအချိန်၌ မမြင်နိုင်သော ရှုးရှုးရှဲရှဲမြည်သံက ရုတ်တရက် ကျန်းချန်းရွမ်၏ နတ်ဘုရားအာရုံတွင်ပေါ်လာသည်။

ကျန်းချန်ရွှမ်က မျက်လုံးကိုပင့်လိုက်ပြီး ကောင်းကင်ဘုံအတွင်းစိတ်မျက်လုံးကို အသက်သွင်းလိုက်ရာ မျက်လုံး၌ ဝိညာဉ်အလင်းပေါ်လာသည်။

ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ ပေ ၆၀၀ ရှည်လျားသော အဆင့် ၅ နတ်ဆိုးမြွေ ပေါ်လာခဲ့သည်။ ၎င်း၏အရောင်က သူ၏ရှေ့မှ သစ်ပင်နှင့်တစ်ရောင်တည်း ဖြစ်နေသည်။

သူ၏ ဒေါင်လိုက်မျက်ဆံများက ခပ်မှိန်မှိန်အလင်းကဲ့သို့ဖြစ်ကာ ရုတ်တရက် ဆတ်ခနဲ သူ့ဆီသို့ လှမ်းလိုက်သည်။

ရှဲ…ရှဲ…

ထိုအသံနှင့် အတူ နတ်ဘုရားအာရုံပင်ခြေရာမခံနိုင်သည့် သေချာသည့်လှိုင်းတစ်ခုက ကျန်းချန်းရွှမ်၏ နတ်ဘုရားအာရုံထဲ ထပ်မံထွက်ပေါ်လာသည်။

ထိုအချိန်တွင် သူက ရှင်းမပြနိုင်သည့်မူးဝေမှုကိုခံစားလိုက်ရသည်။

ထိုခံစားချက်က သူပို့ဆောင်ခံရသောအချိန်ကအတိုင်းပင်။

ရလဒ်အရ သူသည် မြွေကြီး၏တိုက်ခိုက်မှုအားလုံးဝမတုံ့ပြန်တော့ပေ။

ကံကောင်းစွာပင်၊ သူ၏ အသိစိတ်ပင်လယ်ထဲမှ ကျယ်ပြောသောကောင်းကင်ဘုံနတ်ဘုရား ကျောက်စိမ်းက တောက်ပလာခဲ့သည်။

ချက်ခြင်းပင် သူ၏အသိစိတ်ပင်လယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဝှစ်….

တစ်ချိန်တည်းမှာပင်။

သူ၏အသိစိတ်ပင်လယ်တွင် မီးခိုးအမျှင်တန်းများပေါ်လာခဲ့ကာ ကျယ်ပြောခြင်းကောင်းကင်ဘုံ နတ်ဘုရားကျောက်စိမ်းကြောင့် ထိုအရာများက ခြေရာပင်မကျန်ဘဲပျောက်ကွယ်သွားသည်။ မူလက မူးမိုက်နေသော ခံစားချက်က အိမ်မက်ထဲမှာကဲ့သို့ဖြစ်ကာ ကျန်းချန်းရွှမ်၏ဝိဉာဉ်က ချက်ခြင်း ဆတ်ခနဲ နိုးလာခဲ့သည်။

***

All Chapters