← Chapters

အဆင့် (၅) နတ်ဆိုးဝိညာဉ်၊ ရှေးဦးဝိညာဉ်အဆင့်၏ ရင်ဆိုင်တိုက်ခိုက်မှု၊ အနက်ရောင်ကျောက်မိုင်းတွင်းပေါ်ပေါက်လာခြင်း၊ အဆင့်(၅) အစီအရင်ဆရာဖြစ်လာခြင်း (၂)

Vol. 27 Ch. 519

အဆင့် (၅) နတ်ဆိုးဝိညာဉ်၊ ရှေးဦးဝိညာဉ်အဆင့်၏ ရင်ဆိုင်တိုက်ခိုက်မှု၊ အနက်ရောင်ကျောက်မိုင်းတွင်းပေါ်ပေါက်လာခြင်း၊ အဆင့်(၅) အစီအရင်ဆရာဖြစ်လာခြင်း (၂)

Vol. 27 Ch. 519

ကျန်းချန်းရွှမ်၏မျက်လုံးက ချက်ခြင်းပင် ပြန်လည်ကြည်လင်သွားသည်။

သူသည် ယခုဖြစ်သွားသည့်အရာအားအထူးတလည် ဆင်ခြင်လိုက်မိသည်။

ထိုဆင်ခြင်လိုက်မှုကြောင့် သူသည် တော်တော်လေး ထိတ်လန့်သွားခဲ့ရသည်။

သူ၏ရှေ့မှ အဆင့် (၅) နတ်ဆိုးမြွေသည် ….

မဟုတ်ပါ။

၎င်းသည် နတ်ဆိုးမြွေပင်မဟုတ်ပါ။ သို့သော် နတ်ဘုရားအသိအမျိုးမျိုးပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသည့် နတ်ဆိုးဝိညာဉ်တစ်ခုဖြစ်သည်။

သူသည် နတ်ဆိုးမြွေ၏တိုက်ခိုက်မှုဟုသေချာကာ ထိုကဲ့သို့ဖြစ်လျှင် ပြင်ပတိုက်ခိုက်မှုများနှင့် ခုခံ၍ ပပျောက်အောင်လုပ်၍ မဖြစ်နိုင်ပါ။

၎င်းသည် စိတ်ဝိညာဉ်အဆင့်မှ ရင်ဆိုင်တိုက်ခိုက်ရန်လိုအပ်သည်။

ထိုအရာကို စိတ်မှတွေးကာ ကျန်းချန်းရွှမ်က တုံ့ဆိုင်းမနေတော့ပေ။ သူ၏ အသိစိတ်ပင်လယ်ထဲတွင် လေးနှင့်မြှားက ပြင်းထန်သောမီးတောက်နှင့် တောက်ပနေကာ အသွင်ယူထားသည်။

ပြီးနောက် ကျီဟူသောအသံမြည်လာသည်။ ရဟတ်လည်နေသောအသံကဲ့သို့ဖြစ်ကာ နတ်ဘုရားအာရုံအဆင့်တွင်ပင် ထိတွေ့ခံစားသိရှိနိုင်သောအရာက ပဲ့တင်ထပ်လာကာ အဆင့် (၅) နတ်ဆိုးမြွေကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

ဘွန်း…

ကြီးမားသောပေါက်ကွဲမှုက ပဲ့တင်ထပ်သွားကာ သို့သော် ထူးခြားဆန်းကြယ်စွာဖြင် ကိုယ်ခန္ဓာကတော့ လှုပ်ရှားမှုမရှိပါ။

သို့သော်လည်း နတ်ဘုရားအာရုံထဲတွင်မူ သဲကြီးမဲကြီး မုန်တိုင်းများဖြစ်ပေါ်နေသကဲ့သို့ပင်။

မီးတောက်မြှားက နတ်ဆိုးမြွေအားထိုးစိုက်လိုက်ပြီး ခေါင်းမှ အမြီးအထိ ထိုးဝင်သွားသည်။

ကျန်းချန်းရွှမ်၏ အသိစိတ်ပင်လယ်ထဲတွင် ရှူးရှူးရှဲရှဲမြည်သံများဖြင့် ပြည့်နေသည်။

သို့ရာတွင် ကျယ်ပြောသောကောင်းကင်ဘုံနတ်ဘုရားကျောက်စိမ်း၏ခုခံမှုနှင့် ထိုအသံများက သူ့အားသက်ရောက်မှုမရှိပေ။

ထိုအစား ကျန်းချန်းရွှမ်၏ လောင်ကျွမ်းနေမြှား၏ တိုက်ခိုက်မှုဖြင့် နတ်ဆိုးမြွေက အစိတ်စိတ်အမြွာမြွာဖြစ်ကာ မကြာမီပင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထိုအရာကိုမြင်လျှင် ကျန်းချန်းရွှမ်သည် စိတ်အေးသွားကာသက်ပြင်းချလိုက်သည်။

ထိုအခြေအနေသည် ဘေးသင့်သွားနိုင်သောအခြေအနေပင်ဖြစ်သည်။

သူသည် ကျယ်ပြောသော ကောင်းကင်ဘုံနတ်ဘုရားကျောက်စိမ်းက သူ၏အသိစိတ်ပင်လယ်ကို ကာကွယ်ထားပေးခြင်းမရှိလျှင် အဆင့် ၅ နတ်ဆိုးမြွေ၏တိုက်ခိုက်မှုသည် ဤမျှလောက်လွယ်ကူစွာ ပြီးသွားမည်မဟုတ်ပေ။

အကယ်၍ ကိစ္စများက မှားယွင်းသွားလျှင် သူသည် ကြီးမားသည့်ဆုံးရှုံးမှုကိုခံရမည်ဖြစ်သည်။

အနာဂတ်တွင် ပိုမို၍ ဂရုစိုက်ရမည်ပုံပေါ်သည်။ အဆုံး၌ ၄င်သည် ကောင်းကင်သခင် ထားခဲ့သော အကြွင်းအကျန်ကမ္ဘာဖြစ်သည်။

အခြားထူးခြားသည့် သတ္တဝါများရှိနေဦးမည်လားမသိနိုင်ပေ။

ဂရုမစိုက်ခြင်းက သူ့အား ကျဆုံးစေလိမ့်မည်။

ထိုအကြောင်းကိုစဉ်းစားရင်း ကျန်းချန်းရွမ်သည်အထူးကျောက်စိမ်းသေတ္တာကိုထုတ်လိုက်သည်။

ပြီးနောက် သူသည် သဟဇာတခြောက်မျိုးရေခဲပန်းကို ထည့်လိုက်သည်။ ထိုသို့ပြုလုပ်ပြီးနောက် ကျန်းချန်းရွှမ်က ကြာကြာမနေတော့ပေ။

အခြားဦးတည်ရာတစ်ခုကိုအတည်ပြုပြီးနောက် ချက်ခြင်းထွက်ခွာတော့သည်။

နေ့တစ်ဝက်အကြာတွင်။

ကျန်းချန်းရွှမ်သည် ထိုတောင်ကြားထဲမှထွက်ကာ မီးတောင်ကဲ့သို့ နေရာတွင် ပြန်လည် ထွက်ပေါ်လာသည်။

ထိုမျက်နှာပြင်ပေါ်တွင် အပူချိန်သည် ၆၀ ဒီဂရီထိပင်ရောက်နေသည်။

သာမန်သေမျိုးများနှင့် ချီသန့်စင်ခြင်းကျင့်ကြံသူများပင် ခံနိုင်ကြမည်မဟုတ်ပေ။

ထို့အပြင် ပြင်ပမှ အပူချိန်သာရှိသေးသည်။ သူက အတွင်းသို့ဝင်လေလေ၊ သူ၏ ပတ်ဝန်းကျင်မှ အပူချိန်က ပို၍ တိုးလာသည်။

ကျန်းချန်းရွှမ်က အဓိကနေရာသို့ရောက်လျှင် ပတ်ဝန်းကျင်မှ အပူချိန်သည် ၁၀၀ ဒီဂရီအထိ ရောက်နေပြီ ဖြစ်သည်။

လေထဲတွင် မီးတောက်အမှုန်အမွားများ ရှိနေသည်။

ကျန်းချန်းရွှမ်က ချက်ခြင်း ပတ်ဝန်းကျင်၌ မညီမညာသောမျက်နှာပြင်များကို သတိပြုမိခဲ့သည်။

အရေးအကြီးဆုံးအချက်မှာ ထိုအစွန်းများတွင် လွန်ကဲသောမီးဓာတ်များက လိမ့်တက်လာနေသည်။

သူက သူ၏လက်ကို ထိုမညီမညာမျက်နှာပြင်တွင် ဖိကြည့်ကာကွေးလိုက်လေသည်။

ခွပ်..ဟူသည့်အသံထွက်လာသည်။

ထိုမညီညာသည့်မျက်နှာပြင်က ကျန်းချန်းရွှမ်ကြောင့် ကွဲသွားသည်။

ချက်ချင်းပင်၊ နီရဲသည့်ပတ္တမြားနှင့်တူသည့်အလင်းက ရုတ်တရက် ကွဲသွားသည့်နေရာမှ ထွက်လာသည်။

ပတ်ဝန်းကျင်က အပူချိန်က ပို၍ တိုးလာလေလေ ဘဲငန်းဥ အရွယ်အစားရှိသည့် နီရဲသည့် ရတနာက လိမ့်ကျနေသည်။

ဒါက…?

ကျန်းချန်းရွှမ်က ချက်ခြင်းပင် နီရဲသော ရတနာကို လက်ဖြင့်ကိုင်လိုက်သည်။

ခနအကြာတွင်။

ထိတ်လန့်နေသည့်အမူအရာက သူ၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

မီးလျှံကျောက်တုံး…

တုံ့ဆိုင်းမနေတော့ပဲ၊ ကျန်းချန်းရွှမ် သူ၏နတ်ဘုရားအသိကို ထုတ်လွတ်လိုက်ကာ ဤနေရာက တကယ်ပင် မီးလျှံကျောက်တုံးမိုင်းတွင်းဖြစ်ကြောင်း ရှာဖွေလိုက်သည်။

မီးလျှံကျောက်တုံးဟုခေါ်သောအရာသည် သာမန်ထပ်လွန်ကဲသော အရေးကြီးသည့် ဗျူဟာကျသည့် သယံဇာတဖြစ်သည်။

၎င်းအား လက်နက်နှင့် အစီအရင်များ သန့်စင်ရာတွင် သုံးနိုင်သည်သာမက ကျင့်ကြံသူများ၏ မီးဓာတ်အထုံ ရှိသည်ကို မြင့်တင်ပေးနိုင်ပြီး မီးဓာတ်နတ်ဘုရားစွမ်းအားကို ပိုမို၍ နားလည် သဘောပေါက်စေသည်။

တစ်ချိန်တည်းတွင်ပင်၊ ထိုမိုင်းတွင်းက အမျိုးမျိုးသော မီးဓာတ်ဓမ္မရတနာများနှင့် စစ်မှန်ရတနာများကိုပင် ပြန်လည်အားဖြည့်ပေးနိုင်သည်။

အချုပ်ဆိုရသော်၊ ထိုနေရာက တကယ်ပင် မိုင်းတွင်းအကြောဖြစ်လျှင် ၎င်း၏တန်ဖိုးက တိုင်းတာ၍ မရလောက်အောင်ပင် ကြီးမားလိမ့်မည်။

ဘွန်း…ဘွန်း…

ကျန်းချန်းရွမ်၏နှလုံးက ခုန်နေသည်။

သူသည် အခြားသူများတွေ့ရှိသွားလျှင်ဖြစ်လာမည့် အကျိုးဆက်များကို ကောင်းကောင်းသိသည်။

ထို့ကြောင့်။

သူသည် ထိုမိုင်းတွင်းကို တတ်နိုင်သမျှ ဖုံးကွယ်ထားရမည်။

၎င်းသည် သေချာပေါက်လွယ်ကူသည့် အလုပ်မဟုတ်ပါ။

သူသည် သက်ဆိုင်သည့် အစီအရင်ကို ချရမည်။

အခြားသူများအားအသိမပေးဘဲ ထိုမိုင်းတွင်းကို ရယူနိုင်မည်လား။ ထိုအကြောင်းကိုစဉ်းစားရင်း ကျန်းချန်းရွှမ်က ချက်ခြင်းပင် သူ၏လက်ကိုမြောက်ကာ အစီအရင်အလံ ဒါဇင်ပေါင်းများစွာကို ပစ်လိုက်သည်။

ဝှစ်….ဝှစ်….ဝှစ်…

ချက်ခြင်းပင် ပတ်ဝန်းကျင်သည် မြူများဖြင့် ဖုံးအုပ်သွားခဲ့သည်။

အပူချိန်သည်ပင် ကန့်သတ်ထားသည့်အတွင်းတွင်ပင် ရှိတော့သည်။

၎င်းသည် အနန္တပုံရိပ်ယောင်အစီအရင်ပင်ဖြစ်သည်။

၎င်းသည် ကျန်းချန်းရွှမ်က ယခုအချိန်တွင်လုပ်နိုင်သော အသန်မာဆုံးအကာအရံဖြစ်သည်။

ပြီးနောက်၊ ကျန်းချန်ရွှမ်သည် ဆက်လက်၍ အစီအရင်အလံဒါဇင်ခန့် ကိုထုတ်လိုက်ကာ အထူးနေရာရှစ်နေရာတွင် ကျသွားသည်။

သို့သော်လည်း ၎င်းသည် မလုံလောက်သည်မှာ သေချာပါသည်။

အကယ်၍သူသည် တကယ်ပင် ထိုမိုင်းတွင်းကိုယူသွားချင်လျှင်၊ သူသည် အဆင့် (၅)အစီအရင် လွင့်မျောတောင်အစီအရင်အား အသုံးပြုရမည်ဖြစ်သည်။

ကျန်းချန်းရွှမ်က ကြီးမားသည့် အစီအရင် လုပ်နိုင်မည့်အရာများကိုထုတ်လိုက်ကာ အမြန်ပင် အစီအရင်အလံများကို စတင်၍ ရေးဆွဲတော့သည်။

သူက လွင့်မျောတောင်အစီအရင်ကို ရေးဆွဲရန်စီစဉ်နေသည်။

သူသည် ထိုမိုင်းတွင်းကို ယူသွားချင်သည်သာမက ထိုအခွင့်အရေးကိုသုံးကာ အဆင့် (၅) အစီအရင်သခင်ဖြစ်ရန် ထိုးဖောက်ချင်နေသည်။

ကံကောင်းစွာပင်၊ သူသည် ရှန်းရူယန်နှင့်ပူးပေါင်းကာ ကျန်းမိသားစု၏ တောင်အကာအရံအစီအရင်ကို အဆင့်မြင့်တင်ခဲ့ခြင်းက သူ၏အစီအရင်အဆင့်ကို အဆင့်(၅) သို့ရောက်ခါနီးသို့ရောက်စေခဲ့သည်။

ယခုတွင်၊ သူသည် ကြန့်ကြာနေသည့်အရာကိုထိုးဖောက်ရန်ကြိုးစားတော့မည်ဖြစ်သည်။

ကျီ..ကျီ…ကျီ…

ကျန်းချန်းရွှမ်၏လက်ထဲတွင် တောက်ပနေသည့်အလင်းများ ဆက်တိုက်လင်းနေသည်။

ထိုအလင်းက လင်းလိုက်..မှိန်လိုက်..လင်းလိုက်ဖြစ်နေသည်။

ထိုကဲ့သို့ဆက်တိုက်ဖြစ်နေသည်။

ရက်အနည်းငယ်အကြာတွင်။

နောက်ဆုံး၌ သူသည် လွင့်မျောတောင်အစီအရင်ကို ၉၃ ကြိမ်မြောက် ကြိုးစားပြီး ကျရှုံးခဲ့သည်။

ထူးဆန်းသည့် အစီအရင် လှိုင်းက သူ၏လက်မှ အစီအရင်ချပ်ပြားဝိုင်းကတစ်ဆင့် ထွက်လာသည်။

နောက်ပိုင်းတွင် ကျန်းချန်းရွှမ်၏လက်ထဲမှ ထိုအစီအရင်ချပ်ပြားဝိုင်းက ပေါ့ပါးသည့်လေထဲတွင် ပျောက်ကွယ်သွားခဲ့ကာ သူယခင်က ချထားသကဲ့သို့ ထိုနေရာ၏ အဓိကနေရာတွင် ပေါင်းစပ် သွားခဲ့သည်။

ဘွန်း…

လွင့်မျောတောင်အစီအရင်က ထိုနေရာ၏အဓိကနေရာတွင်ပေါ်လာသည်နှင့် ကျန်းချန်းရွှမ် ရပ်နေသည့်နေရာတွင် မြေကြီးက တုန်ခါသွားသည်ကိုခံစားလိုက်ရသည်။

ချက်ခြင်းပင်၊ ပတ်ဝန်းကျင်ရှိ မီးဓာတ်က ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။

၎င်းသည် ကျန်းချန်းရွှမ်းအား ပို၍ တည်ငြိမ်စေသည်။

သူသည် အလွန်အရေးကြီးသည့်အချိန်က ရောက်လာပြီဖြစ်ကြောင်းသိလိုက်သည်။

သူချထားသည့် ထိုအစီအရင်က မိုင်းတွင်း၏ အဓိကနေရာအား ကော်၍ ထုတ်နေပြီဖြစ်လေသည်။

၄င်းသည် မိုင်းတွင်းတစ်ခုလုံးကို ယူသွားရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

သို့မဟုတ်လျှင် အကယ်၍ အမှားတစ်ခုပါလျှင်ပင် ထိုကိစ္စက ကျရှုံးသွားမည်ဖြစ်သည်။

[ဒင်]

သို့ရာတွင် ထိုအချိန်တွင် စနစ်၏အသိပေးချက်က ကျန်းချန်းရွှမ်၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

[အဆင့်(၅) အစီအရင်ဆရာဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်၊ host။ မင်းအတွက် စကြဝဠာအစီအရင်ဖျက်ဆီးခြင်းသောနဲ့ ဆိုက်မေ့လူအစီအရင်ချပ်ပြားဝိုင်းတစ်ခုကို ဆုအဖြစ်ရရှိပါတယ်။]

ပြောဖို့မလိုအောင်ပင်၊ ကျန်းချန်းရွှမ်ထိုအချိန်တွင်သုံးနိင်သည့်အရာဖြစ်သည်။

ဆိုက်မေ့လူ အစီအရင်ချပ်ပြားဝိုင်းသည် အထူးအစီအရင်ချပ်ပြားဝိုင်းတစ်ခုဖြစ်ပြီး အကန့်အသတ်မရှိ ပစ္စည်များကို သိုလှောင်နိုင်သည်။

သက်ရှိများမှ လွဲ၍မည်သည့်ပစ္စည်းကိုမဆို ထိုအစီအရင်ချပ်ပြားဝိုင်းထဲသိုလှောင်နိုင်သည်။

ကျန်းချန်းရွှမ် လက်ရှိယူသွားရန်ကြိုးစားနေသည့် မီးလျှံကျောက်တုံးမိုင်းတွင်းလည်း ပါပေသည်။

***

All Chapters