← Chapters

မိုင်းတွင်းကို သိမ်းယူပြီး အနီရောင်တီကောင်အားသတ်ဖြတ်ခြင်း (၁)

Vol. 27 Ch. 520

မိုင်းတွင်းကို သိမ်းယူပြီး အနီရောင်တီကောင်အားသတ်ဖြတ်ခြင်း (၁)

Vol. 27 Ch. 520

ကျန်းချန်းရွှမ်က အံဩဝမ်းသာဖြစ်သွားရသည်။

၎င်းသည် သူအလိုအပ်နေဆုံးဖြစ်သည့် စနစ်ကပေးသော ဆိုက်မေ့လူအစီအရင်ချပ်ပြားဝိုင်းဖြစ်သည်။

ကျန်းချန်းရွှမ်က တုံ့ဆိုင်းမနေတော့ပါ။

သူ၏ပုံပန်းက ရုတ်တရက် ရှည်လျားသွားသည်။

မျက်စိတမှိတ်အတွင်းတွင် ပေ ၅၀၀ သို့ရောက်ရှိသွားသည်။

သူ၏ခန္ဓာကိုယ်ထဲမှ အင်အားကြီးသည့် စွမ်းအားများထွက်လာခဲ့သည်။

ဂျုန်း…

မြေကြီးက ပြင်းထန်စွာစတင်၍ တုန်ခါလာသည်။

ကျန်းချန်းရွှမ်၏မျက်လုံးများက ကျဉ်းသွားသည်။

သူ၏လက်မောင်းမှ အကြောများ ထောင်လာသည်။

သူ၏ရှေ့မှ နေရာလပ်ကို ဖမ်းဆုပ်လိုက်သည်။

ဘွန်း…

ချက်ခြင်းပင် ကောင်းကင်တစ်ခွင်တွင် ပြင်းထန်သည့် အနီရောင်အလင်းများက ထွက်လာခဲ့သည်။

အပေါ်မှ ကြည့်လျှင် ပေ ၅၀၀ ရှည်သည့်ဘီလူးကြီးက သူ၏ရှေ့မှ မြေကြီးကို မထားသည်ကို တွေ့နိုင်ကာ ရှည်လျားကာ ကြက်သွေးရောင်မိုင်းတွင်းကြောကြီးကို မြင်နိုင်သည်။

ဂျန်း…

ဆယ်မိုင်ပတ်ဝန်းကျင်တွင် ကြည့်ရသည်မှာ ငလျှင်ဒဏ်ကို ခံစားခဲ့ရသည်မှာ ဆယ်ကြိမ်သို့ အကြိမ်နှစ်ဆယ်ခန့်ပင် ရှိပုံရသည်၊ ဖန်မှုန့်များ၊ မီးတောက်များနှင့် ကျောက်တုံးကြီးများက ကောင်းကင်ပေါ်တွင်ပေါ်လာသည်။

ခွပ်..

ဘန်း…

တစ်ချိန်တည်းမှာပင်၊ ကျန်းချန်းရွှမ်လုပ်ထားသည့် ဖုံးကွယ်ခြင်းအစီအရင်က ထိုအင်အားကို မခံနိုင်တော့ဘဲ အစိတ်အပိုင်းများအဖြစ် ကွဲကြေသွားခဲ့သည်။

ကျန်းချန်းရွှမ်၏ အမူအရာက လွန်စွာတည်ငြိမ်နေသည်။ သူသည် အချိန်များစွာမကျန်တော့ကြောင်း သိလိုက်ရသည်။ သူက အမြန်ဆုံး မိုင်းကြောတစ်ခုလုံးကိုယူသွားရမည်ဖြစ်သည်။

“နှိုးထလော့။”

ကျန်းချန်းရွှမ်က အော်လိုက်သည်။

ခနအကြာတွင် သူ၏စွမ်းရည်များထပ်မံလိမ့်တက်လာသည်။

သူ၏နောက်တွင်ပေါ်လာသည့် နဂါးနှင့်ဆင်ပုံရိပ်ယောင်တို့က သူ၏ခန္ဓာကိုယ်ကို ပေါင်းသွားခဲ့ပြီး သူ၏ ရှိန်လောက်သောစွမ်းအားကို အဆပေါင်းများစွာတိုးပွားစေခဲ့သည်။

ဘွန်း….

၎င်းသည် နျူကလိယပေါက်ကွဲခြင်းကဲ့သိုပင်ဖြစ်သည်။

ကြီးမားသည့် အနီရောင်အကွင်းကြီးက ကောင်းကင်ပေါ်သို့တက်သွားကာ မိုးကြိုးဟိန်းသံနှင့်အတူ အမြန်ပင်ဦးတည်ချက်အမျိုးမျိုးသို့ ကျယ်ပြန့်သွားလေသည်။

တစ်ချိန်တည်းမှာပင်။

ကျန်းချန်းရွှမ်သည် သူ၏အင်အားကို စုစည်းလိုက်ပြီး သူ၏ ဆိုက်မေ့လူအစီအရင်ချပ်ပြားဝိုင်းထဲသို့ မိုင်းကြောတစ်ခုလုံးကို သိပ်ထည့်လိုက်သည်။

ဝှစ်….ဝှစ်….ဝှစ်….

သို့သော်လည်း ထိုအချိန်တွင် အလင်းတစ်တစ်ခုက အဝေးတစ်နေရာမှ ရုတ်တရက်ပေါ်လာခဲ့သည်။ ကျန်းချန်းရွှမ်က မျက်လုံးများကိုကျဉ်းလိုက်သည်။

သူ့ထံမှ ပြင်းထန်သည့်သတ်ဖြတ်ခြင်းရည်ရွယ်ချက်က ပေါက်ကွဲကာ လိမ့်တက်လာပြီး သူ၏ကိစ္စတွင် ကြားဝင်စွက်ဖက်ခြင်းမပြုရန် ကျူးကျော်သူအားသတိပေးလိုက်သည်။

သို့သော်လည်း ထိုကျူးကျော်သူက နောက်မဆုတ်သွားဘဲ အရှိန်ပို၍ မြင့်လိုက်လေသည်။

ကျန်းချန်းရွှမ်၏မျက်လုံးများက မဲမှောင်သွားသည်။

ကံကောင်းစွာပင် သူက မိုင်းကြောကို သိမ်းပြီးတော့မည်ဖြစ်သည်။

ကျယ်လောင်သောဘန်းဟူသည့်အသံနှင့် ကျန်ရှိနေသည့်အကြောအား ဆိုက်မေ့လူအစီအရင်ချပ်ပြားဝိုင်းတွင် သိမ်းပြီးသွားပြီဖြစ်သည်။

ထိုအချိန်တွင်။

ကျန်းချန်းရွှမ်ရပ်နေသည့်နေရာက မိုင်ပေါင်းများစွာ နက်ရှိုင်းသည့် အပေါက်တစ်ခုဖြစ်နေကာ ပတ်ပတ်လည်တွင် ထူထပ်သောမီးခိုးများ ဝဲနေပြီး ကျယ်ပြောကာ နက်ရှိုင်းသည့် ချောက်ကြီးကဲ့သို့ ဖြစ်နေသည်။

ဝှစ်…

ထိုအချိန်တွင် အနီရောင်အကြေးခွံများနှင့် ဗိုက်တွင် ခြေသည်း သုံးခုရှိသော ပေ ၆၀၀ ရှည်သည့် တီကောင်ကြီးက ကျန်းချန်းရွှမ်ရှေ့တွင် ပေါ်လာသည်။

၎င်းသည် ကြီးမားသည် ချောက်နှင့်တူသည့်အပေါက်ကြီးကို ကြည့်နေကာ လေထဲ၌ ကျန်ရှိနေသည့် မီးဓာတ်ကို အနံ့ရှုကြည့်နေသည်။ ၄င်း၏ ကြီးမားသော မျက်လုံးများက ချက်ခြင်းပင် ပြင်းထန်သည့် လောဘများကို ဖော်ပြလာသည်။

ဒီအနံက မီးလျှံကျောက်တုံးရဲ့အနံ့ပဲ။

မီးလျှံကျောက်တုံးမိုင်းတွင်းများဖြစ်နိုင်မလား?

ထိုကဲ့သို့တွေးကာ သူ၏မျက်လုံးထဲမှ လောဘက တိုးပွားလာခဲ့သည်။

သဘာဝအတိုင်း အနီရောင်တီကောင်ကြီး၏အကြည့်သည် မဝေးသည့်နေရာရှိ ကျန်းချန်းရွှမ်ဆီသို့ ရောက်လာကာရက်စက်ကြမ်းကြုတ်သည့်အမူအရာက သူ၏မျက်နှာပေါ်တွင်ပေါ်လာခဲ့သည်။

“မင်းက ဒီမိုင်းတွင်းကိုယူသွားဖို့စီစဉ်နေတာလား?”

ထိုတီကောင်၏စကားကိုကြားလျှင် ကျန်းချန်းရွှမ်၏မျက်လုံးများက ချက်ခြင်းအေးစက်သွားသည်။

ထိုကိစ္စကိုဆက်လက်ဖုံးကွယ်၍မရတော့ကြောင်း သူသိသွားသည်။

သူသည် ထိုကဲ့သို့ နတ်ဆိုးသားရဲမျိုးနှင့်အချိန်မဖြုန်းနေချင်တော့သဖြင့် အေးစက်စွာပင် ပြောလိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ?”

အနီရောင် တီကောင်က ရက်စက်သည့်အပြုံးကိုပြုံးလိုက်သည်။

“လူသား၊ ငါမင်းကိုသိတယ်။ မင်း အနက်ရောင်ကျီးကန်းလို အမှိုက်မျိုးကိုသတ်နိုင်ရုံနဲ့ ငါ့ကို စိန်ခေါ်လို့ရမယ်လို့ထင်မနေနဲ့။ အခု ငါမင်းကိုအခွင့်အရေးပေးမယ်။ မင်းသိမ်းလိုက်တဲ့ အဲ့ဒီမိုင်းကြောကို ငါ့ကို လွဲပေး။ အဲ့နည်းနဲ့ပဲ ငါက မင်းအသက်ကိုချမ်းသာပေးနိုင်မှာ။ မဟုတ်ရင်….”

ထိုအချိန်တွင် အနီရောင် တီကောင်က ရုတ်တရက်၊ သတိပေးခြင်းမရှိပဲ ကြီးမားသည့် မီးဘောလုံးတစ်ခုအား သူ၏ပါးစပ်ထဲမှ ထုတ်လာခဲ့သည်။

ထိုမီးဘောလုံးသည် အပြင်၌ လိမ္မော်နီရောင်ဖြစ်ကာ အတွင်း၌ အနီရင့်ရောင်ဖြစ်ပြီး ကျန်းချန်းရွမ်၏ခေါင်းကိုဦးတည်နေလေသည်

လေထု၏အပူချိန်က ရုတ်တရက်မြင့်တက်လာသည်။

သူတို့၏ပတ်ပတ်လည်မှ လွင့်ပျံနေသည့် မီးစမီးနများက ကြီးမားသည့်မီးဘောလုံ၏လှုံဆော်မှုဖြင့် ပြန်လည်ထတောက်လောင်လာကာ ပြင်းထန်စွာ တောက်လောင်နေတော့သည်။

ရလဒ်အားဖြင့် ထိုကြီးမားသည့် မီးဘောလုံး၏ အပူက နောက်ထပ် ၃၀ ရာခိုင်နှုန်း ပိုတိုးလာခဲ့သည်။

၎င်းကိုမြင်လျှင် ကျန်းချန်းရွှမ်က လုံးဝမအံ့သြသွားပေ။ သူသည်အလွန်သတိထားနေသဖြင့် အချိန်မရွေးတိုက်ခိုက်ရန်အဆင့်သင့်ဖြစ်နေပြီးဖြစ်သည်။

ထို့ကြောင့် ကြီးမားသည့် မီးဘောလုံးကြီးကိုမြင်သည်နှင့် အပြာရောင်လိပ်သဏ္ဍာန် အကာအရံက ရုတ်တရက် သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။

၎င်းသည် အဆင့် (၅) ခုခံရေး မန္တာန် ရေလိပ်အကာအရံဖြစ်သည်။

ဘွန်း…

မီးဘောလုံးက ရေလိပ်အကာအရံကို တိုက်လိုက်လျှင် ချက်ခြင်းပင် ကြီးမားသည့်ပေါက်ကွဲမှုကြီး ဖြစ်သွားတော့သည်။

***

All Chapters