မိုင်းတွင်းကို သိမ်းယူပြီး အနီရောင်တီကောင်အားသတ်ဖြတ်ခြင်း (၂)
Vol. 27 Ch. 521
ပတ်ဝန်းကျင်လေထုထဲတွင် စိုထိုင်းမှုတစ်ခုချက်ချင်း ဖြစ်ပေါ်လာသည်။
ဝှစ်!
လိမ့်တက်နေသောမြူခိုးများအလယ်တွင် ချွန်မြသောရွှေရောင်ဓားအလင်းတစ်ခုသည် ရုတ်တရက်ဆိုသလို မြွေနဂါး၏မျက်စိသူငယ်အိမ်များထဲတွင် ပေါ်ထွက်လာသည်။
“ဝေါင်း!”
မြွေနဂါးသည် ၎င်းအား အပ်နှင့်ထိုးဖောက်နေသကဲ့သို့ခံစားလိုက်ရပြီး ရန်သူ၏တိုက်ခိုက်မှုကို သူ၏ရုပ်ခန္ဓာတစ်ခုတည်းဖြင့် မဟန့်တားနိုင်ကြောင်း သဘောပေါက်သွားသည်။
ချက်ချင်းဆိုသလိုပင် ကြီးမားသောခေါင်းလောင်းတစ်ခု ၎င်း၏ရှေ့သို့ ရောက်ရှိလာသည်။
၎င်း၏မျက်နှာပြင်သည် ရှုပ်ထွေးသောပုံစံအကွက်များနှင့် နဂါးပုံရိပ်များဖြင့် လည်ပတ်နေသည်။
၎င်းမှာ သူ၏စစ်မှန်သောရတနာ လုံဖူထျန်းခေါင်းလောင်းဖြစ်ပြီး ခုခံမှုနှင့် တိုက်ခိုက်မှုနှစ်ခုလုံးကို ပေါင်းစပ်ထားသည့် ရတနာတစ်ခုဖြစ်သည်။
ဒေါင်-
ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားသည် အမှန်တကယ်ပင် မြွေနဂါး၏ ခေါင်းလောင်းကိုထုရိုက်လိုက်ချိန်တွင် ဒရမ်သံတစ်ခုကဲ့သို့ အသံမျိုးကို ထုတ်လွှတ်လိုက်သည်။
ကြီးမားသောခေါင်းလောင်း၏ခုခံမှုကို ချိုးဖျက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
“ဟီးဟီးဟီး.... ကောင်လေး ဒါကငါတို့နဂါးမျိုးနွယ်ရဲ့ မူလရတနာတွေထဲကတစ်ခုပဲ။ မင်းဒါကိုဖျက်စီးဖို့ မဖြစ်နိုင်ဘူး”
“အဲ့ဒီလိုလား?”
ကျန်းချန်ရွမ်၏ မျက်လုံးများ ကျုံ့သွားသည်။
ထို့နောက်တွင် ငါးရောင်စုံအလင်းတစ်ခု သူ၏နောက်တွင် ပေါ်ထွက်လာသည်။ သူသည် ၎င်းကို မြွေနဂါးနှင့် ၎င်း၏ခေါင်းလောင်းဆီသို့ ညင်သာစွာ ပို့လွှတ်လိုက်သည်။
ထိုအရာကိုမြင်ကာ မြွေနဂါး၏ စိတ်မှာတိမ်ဝင်သွားသည်။
၎င်းနှင့်အတူ နတ်ဆိုးဧကရာဇ်များ၊ လူသားစံသခင်များသည် ကျန်းချန်ရွှမ်၏ နတ်စွမ်းအားကို ကောင်းစွာသဘောပေါက်ပြီးကြပြီဖြစ်သည်။
သူတို့သည် ကျန်းချန်ရွှမ်၏ ငါးရောင်စုံအလင်းမှာ သူတို့၏တိုက်ခိုက်ရေးစွမ်းအားကို ကြီးမားစွာလျော့ကျစေနိုင်သောကြောင့် ၎င်းနှင့် ထိကပ်၍မရမှန်း သိကြသည်။
ထို့ကြောင့် မြွေနဂါးသည် သူ၏ခေါင်းလောင်းကို အသက်သွင်းရန် စွမ်းအားအားလုံးကိုအသုံးပြုလိုက်ပြီး ကျန်းချန်ရွှမ်၏ ငါးရောင်စုံနတ်အလင်းကို ခုခံရန် ကြိုးပမ်းခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်၏ နတ်အလင်းမှာ အလွယ်တကူခုခံ၍မရနိုင်ပေ။
ချက်ချင်းဆိုသလိုပင် ၎င်းသည်ခေါင်းလောင်းအပေါ်ကို ဖုံးအုပ်သွားပြီး မြွေနဂါးကိုယ်တိုင်ကိုလည်း လွှမ်းမိုးသွားသည်။
ချက်ချင်းဆိုသလိုပင် စွမ်းအားကြီးသော မြွေနဂါးသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အားအင်ကုန်ခမ်းခြင်းသွေးများ၏ အလွန်ကြီမားသောလှိုင်းတစ်ခု လိမ့်တက်လာသည်ကို ခံစားလိုက်ရပြီး ၎င်းသည် သူ၏နတ်ဆိုးစွမ်းအားနှင့် မူလဝိညာဉ်တို့နှစ်ခုလုံးကို သက်ရောက်မှုရှိနေသည်။
ခေါင်းလောင်း၏မျက်နှာပြင်ပင်လျှင် မှေးမှိန်သွားသည်။
သေစမ်း!
ဘာလို့လဲ?
ဒါကဘယ်လိုနတ်စွမ်းအားမျိုးလဲ?
ဘာလို့ဒါကိုတားဆီးလို့မရတာလဲ?
ဤအတွေးသည် မြွေနဂါး၏စိတ်ထဲတွင် ဖြတ်သွားစဉ် ၎င်းသည် ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည့် အလွန်အမင်းတောက်ပသောရွှေရောင်အလင်းတစ်ခုကို မြင်လိုက်ရသည်။
ရွှေရောင်အလင်းသည် အရာအားလုံးကို ထိုးဖောက်နေသည့်အတိုင်း အလွန်ချွန်မြထက်မြက်သောအော်ရာတစ်ခုကို သယ်ဆောင်နေသည်။
မြွေနဂါးသည် အံ့ဩမှုဖြင့် မျက်လုံးများ ပြူးသွားခဲ့သည်။
ဒါက...
ဘွန်း!
သူမတုံ့ပြန်နိုင်သေးခင်မှာပင် ရွှေရောင်အလင်းသည် ခေါင်းလောင်းပေါ်သို့ ဆင်းသက်နေပြီးဖြစ်သည်။
ဘွန်း! ဘွန်း! ဘွန်း!
ချက်ချင်းပင် ခေါင်းလောင်းဆီမှ ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာသည်။
ရစ်ပတ်နေသည့်ရွှေရောင်လှိုင်းနှစ်ခုကြေမွသွားကာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် မြေပြင်ကို ရိုက်ခတ်နေပြီး ကျိန်းတက်သွားစေသည့်အသံများကို ဖြစ်ပေါ်စေနေပေသည်။
၎င်းမှာ ကျန်းချန်ရွှမ်၏ နောက်ထပ်ပဉ္စမအဆင့်မန္တန်တစ်ခုဖြစ်သည့် ရွှေရောင်နတ်အလင်းဖြစ်သည်။
ဤမန္တန်၏စွမ်းအားများပပျောက်တော့မည်အပြုတွင် ကျန်းချန်ရွှမ်ဆီမှ နောက်ထပ်ရွှေရောင်အလင်းတစ်ခုသည် သုံးကြိမ်သုံးခါလင်းလက်ကာ တောက်ပလာသည်။
၎င်းမှာ ရွှေရောင်နတ်အလင်းသုံးခုဆက်တိုက်ဖြစ်ခြင်းဖြစ်သည်။
မန္တန်၏စွမ်းအားသည် နတ်စွမ်းအားလောက် အားမကောင်းသော်လည်း အဆက်မပြတ်တိုက်ခိုက်မှုသည် မြွေနဂါးဆီသို့သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ဖြစ်ပေါ်နေစေပေသည်။
အထူးသဖြင့် နဂါးမျိုးနွယ်၏အဖိုးတန်ပစ္စည်းများ မိုင်ရာချီအဝေးသို့ လွင့်ထွက်သွားပြီး ရွှေရောင်နတ်အလင်းသုံးခုသည် အစဉ်လိုက် ခေါင်းလောင်းကိုရိုက်ခတ်မိသောအခါတွင် ဖြစ်သည်။
ထို့နောက် ကျန်းချန်ရွှမ်သည် လက်များကိုဆန့်ထုတ်ကာ လေဟာနယ်ကို ဖမ်းယူလိုက်သည်။
ဂျိုင်းခနဲမြည်သံတစ်ခု ထွက်ပေါ်လာသည်။
ကျန်းချန်ရွှမ်သည် လေဟာနယ်မှ အစိမ်းရောင်ဓားရှည်တစ်ခုကို ဆွဲယူလိုက်ပြီး မြွေနဂါး၏ တိကျသောအားနည်းချက်နေရာကို ခုတ်ပိုင်းလိုက်သည်။
“သေစမ်း!”
မြွေနဂါး၏အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ၎င်းမှာ အမှုမဲ့အမှတ်မဲ့ဆက်မနေရဲတော့ပေ။
သူ၏ပတ်လည်တွင် ကြက်သွေးရောင်အလင်းတစ်ခု လိမ့်တက်လာသည်။
၎င်း၏ပတ်ပတ်လည်တွင် အနီရောင်၊ လိမ္မော်ရောင်နှင့် အနီရင့်ရင့် မီးတောက်များ ရုတ်တရက် မြင့်တက်လာပြီး ကျန်းချန်ရွှမ်၏အစိမ်းရောင်ဓားရှည်နှင့် တိုက်မိတော့မည့် ဥက္ကာခဲသဏ္ဍာန် မီးဘောလုံးများအဖြစ် ပြောင်းလဲသွားသည်။
ဘွန်း! ဘွန်း! ဘွန်း!
ချက်ချင်းဆိုသလိုပင် ပြင်းထန်သည့်ပေါက်ကွဲသံတစ်ခု ပေါက်ထွက်လာသည်။
လေထုထဲတွင် အစိမ်းရောင်နှင့် အနီရောင်များ ပြင်းပြင်းထန်ထန်ရစ်ပတ်ရောယှက်နေပြီး ဖျက်စီးရေးစွမ်းအားတစ်ခုကို သယ်ဆောင်ထားသည့် ကြောက်မက်ဖွယ် လှိုင်းစက်ကွင်းများ ပျံ့လွင့်နေသည်။
၎င်းသည် ပတ်ဝန်းကျင်နယ်မြေများအားလုံးကို ဖုန်မှုန့်အဖြစ် ပြောင်းလဲစေခဲ့သည်။
ဝီ!
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏လက်ကိုမြှောက်ကာ လက်တံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။
ထို့နောက်တွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများကြောင့် အလွန်အမင်းတောက်ပနေသည့် ကောင်းကင်သည် ရုတ်တရက် မဲမှောင်သွားသည်။
ကြီးမားသောဥက္ကာခဲကြီးများတစ်ခုပြီးတစ်ခု မိုးစက်များကဲ့သို့ ကျဆင်းလာပြီး မြွေနဂါးကို လျင်မြန်စွာ ထိုးနှက်လိုက်သည်။
အရေအတွက်များနှင့် ပမာဏများအရ ၎င်းတို့မှာ အမှန်တကယ်ပင် တစ်ထောင်ကျော်ပေမည်။
ဤမြင်ကွင်းမျိုးသည် စွမ်းအား သို့မဟုတ် အဟုန်တို့၏ ခေါင်းစဉ်အောက်တွင် နတ်စွမ်းအားအများစုကို ကျော်လွန်ပြီးဖြစ်သည်။
မြွေနဂါးသည် ဤကဲ့သို့စွမ်းအားကောင်းသော တိုက်ခိုက်မှုတစ်ခုသည် ပဉ္စမအဆင့်မန္တန်တစ်ခုကြောင့် ဖြစ်လာသည်ဆိုသည်ကို မယုံကြည်နိုင်ခဲ့ပေ။
ဒီမန္တန်ကဘယ်နှမျိုးတောင်ပြုလုပ်နေနိုင်တာလဲ?
ခုနစ်ကြိမ် ဒါမှမဟုတ် ရှစ်ကြိမ်လောက်လား?
သူသည် အစောပိုင်းဆင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။
သူက တစ်ကြိမ်တည်းမှာ ဒီလောက်များပြားလှတဲ့မန္တန်တွေပြုလုပ်ဖို့ ဓမ္မစွမ်းအားတွေကို ဘယ်ကရတာလဲ?
ပဉ္စမအဆင့်မန္တန်တိုင်းအတွက် ဓမ္မစွမ်းအားသုံးစွဲမှုမှာ မနည်းပါးမှန်းကိုတော့ သိထားရမည်။ သို့သော်လည်း အဆုံးတွင် ကျန်းချန်ရွှမ်က...
မြွေနဂါးဆက်လက်မတွေးတောနိုင်ခင်ပင် ဥက္ကာခဲများသည် သူ့ရှေ့သို့ ရောက်ရှိနေပြီးဖြစ်သည်။
“ဝေါင်း!”
မြွေနဂါးနီသည် ကောင်းကင်ကို တုန်ခါသွားစေမည့် ဟိန်းဟောက်သံတစ်ခုကို ချက်ချင်းထုတ်လွှတ်လိုက်သည်။
ထို့နောက် သူ၏ဧရာမကိုယ်ခန္ဓာမှာ စတင်ကြီးထွားလာတော့သည်...
***