← Chapters

မိုင်းတွင်းကို သိမ်းယူပြီး အနီရောင်တီကောင်အားသတ်ဖြတ်ခြင်း (၂)

Vol. 27 Ch. 522

မိုင်းတွင်းကို သိမ်းယူပြီး အနီရောင်တီကောင်အားသတ်ဖြတ်ခြင်း (၂)

Vol. 27 Ch. 522

မျက်စိတစ်မှိတ်အတွင်းပင် ၎င်းသည် ပေ၈၀၀သို့ ရောက်ရှိသွားသည်။

၎င်းမှာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စံအမှတ်အသားများအားလုံး ဝင်းလက်သည့်အလင်းများဖြင့် တောက်ပသွားချိန်တွင်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းပင် ပေ၂၀၀၀ ရှည်လျားသော ကြက်သွေးရောင်နဂါးပုံရိပ်ယောင်တစ်ခု ၎င်း၏အပေါ်တွင် ရောက်ရှိလာသည်။

၎င်းသည် သူ၏အစွယ်များကိုထုတ်ကာ လက်သည်းများကိုဝှေ့ယမ်းလျက် ခေါင်းကိုခါနေပြီး အမြီးနှံ့နေကာ ကြောက်မက်ဖွယ်နဂါးစွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။

၎င်းသည် ကောင်းကင်မှကျဆင်းလာသည့် များစွာ သောဥက္ကာခဲများကို ရင်ဆိုင်နေရသည်။

ဂျိန်း!

ယခင်ကထက်ပိုမိုကြမ်းတမ်းသည့် ပေါက်ကွဲမှုတစ်ခု ရုတ်တရက် ပေါက်ကွဲသွားသည်။

ခနတာမျှတောင့်ခံပြီးနောက် နဂါးပုံရိပ်ယောင်သည် ဥက္ကာခဲများကြောင့် ကြေမွပျက်စီးသွားသည်။

ကျန်ရှိနေသောဥက္ကာခဲများ ဆက်လက်ကျဆင်းနေသည်။

မြွေနဂါးနီသည် သူ၏ခန္ဓာကိုယ်မှာ ဥက္ကာခဲများကြောင့် မနစ်မြုပ်သွားခင် ခုခံရန် အချိန်မရလိုက်ပေ။

“အား!”

လေထဲတွင် မြွေနဂါးနီ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

အရာအားလုံးလွင့်စင်ပပျောက်သွားသောအခါ သူတို့သည် တစ်ကိုယ်လုံးတွင် မရေမတွက်နိုင်သောအပေါ်က်များဖြင့် နက်စောက်သောချိုင့်တစ်ခုထဲတွင် လဲလျောင်းနေသည့် မြွေနဂါးနီကို တွေ့လိုက်ကြသည်။

ကျန်းချန်ရွှမ်က နည်းနည်းမှ တုံ့ဆိုင်းမနေခဲ့ပေ။

သူ၏ရှေ့တွင် ရွှေရောင်ဓားအလင်းတစ်ခု လင်းလက်သွားသည်။

ရွှေဗလာနယ်ဓားသည် မြွေနဂါးနီ၏‌ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။

“ဝေါင်း!”

အလွန်နီရဲသောသွေးများသည် မြွေနဂါးနီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ထို့နောက်တွင် လူတစ်ယောက်အရွယ်အစားလောက်သာရှိသည့် မိစ္ဆာကလေးငယ်သည် မြွေနဂါးနီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အဝေးသို့လျင်မြန်စွာ ပျံထွက်သွားသည်။

ဟမ်? မင်းကထွက်ပြေးချင်တာလား?

ကျန်းချန်ရွှမ်၏မျက်လုံးများ ကျုံ့သွားလေသည်။

ထို့နောက်တွင် ကြီးမားသောဂဠုန်ပုံရိပ်တစ်ခုသည် သူ၏နောက်တွင် လင်းလက်သွားသည်။

တိုက်ခိုက်ရေးဂျက်လေယာဉ်တစ်ခု ဆင်းသက်နေသကဲ့သို့ ကြီးမားကျယ်လောင်သောအသံတစ်ခု ဖြတ်သန်းဖုံးလွှမ်းသွားသည်။

မြွေနဂါးသည် သူ၏နောက်ရှိအခြေအနေကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်စဉ် ကျန်းချန်ရွှမ်၏ အေးစက်သောမျက်လုံးများနှင့် ၎င်း၏ခန္ဓာကိုယ်ကို အားအင်ဆုတ်ယုတ်စေသည့် တောက်ပသောဓားအလင်းတစ်ခုကို မြင်လိုက်ရသည်။

“မင်း.....ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

ရွှစ်--

အေးသက်သောဓားအလင်းသည် မြွေနဂါးကိုဖြတ်သန်းခုတ်ပိုင်းလိုက်ပြီး ဤအပျက်အစီးနယ်မြေတွင် ၎င်းကိုဖျက်စီးပစ်လိုက်သည်။

ဝှစ်--

ချက်ချင်းဆိုသလိုပင် အလွန်များပြားသောဝိညာဉ်ချီများ ရွာသွန်းကျလာသည်။

ကျန်းချန်ရွှမ်သည် ဤနေရာတွင် ဆက်မနေရဲတော့ပေ။

သူသည် သူ၏လက်ကိုမြှောက်ကာ မြွေနဂါးအလောင်း‌ကို အဝေးတွင်ထားရှိပြီးနောက် ဦးတည်ချက်တစ်ခုကို ရှာတွေ့သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

သူထွက်သွားပြီး မကြာခင်ပင် ဤနေရာတွင် အလွန်အမင်း‌စွမ်းအားကောင်းသော အော်ရာများ ရောက်ရှိလာသည်။

ခေါင်းဆောင်တစ်ယောက်မှာ ဖီးနစ်နတ်ဆိုးဧကရာဇ်ဖြစ်သည်။

ထိုအချိတ်တွင် သူသည် သူ၏ရှေ့ရှိ ပျက်စီးယိုယွင်းနေသောမြင်ကွင်းကိုကြည့်လိုက်ပြီး လေထဲရှိ ရင်းနှီးနေသော မှိန်ပျပျအော်ရာတစ်ခုကို နှာရှုပ်လိုက်သည်။

“သေစမ်း! မြွေနဂါးနီကျသွားပြီ”

“ဘာရယ်? မြွေနဂါးနီကျသွားတာလား?”

သူ၏နောက်မှပါသည့် အခြားနတ်ဆိုးဧကရာဇ်များသည် အံ့အားသင့်သွားကြသည်။

သူတို့အားလုံးသည် မြွေနဂါးနတ်ဆိုးဧကရာဇ်မှာ သာမန်နတ်ဆိုးဧကရာဇ်တစ်ကောင်မဟုတ်မှန်းသိကြသည်။

သူ၏ခန္ဓာကိုယ်ထဲတွင် သန့်စင်သောနဂါးသွေးစီးဆင်းနေရုံတင်မကသေးဘဲ သူ၏ကျင့်စဉ်မှာလည်း ပဉ္စမအလယ်ဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

၎င်းသည် မည်သည့်အချိန်မဆို ပဉ္စမနောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ပေသည်။

သာမန်အလယ်ဆင့်အထွတ်ထိပ်ရှိအခြေတည်ဝိညာဉ်စံသခင်များပင်လျှင် ၎င်း၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ...

သူသည် ဤနေရာတွင် သေဆုံးသွားသည်။

နတ်ဆိုးဧကရာဇ်များသည် မတတ်သာဘဲ အချင်းချင်းကြည့်လိုက်ကြသည်။

ခနကြာပြီးနောက်….

ခရမ်းရောင်အမွှေးများနှင့် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးအကွေးများဖြင့် နတ်ဆိုးဧကရာဇ်ငါးယောက်ထဲမှ တစ်ယောက်က မေးလိုက်သည်။

“ဖီးနစ်၊ မင်းမြွေနဂါးနီကို ဘယ်သူသတ်သွားလဲဆိုတာသိလား?”

သူ၎င်းကိုပြောလိုက်သည်နှင့် အခြားနတ်ဆိုးဧကရာဇ်များလည်း ဖီးနစ်နတ်ဆိုးဧကရာဇ်ကို ကြည့်လိုက်ကြသည်...

***

All Chapters