နှင်းပန်းပွင့်စံသခင်အားတွေ့ဆုံခြင်း၊ ဝိညာဉ်အားဖြည့်စမ်းရေ
Vol. 27 Ch. 523
“ငါတစ်ချက်ကြည့်ဦးမယ်”
ဖီးနစ်နတ်ဆိုးဧကရာဇ်၏မျက်လုံးအိမ်များထဲတွင် ရုတ်တရက် အလင်းတဖျပေါ်လာကာ အချိန်တွေကို ပြန်နောက်ဆုတ်လိုက်သလိုပင်။
ထိုအလင်းရောင်များအတွင်းတွင် ဤနယ်မြေအတွင်း ယခင်အဖြစ်အပျက်များမှ အခင်းဖြစ်ပွားရာနေရာသည် စတင်ရုပ်လုံးပေါ်လာသည်။
မည်သို့ပင်ဖြစ်စေ ပုံရိပ်များက ကျန်းချန်ရွှမ်သို့ ဦးတည်တော့မည်အပြုတွင် သူတို့မှာ ပျက်စီးခြင်း၏လက္ခဏာတစ်ခုကဲ့သို့ စတင်ဝေဝါးလာပြီးဖီးနစ်နတ်ဆိုးဧကရာဇ်မှ သတိမူမိသွားသည့် အလွန့်အလွန်အန္တရာယ်ရှိသောအော်ရာတစ်ခုသည် ၎င်း၏စွမ်းအားအသုံးပြုမှုကို ချက်ချင်းရပ်စဲရန် ဖိအားပေးနေသည်။
ထို့သို့ဆိုလျှင်တောင် ၎င်း၏မျက်လုံးများမှာ သွေးများထွက်နေခဲ့ပြီး အနားမှ နတ်ဆိုးဧကရာဇ်များကို ထိတ်လန့်သွားစေသည်။
ခုနလေးတင်စကားပြောဆိုထားသည့် ခရမ်းရောင်လျှပ်စီးနတ်ဆိုးဧကရာဇ်က မတတ်သာဘဲမေးလိုက်သည်။
“ဖီးနစ် ဘာဖြစ်တာလဲ?”
ဖီးနစ်နတ်ဆိုးဧကရာဇ်၏မျက်လုံးများမှာ အနည်းငယ် မှောင်မိုက်သွားသည်။
၎င်းသည် သူ၏ခေါင်းကိုခါကာ ပြောလိုက်သည်။
“ငါဒါကိုဘယ်သူလုပ်တာလဲဆိုတာပြောလို့မရဘူး။ ဒီလူရဲ့အချက်အလက်တွေကို သူ့ဟာသူပဲထားလိုက်ရအောင်။ ဘာလို့လဲဆိုတော့ ဒီလူမှာ ဂမ္ဘီရဉာဏ်ကိုပိတ်ဆို့ထားနိုင်တဲ့ နည်းလမ်းရှိတယ်။ ငါအဲ့ဒီဘက်ရဲ့အချက်အလက်တွေကို အလောတကြီး နှုတ်ယူပစ်လိုက်မယ်ဆိုရင် တော်တော်အားကောင်းတဲ့တုံ့ပြန်မှုတစ်ခုကို သေချာပေါက်ကြုံရလိမ့်မယ်။ ဒါကအသက်အန္တရာယ်ခြိမ်းခြောက်မှုတောင်ဖြစ်နိုင်တယ်”
“ဒီလောက်တောင်လား?”
ဖီးနစ်နတ်ဆိုးဧကရာဇ်၏စကားလုံးများကိုကြားကာ အခြားနတ်ဆိုးဧကရာဇ်များ ထိတ်လန့်သွားခဲ့ကြသည်။
သူတို့သည် ထိုလူမှာ ဤကဲ့သို့ နည်းလမ်းမျိုးရှိမည်ဟု မမျှော်လင့်ခဲ့မိပေ။
သူသည် ဤနေရာတွင် မြွေနဂါးနီနတ်ဆိုးဧကရာဇ်ကို သတ်ပစ်ရဲသည်မှာ အံ့ဩစရာမရှိတော့ပေ။
“ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့ဒီနေရာမှာဘာလို့တိုက်ခိုက်ခဲ့လဲဆိုတာ ငါအကြမ်းဖျင်းသိသွားပြီ”
ထိုအချိန်တွင် ဖီးနစ်နတ်ဆိုးဧကရာဇ်က ဆက်၍ပြောလိုက်သည်။
“ငါမမှားဘူးဆိုရင် ဒီမှာမီးကျောက်မိုင်းတွင်းတစ်ခုရှိရမယ်”
“မီးကျောက်မိုင်းတွင်း?”
နတ်ဆိုးဧကရာဇ်များ၏မျက်လုံးထဲတွင် အံ့ဩထိတ်လန့်မှုတစ်ခု ထပ်မံပေါ်ပေါက်လာပေသည်။
“မဆိုးဘူးပေါ့။”
ဖီးနစ်နတ်ဆိုးဧကရာဇ်ကခေါင်းညိတ်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီတွင်းကမရှိတော့ဘူး၊ ငါမမှားဘူးဆိုရင် အဲ့ဒါကို မြွေနဂါးနီနတ်ဆိုးဧကရာဇ်ကို သတ်ခဲ့တဲ့လူက ယူသွားတာပဲဖြစ်ရမယ်”
ထိုအချိန်တွင် နတ်ဆိုးဧကရာဇ်များ မျက်လုံးကျုံ့သွားကြသည်။
သိသိသာသာပင် သူတို့သည် မီးကျောက်မိုင်းတွင်း မည်မျှတန်ဖိုးကြီးမှန်းသိကြသည်။
၎င်းဆီမှ သွေးဆောင်ဖြားယောင်းခြင်းမခံရဖို့မှာ သူတို့အတွက် အသေအချာပင်မဖြစ်နိုင်ချေ။(မီးကျောက်တုံးက သူတို့ကိုဆွဲဆောင်နေတယ်လို့ ပြောချင်တာပါ)
ဖီးနစ်နတ်ဆိုးဧကရာဇ်အတွက်လည်း အတူတူပင် ဖြစ်သည်။
သူသည် ကျန်နတ်ဆိုးဧကရာဇ်များကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
“သွားကြစို့။ အဲ့ဒီပုဂ္ဂိုလ်က ဒီသတ္ထုသွေးကြောကို ယူသွားရင်တောင် ဘာခြေရာမှမကျန်ဘဲ ဒါကိုဝှက်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူဒီလမ်းကြောင်းမှာ ခြေရာလက်ရာကျန်ခဲ့သရွေ့ ငါတိုအဲ့ဒီခြေရာကိုရှာပြီး သူ့ကိုခြေရာကောက်လို့ရတယ်”
ဖီးနစ်စကားပြော၍ပြီးသွားသည်နှင့် ဦးဆောင်ကာ ကောင်းကင်သို့ပျံဝဲတက်သွားပြီး အဝေးသို့ ပျံသန်းသွားသည်။
အခြားနတ်ဆိုးဧကရာဇ်များက ၎င်းကိုမြင်သောအခါသူတို့ ဖီးနစ်နတ်ဆိုးဧကရာဇ်နောက်သို့မလိုက်မီ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
…..
တစ်ချိန်တည်း၌ပင်
ကျန်းချန်ရွှမ်သည် နှလုံးသာပိတ်လှောင်ခြင်းပေးထားသည့် ဦးတည်ချက်အတိုင်းလိုက်သွားပြီး နှင်းပန်းပွင့်စံသခင်ဆီသို့ ချဉ်းကပ်လိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက် နှင်းပန်းပွင့်စံသခင်သည် ကျန်းချန်ရွှမ်၏ မြင်ကွင်းတွင် ရောက်ရှိလာသည်။
မည်သို့ပင်ဖြစ်စေ နှင်းပန်းပွင့်စံသခင်မှာ ဆိုးဆိုးရွားရွားဖြစ်နေပုံပေါ်သည်။
အထူးသဖြင့် သူမ၏ညာဘက်ပခုံးတွင် အရိုးများမြင်နေရသည့် ဒဏ်ရာတစ်ခုရှိနေသည်။
လတ်လတ်ဆတ်ဆတ်သွေးအနီရောင်များသည် ဒဏ်ရာမှ စီးကျနေသည်။
သူမ၏နောက်တွင် ပုံရိပ်နှစ်ခု အနီးကပ်လိုက်ပါလာသည်။
သူတို့၏ပုံစံများနှင့် အော်ရာများအရ သူတို့သည် လူသားစံသခင်များပင်ဖြစ်ရမည်။
ကျန်းချန်ရွှမ်က ချက်ချင်း မျက်မှောင်ကျုံ့သွားသည်။
အမှန်အတိုင်းပြောရလျှင် ဒီလိုနေရာမျိုးတွင် သူသည် လူသားစံသခင်များနှင့် ကတောက်ကဆမဖြစ်ချင်ပေ။
မည်သို့ပင်ဖြစ်စေ ဤလောကကြီးတွင် သူ့စိတ်တိုင်းကျ မဖြစ်နိုင်သည့် အရာများစွာရှိသည်။
“ချင်လုံ၊ ထျန်ကျန်း၊ ငါမင်းတို့ကို ဝိညာဉ်အားဖြည့်စမ်းရေကို ပေးပြီးပြီလေ။ မင်းတို့ဘာလို့ ငါ့ကိုထပ်ပြီး တွန်းအားပေးနေသေးတာလဲ?”
ထိုအချိန်တွင် နှင်းပန်းပွင့်စံသခင်၏ အေးစက်သောအသံတစ်ခု ထွက်လာခဲ့သည်။
သူမ၏နောက်ရှိ ပုံရိပ်နှစ်ခုက ထေ့ငေါ့လိုက်သည်။
ခဲရောင်ဝတ်ရုံနှင့် ချင်လုံဟုခေါ်သည့် သတ်လတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။
“တာအိုရောင်းရင်းဝိညာဉ်အားဖြည့်စမ်းရေ ဝိညာဉ်အားဖြည့်စမ်းရေက ထိပ်တန်းအဆင့် အခြေတည်ဝိညာဉ်အစီအရင်ရတနာသုံးခုထဲကတစ်ခုမှန်း ခင်ဗျားလည်းသိပါတယ်။ အဲ့ဒါက အခြေတည်ဝိညာဉ်သိပ်သည်းခြင်းဆေးလုံးနဲ့ အခြေတည်ဝိညာဉ်ကျင့်စဉ်ဆေးလုံးတွေထက်တောင် ပိုပြီးတန်ဖိုးရှိတယ်။ ကျုပ်တို့ကဒီလိုတန်ဖိုးရှိတဲ့ရတနာရဲ့ တည်ရှိမှုအကြောင်း အပျံ့ခံမယ်လို့ ခင်ဗျားထင်နေတာလား?”
“အဲ့ဒီတော့ဘာမှညှိနှိုင်းမနေတော့ဘူးလို့ဆိုလိုတာလား?”
နှင်းပန်းပွင့်စံသခင်၏စိတ်မှာ လေးလံလာခဲ့သည်။
သူမသည် အခြားတစ်ဖက်က ထိုသို့ပြောလိုက်သည့်အတွက် ဘာမှပြောစရာမကျန်တော့ကြောင်း သိလိုက်သည်။
ယနေ့တွင် သူတို့ထဲကတစ်ယောက်တော့သေဆုံးရမည်။
ထိုအကြောင်းကိုတွေးကာ နှင်းပန်းပွင့်စံသခင်မှာ အနည်းငယ်နာကျည်းသွားသည်။
သူမသည် မူလက အပျက်အစီးနယ်မြေသို့သွားမည့် ဤခရီးမှာ သူမအတွက် အခွင့်အရေးတစ်ခုဟု တွေးတောခဲ့သည်။
ကံမကောင်းစွာပင် သူမအပျက်အစီးနယ်မြေသို့ဝင်သွားပြီးမကြာခင်တွင် သေဆုံးခြင်းကံဆိုးမှုတစ်ခုကို ရင်ဆိုင်လိုက်ရသည်။
ဘဝမှာ အမှန်တကယ်ပင် ခန့်မှန်းလို့မရပေ။
သူမယခုအစိုးရိမ်ဆုံးမှာ သူမကိုယ်တိုင်အတွက်မဟုတ်ဘဲ သူမကိုပျိုးထောင်ပေးခဲ့သည့် ရွှယ်ဂိုဏ်းပင်ဖြစ်သည်။
သူမသည် ဂိုဏ်းထဲမှ တစ်ယောက်တည်းသောအခြေတည်ဝိညာဉ်ကျင့်ကြံသူဖြစ်သည်။
သူမဤနေရာတွင် သေသွားသည်နှင့် အနာဂတ်တွင် သူမ၏ဂိုဏ်း၌မည်သို့ဖြစ်လာနိုင်မှန်း မည်သူမျှမသိနိုင်ချေ။
အတိတ်မှ သူတို့၏ဆက်ဆံရေးကြောင့် ကျန်းစုံတွဲသည် သူမ၏ဂိုဏ်းကို စောင့်ရှောက်ပေးလိမ့်မည်ဟု သူမမျှော်လင့်မိသည်။
၎င်းမှာ သူတို့အပျက်အစီးနယ်မြေသို့ဝင်မလာမီ သဘောတူညီခဲ့သည့် အရာဖြစ်သည်။
အပျက်အစီးနယ်မြေတွင် တစ်စုံတစ်ယောက် အမှတ်မထင်သေဆုံးသွားသည်နှင့် သေဆုံးသွားသူ၏ ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုကို အခြားတစ်ဖက်က စောင့်ရှောက်ပေးရလိမ့်မည်...
***