← Chapters

နှင်းပန်းပွင့်စံသခင်အားတွေ့ဆုံခြင်း၊ ဝိညာဉ်အားဖြည့်စမ်းရေ(၂)

Vol. 27 Ch. 524

နှင်းပန်းပွင့်စံသခင်အားတွေ့ဆုံခြင်း၊ ဝိညာဉ်အားဖြည့်စမ်းရေ(၂)

Vol. 27 Ch. 524

နှင်းပန်းပွင့်စံသခင်သည် သူတို့နှစ်ယောက်နှင့် အသေအလဲတိုက်ခိုက်တော့မည်အပြုတွင် သူမရှေ့မြင်ကွင်းတွင် ရင်းနှီးနေသောပုံရိပ်တစ်ခု ရုတ်တရက် ရောက်ရှိလာသည်။

ဒါကျန်းချန်ရွှမ်များလား?

၎င်းသည် နှင်းပန်းပွင့်စံသခင်၏ မျှော်လင့်ချက်မဲ့နေသောစိတ်ကို အလင်းပေးလိုက်သည်။

“တာအိုရောင်းရင်းကျန်း...”

ကျန်းချန်ရွှမ်သည် ခေါင်းညိတ်ပြလိုက်ပြီး နှင်းပန်းပွင့်စံသခင်ဆီသို့ ပျံသန်းသွားလိုက်သည်။

နှင်းပန်းပွင့်စံသခင်က သူ့ကိုမြင်သည်နှင့် သူမဖြစ်ပျက်ခဲ့သည်တို့ကို ချက်ချင်းပြောပြလိုက်သည်။

ချင်လုံနှင့် ထျန်ကျန်းတို့နှစ်ယောက်စလုံးမှာ ထျန်းဖာဂိုဏ်းမှ ကျင့်ကြံသူများဖြစ်မှန်း သိလိုက်ရသည်။

ထျန်းဖာဂိုဏ်းအကြောင်းပြောရမည်ဆိုလျှင် ၎င်းသည် ရုပ်သေးနည်းပညာမှာ အထူးပြုလေ့ကျင့်သော မြောက်ဘက်နယ်စပ်၏ အခြေတည်ဝိညာဉ်ဂိုဏ်းကြီးတစ်ခုဟု ပြောရပေမည်။

၎င်းမှာ အလွန်စွမ်းအားကောင်းပြီး ဩဇာလွှမ်းမိုးနိုင်သည်။

ချင်လုံနှင့်ထျန်ကျန်းတို့သည် ဝိညာဉ်အားဖြည့်စမ်းရေ ကန်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

နှင်းပန်းပွင့်စံသခင်သည် သူမသည် ချင်လုံနှင့် ထျန်ကျန်းတို့၏ ပြိုင်ဘက်များမဟုတ်မှန်းသိလိုက်ပြီး သူတို့ကို ဝိညာဉ်အားဖြည့်စမ်းရေကိုပေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်မှာ ဝိညာဉ်အားဖြည့်စမ်းရေအကြောင်းမပျံ့သွားစေချင်ဘဲ နှင်းပန်းပွင့်စံသခင်အပေါ်တွင် ရှောင်တခင်တိုက်ခိုက်မှုတစ်ခုကို စတင်ဆောင်ရွက်လိုက်သည်။

နှင်းပန်းပွင့်စံသခင်သည် သူတို့နှစ်ယောက်ကို စိုးရိမ်ပြီး ထိပ်တိုက်ရင်ဆိုင်ရန်ပြင်ဆင်ထားသော်လည်း သူတို့၏ကျင့်စဉ်နှင့် စွမ်းအား နှစ်ခုစလုံးမှာ သူမထက်မြင့်မားနေပေသည်။

တစ်ချီတိုက်ခိုက်ပြီးနောက် နှင်းပန်းပွင့်စံသခင်သည် အခြေအနေမကောင်းတော့ဘဲ ဒဏ်ရာအတော်များများရရှိထားသည်။

နှင်းပန်းပွင့်စံသခင်၏ပြောပြချက်ကိုနားထောင်ပြီးသောအခါ ကျန်းချန်ရွှမ်၏မျက်လုံးများ အေးစက်သွားခဲ့သည်။

ထိုအချိန်တွင် ချင်လုံနှင့် ထျန်ကျန်းနှစ်ယောက်စလုံးသည် သူတို့အရင်ရောက်နေပြီဖြစ်သည်။

သူတို့သည် ကျန်းချမ်ရွှမ်ရောက်လာသည်ကိုမြင်သောအခါ ချက်ချင်း‌မျက်မှောင်ကျုံ့လိုက်ကြသည်။

သူတို့သည် အရင်တုန်းက ကျန်းချန်ရွှမ်အကြောင်း သိပ်မသိခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ ယခင်အပျက်အစီးနယ်မြေက သူ၏လုပ်ဆောင်ချက်အရ ဤပုဂ္ဂိုလ်၏စွမ်းအားကို လျော့တွက်လို့မရပေ။

အခြားအချိန်သာဆိုပါက သူတို့နှစ်ယောက် အခြားကိုရှောင်ပြေးသွားမိလောက်မည်။

မည်သို့ပင်ဖြစ်စေ ဝိညာဉ်အားဖြည့်စမ်းရေမှာလည်း အလွန်အရေးကြီးသည်။

သူတို့သည် ၎င်းအကြောင်း မည်သူ့ကိုမှ မသိစေချင်ပေ။

ထို့ကြောင့် သူတို့သည် ကျန်းချန်ရွှမ်ကိုလည်း သတ်ပစ်ရလိမ့်မည်။

ကျန်းချန်ရွှမ်သည် သူတို့၏တုံ့ပြန်မှုကို မျှော်လင့်ပြီးသားဖြစ်သည်။

ပုံမှန်အခြေအနေမျိုးတွင် စကြဝဌာဥပဒေဂိုဏ်းလိုဂိုဏ်းကြီးတစ်ခုမှ စံသခင်တစ်ယောက်သည် ဂို‌ဏ်းသေးတစ်ခုမှ အ‌ခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်လောက်ကို အသည်းအသန်ဖြစ်နေမည်မဟုတ်ပေ။

ထို့ကြောင့်…

ကျန်းချန်ရွှမ်သည် သူတို့၏မျက်လုံးထဲမှ ရက်စက်မှုတစ်ခုကို အာရုံခံမိလိုက်သောအခါ သူသည် အချိန်ဆွဲမနေတော့ဘဲ စတင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဘွန်း!

ချက်ချင်းဆိုသလိုပင် အဆုံးမရှိသောမီးတောက်များဖြင့် ဝန်းရံထားသည့် ထည်ဝါသောနဂါးသုံးကောင်သည် ချင်လုံနှင့် ထျန်ကျန်းတို့ကို ခုန်အုပ်လိုက်သည်။

“မင်းကသေမင်းကိုစိန်ခေါ်နေတာပဲ!”

သတ်ဖြတ်လိုသောရည်ရွယ်ချက်တစ်ခု ချင်လုံနှင့် ထျန်ကျန်းတို့၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

သူတို့သည် ယခုလေးတင်ရောက်ရှိလာသည့် ကျန်းချန်ရွှမ်က သူတို့ကို စတင်တိုက်ခိုက်လိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့မိပေ။

သူက အစောပိုင်းပဉ္စမအဆင့်အထွတ်ထိပ်က နတ်ဆိုးဧကရာဇ်တစ်ကောင်ကိုသတ်လိုက်နိုင်တာနဲ့ပဲ အခြေတည်ဝိညာဉ်ဂိုဏ်းကြီးကလာတဲ့ စံသခင်နှစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်နိုင်မယ်လို့ထင်နေတာလား?

ထိုအချိန်တွင် ပဉ္စမအဆင့်လူပုံစံရုပ်သေးရုပ်တစ်ခုက သူတို့၏ဘေးသို့ ရောက်ရှိလာသည်။

ရုပ်သေးရုပ်များသည် အထူးသတ္ထုတစ်ခုဖြင့် တစ်ထပ်ဖုံးလွှမ်းထားသည်။

၎င်းသည် သူတို့မှာ စစ်ပွဲစက်ရုပ်နှစ်ခုဖြစ်သည့်အတိုင်း လူများကို ခံစားရစေသည်။

ဝှစ်! ဝှစ်!

ချက်ချင်းဆိုသလိုပင် ရုပ်သေးရုပ်နှစ်ခုမှ မီးနဂါးသုံးကောင်ကို တိုက်ခိုက်ရန် ဓားအလင်းနှစ်ခု ပစ်လွှတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ချင်လုံနှင့် ထျန်ကျန်းတို့ကလည်း အခွင့်အရေးကို အလဟာသမဖြစ်စေပေ။

သူတို့သည် လက်တံဆိပ်များကို ပြုလုပ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းပင် တိုက်ပွဲပုဆိန်တစ်ခုနှင့် လှံတံတစ်ချောင်းသည် ကျန်းချန်ရွှမ်နှင့် နှင်းပန်းပွင့်စံသခင်ဆီသို့ တစ်ဟုန်ထိုးပြေးသွားနေသည်။

တိုက်ပွဲပုဆိန်နှင့် လှံမှ ထုတ်လွှတ်ထားသည့် အော်ရာအရ ဤရတနာနှစ်ခုသည် ရတနာစင်စစ်အဆင့်သို့ အသေအချာရောက်နေပြီဖြစ်သည်။

ထို့ပြင် ၎င်းမှာ သာမန်ရတနာစင်စစ်တစ်ခုမဟုတ်ပေ။

ဝီ!

နှင်းပန်းပွင့်စံသခင်၏ခေါင်းပေါ်တွင် နှင်းကြာပွင့်တစ်ခု ပေါ်ပေါက်လာသည်။

နှင်းကြာပွင့်သည် လျင်မြန်စွာ ဝေ့ပတ်လာပြီး နှင်းပန်းပွင့်များ ကြွေကျလာသည်။

ကျန်းချန်ရွှမ်သည် သူ၏လက်ကိုမြှောက်ကာ ၎င်းကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။

ရွှေဗလာနယ်ဓားသည် ပုဆိန်ကိုတိုက်ခိုက်လိုက်သော မမြင်နိုင်သည့် ဓားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဂျိန်း!

တိုက်ခိုက်မှုပေါင်းများစွာ တိုက်မိခဲ့သည်။

နဂိုကတည်ငြိမ်နေသောကောင်းကင်သည် ချက်ချင်းပင် ကျယ်လောင်သောအသံများဖြင့် တရစပ်ပေါက်ကွဲသွားသည်။

ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်ပေါ်တွင် အခြေတည်ဝိညာဉ်ဘဝဂ်မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်လာသည်။

ထို့နောက်တွင် ဆူနာမီကဲ့သို့ ဓမ္မစွမ်းအားတစ်ခုကို သူ၏ရွှေဗလာနယ်ဓားထဲသို့ ဖြည့်သွင်းလိုက်သည်။

ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။

ကျန်းချန်ရွှမ်နှင့် မတိုးသာမဆုတ်သာဖြစ်နေသော ပုဆိန်သည် ကျန်းချန်ရွမ်၏ ရွှေဗလာနယ်ဓားကြောင့် ချက်ချင်း ပျံသန်းပို့လွှတ်ခံလိုက်ရသည်။

“ဘာရယ်?”

၎င်းကိုမြင်ကာ ထျန်ကျန်းက အံ့အားသင့်သွားခဲ့သည်။

သူ၏ပုံရိပ်သည် လေထဲတွင် ကရိမ်းကယိုင်ဖြစ်လာသည်။

သူသည် တောင်တစ်လုံးကိုမတိုက်မိခင်အထိ လေထဲတွင် အဆက်မပြတ်နောက်သို့ဆုတ်သွားလိုက်ပြီး မရပ်တန့်ခင်အထိ ဖုန်မှုန့်တိမ်တိုက်လုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ လက်ထဲမှ မီးတောက်ဘောလုံးနှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

မီးတောက်ဘောလုံးနှစ်ခုမှာ ပေါင်းစပ်သွားသည်။

ဝီ ဝီ ဝီ!

အနီရောင်နှင့် အဖြူရောင်မီးတောက်တို့သည် လျင်မြန်စွာ ရစ်ပတ်ရှုပ်ထွေးသွားကာ အနီရောင်နှင့်အဖြူရောင်မီးဘောလုံးတစ်ခုကို ပြုလုပ်နေသည်။

၎င်းသည် ကောင်းကင်တွင် ရှည်လျားတူးခြစ်နေသော လမ်းကြောင်းတစ်ခုကို ချန်ရစ်ခဲ့ပြီး ထျန်ကျန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။

“အိုး မဟုတ်တော့ဘူး!”

မီးဘောလုံးမှထုတ်လွှတ်နေသည့် အန္တရာယ်ရှိသောအော်ရာကို အာရုံခံမိကာ ထျန်ကျန်း၏အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

စဉ်းစားနေရန်အချိန်မရှိတော့ပေ။

ရေပြာရောင်အကာအကွယ်တစ်ခုသည် သူ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။

ကြီးမားသော‌‌ဇောက်ထိုးခေါင်းလောင်းကြီးတစ်ခုအတိုင်း ၎င်းသည် ထျန်ကျန်းကို အနောက်တွင် ကာကွယ်ပေးထားသည်။

မည်သို့ပင်ဖြစ်စေ ဒါတင်မကသေးပေ။

ထျန်ကျန်းသည် နောက်ထပ်လက်တံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။

မီး‌နဂါးတစ်ကောင်ကိုသတ်ဖြတ်နေသည့် ရုပ်သေးရုပ်များထဲမှတစ်ခု၏ မျက်လုံးထဲမှ ရွှေရောင်အလင်းသည် ရုတ်တရက် ဝင်းလက်သွားသည်။

ထို့နောက်တွင် ၎င်း၏ပုံရိပ်မှာ စတင်ဝေဝါးလာသည်။

၎င်းပျောက်ကွယ်သွားပြီးသည့်အခါ ၎င်းသည် ထျန်ကျန်းရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

ပေ၁၀၀ရှည်လျားသည့်ကြီးမားသောဓားအလင်းတစ်ခုသည် ရုပ်သေးရုပ်များ၏ လက်ထဲတွင် ချက်ချင်းဖြစ်ပေါ်လာပြီး ဦးတည်ခုတ်ပိုင်းလိုက်သည်။

ရွှက်--

အဝတ်စတစ်ခု၏စုတ်ပြဲသံလိုမျိုး ထွက်ပေါ်သွားသည်။

ရွှက်ကနဲအသံမြည်သွားပြီးနောက် ဓားချီသည် အောက်ဘက်မြေပြင်တွင် ကြီးမားသောတွင်းတစ်ခု ဖြစ်ပေါ်စေလိုက်သည်။

မည်သို့ပင်ဖြစ်စေ အလွန်အမင်းရက်စက်သော ဓားအလင်းတစ်ခုသည် ကျန်းချန်ရွှမ်ပစ်လွှတ်လိုက်သည့် အနီရောင်နှင့်အဖြူရောင်မီးဘောလုံးဆီသို့လာရောက်ချိတ်မိလိုက်သောအခါ ၎င်းသည် ရေခဲနှင့်နှင်းတို့မှာ ဆီပူနှင့် တွေ့ဆုံမိသလို ဖြစ်သွားသည်။

ရိုက်နှက်မိသံတစ်ခုဖြင့် ၎င်းသည် လမ်းကြောင်းတစ်ခုအဖြစ် အငွေ့ပျံသွားသည်။

ထို့နောက် မီးဘောလုံးသည် ရှေ့သို့ ဆက်သွားနေသည်။

ရုပ်သေးရုပ်များ၏လက်များသည် မီးဘောလုံးကိုတားဆီးရန် ကြံစည်ကာ ဖွင့်ဟလိုက်သည်။

မည်သို့ပင်ဖြစ်စေ ၎င်းမှာ သိသိသာသာပင် အချည်းနှီးဖြစ်သွားသည်။

အမြင်အားဖြင့်သေးငယ်သောမီးဘောလုံးသည် ရုပ်သေးရုပ်များဖန်တီးထားသည့် အကာအကွယ်ကိုထိမိလိုက်သောအချိန်တွင် အကာအကွယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းစွာ စတင်လှုပ်ခါလာသည်။

ဆယ်စက္ကန့်တောင်မရှိလိုက်ခင်ပင် အကာအကွယ်သည် ကြေမွပျက်စီးသွားသည်။

ထို့နောက် မီးဘောလုံးသည် ရုပ်သေးရုပ်များ၏ ခန္ဓာကိုယ်သို့ ဖောက်ထွင်းဝင်ရောက်သွားသည်။ရုပ်သေးရုပ်များ၏မျက်လုံးထဲမှ အလင်းရောင်သည် ချက်ချင်းကွယ်ပျောက်သွားသည်။

ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

မီးဘောလုံးသည် ရေပြာရောင်အကာအကွယ်နှင့် တိုက်မိသွားသည်။

ချက်ချင်းဆိုသလိုပင် အပေါ်သို့တလိပ်လိပ်တက်နေသော နျူကလိယပေါက်ကွဲမှုတစ်ခုကဲ့သို့ မှိုတိမ်တိုက်ကြီးတစ်ခုသည် နယ်မြေကိုသိပ်သည်းသောမြူခိုးများဖြင့် ဖုံးလွှမ်းသွားသည်။

သူ၏ပတ်လည်တွင် များပြားလှသော မြူများ ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏လက်ကိုမြှောက်လိုက်ပြီး သူ၏ရှေ့ရှိ လေဟာနယ်ကို ရုတ်တရက် ဆွဲယူလိုက်သည်။

ဒေါင်ခနဲအသံတစ်ခု ထွက်ပေါ်လာသည်။

သူသည် အစိမ်းရောင်ဓားရှည်တစ်ခုကို ခုတ်ပိုင်းလိုက်သည်။

အစိမ်းရောင်ဓားခုတ်ပိုင်းလိုက်သည်နှင့် ဧကရာဇ်ပုံရိပ်ယောင်တစ်ုခ သူ၏နောက်တွင် ဝင်းလက်သွားသည်။

ဒါတင်မကသေးပေ။

ကျန်းချန်ရွှမ်သည် သူ၏လက်သီးများကို ကျစ်ကျစ်ဆုပ်လိုက်သည်။

ကြောက်မက်ဖွယ်စွမ်းအားတစ်ခုသည် ချက်ချင်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ဘွန်း! ဘွန်း!

တောင်တစ်လုံးကိုပင် ထိုးသွင်းဖျက်စီးနိုင်လောက်သည့် ကြောက်မက်ဖွယ်အရိပ်လက်သီးနှစ်ခုသည် အစိမ်းရောင်ဓားနောက်မှ ပါလာသည်။

ဂျိန်း!

တစ်ချိန်တည်း၌ပင်…

ဖြူနီဘောလုံးနှင့် ရေပြာရောင်အကာအကွယ်တို့သည် တစ်ချိန်တည်းတွင် ပေါက်ကွဲသွားကြသည်။

“အား!”

ထျန်ကျန်းသည် ချက်ချင်းပင် ပါးစပ်အပြည့်သွေးများ ထွက်ကျလာသည်။

သူသည် ကျန်းချန်ရွှမ်မှာ သူခန့်မှန်းထားသည်ထက် ပိုမိုစွမ်းအားကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

သူနှင့်ချင်လုံတို့အင်အားများစုပေါင်းရင်တောင် သူ့ကို မခုခံနိုင်လောက်ပေ။

၎င်းကိုတွေးတောကာ ထျန်ကျန်းသည် ချက်ချင်း ဆုတ်ခွာရန် ရည်ရွယ်လိုက်သည်။

ထိုအချိန်တွင် သူသည် သတင်းပျံ့ပျံ့မပျံ့ပျံ့ကို အသေအချာပင် ဂရုမစိုက်နိုင်တော့ပေ။

သူသည် ချက်ချင်း သူ၏လက်ကိုဝေ့ယမ်းလိုက်သည်။

ကျန်းချန်ရွှမ်ဆီမှ ပစ်လွှတ်ခံလိုက်ရသည့် ပုဆိန်သည် အလင်းတန်းတစ်ခုအဖြစ် ထပ်မံပြောင်းလဲသွားပြီး သူ့အားခုတ်ပိုင်းနေသည့် အစိမ်းရောင်ဓားကို ရင်ဆိုင်လိုက်သည်။

ထိုအချိန်အတောအတွင်း….

ထိုအချိန်တွင် သူသည် သူ၏သိမ်းဆည်းခြင်းလက်စွပ်ကို ထုတ်ယူကာ ပွတ်တိုက်လိုက်သည်နှင့် အဆင့်နိမ့်ပဉ္စမအဆင့်ခုခံရေးအဆောင်တစ်ခုသည် လုံးဝအသက်ဝင်လာသည်။

အဝါရောင်အလင်းတစ်ခု လင်းလက်သွားကာ ထျန်ကျန်း၏ခန္ဓာကိုယ်ပေါ်တွင် အဝါရောင်အလင်းဒိုင်းတစ်ခု ရောက်ရှိလာသည်။

ဘန်း!

ဂျိုင်း!

ထျန်ကျန်းသည် ၎င်းတို့အားလုံး ပြုလုပ်ခြင်းကို ပြီးဆုံးတော့မည်အပြုတွင် ကျန်းချန်ရွှမ်၏ အဇူရာဧကရာဇ်ကောင်းကင်ဘုံရန်နှိမ်ဓားသည် ပုဆိန်နှင့် တိုက်မိနေပြီးဖြစ်သည်။

ချက်ချင်းဆိုသလိုပင် နားကွဲစေလောက်မည့် သတ္ထုပွတ်တိုက်သံတစ်ခုသည် ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။

ထျန်ကျန်း၏ပုဆိန်မှာ ဆက်လက် တုန်ခါကာ ကွေးညွတ်နေသည်။

အဆုံးတွင် ဂျိုင်းခနဲမြည်သံတစ်ခုဖြင့် ပုဆိန်တစ်ခုလုံးသည် ထပ်မံပစ်လွှတ်ခံလိုက်ရပြီး မိုင်၅၀၀အဝေးမှ တောင်တစ်လုံးဆီသို့ ထိုးဖောက်သွားသည်။

ပုဆိန်၏အဆုံးဖက်သာ ဆက်လက်တုန်ရီနေတော့သည်...

***

All Chapters