သတ်ဖြတ်ခြင်း၊ ပြန်လည်စုရုံးခြင်း၊ ခမ်းနားထည်ဝါသောအလင်းရောင်
Vol. 27 Ch. 525
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
ထျန်ကျန်း၏ အမူအယာမှာ ထပ်မံပြောင်းလဲသွားသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် အလွန်ထည်ဝါသည့်အရိပ်လက်သီးနှစ်ခုသည် ထျန်ကျန်း၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
ဘွန်း! ဘွန်း!
ထျန်ကျန်း၏ခန္ဓာကိုယ်ပေါ်မှ အဝါရောင်အလင်းအကာအကွယ်မှာ ဆက်လက်တုန်ခါနေသည်။
မျက်စိတစ်မှိတ်အတွင်းတွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ၎င်း၏မျက်နှာပြင်ပေါ်တွင် ပေါ်ပေါက်လာသည်။
နောက်ဆုံးတွင် ထျန်ကျန်း၏မျက်လုံးထဲ၌ ကြောက်ရွံ့ခြင်းအရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။
သူသည် သူ့ဆီသို့အပြေးအလွှားလာနေသည့် ကျန်းချန်ရွှမ်ကိုကြည့်ကာ ကြောက်ရွံ့ထိတ်လန့်မှုဖြင့်ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ရပ် ရပ်လိုက်! ငါကထျန်းဖာဂိုဏ်းရဲ့ကျင့်ကြံသူပဲ။ မင်းငါ့ကိုသတ်လိုက်မယ်ဆိုရင် မင်းတို့ကျန်းမျိုးနွယ်စုနဲ့ ငါ့ရဲ့ဂိုဏ်းကြားမှာ သေချာပေါက် တိုက်ပွဲတစ်ခု ဖြစ်ပွားလိမ့်မယ်”
“အဲ့ဒီလိုလား?”
ကျန်းချန်ရွှမ်၏ အမူအယာက မပြောင်းလဲသွားပေ။
“ဒါဆိုငါမင်းကိုဒီမှာတင် လက်စဖျောက်ပစ်ရမှာပဲ။ မင်းကိုသတ်ခဲ့တာငါမှန်း ဘယ်သူကသိတော့မှာလဲ။ ဒီမှာ ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တွေအများကြီးရှိတဲ့ဥစ္စာ။ မင်းဒီနတ်ဆိုးဧကရာဇ်တွေရဲ့ လက်ထဲမှာ သေဆုံးနိုင်ချေလည်းများတာပဲ”
“မင်း...”
ထျန်ကျန်းသည် ထပ်မံပြောဆိုချင်သော်လည်း ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝါရောင်အလင်းအကာအကွယ်သည် ကျန်းချန်ရွှမ်၏ ထိုးချက်နှစ်ခုကြောင့် ရုတ်တရက် ကြေမွသွားသည်။
ကျန်ရှိနေသောအားသည် သူ၏ခန္ဓာကိုယ်တည့်တည့်ကို ထုရိုက်မိသွားပြီး အကုန်ကြေမွသွားစေခဲ့သည်။
“စီနီယာအစ်ကိုချင် ကျွန်တော့်ကိုကယ်ပါဦး!”
ထျန်ကျန်းကပြောဆိုလိုက်သည်နှင့် ကျန်းချန်ရွှမ်သည် သူ၏လက်ချောင်းများကို ဓားတစ်ချောင်းကဲ့သို့ ညွှန်ပြလိုက်ကာ ထျန်ကျန်း၏ခန္ဓာကိုယ်ကို ခုတ်ပိုင်းပစ်လိုက်သည်။
ရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာသည်။
ဓားချီသည် ထျန်ကျန်း၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
သူ၏အခြေတည်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်မှ ပျံထွက်သွားသည်နှင့် ပါးလွှာသောရွှေရောင်နတ်အလင်းတစ်ခုလည်း သူ၏ခန္ဓာကိုယ်မှ ပျံထွက်သွားသည်။
“အား!”
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော သိပ်သည်းသည့်အပေါက်များ ထျန်ကျန်း၏ အခြေတည်ဝိညာဉ်ပေါ်တွင် ပေါ်ပေါက်လာသည်။
ထို့နောက် ကျယ်လောင်သောအသံတစ်ခုဖြင့် ၎င်းသည် ကြေမွပျက်စီးပြီး လွင့်စင်ပပျောက်သွားသည့် ဝိညာဉ်ချီအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ချင်လုံက တုံ့ပြန်လိုက်သည်။
သူသည် ထျန်ကျန်းအသတ်ခံလိုက်ရသည်ကို မြင်သောအခါ မျက်မှောင်ကျုံ့သွားသည်။
သူအနည်းငယ် အံ့အားသင့်သွားခဲ့သည်။
တစ်ခုသိရမည်မှာ ထျန်ကျန်း၏ ကျင့်စဉ်နှင့် စွမ်းအားသည် သူနှင့်ဆင်တူပေသည်။
ထျန်ကျန်းက ကျန်းချန်ရွှမ်ဆီကနေအသတ်ခံလိုက်ရတော့ ဒါကသူလည်း အန္တရာယ်ရှိနေပြီလို့ ပြောတာ မဟုတ်ဘူးလား?
ထို့ပြင် သူသည် နှင်းပန်းပွင့်စံသခင်နှင့်လည်း ရင်ဆိုင်ရဦးမည်။
သူအရှုပ်အထွေးတွင် ပါဝင်လိုက်သည်နှင့် သူလွတ်မြောက်ချင်ရင်တောင် မလွတ်မြောက်နိုင်တော့ပေ။
၎င်းကိုတွေးတောကာ ချင်လုံသည် တိကျပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူသည် သူ၏ပုဆိန်ကိုမြှောက်ကာ နှင်းပန်းပွင့်စံသခင်ကို ယာယီဆုတ်ခွာရန် ဖိအားပေးလိုက်သည်။
ထို့နောက် တစ်ခွန်းတစ်ပါဒမှမပြောဘဲ သူ၏ပတ်လည်တွင် လည်ပတ်နေသော အလွန်ပေါက်ကွဲစေတတ်သည့် အားတစ်ခုနှင့် သူသည် တစ်ချက်လှည်မကြည့်ဘဲ အဝေးသို့ ပျံထွက်သွားသည်။
“ကျန်း၊ ထျန်းဖာဂိုဏ်းက ဒါကိုအမှတ်ရနေမယ်။ အနာဂတ်မှာ မင်းဒါအတွက်ပြန်ပေးဆပ်စေရမယ်”
သူစကားပြောနေစဉ်တွင် ချင်လုံသည် ကီလိုမီတာရာချီအဝေးသို့ ပျံသန်းနေပြီဖြစ်သည်။
စိုးရိမ်မှုအရိပ်အယောင်တစ်ခုသည် နှင်းပန်းပွင့်စံသခင်၏ လှပသောမျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
သူမသည် ဤတစ်ခေါက်တွင် ချင်လုံက်ို လွှတ်ပေးလိုက်လျှင် ဘယ်လောက်ထိအန္တရာယ်များနိုင်မှန်း ကောင်းကောင်းသိသည်။
ထို့ကြောင့် သူမခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို တောင့်ခံကာ သူ့နောက်သို့ ပြေးလိုက်သွားချင်သည်။
မမျှော်လင့်စွာပင် ထိုအချိန်၌ လျှပ်စီးကဲ့သို့ ပုံရိပ်တစ်ခုသည် သူမကို ကျော်ဖြတ်သွားသည်။
“တာအိုရောင်းရင်းနှင်းပန်းပွင့်၊ ဒီပုဂ္ဂိုလ်ကို ငါနဲ့လွှဲထားလိုက်။ ဒီမှာနေပြီး မင်းရဲ့ဒဏ်ရာတွေကို ကုသနေချေ”
စကားပြော၍ပြီးသွားသည်နှင့် ကျန်းချန်ရွှမ်သည် ချင်လုံနောက်သို့ လျင်မြန်စွာလိုက်သွားသည်။
၎င်းသည် သူ၏စွမ်းအားဖြင့် ထွက်ပြေးနေသည့် ချင်လုံကို အံ့အားသင့်စေခဲ့သည်။
အဲ့ဒီဘက်ကလူက ဘယ်လိုလုပ်ဒီလောက်မြန်နေရတာလဲ?
တစ်ခုသိရမည်မှာ သူ(ချင်လုံ)သည် သူ၏စွမ်းအားအကုန်လုံးကို အသုံးပြုထားခြင်းဖြစ်သည်။
အဆုံးတွင် သူသည်လည်း အရှိန်အရာတွင် ကျန်းချန်ရွှမ်၏ ပြိုင်ဘက် မဟုတ်နေပေ။
ဘွန်း!
ဤအတွေးများ သူ၏စိတ်ထဲသို့ ဖြတ်သန်းသွားစဉ် သူ၏နောက်သို့လိုက်လာသည့် ကျန်းချန်ရွှမ်သည် သူ့အားထိုးချက်များ ပစ်လွှတ်နေကြောင်း သိလိုက်ရသည်။
တစ်ချိန်တည်း၌ပင် သူသည် ယင်နှင့်ယန်နတ်မီးတောက်ကို ထပ်မံပစ်လွှတ်လိုက်သည်။
ဝှစ် ဝှစ်--
ရှည်လျားပြီးတူးခြစ်နေသေညအမှတ်တစ်ခု လေထဲကိုဖြတ်သွားပြီး ချင်လုံကို အံ့အားသင့်စေခဲ့သည်။
သူသည် ကျန်းချန်ရွှမ်၏ တိုက်ခိုက်မှုမှာ မည်မျှကြောက်ဖို့ကောင်းမှန်းသိသည်။
သူသည် ဤတိုက်ခိုက်မှုကိုရင်ဆိုင်ရန် သူ၏ရတနာစင်စစ်ကို ထုတ်ယူလိုက်သည်။
ဝီ!
မည်သို့ပင်ဖြစ်စေ သူတွေ့ကြုံလိုက်ရသည်မှာ အစိမ်း၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာရောင်တို့ကို သယ်ဆောင်ထားသည့် ငါးရောင်စုံအလင်းတစ်ခု ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ချင်လုံသည် အလွန်အားအင်ဆုတ်ယုတ်မှုတစ်ခု သူ့အားလွှမ်းမိုးသွားသည်ကိုခံစားမိလိုက်သည်။
ဘွန်း!
ထိုအချိန်တွင် လေထဲ၌ ကြီးမားသောမီးတောက်တစ်ခု မြင့်တက်လာပြီး အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။
ချင်လုံ၏ခန္ဓာကိုယ်ပေါ်မှ များစွာသောခုခံရေးရတနာများသည် တစ်ခုပြီးတစ်ခု ကြေမွပျက်စီးသွားသည်။
ချွမ်! ချွမ်!
တစ်ချိန်တည်း၌ပင်…
အစိမ်းရောင်ဓားအလင်းတန်းခုနစ်ခုသည် ရုတ်တရက် ရုတ်တရက်စုပေါင်းသွားကာ ချင်လုံကိုခုတ်ပိုင်းလိုက်သည်။
ပေါက်ကွဲမှုဗဟိုမှ ထွက်ခွာလာခဲ့သည့် ချင်လုံသည် ကောင်းကင်ကိုဖုံးလွှမ်းနေဟန်တူသည့် အစိမ်းရောင်ဓားအလင်းခုနစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။
သူသည် ချက်ချင်းပင် ရေခဲလိုဏ်ဂူတစ်ခုထဲသို့ ခေါင်းမှခြေအဆုံးပြုတ်ကျသွားသည့်အတိုင်း ခံစားလိုက်ရပြီး သူ၏အမူအယာမှာလည်း ပြင်းပြင်းထန်ထန်ပင် ပြောင်းလဲသွားတော့သည်။
“မဟုတ်ဘူး။ ညီအစ်ကိုကျန်း ရပ်လိုက်! ငါဒီအပျက်အစီးနယ်မြေရဲ့ အရမ်းအရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ထားတယ်။ ကျေးဇူးပြုပြီးတော့...”
ဟူး...
သူစကားပြော၍မပြီးသေးခင်တွင် ကောင်းကင်ကိုဖုံးလွှမ်းနေဟန်တူသည့် ကြီးမားသောအစိမ်းရောင်ဓားအလင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ချင်လုံ၏ခန္ဓာကိုယ်မှာ သွေးအခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။
သူ၏ခန္ဓာကိုယ်ထဲမှ အခြေတည်ဝိညာဉ်ပင်လျှင် ဓားအလင်း၏ခုတ်ထစ်ချက်မှ မလွတ်မြောက်နိုင်တော့ဘဲ ဗလာနတ္ထိအစက်အပြောက်များအဖြစ် ပြောင်းလဲသွားသည်။
ဝိညာဉ်ချီလှိုင်းလုံးကြီးတစ်ခုသာလျှင် ကီလိုမီတာများစွာပတ်လည်တွင် ကြေမွလျက် ကျန်ခဲ့သည်။
ခနကြာပြီးနောက်…
ကျန်းချန်ရွှမ်သည် သူတို့နှစ်ဦးအပေါ်မှ သိမ်းဆည်းခြင်းလက်စွပ်များကို ဖယ်ထားလိုက်ကာ လျင်မြန်စွာပင် နှင်းပန်းပွင့်စံသခင်နှင့် ထားရစ်ခဲ့သည်။
…
ခနကြာပြီးနောက်
သူတို့နှစ်ယောက်သည် တောင်အလွတ်တစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။
ကျန်းချန်ရွှမ်သည် သိမ်းဆည်းခြင်းလက်စွပ်နှစ်ခုပေါ်မှ အဟန့်အတားများကို ဖျက်စီးရန် ကြိုးစားနေစဉ် နှင်းပန်းပွင့်စံသခင်ကို အားပြန်ဖြည့်သွင်းခြင်းကိုဆက်လက်လုပ်ဆောင်ရန် အမူအယာပြလိုက်သည်။
သူသည် အဟန့်အတားများကို ဖျက်စီးပြီးနောက် ၎င်းတို့ကို သူ၏နတ်အာရုံဖြင့် ချက်ချင်းစစ်ဆေးလိုက်သည်...
***