← Chapters

ရှေးစစ်ပွဲ၊ အမှန်တကယ်စမ်းသပ်မှု၊ ခိုင်မာသောယုံကြည်မှု၊ ထာဝရမီးတောက်

Vol. 27 Ch. 527

ရှေးစစ်ပွဲ၊ အမှန်တကယ်စမ်းသပ်မှု၊ ခိုင်မာသောယုံကြည်မှု၊ ထာဝရမီးတောက်

Vol. 27 Ch. 527

ကျန်းချန်ရွှမ်ရှေ့ရှိ မြင်ကွင်းမှာ လျင်မြန်စွာပင် ပြောင်းလဲသွားသည်။

သူသည် သူ၏ဘေးတွင်ရှိနေကြသည့် ရှန်းရူရန်နှင့် အခြားသူများ ပျောက်ကွယ်သွားသောကြောင့် အံ့အားသင့်နေခဲ့သည်။

ထို့ပြင် သူသည် တိုက်ပွဲတစ်ခုထဲတွင် ရောက်နေပုံပေါ်သည်။

သူ၏ပတ်လည်ရှိအသံများမှာ အော်ဟစ်သံများနှင့် သတ်ဖြတ်သံများသာဖြစ်သည်။

ဓားအလင်းများ၊ ဓားသွားအရိပ်များ၊ ပြတ်တောက်နေသောခြေလက်အင်္ဂါများ၊ ကျိုးနေသောလက်များနှင့် သွေးများ။

နေရာတိုင်းတွင်ရှိနေသည်...

ကျန်းချန်ရွှမ်သည် ချက်ချင်း သူ့ကိုယ်သူစစ်ဆေးကြည့်လိုက်ပြီး သူ၏အဝတ်အစားများသည် ရှေးခေတ်ကထူးခြားသောအဝတ်အစားများအဖြစ် ပြောင်းလဲသွားသည်ကို သိရှိလိုက်သည်။

ဘုရားသခင်ကိုကျေးဇူးတင်ရပေမည်။

သူ၏ကျင့်စဉ်၊ ဓမ္မစွမ်းအားများနှင့် နတ်စွမ်းအားများက‌တော့ ဤအရာကြောင့် ပြောင်းလဲမသွားပေ။

၎င်းတို့မှာ ယခင်ကနှင့် အတူတူပင်ဖြစ်သည်။

ထို့နောက်သူ၏ရှေ့တွင် လူတစ်စုသည် ရေကြီးသုတ်ပျာရောက်ရှိလာသည်။

ကျန်းချန်ရွှမ်သည် တစ်ချက်ကြည့်လိုက်ပြီး ရောက်ရှိလာသည့်လူအးလုံးမှာ အခြေတည်ဝိညာဉ်အဆင့်ကိုရောက်ရှိထားသည့်အကြောင်း သိလိုက်ရသည့်အတွက် အံ့အားသင့်သွားသည်။

ထိုထဲမှနှစ်ယောက်တွင် သူ့အား ကြယ်တာရာကောင်းကင်ကဲ့သို့ ကျယ်ပြောမှုအာရုံတစ်ခုကိုပေးစွမ်းနေသည့် ကျင့်စဉ်ရှိပေသည်။

သူတို့နှစ်ယောက်၏ဝိညာဉ်မှာ သေချာပေါက် ကောင်းကင်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိနေကြောင်း ပြောစရာပင်မလိုတော့ပေ။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် သူတို့နှစ်ယောက်၌ သောကရောက်ဖွယ်အမူအယာများ ရှိနေသည်။

ကျန်းချန်ရွှမ်ထိုနေရာတွင်ရပ်နေသည်ကိုမြင်သောအခါ သူတို့၏မျက်လုံးများသည် ဒေါသအရိပ်အယောင်များကို ပြသလိုက်သည်။

အရောင်စုံအဝတ်အစားများနှင့်အမျိုးသမီးတစ်ယောက်ကပြောလိုက်သည်။

“ကုချန်း မင်းဘာလို့ဒီမှာရှိနေသေးတာလဲ? မင်းဘာလို့ထွက်မသွားသေးတာလဲ?”

အမ်? ကုချန်း?

ဒါကငါ့ခန္ဓာကိုယ်ရဲ့နာမည်လား?

ကျန်းချန်ရွှမ်သည် နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားသည်။

ထို့နောက် သူမတုံ့ပြန်သေးမီ အဆမတန်တောက်ပနေသောအလင်းများသည် ‌အဝေးကောင်းကင်မှ ထွက်ပေါ်လာသည်။

ကြယ်များကဲ့သို့ပင်…

ပေရာချီမြင့်မားသည့်ပုံရိပ်သုံးခုသည် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။

ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း နောက်ထပ် ပေရာချီမြင့်မားသော ပုံရိပ်သည် ရုတ်တရက် ပေါ်လာလေသည်။

ချက်ချင်းဆိုသလိုပင် ပုံရိပ်လေးခုတိုက်မိသွားသည်။

ကမ္ဘာမြေပြင်ကိုတုန်လှုပ်သွားစေသည့်မြင်ကွင်းတစ်ခု ကျန်းချန်ရွှမ်နှင့် အခြားသူများ၏ရှေ့တွင် ပေါ်ပေါက်လာသည်။

သူတို့သည် ကောင်းကင်တွင်အဆက်မပြတ်အသံများ ထွက်ပေါ်နေပြီး ကမ္ဘာမြေတွင် အက်ကွဲကြောင်းများဖြစ်ပေါ်နေသည်ကို အသေအချာမြင်လိုက်ကြရသည်။

မိုင်များစွာအဝေးမှ ပင်လယ်များသည် ကောင်းကင်ဆီသို့ ရုတ်တရက် လိမ့်တက်လာကြသည်။

ပေရာချီအဝေးတွင် ကမ္ဘာမြေသည် မြေအောက်မှ ကျောက်ရည်ပူများကို ဆူနာမီလှိုင်းတစ်ခုကဲ့သို့ ပန်းထုတ်နေသည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်သည် အနီရင့်ရင့်အရောင်သို့ ပြောင်းသွားသည်။

“မျိုးနွယ်စုခေါင်းဆောင်!”

အရောင်စုံဝတ်ရုံအမျိုးသမီးနှင့် အခြားထွားကျိုင်းသန်မာသောအမျိုးသားများက စိတ်သောကရောက်စွာအော်ငိုလိုက်သည်။

သူတို့၏ပါးပြင်ပေါ်တွင် မျက်ရည်များချက်ချင်း စီးကျလာသည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် လျင်မြန်စွာပင် အသိပြန်ဝင်သွားသည်။

သူတို့သည် သွားများကြိတ်ကာ ကျန်းချန်ရွှမ်နှင့် အခြားသူများဆီသို့ လှည့်လာသည်။

“ပြေး!”

သို့နှင့် ကျန်းချန်ရွှမ်နှင့်အခြားသူများ၏ တုံ့ပြန်မှုကိုမစောင့်ဘဲ သူတို့သည် လွန်းပျံယာဉ်များကို ထုတ်ယူလိုက်သည်။

ကျန်းချန်ရွှမ်နှင့် အခြားအခြေတည်ဝိညာဉ်ကျင့်ကြံသူများသည် မတုံ့ပြန်လိုက်နိုင်ဘဲ ထိုလွန်းပျံယာဉ်များထံမှ လွှမ်းမိုးခံလိုက်ရသည်။

ထို့နောက် လွန်းပျံယာဉ်သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် ကီလိုမီတာထောင်ချီအဝေးသို့ ပျံသန်းသွားသည်။

ထိုအချိန်တွင်

အဝေးကောင်ကင်ရှိ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသည်။

အခြားကြီးမားသောပုံရိပ်သုံးခု၏ ဝန်းရံထားမှုအောက်တွင် ဘီလူး၏ပတ်လည်ရှိအလင်းမှာ စတင်ပြီးတစ်စတစ်စအားနည်းလာသည်။

အရောင်စုံဝတ်ရုံအမျိုးသမီးနှင့် အခြားသူများ၏ မျက်နှာများမှာ တဖြည်းဖြည်း ဖြူဆုပ်လာ‌သည်။

ဤမြင်ကွင်းကဘာကိုဆိုလိုမှန်း သူတို့ထက်မည်သူမှပိုမသိချေ။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ဆယ်ခုမကသောအလင်းရောင်များသည် သူတို့၏လွန်းပျံယာဉ်များပတ်လည်သို့ ရောက်ရှိလာသည်။

အလင်းတန်းတစ်ခုစီ၏အော်ရာသည် လက်ရှိကျန်းချန်ရွှမ်ထက် မနိမ့်ကျပေ။

အော်ရာငါးခုသည် အရောင်စုံဝတ်ရုံအမျိုးသမီးနှင့် အတူတူတစ်ထပ်တည်းပင်ဖြစ်သည်။

ကျန်းချန်ရွှမ် ဘေးပတ်လည်ကို ကြည့်လိုက်သည်။

သူသည် အနားပတ်လည်သို့ရောက်ရှိလာသည့်လူများမှာ ရှေးဟောင်းမျိုးနွယ်စုများဖြစ်ကြောင်း သိရှိသွားသည်။

ဦးချိုတစ်ခုနှင့် မျက်လုံးသုံးလုံးပါရှိသောသတ္တဝါများ ဖြစ်ကြသည်။

မီးဝိညာဉ်မျိုးနွယ်များ၏ ခန္ဓာကိုယ်များမှာ မီးဒြပ်စင်၉၉%ဖြင့် ပြုလုပ်ထားသည်။

ထို့ပြင် တိကျသောဥပဒေများနှင့် ယဉ်ပါးနေသော ကျွမ်းကျင်သူများဖြစ်ကြသည်။

ထိုအချိန်တွင် သူတို့ရောက်ရှိလာသည်နှင့် မတူညီသောအရပ်မျက်နှာများသို့ ခွဲထွက်သွားကာ သူတို့ကို ဝိုင်းအုံ့ထားချင်နေသည်။

အရောင်စုံဝတ်ရုံအမျိုးသမီးနှင့် သန်မာထွားကျိုင်းသောလူ၏ အမူအယာများမှာ သိသိသာသာပြောင်းလဲသွားသည်။

တူညီစွာပင် သူတို့ဆက်လက်အချိန်မဖြုန်းလိုကြပေ။

သူတို့၏ သွေးအဆီအနှစ်များနှင့် မူလဝိညာဉ်များသည် ဆိုးဆိုးရွားရွားလောင်ကျွမ်းနေပြီဖြစ်သည်။

တစ်ချိန်တည်း၌ပင်…

အရောင်စုံဝတ်ရုံနှင့်အမျိုးသမီးက ကျန်းချန်ရွှမ်ကိုတံဆိပ်တစ်ခုပစ်ပေးကာ အော်ပြောလိုက်သည်။

“ကုချန်း၊ ငါတို့သူတို့ကိုပြန်ထိန်းထားလိုက်မယ်။ မင်းအကုန်လုံးကို ခေါ်ထုတ်သွားလိုက်!”

သို့နှင့် ကျန်းချန်ရွှမ်မတုံ့ပြန်နိုင်သေးခင်တွင် အမျိုးသမီးသည် လွန်းပျံယာဉ်ကို ရိုက်ထုတ်လိုက်သည်။

ဝှစ်!

ချက်ချင်းပင် လွန်းပျံယာဉ်တစ်ခုလုံးသည် မီးတောက်များဖြင့် တောက်လောင်သွားကာ ဝီကနဲမြည်သံတစ်ခုဖြင့် ၎င်းသည်ချက်ချင်း အတားအဆီးများကြားရှိ နေရာလွတ်များကို ဖြတ်ပြေးသွားသည်။

ကောင်းကင်ဝိညာဉ်ဖွဲ့စည်းခြင်းအရှင်နှစ်‌ယောက်သည် သူတို့အားကာကွယ်ရန် ကိုယ်ကိုယ်ကိုယ် အနစ်နာခံကြလိမ့်မည်ဟု မည်သူမျှမမျှော်လင့်ခဲ့မိပေ။

ဘွန်း! ဘွန်း! ဘွန်း!

အဝေးကောင်းကင်တွင် ကြမ်းတမ်းသောပေါက်ကွဲမှုများ ပေါက်ကွဲထွက်သွားသည်။

မိုင်ရာထောင်ချီအတွင်း ထိုနယ်မြေသည် ပျက်စီးယိုယွင်းသွားသည်။

သူတို့...သူတို့က ကိုယ့်ကိုယ်ကိုယ် ဖျက်စီးပစ်လိုက်ကြတာလား?

ဤအတွေးသည် ကျန်းချန်ရွှမ်နှင့် အခြားသူများ၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။

ဘာလို့လဲ?

ကျန်းချန်ရွှမ်နားမလည်နိုင်ပေ။

သူတို့အတွက် ဝိညာဉ်ဖွဲ့စည်းခြင်းကိုကျင့်ကြံရန် မလွယ်ကူလှပေ။

သူတို့သည် နှစ်ငါး‌ထောင် သို့မဟုတ် နှစ်တစ်သောင်း သက်တမ်းရှိကြသည်။

အသက်ရှင်သန်ရတာမကောင်းဘူးလား?

ကျန်းချန်ရွှမ်စိတ်ထဲတွင်တော့ အဖြေကို သေချာသိနေခဲ့သည်။

အရောင်စုံဝတ်ရုံအမျိုးသမီးနှင့် သန်မာထွားကျိုင်းသောလူတို့သာ ထွက်ပြေးရန်ဆုံးဖြတ်ထားပါက လွတ်မြောက်နိုင်ချေ ၄၀%ကျော်ကျော်ရှိသည်။

မည်သို့ပင်ဖြစ်စေ အဆုံးတွင် သူတို့တစ်ယောက်မှ ရှင်သန်ရန်မရွေးချယ်ခဲ့ပေ။

ထိုအစား အသက်ရှင်နိုင်မည့်အခွင့်အရေးအားလုံးကို သူတို့အား ပေးခဲ့သည်..

***

All Chapters