ရှေးစစ်ပွဲ၊ အမှန်တကယ်စမ်းသပ်မှု၊ ခိုင်မာသောယုံကြည်မှု၊ ထာဝရမီးတောက်(၂)
Vol. 27 Ch. 528
အခုကိစ္စသာ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင်သာဖြစ်ပျက်ခဲ့ပါက ကျန်းချန်ရွှမ်၏အတွေးတွင်ပင် ထိုကဲ့သို့အရာမျိုးသည် စိတ်ကူးယဉ်ကြည့်စရာမရှိနိုင်ပေ။
ဖြစ်နိုင်သည်မှာ သူ၏လက်ရှိအဆင့်သည် အခြားတစ်ဖက်၏ ခံစားချက်များ သို့မဟုတ် အတွေးအမြင်များကို နားလည်နိုင်သည်အထိ မမြင့်မားသေးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဘာကိစ္စပဲဖြစ်နေပါစေ အခြားတစ်ဖက်က သူတို့ကို ရှင်သန်ရန်အခွင့်အရေးပေးခဲ့သဖြင့် ကျန်းချန်ရွှမ်သည် ၎င်းကိုအလွဲချော်မခံနိုင်ပေ။
ထိုအချိန်တွင် သူနှင့်ထိုနေရာရှိလူများသည် သူတို့၏ခွန်အားကုန်သုံးကာ လွန်းပျံယာဉ်များကို မောင်းနှင်သွားသည်။
……..
ခန့်မှန်း၍မရသောအချိန်တစ်ခု ကုန်လွန်သွားပြီးနောက် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ရပ်တန့်လိုက်ကာ သူတို့မှာ တေးငှက်သံများနှင့် ပန်းရနံ့များဖြင့် ပြည့်နှက်နေသည့် ကျေးလက်သုခဘုံတစ်ခုကို ရောက်ရှိနေကြောင်း သိရှိသွားသည်။
ဤနေရာသည် အကာအကွယ်များရှိကာ အပြင်ဘက်ကမ္ဘာမှ သိသိသာသာကွဲပြားနေပေသည်။
ကျန်းချန်ရွှမ်၏လက်ထဲတွင် သင့်တော်သော နည်းလမ်းတစ်ခု သို့မဟုတ် လက်တံဆိပ်တစ်ခုမရှိဘဲ သူတို့ဝင်ခွင့်မရနိုင်ပေ။
“အစ်ကိုကုချန်း...”
ထိုအချိန်တွင် ကလေးတစ်စု သူ၏ရှေ့သို့ ရောက်ရှိလာသည်။
ကျန်းချန်ရွှမ်သည် ထိုကလေးတစ်ယောက်ချင်းစီတိုင်းမှာ တာအိုခန္ဓာကိုယ်နှင့် မွေးဖွားလာမှန်းသိလိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့သည်။
တစ်နည်းအားဖြင့် သူတို့သည် သဘာဝကျင့်စဉ်မျိုးစေ့များဖြစ်ကြသည်။
ထို့ပြင် သူတို့အားလုံးမှာ ကျင့်ကြံခြင်းကို စတင်ပြီးဖြစ်သည်။
အမြင့်ဆုံးတစ်ယောက်မှာ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဒါကရှေးခေတ်လူတွေရဲ့ ကျင့်စဉ်ပါရမီများလား?
ကျန်းချန်ရွှမ်သည် ထိုကလေးများနှင့် စကားပြောဆိုခဲ့သည်။
မကြာမီပင် သူသည် ဤနေရာမှာ ဤကမ္ဘာရှိလူသားမျိုးနွယ်၏ နောက်ဆုံးခိုလှုံရာဖြစ်ကြောင်း သိရှိသွားသည်။
သူတို့၏တာဝန်မှာ လူသားမျိုးနွယ် ဆက်လက်တည်တံ့စေရန်ဖြစ်သည်။
အရေးအကြီးဆုံးသောစည်းကမ်းများထဲမှ တစ်ခုမှာ အားကြီးသူက အားနည်းသူကို ကာကွယ်ရန်ဖြစ်သည်။
အထူးသဖြင့် သူတို့ဒုက္ခရောက်နေချိန်တွင် ဖြစ်သည်။
စွမ်းအားကြီးသူသည် တာဝန်ကိုဆောင်ရွက်ရန် လက်ဦးမှုယူရမည်။
မရေမတွက်နိုင်သောအဆုံးသတ်ကပ်ဆိုက်ကာလများကို ကြုံတွေ့ပြီးသည့်နောက်တွင် လူသားမျိုးနွယ်ဆက်လက်ရှင်သန်နိုင်ခဲ့သည်မှာလည်း ဤနိယာမကြောင့်ဖြစ်သည်။
သူတို့သည် ဘယ်သောအခါမှ မျှော်လင့်ချက်ကို အပျောက်ဆုံးမခံခဲ့ပေ။
[ဒင်]
ထိုအချိန်တွင် ရှည်လျားသောစနစ်အချက်ပေးသံတစ်ခုသည် သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
[အောင်မြစ်မှုစနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါပြီ။ ဟိုစ့် သင်ကြားပြသမှုအကြိမ်တစ်ရာ ပြီးမြောက်အောင်ပြုလုပ်ပါ]
ဟမ်?
စနစ်အချက်ပေးသံကိုကြားကာ ကျန်းချန်ရွှမ် နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားခဲ့သည်။
ဒီတစ်ကြိမ်မှာ စနစ်က ဒီတာဝန်ကို ထုတ်ပြန်တာက တစ်စုံတစ်ခုကို နိမိတ်ပြနေတာလား?
များစွာတွေးတောပြီးနောက် ကျန်းချန်ရွှမ်သည် အဓိကဆိုလိုရင်းနှင့် ဤတာဝန်၏ အမှန်တကယ်ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။
လမ်းတစ်လျှောက်လုံးတွင် သူသည် ကြီးမားသောစစ်ပွဲတစ်ခုနှင့် အတိတ်မှလူသားမျိုးနွယ်နှင့်ဆုံတွေ့ခဲ့ရမှုများကို မျက်မြင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။
သူ့အား ပဟေဠိအဖြစ်စေဆုံးနောက်ထပ်ကိစ္စတစ်ခုမှာ ဤကဲ့သို့မယုံနိုင်ဖွယ်စွမ်းအားမျိုးကို ဝိညာဉ်ဖွဲ့စည်းခြင်းအပျက်အစီးနယ်မြေတစ်ခုလောက်က တကယ်ပဲ ဖန်တီးနိုင်တာလားဟူ၍ဖြစ်သည်။
ဤနားမလည်နိုင်သောကိစ္စများဖြင့် ကျန်းချန်ရွှမ်သည် ဤသုခဘုံတွင် စတင်နေထိုင်ခဲ့သည်။
…..
အချိန်များကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းပင် နှစ်တစ်ရာကုန်လွန်သွားသည်။
နှစ်တစ်ရာအတွင်းတွင် ကျန်းချန်ရွှမ်သည် ဤလောကနှင့် လုံးဝတစ်သားတည်းကျနေပြီဖြစ်သည်။
သူသည် စနစ်၏ညွှန်ကြားချက်များကိုလည်း လိုက်နာကာ သူ၏နောက်ကို လိုက်လိုသောသူများကိုလည်း သင်ကြားပြသပေးခဲ့သည်။
ဤနေရာရှိလူများ၏ ကျင့်စဉ်စွမ်းရည်မှာ အမှန်တကယ်ပင်ထူးခြားသည်ဟု ပြောရပေမည်။
အဆိုးဆုံးအလားအလာများနှင့်ပင်လျှင် ကျီဖုအဆင့်၏နောက်ဆုံးအဆင့်သို့ နှစ်တစ်ရာအတွင်း ရောက်ရှိသွားကြသေးသည်။
ထိုထူးခြားသောပါရမီများနှင့် သူတို့ကတော့ ချွင်းချက်မရှိဘဲ အားလုံးရွှေအမြုတေအဆင့်သို့ရောက်ကုန်ကြ၏။
သူတို့ထဲကအချို့မှာ မကြာခင်ကပင် အခြေတည်ဝိညာဉ်ကို ကျော်ဖြတ်သွားကြသေးသည်။
ကျန်းချန်ရွှမ်အတွက်မူ သူ၏ကျင့်စဉ်သည် ဤကဲ့သို့ကောင်းမွန်သောပတ်ဝန်းကျင်တွင် သိသိသာသာမြင့်မားလာသည်။
မူလ အခြေတည်ဝိညာဉ်တတိယအဆင့်မှ အခြေတည်ဝိညာဉ်စတုတ္ထအဆင့်နှင့် နောက်ဆုံးတွင် ပဉ္စမအဆင့်သို့ ရောက်ရှိသွားသည်။
ထို့ပြင် သူသည် သူ၏ဓမ္မရတနာ ဒွိအစွန်းနတ်ဘုရားတောင်ကို စစ်မှန်သောရတနာအဆင့်သို့ရောက်အောင် အားလပ်ချိန်အချို့ကို အသုံးပြုလိုက်သည်။
အမှန်ပင် အကြီးမားဆုံးရရှိမှုမှာ စနစ်မှပေးသည့် ဆုလာဘ်ဖြစ်သည်။
သင်ကြားမှုတစ်ရာပြီးသည့်နောက်တွင် သူသည် စစ်မှန်သောရတနာ ဆဌမအဆင့်သန့်စင်ယန်ဖြစ်သည့် သင်ကြားမှုပေတံနှင့် ကောင်းမြတ်ခြင်းခရမ်းရောင်ချီဘောလုံးတို့ကို ရရှိခဲ့သည်။
ပထမပစ္စည်းတွင် အုပ်ချုပ်မှုတစ်စိတ်တစ်ပိုင်း ပါဝင်သည်။
ပြိုင်ဘက်သည် တာအိုသင်ကြားမှုကိုမလေးစားပါက ဤရတနာသည် ရန်သူကို ၃၀% ထိန်းချုပ်နိုင်သည်။
၎င်းတွင် အရေးကြီးသော အလင်းပေးခြင်းစွမ်းရည်တစ်ခုလည်း ရှိသည်။
ဤရတနာကိုသင်ကြားရန်အသုံးပြုခြင်းသည် တပည့်များ၏နားလည်နိုင်မှုကို ၃၀% မြင့်တက်စေနိုင်သည်။
နောက်တစ်ခုအတွက်မူ စနစ်သည် ၎င်း၏အသုံးပြုပုံအတွက် တိကျသောရှင်းပြချက်မပေးလိုက်ပေ။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်သည် ဤပစ္စည်း၏တန်ဖိုးမှာ သူရရှိခဲ့သမျှပစ္စည်းများထဲတွင် တန်ဖိုးအကြီးဆုံးဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။
“ဆရာကျန်း ဆရာကျန်း!”
ထိုအချိန်တွင် သူ၏လက်အောက်ရှိတပည့်တော်တော်များများသည် သူ့ဆီသို့ တစ်ဟုန်ထိုးပြေးလာကြသည်။
ထိုလူများသည် လွန်ခဲ့သည့်နှစ်တစ်ရာအတွင်း သူကိုယ်တိုင် သင်ကြားပေးထားသည့် တပည့်များအားလုံးဖြစ်သည်။
လူတိုင်း၏ကျင့်စဉ်သည် အနည်းဆုံး ရွှေအမြုတေအလယ်ဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် လူတိုင်း၏မျက်မှာများသည် စိုးရိမ်မှုများနှင့် မသက်မသာဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။
၎င်းသည် ကျန်းချန်ရွှမ်ကို မျက်မှောင်ကျုံ့စေခဲ့သည်။
သူသည် အပြာရောင်ဝတ်စုံနှင့် လူငယ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
“ဟွိုက်အန်း၊ ဘာဖြစ်တာလဲ? တစ်ခုခုဖြစ်လို့လား?”
သူ ဟွိုက်အန်း လို့ခေါ်လိုက်သည့် အပြာရောင်ဝတ်ရုံနှင့်လူငယ်သည် ၎င်းကိုကြားသောအခါ ချက်ချင်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက်မှ သူသည် စိတ်ကိုအေးဆေးထားလိုက်ပြီး ကျန်းချန်ရွှမ်ကို ပြောပြလိုက်သည်။
“ဆရာကျန်း၊ ဖေးဟုန်နဲ့ ဝမ်ယွင်တို့ရဲ့ ဝိညာဉ်မီးတောက်တွေက စပြီးတော့တော်တော်လေးမှိန်ဖျော့နေပြီ။ သူတို့တွေ အပြင်ဘက်မှာ မမျှော်လင့်ထားတဲ့တစ်စုံတစ်ခုကို ရင်ဆိုင်နေရမယ်လို့ ကျွန်တော်ထင်တယ်”
“မင်းဘာပြောလိုက်တယ်?”
ဟွိုင်အန်၏စကားများကိုကြားလိုက်ကာ ကျန်းချန်ရွှမ်၏မျက်လုံးများ အနည်းငယ်ကျုံ့ဝင်သွားသည်။
ထို့ပြင် ဖေးဟုန်နှင့် ဝမ်ယွင်တို့သည် လွန်ခဲ့သည့်နှစ်တစ်ရာအတွင်း သူ့တွင်ရှိခဲ့သည့်တပည့်များထဲတွင် အတော်ဆုံးတပည့်နှစ်ယောက်ဖြစ်သည်။
သူတို့နှစ်ယောက်စလုံးမှာ အခြေတည်ဝိညာဉ်ကိုကျင့်ကြံပြီးဖြစ်သည်...
***
စာစဉ် ၂၇ ပြီးပါပြီ။