ရှေးစစ်ပွဲ၊ အမှန်တကယ်စမ်းသပ်မှု၊ ခိုင်မာသောယုံကြည်မှု၊ ထာဝရမီးတောက်(၃)
Vol. 28 Ch. 529
သူတို့သာဆက်လက်ကြိုးစားပါက သူတို့၏ကျင့်စဉ်သည် ကျန်းချန်ရွှမ်၏ကျင့်စဉ်ကိုသာလွန်ရန် သိပ်ကြာတော့မည်မဟုတ်ပေ။
သူတို့သည် ကျင့်ကြံရေးလောကအနာဂတ်၏ မျှော်လင့်ချက်များလည်းဖြစ်ကြသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် သူတို့နှစ်ယောက်သည် အသက်အန္တရာယ်တစ်ခုကို ရင်ဆိုင်နေရသည်။
ကျန်းချန်ရွှမ်၏မျက်လုံးများ လင်းလက်သွားသည်။
ထိုသူတို့ရင်ဆိုင်နေရင်ဆိုင်နေရသည်မှာ သူ့ကဲ့သို့ ဝါရင့်ကျင့်ကြံသူများကို အဓိကပစ်မှတ်ထားသည့် ထောင်ချောက်တစ်ခုဖြစ်နိုင်ကြောင်း အသေအချာပြောနိုင်သည်။
သူသည် ဖေးဟုန်နှင့် ဝမ်ယွင်တို့ကိုကယ်တင်ရန် အခြားအခြေတည်ဝိညာဉ်ကျင့်ကြံသူများကို ခေါ်ထုတ်သွားသည်နှင့် သူတို့ချောင်းမြောင်းတိုက်ခိုက်ခံရနိုင်ချေများနေသည်။
သူ၏ ဤလောကအပေါ် နားလည်နိုင်စွမ်းနှင့် နှစ်များစွာအတွင်းလေ့လာမှုတို့အရ ဤအခြေအနေမှာ သေချာသလောက်ရှိသည်။
ထို့ပြင် ပြဿနာတစ်ခုရှိလာပြန်သည်။
သူနဲ့အခြားသူတွေက ဒီထောင်ချောင်ကအလွန်အန္တရာယ်ရှိတာကိုသိတာတောင် တပည့်ငယ်နှစ်ယောက်ကိုကယ်လိုက်သင့်လား?
သူတို့သွားလိုက်မယ်ဆိုရင်လည်း ချောင်းမြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသွားနိုင်တယ်။ ဒါပေမယ့် သူတို့မသွားဘူးဆိုပြန်ရင်လည်း ကျင့်ကြံရေးလောကရဲ့ နောက်ဆုံးမျှော်လင့်ချက်က ပျက်စီးသွားတော့မယ်။
ကျန်းချန်ရွှမ်သည် ထိုနေရာရှိ တပည့်များကို ကြည့်ရှုလိုက်သည်။
သူတို့၏မျက်နှာများမှာ စိတ်ပိုင်းဖြတ်ထားမှုများနှင့် ပြည့်နှက်နေသည်။
အသေအချာပင် သူတို့တွင်လည်း ယခုကျန်းချန်ရွှမ်တွေးသကဲ့သို့အတွေးမျိုး ရှိနေကြပေမည်။
အားလုံးသည် သူတို့သွားလိုက်မည်ဆိုပါက မည်သည့်ရလဒ်မျိုးထွက်လာမည်ကို ကောင်းကောင်းသိကြသည်။
မည်သို့ပင်ဖြစ်စေ ထိုသို့ဆိုလျှင်တောင် သူတို့၏မျိုးနွယ်ဝင်များအပေါ်တွင် လက်လျှော့ရန် ရည်ရွယ်ချက်မရှိပေ။
၎င်းသည် ဤခေတ်လူသားမျိုးနွယ်များ၏ စည်းလုံးညီညွတ်မှု ဖြစ်နိုင်သည်။
ကျန်းချန်ရွှမ်က ပြုံးလိုက်သည်။
သူသည် လူတိုင်းကိုကြည့်ကာ ယခင်ကမပြောခဲ့ဖူးသော တည်ငြိမ်သည့်လေသံတစ်ခုဖြင့် ပြောလိုက်သည်။
“ငါဒီကိစ္စကိုအကြောင်းကြားမယ်။ မင်းတို့အားလုံးဒီမှာနေခဲ့ကြ။ ငါ့ခွင့်ပြုချက်မပါဘဲ ဘယ်သူမှအပြင်မထွက်ရဘူး။ ဖေးဟုန်နဲ့ ဝမ်ယွင်အတွက်ကတော့။ ငါသူတို့ကိုသွားကယ်မယ်”
သူစကားပြော၍ပြီးသွားသည်နှင့် တပည့်များအားလုံး နားမလည်နိုင်ဖြစ်သွားကြသည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်သည် သူတို့အား မေးခွန်းထပ်မေးရန် အခွင့်အရေးမပေးခဲ့ပေ။
တစ်ခနတွင်းပင် သူသည် လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
…..
ထို့နောက်တွင် သူသည် အကာအကွယ်၏ အစွန်းဘက်သို့ ရောက်ရှိလာသည်။
တံဆိပ်ကို အစီအရင်အား ပိုမိုခိုင်မာစေရန် အသုံးပြုပြီးနောက် သူသည် ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ဤနေရာမှ ချက်ချင်းထွက်ခွာလာသည်။
ဖြစ်နိုင်တာကတော့ ဒီတစ်ကြိမ်က ငါ့ကိုပေးတဲ့ အမှန်တကယ်စမ်းသပ်မှုပဲဖြစ်ရမယ်။
သူတွေးထားသည့်အတိုင်းပင် ကျန်းချန်ရွှမ်သည် ဖေးဟုန်နှင့် ဝမ်ယွင်တို့ရှိနိုင်သည့်အရပ်သို့ ပျံသန်းလာခဲ့သည်။
………
နာရီအနည်းငယ်ကြာပြီးနောက်
ကျန်းချန်ရွှမ်သည် နက်ရှိုင်းသောချောက်တစ်ခုပေါ်တွင် ဆင်းသက်လိုက်သည်။
ဤနေရာတွင် သူသည် အမှန်တကယ်ပင် ဖေးဟုန်နှင့် ဝမ်ယွင်တို့မှာ ဝိညာဉ်ချုပ်နှောင်ခြင်းတိုင် တွင် အချုပ်ခံထားရသည်ကို မြင်လိုက်ရသည်။
သူတို့နှစ်ယောက်လုံးမှာ သိသိသာသာပင် ဒဏ်ရာများစွာ ရရှိထားသည်။
သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်ဖိအားများမှာ အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်သည် ကျန်းချန်ရွှမ်ကို မြင်လိုက်သောအခါ စိုးရိမ်ပူပန်မှုတစ်ခုကို ပြသလိုက်ကြသည်။
“ဆရာကျန်း အမြန်... အမြန်သွားတော့!”
ဝီ!
သူတို့နှစ်ယောက်ပြော၍ပြီးသွားသည်နှင့် ထူးဆန်းသောကျောက်စာများဖြင့်ဝင်းလက်နေသည့် အလင်းတိုင်များသည် မြေပြင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤအလင်းတိုင်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြပြီး အပြင်ဘက်ကမ္ဘာနှင့် လုံးဝသီးခြားဖြစ်နေသည့် အစီအရင်တစ်ခုကို ပြုလုပ်လိုက်သည်။
……
တစ်ချိန်တည်း၌ပင်
မတူညီသောမျိုးနွယ်များမှ အခြေတည်ဝိညာဉ်ကျင့်ကြံသူသုံးယောက်သည် ကျန်းချန်ရွှမ်၏မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။
ကျန်းချန်ရွှမ်၏ မျက်လုံးများ ကျုံ့သွားခဲ့သည်။
ဤလောကတွင် နှစ်တစ်ရာမျှ နေထိုင်ပြီးနောက် ကျန်းချန်ရွှမ်သည် မျိုးနွယ်စုတော်တော်များများနှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။
သူ၏ရှေ့ရှိသုံးယောက်မှာ နာ့ကျားမျိုးနွယ်၊ မီးဝိညာဉ်မျိုးနွယ်နှင့် ရှင်းလင်မျိုးနွယ်တို့မှ ဖြစ်ကြသည်။
ထို့ပြင် သူတို့တစ်ယောက်ချင်းစီတိုင်းသည် အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
အရေးအကြီးဆုံးမှာ ဤနေရာတွင် ပြုလုပ်ထားသည့် အစီအရင်သည် ကျန်းချန်ရွှမ်အပေါ်တွင် အလွန်အားကောင်းသည့် ချုပ်နှောင်ခြင်းသက်ရောက်မှုတစ်ခုရှိနေပုံရခြင်းပင်။
သူတို့သုံးယောက်အတွက်မူ ၎င်းမှာ အထူးချဲ့ထွင်ထားသည့် သက်ရောက်မှုတစ်ခုဖြစ်သည်။
အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်ကျင့်ကြံသူသုံးယောက်ကိုပါ ပေါင်းထည့်လိုက်လျှင် ကျန်းချန်ရွှမ်သည် ကြောက်မက်ဖွယ်အန္တရာယ်ကျရောက်လျက်ရှိသည်။
ဝိညာဉ်ချည်နှောင်ခြင်းတိုင်တွင် ချုပ်နှောင်ခံထားရသည့် ဖေးဟုန်နှင့် ဝမ်ယွင်တို့သည် ဤမြင်ကွင်းကို မြင်သောအခါ မည်သို့မျှ မတတ်နိုင်ဘဲ စိတ်ပျက်အားလျော့သွားခဲ့ကြသည်။
သူတို့ ရုန်းကန်လှုပ်ရှားလိုကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့လှုပ်ရှားလိုက်သည်နှင့် သူတို့၏ကိုယ်ပေါ်ရှိ ဝိညာဉ်ချုပ်နှောင်ခြင်းသော့ခလောက်များသည် ဝိညာဉ်အလင်းလှိုင်းများကို ထုတ်လွှတ်လိုက်သည်။
၎င်းသည် သူတို့၏ကျင့်စဉ်များနှင့် လှုပ်ရှားမှုများကိုသာ ကန့်သတ်ထားရုံမကသေးဘဲ သူတို့၏ ခန္ဓာကိုယ်များကိုလည်း ကိုင်းကျလာအောင် ဖျစ်ညှစ်ထားသည်။
ကျန်းချန်ရွှမ်သည် သူနှင့်မျက်နှာချင်းဆိုင်ရှိ လူသုံးယောက်ကိုမကြည့်မီ ခနတာနှုတ်ဆိတ်နေလိုက်ပြီးနောက် အေးဆေးစွာ ပြောဆိုလိုက်သည်။
“ငါ့ကိုရင်ဆိုင်ရဖို့အတွက် မင်းတို့တစ်တွေ တော်တော်အားထုတ်ထားကြတာပဲ”
နာ့ကျားမျိုးနွယ်မှ အပြာရောင်ဆံပင်နှင့်အမျိုးသမီးက အေးစက်စွာ ပြုံးလိုက်သည်။
“မဟုတ်ရင်ရော ကျွန်မတို့ ဘယ်လိုလုပ်ရှင့်ကို မျှားခေါ်နိုင်ပါ့မလဲ?
ရှင်သိလား? ရှင့်ကိုခေါ်ထုတ်ဖို့ ရှင်တို့လူသားမျိုးနွယ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်လေးကို အဆုံးသတ်ဖို့ ကျွန်မတို့ ဘယ်လောက်ပဲလုပ်လိုက်ရလဲဆိုတာ?”
“အဲ့ဒီလိုလား?”
ကျန်းချန်ရွှမ်ကလည်း ထေ့ငေါ့လိုက်သည်။
ထိုအချိန်တွင် သူသည် တစ်စုံတစ်ခုကို နားလည်သွားဟန်တူသည်။
သူသည် သူ၏ရှေ့ရှိ လူသုံးယောက်ကိုကြည့်လိုက်ကာ မကြုံစဖူးယုံကြည်ချက်တစ်ခုဖြင့် ပြောလိုက်သည်။
“မင်းတို့လိုမျိုးနွယ်တွေက ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ လူသားမျိုးနွယ်ရဲ့မျှော်လင့်ချက်မပျောက်ဆုံးသွားတာက ငါ့ကြောင့်လည်းမဟုတ်ဘူး။ လူတစ်ဦးတစ်ယောက်တည်းကြောင့်လည်းမဟုတ်ဘူး။ အဲ့ဒါက လူသားတိုင်းရဲ့ နှလုံးသားထဲက ယုံကြည်မှုကြောင့်ပဲ။ သေမျိုးတွေကနေ ကျင့်ကြံသူတွေထိ ဒါကအတူတူပဲ။
ငါတို့တွေ လူရာအနည်းငယ်၊ ဒါဇင်အနည်းငယ်၊ အရေအတွက်အနည်းငယ်ပဲကျန်ခဲ့တော့ရင်တောင် သူတို့နှလုံးသားထဲက ယုံကြည်မှုတွေ မပျောက်ဆုံးသွားသရွေ့ ငါတို့လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက် ဘယ်တော့မှ မပျောက်ဆုံးသွားဘူး”
“ဆရာကျန်း!”
ဖေးဟုန်နှင့် ဝမ်ယွင်တို့သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ပိုမိုရုန်းကန်လှုပ်ရှားလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် အစိမ်၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာရောင်အလင်းများသည် ရုတ်တရက် ကျန်းချန်ရွှမ်၏နောက်မှ ထွက်ပေါ်လာသည်...
***