ရှေးစစ်ပွဲ၊ အမှန်တကယ်စမ်းသပ်မှု၊ ခိုင်မာသောယုံကြည်မှု၊ ထာဝရမီးတောက်(၄)
Vol. 28 Ch. 530
မျက်နှာချင်းဆိုင်မှလူသုံးယောက်၏တုံ့ပြန်မှုကို စောင့်ဆိုင်းချင်းမရှိဘဲ ငါးရောင်စုံတောက်ပမှုသည် သူတို့အား ဖုံးလွှမ်းသွားသည်။
ချက်ချင်းဆိုသလိုပင် သူတို့သုံးယောက်သည် သူတို့၏ စိတ်အာရုံများ၊ ခန္ဓာကိုယ်များနှင့် ဓမ္မစွမ်းအားများမှ မယှဉ်သာသည့် အားနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။
၎င်းသည် ထိုသူတိူ့၏ မျက်နှာထားများကို သိသိသာသာ ပြောင်းလဲသွားစေသည်။
ဒါကဘယ်လိုထူးဆန်းတဲ့နတ်စွမ်းအားမျိုးပါလိမ့်?
ဘွန်း!
တစ်ချိန်တည်း၌ပင်
ကျန်းချန်ရွှမ်၏ လက်ဆီမှ ထွက်ပေါ်လာသည့် ပေတံကဲ့သို့ ပစ္စည်းတစ်ခုဖြစ်သော အလွန်ကြီးမားကျယ်ပြောသည့် ကြောက်မက်ဖွယ်အော်ရာတစ်ခုသည် ဖြည်းဖြည်းချင်း ပုံစံသွင်းနေသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏တစ်ကိုယ်လုံးမှာ တောက်ပလာသည်။
၎င်းသည် သူ၏နှလုံးသားမှလာသည့် တာအိုအလင်းဖြစ်သည်။
၎င်းမှာ ဉာဏ်အလင်းပွင့်ခြင်း၏အလင်းလည်း ဖြစ်ပေသည်။
“ဆရာကျန်း!”
ဖေးဟုန်နှင့် ဝမ်ယွင်တို့သည် ၎င်းမှာ မည်သည်ကိုဆိုလိုမှန်းသိရှိသွားသောအခါ ချက်ချင်း မျက်ရည်များ ကျဆင်းလာခဲ့သည်။
၎င်းမှာ နောက်ဆုံးပိတ် လူပုံစံမှအငွေ့သို့ပြောင်းလဲခြင်းဖြစ်စဉ် ဖြစ်ပေသည်။
တစ်စုံတစ်ယောက်၏ အသက်၊ ယုံကြည်မှုနှင့် ဝိညာဉ်တို့ကို အမြင့်ဆုံးစွမ်းအားတစ်ခု ထုတ်လုပ်ရန်လောင်ကျွမ်းမှုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စွမ်းအားအသုံးပြုခြင်းသည် ဤနည်းလမ်းမှရရှိသည်။
ပေးဆပ်ရမည့်တန်ဖိုးမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
သင့်တည်ရှိမှု၏ ခြေရာအစအနပင် ကျန်ခဲ့တော့မည်မဟုတ်ပေ။
တစ်နည်းအားဖြင့် သူသည် ဤလောကမှ လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။
ကျန်းချန်ရွှမ်သည် ဖေးဟုန်နှင့် ဝမ်ယွင်တို့ကို ကြည့်ရှုရန် တစ်ချက်လှည့်ကြည့်လိုက်ပြီး သူ၏လက်ထဲရှိ ဆဌမအဆင့်သန့်စင်ခြင်းယန်ရတနာ၊ သင်ကြားမှုပေတံသည် ညင်သာသောအလင်းတစ်ခုကို ပစ်လွှတ်ကာ သူတို့အား လွှမ်းမိုးသွားသည်။
၎င်းသည် သူတို့၏အရိုးများကို လွတ်ငြိမ်းစေရုံသာမကဘဲ သူတို့၏ ဒဏ်ရာများကိုလည်း ချက်ချင်း ကုသပြီးသားဖြစ်သွားသည်။
၎င်းသည် သူတို့၏ သောကများကိုသာ ပို၍နက်ရှိုင်းလာစေသည်။
သူတို့သည် ကျန်းချန်ရွှမ်၏နေရာကိုသာ ဝင်ယူလိုက်ချင်ကြသည်။
သို့သော်လည်း သူတို့ထိုသို့တွေးလိုက်သည်နှင့် သူတို့မှာ အလွန်အမင်းစွမ်းအားကောင်းသောအားတစ်ခုဖြင့် ချည်နှောင်ခံထားရသည်ကို သိလိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့ကြသည်။
သူတို့မလှုပ်ရှားနိုင်နေပေ။
“ဆရာကျန်း!”
ထိုနှစ်ယောက်သည် စိတ်ပျက်အားငယ်စွာဖြင့်သာ ထပ်မံအော်ဟစ်နေနိုင်သည်။
သို့သော်လည်း ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူတို့ကို ထပ်ကြည့်မနေတော့ပေ။
ထိုအစား သူသည် အလွန်အမင်းကြောက်ရွံ့နေသည့် မျက်နှာများဖြင့် သုံးယောက်ဆီသို့ အကြည့်လွှဲလိုက်ကာ ဖြည်းညင်းစွာပြောလိုက်သည်။
“မင်းတို့ကငါ့ကိုဆန့်ကျင်ဖို့ အကွက်ချစီစဉ်ထားတာပဲ။ ဒီမယ်မင်းတို့သိရဲ့လား ကလေးတွေ။ မင်းတို့ငါ့ကို တိုက်ခိုက်ဖို့ အစီအစဉ်ချထားကတည်းက မင်းတို့ရဲ့ ကံကြမ္မာက ဆုံးဖြတ်ပြီးသွားပြီ။ မင်းတို့က ကိစ္စအများကြီးမှာ ငါ့ကိုအလင်းပွင့်အောင်လုပ်ပေးပြီးတော့ ဒီလောကရဲ့အမှန်တရားကို ပြသခဲ့တဲ့အတွက် တကယ်တော့ ငါမင်းတို့ကို ကျေးဇူးတင်သင့်တာ။
ဒါပေမယ့် အဲ့ဒီလိုဆိုရင်တောင် မင်းတို့ကံကြမ္မာကိုတော့ ပြောင်းလဲလို့မရဘူး”
သူ၏စကားများပြီးသွားသည်နှင့် ကျန်းချန်ရွှမ်၏လက်ထဲမှ သင်ကြားမှုပေတံမှအလင်းသည် စတင်ပြီး ပိုမိုလင်းလက်လာသည်။
၎င်းမှာ လူသားမျိုးနွယ်နှင့် ဉာဏ်အလင်းပွင့်မှုတို့၏ အဆုံးသတ်အလင်းဖြစ်သည်။
“မဟုတ်ဘူး!...ရပ်... ရပ်လိုက်!”
အပြာရောင်ဆံပင်အမျိုးသမီးနှင့် အခြားနှစ်ယောက်သည် ချက်ချင်းပင် ကြောက်ရွံ့ထိတ်လန့်မှုဖြင့် အော်ဟစ်လိုက်သည်။
ဝီ!
အလင်းတစ်ခု ဖြတ်သွားလိုက်သည်။
သူတို့၏ခန္ဓာကိုယ်များသည် သဲနန်းတော်များဖြိုချခံလိုက်ရသည့်အတိုင်း ဖြည်းဖြည်းချင်း ပျက်စီးပြိုလဲသွားကာ နောက်ဆုံးတွင် သဲအမှုန်များအဖြစ် ပျံ့နှံ့သွားပြီး ပျောက်ကွယ်သွားသည်။
ဘွန်း!
တစ်ချိန်တည်း၌ပင်
ပတ်ဝန်းကျင်ရှိ အလင်းတိုင်များသည် ထူးဆန်းသောကျောက်စာများဖြင့် လင်းလက်လာကြပြီး စတင်ကြေမွပျက်စီးလာကာ အဆုံးသွားကြတော့သည်။
ဖြည်းဖြည်းချင်းပင် ပျက်စီးပျောက်ကွယ်မှုများ ပြီးဆုံးသွားသည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်၏ ပုံရိပ်သည်လည်း ဤအလင်းထွက်လာသည်နှင့် စတင်ပြီး အစိတ်စိတ်အမြွာမြွာဖြစ်လာသည်။
“ဆရာကျန်း! မဟုတ်ဘူး ဆရာ! မသွားပါနဲ့! ထွက်မသွားပါနဲ့!”
ရုတ်တရက် ဖေးဟုန်နှင့်ဝမ်ယွင်တို့သည် မည်သို့ဆက်ဖြစ်မည်ကို သိသွားကြပြီး ကျန်းချန်ရွှမ်၏ ခြေထောက်နားဆီသို့သွားကာ နာကျည်းစွာငိုကြွေးလိုက်ကြသည်။
ကျန်းချန်ရွှမ်သည် သူတို့ကို ကြည့်လိုက်ပြီး အလွန်ညင်သာသောအပြုံးတစ်ခုသည် သူ၏နှုတ်ခမ်းထက်တွင် ပေါ်ပေါက်လာခဲ့သည်။
“လူသားမျိုးနွယ်ရဲ့အနာဂတ်က အခုမင်းတို့ရဲ့လက်ထဲမှာ။ ငါပြောတာကိုမှတ်ထားကြ။ မင်းတို့နှလုံးသားထဲကယုံကြည်မှု မပျောက်ဆုံးသွားသေးသရွေ့ ငါတို့လူသားမျိုးနွယ်ရဲ့ယုံကြည်မှု ဘယ်တော့မှမပျောက်ဆုံးသွားဘူး။
ဒါဆိုရင် ငါမင်းတို့ကိုလွှဲထားခဲ့ပြီ”
ကျန်းချန်ရွှမ်၏ နောက်ဆုံးစကားများဖြင့် သူ၏တစ်ကိုယ်လုံးမှာ အလင်းရောင်ခြည်တစ်ခုအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်ဆီသို့ ပျံတက်သွားတော့သည်။
ခနတာမျှလင်းလက်သွားပြီးနောက် သူသည် အဆုံးတိုင် ပျောက်ကွယ်သွားတော့သည်။
ဖေးဟုန်နှင့် ဝမ်ယွင်တို့၏ရှေ့တွင် ပေတံတစ်ချောင်းနင့် တံဆိပ်တစ်ခု ရောက်ရှိလာသည်။
သူတို့သည် ဟာတာတာဖြင့် ကြည့်မိလိုက်ကြသည်။
၎င်းမှာ သူတို့သည် ကျန်းချန်ရွှမ်ပျောက်ကွယ်သွားသည့်အရပ်မျက်နှာဆီ မလွဲဧကန်ဦးညွတ်နေခဲ့ကြပြီး အသိပြန်မဝင်လာခင်အချိန်အထိဖြစ်သည်။
“ကျွန်တော်တို့ဆရာ့ရဲ့သင်ကြားပြသမှုတွေကို မှတ်ထားပါ့မယ်!”
***