ကြီးမားသောအကျိုးအမြတ်၊ အပျက်အစီးနယ်မြေမှထွက်ခွာခြင်း၊ ကျန်းမျိုးနွယ်စုသို့ပြန်သွားခြင်း(၂)
Vol. 28 Ch. 532
ကျန်းချန်ရွှမ်သည် အစီအရင်အလံကိုယူလိုက်ကာ စတင်သန့်စင်လိုက်သည်။
သန့်စင်ခြင်းမှာ ချောမွေ့စွာ ပြီးဆုံးသွားသည်။
သုံးနာရီအတွင်း သူသည် အလံကို သန့်စင်ခြင်း ပြီးဆုံးသွားသည်။
မကြာမီတွင် သူသည် အလံကို အသုံးပြု၍ အပျက်အစီးနယ်မြေရှိ လူတိုင်း၏ အခြေအနေကို လေ့လာလိုက်သည်။
ထို့နောက်တွင် သူ၏လက်တွဲဖော် ရှန်းရူယန်သည် စမ်းသပ်မှုကိုပြီးဆုံးသွားပြီး သူမ၏မူလနေရာတွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။
၎င်းတို့တွင် စံသခင်ရွှမ်းယန်၊ နှင်းပန်းပွင့်စံသခင်နှင့် ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်တို့လည်း ပါဝင်သည်။
အချို့သူများသည် တောက်ပသော အလင်းများလွှမ်းခြုံကာ မျက်လုံးများပိတ်လျက် သူတို့တစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်နေရာ၌ စမ်းသပ်မှုတွင် နစ်မြုပ်ဆဲဖြစ်သည်။
ရုတ်တရက် ကျန်းချန်ရွှမ်သည် တစ်စုံတစ်ယောက်၏အော်ရာမှာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
၎င်းသည် သူ့အား ချက်ချင်း အံ့အားသင့်သွားစေခဲ့သည်။
ဒီလူကသေဆုံးသွားတာလား?
တစ်ချိန်တည်း၌ပင် တင်ပျဉ်ခွေထိုင်နေသော ရှန်းရူယန်နှင့် အခြားသူများသည်လည်း သူတို့နှင့် မဝေးလှသည့်နေရာမှ ကျင့်ကြံသူ၏အလောင်းကို မြင်တွေ့လိုက်ကြသည်။
၎င်းသည် စမ်းသပ်မှုကိုပြီးဆုံးသွားသည့်လူများကို အံ့အားသင့်စေခဲ့သည်။
အသေအချာပင် သေဆုံးခြင်းမှာ စမ်းသပ်မှုမှ ထွက်ပေါ်လာနိုင်သည့် ရလဒ်တစ်ခုဟု မည်သူမှမမျှော်လင့်ခဲ့ပေ။
အလောင်းကောင်တစ်ခုမက ပိုမိုများပြားလာသည်။
ထိုလူပြီးနောက် နောက်ထပ်လူအနည်းငယ်နှင့် နတ်ဆိုးဧကရာဇ်အနည်းငယ်တို့၏ အလောင်းကောင်များသည် လူတိုင်းနှင့်မဝေးလှသောနေရာတွင် ပေါ်ပေါက်လာသည်။
ထိုအချိန်တွင် လူတော်တော်များများမှာ စိတ်မအေးနိုင်တော့ပေ။
ရှန်းရူယန်ပင်လျှင် စိုးရိမ်ပူပန်နေပုံပေါ်သည်။
၎င်းကိုမြင်နေသော်လည်း ကျန်းချန်ရွှမ်သည် ထွက်ခွာရန် အလျင်လိုမနေပေ။
ထိုအစား သူ၏လက်ထဲရှိ အစီအရင်အလံကို ဝှေ့ယမ်းလိုက်ကာ များစွာသောရင်းမြစ်များနှင့် အပျက်အစီးနယ်မြေ၏ နေရာအချို့သို့ ရောက်ရှိသွားသည်။
ထိုနေရာများတွင် ကျန်းချန်ရွှမ်သည် ရွှေမီးဖိုဂိုဏ်းမှအပျက်အစီးနယ်မြေထက် ပိုမိုစုဆောင်းမိခဲ့သည်။
၎င်းတို့ထဲတွင် သူလောလောဆယ်လိုအပ်နေသည့် ကမ္ဘာဦးမြေသံမဏိလည်းပါဝင်သည်။
၎င်းတို့တွင် အလွန်တန်ဖိုးကြီးသော ကိုယ်ခန္ဓာမွမ်းမံခြင်း ပစ္စည်းများလည်း ရှိသေးသည်။
ဥပမာအားဖြင့် ထျန့်ခွေမြက်ဖြစ်သည်။
သူသည် ပစ္စည်းတော်တော်များများကို ယူလာခဲ့ပြီးနောက် အစီအရင်အလံကို ထပ်မံဝှေ့ယမ်းလိုက်ကာ ရှန်းရူယန်၏ဘေးတွင် ပေါ်ပေါက်လာသည်။
သူတို့၏ အလင်းဆီသို့ဝင်လာခြင်းမှ ယခုအချိန်ထိ လက်တွေ့တွင် အချိန်သုံးရက်သာ ကုန်လွန်သွားသေးသည်။
ကျန်းချန်ရွှမ်၏ နှစ်တစ်ရာအတွေ့အကြုံမှာ လက်ရှိအချိန်၏ စီးဆင်းမှုနှင့် ကွာခြားဟန်တူသည်။
ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကို မြင်လိုက်သောအခါ သူမ၏စိုးရိမ်နေသာမျက်နှာမှာ ချက်ချင်းဝင်းလက်သွားသည်။
“ယောက်ျား ဘယ်လိုနေလဲ? ရှင်အဆင်ပြေရဲ့လား?”
ကျန်းချန်ရွှမ်သည် ချက်ချင်းပြုံးကာ သူမကို ခေါင်းညိတ်ပြလိုက်သည်။
“စိတ်မပူပါနဲ့ ကိုယ်အဆင်ပြေပါတယ်။ ဒါနဲ့ ဒီတစ်ခေါက် မင်းဘာတွေရလိုက်လဲ?”
သူသည် အစီအရင်အလံမှတစ်ဆင့် မည်သည့်နေရာမဆို တွေ့မြင်နိုင်သော်လည်း ရှန်းရူယန်နှင့် အခြားသူများ၏ အတွေ့အကြုံများနှင့် ရရှိမှုများကိုတော့ သေသေချာချာမသိရှိချေ။
ရှန်းရူယန်သည် ဘေးပတ်ပတ်လည်ကိုကြည့်ကာ ကျန်းချန်ရွှမ်ကို အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒါကိုခနထားလိုက်ရအောင် ဒီခရီးကအချည်းနှီးမဟုတ်ပါဘူး။ ဒီအကြောင်းအသေးစိတ်ကို ကျွန်မတို့ထွက်ခွာပြီးတော့မှ ပြောကြတာပေါ့”
၎င်းကိုကြားကာ ကျန်းချန်ရွှမ်က တုံ့ပြန်လိုက်သည်။
သူသည် ပြုံးကာ ရှန်းရူယန်ကို ခေါင်းညိတ်ပြလိုက်သည်။
တစ်ချိန်တည်း၌ပင် စံသခင်ရွှမ်းယန်၊ နှင်းပန်းပွင့်စံသခင်၊ ကြယ်ပင်လယ်စံသခင်နှင့် အခြားသူများ ရောက်လာကြသည်။
လူအများ စတင်စကားပြောဆိုခဲ့ကြသည်။
သို့နှင့် နောက်ထပ်ရက်အနည်းငယ် ကုန်လွန်သွားသည်။
စမ်းသပ်မှုတွင်ပါဝင်သည့် နောက်ဆုံးကျင့်ကြံသူကို ပို့လွှတ်ပြီးသွားသောအခါ အပျက်အစီးနယ်မြေတစ်ခုလုံးသည် အနည်းငယ်စတင်တုန်ခါလာသည်။
ဝင်းလက်မှုတစ်ခု ကျန်းချန်ရွှမ်၏ မျက်လုံးထဲမှ ဖြတ်ပြေးသွားသည်။
သူသည် အပျက်အစီးနယ်မြေက သူတို့အားလုံးကို နေရာရွှေ့ပြောင်းတော့မယ်မှန်း သိရှိနေသည်။
အမှန်ပင်
သု့တွင် ယခုအစီအရက်အလံရှိပြီဖြစ်သည့်အတွက် ဤနေရာမှ မထွက်ခွာချင်ပါကလည်း နေခဲ့လို့ရသည်။
မည်သို့ပင်ဖြစ်စေ ထိုသို့ပြုလုပ်ရန်တော့မလိုအပ်ပေ။
ဘွန်း!
ဤအတွေးသည် သူ၏စိတ်ထဲမှ ဖြတ်သန်းသွားစဉ် သူသည် အလွန်အမင်းအားကောင်းသောနေရာကူးပြောင်းခြင်းစွမ်းအားတစ်ခု သု့အပေါ်ကျရောက်လာသည်ကို ခံစားမိလိုက်သည်။
ထိုအားကိုမခုခံနိုင်ဘဲ ကျန်းချန်ရွှမ်၊ အခြားသူများနှင့် နတ်ဆိုးဧကရာဇ်များသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
သူတို့၏ပုံရိပ်များထပ်မံပေါ်ပေါက်လာသောအခါ သူတို့အားလုံးမှာ အပျက်အစီးနယ်မြေအပြင်ဘက်တွင် ရောက်ရှိနေပြီဖြစ်သည်။
ဂျိန်း!
ထိုအချိန်တွင် ရုတ်တရက် အပျက်အစီးနယ်မြေတစ်ခုလုံးသည် ပါးလျသောလေထဲတွင် ပျောက်ကွယ်သွားသည်။
နေရာကူးပြောင်းမှုကြောင့် မူးဝေနေရာမှ ပြန်လည်ကောင်းမွန်လာသည့်သူများသည် အံ့အားသင့်သောအမူအယာများ ပြသလိုက်ကြသည်။
ဘာ...ဘာတွေဖြစ်သွားတာလဲ?
ဝီ!
ရုတ်တရက် ကြီးမားသောနဂါးလက်သည်းတစ်ခု လေဟာနယ်ထဲတွင် ပေါ်ပေါက်လာကာ အပျက်အစီးနယ်မြေဆီ တက်လှမ်းသွားသည်။
ကြောက်မက်ဖွယ်စွမ်းအားနှင့် ဝိညာဉ်ဖိအားတို့မှာ ယခင်ကဆဌမအဆင့်အမြင့်ဆုံးနတ်ဆိုးသားရဲဖြစ်သည့် အနက်ရောင်ရေလွှမ်းနဂါးနတ်ဆိုးသားရဲချုပ်ဖြစ်သည်။
ဘွန်း!
အနက်ရောင်ရေလွှမ်းနဂါးနတ်ဆိုးသားရဲချုပ်၏လက်သည်းမှာ အပျက်အစီးနယ်မြေ၏အစွန်းကို ထိလိုက်သည်နှင့် အလွန်အားကောင်းသောစွမ်းအားတစ်ခုသည် အပျက်အစီးနယ်မြေမှ အပြင်သို့ ရုတ်တရက် ပေါက်ထွက်လာကာ နဂါးလက်သည်းကို အမှန်တကယ်ပင် ပျံသန်းပို့လွှတ်ပေးလိုက်သည်။
ဤမြင်ကွင်းသည် လူတိုင်းကို ထပ်မံအံ့အားသင့်သွားစေခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အပျက်အစီးနယ်မြေတစ်ခုမှာ အမှန်တကယ်ပင် ဆဌမအဆင့်နတ်ဆိုးချုပ်၏ တိုက်ခိုက်မှုကို လွယ်ကူစွာတွန်းလှန်နိုင်သည်။
၎င်းသည် အလိုလိုပင် တစ်စုံတစ်ခု မှားယွင်းနေခဲ့ကြောင်း ခံစားမိစေခဲ့သည်။
သူတို့၏နတ်စွမ်းအားများကို စုံစမ်းလေ့လာရန် မည်မျှပင်အသုံးပြုနေပါစေ ထိုအပျက်အစီးနယ်မြေ၏ မည်သည့်အစအနကိုမှ မတွေ့ရတော့ပေ။
“သွားကြစို့”
ထိုအချိန်တွင် အလွန်အမင်းထည်ဝါသောပုံရိပ်တစ်ခုသည် ကျန်းချန်ရွှမ်နှင့် အခြားသူများ၏ရှေ့တွင် ပေါ်ပေါက်လာသည်။
၎င်းမှာ ကောင်းကင်သခင် ရုန်ဟန်ကျီးရှန်းဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်၏စကားများကို မည်သူမှမဆန့်ကျင်ရဲပေ။
ထိုအချိန်တွင် ရှန့်လျိုရှန်းမှလွဲ၍ ကျန်းချန်ရွှမ်အပါအဝင် လူတိုင်းသည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းနောက်သို့ လိုက်ပါခဲ့ကြသည်။
…..
မကြာမီ သူတို့သည် လူသားမျိုးနွယ်၏နယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
လူသားနယ်မြေသို့ ပြန်လည်ရောက်ရှိသောအခါ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် အပျက်အစီးနယ်မြေမှ သူတို့၏ရရှိမှုများကို မမေးမြန်းခဲ့ပေ။
ထိုအစား သူသည် သူ၏နောက်လိုက်များဖြင့် ပျောက်ကွယ်သွားသည်။
၎င်းမှာ ကောင်းကင်သခင်များ၏ ပုံစံပင်ဖြစ်သည်။
သူတို့သည် ငယ်ရွယ်သူများ၏ ရရှိမှုများကို စစ်ဆေးမေးမြန်းခြင်းပြုမနေဘဲ စိတ်ဝင်စားမှုမရှိကြပေ။
အမှန်ပင် ….
သင့်တွင် ကောင်းကင်သခင်များအသုံးပြုနိုင်သည့် တစ်စုံတစ်ခုရှိနေပြီး ၎င်းကိုပေးအပ်လိုလျှင်တော့ ငြင်းဆိုကြမည်မဟုတ်ပေ။
၎င်းမှာ ယခင်နတ်ဆိုးသားရဲချုပ်များ၏ ပုံစံနှင့် လုံးဝကွဲပြားပေသည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ဤတစ်ကြိမ်တွင်ဝင်ရောက်သွားခဲ့သည့်နတ်ဆိုးဧကရာဇ်များ၏ ရရှိမှုများသည် နတ်ဆိုးသားရဲချုပ်များထံမှ စစ်ဆေးခံရမည်ကို မြင်ယောင်ကြည့်နိုင်ပေသည်။
ထိုအချိန်၌ သူတို့သည် ၎င်းတို့ကို တစ်ဝက် သို့မဟုတ် ၄၀% လောက်ပင် ပြန်လည်ရရှိလျှင် အလွန်ကောင်းမွန်သည်ဟုပြောရမည်။
ဝှစ် ဝှစ် ဝှစ်--
စွမ်းအားကြီးမားသောအလင်းတန်းအချို့ ကောင်းကင်တွင် ဖြတ်သန်းသွားလေသည်။
……..
ရက်အနည်းငယ်ကြာပြီးနောက်
ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ထန်ပိုင်ရှန်းတို့သည် စံသခင်ရွှမ်းယန်၊ နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့ကို နှုတ်ဆက်ခဲ့ကြသည်။
ဤအပျက်အစီးနယ်မြေသို့ခရီးတိုပြီးသည့်နောက်တွင် လူတိုင်းတွင် ကောင်းမွန်သောရလဒ်များရရှိကာ သူတို့၏တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်ရန် လိုအပ်နေသည်။
မည်သို့ပင်ဖြစ်စေ သူတို့မခွဲခွာမှီ စံသခင်ရွှမ်းယန်သည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းတည်ရှိသည့်ဂိုဏ်းဖြစ်သည့် ရုန်ဟန်နန်းတော်တွင် အလွန်ကြီးမားသောကျင့်ကြံသူများပစ္စည်းဖလှယ်ပွဲကို အနှစ်၂၀ကြာသည့်နောက်တွင် ပြုလုပ်မည်ဟု လူတိုင်းကို ပြောကြားခဲ့သည်။
ထိုအချိန်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းစီနီယာတစ်ယောက်ဖြစ်သည့် ကောင်းကင်သခင်ချန်ရှန်းက သင်ခန်းစာတစ်ခု ပို့ချလိမ့်မည်။
မြောက်ဘက်နယ်စပ်မှ အခြေတည်ဝိညာဉ်စံသခင်အများစုသည် ထိုကဲ့သို့ အခွင့်အရေးမျိုးကို လက်လွှတ်ခံမည်မဟုတ်ပေ။
ပထမဆုံးအနေဖြင့် ၎င်းမှာ ဆက်သွယ်ရေးလမ်းကြောင်းအတွက်ဖြစ်သည်။
ဒုတိယအနေဖြင့် သူတို့သည် ဒီအခွင့်အရေးကို လက်ရှိကျင့်ကြံသူများ မလိုအပ်တော့သည့် ရတနာအချို့ကို လဲလှယ်ရန် အသုံးပြုနိုင်သည်။
ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် အခြားသူများသည် ၎င်းတို့ထံမှ သွေးဆောင်ခံလိုက်ရသည်။
သူတို့သည် စံသခင်ရွှမ်းယန်နှင့် သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။
သူတို့သွားဖြစ်ခဲ့မည်ဆိုပါက စံသခင်ရွှမ်းယန်ကို ကြိုတင်သတင်းပေးမည်ဖြစ်သည်။
သို့နှင့် လူအုပ်စုမှာ ခွဲထွက်ခဲ့ကြသည်။
…..
ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ထန်ပိုင်ရှန်းတို့သည် နောက်ဆုံးတွင် ကျန်းနိုင်ငံသို့ ရက်အနည်းအကြာ၌ ပြန်ရောက်လာသည်။
သူတို့ကျန်းနိုင်ငံသို့ ပြန်ရောက်သောအခါတွင်…
ထန်ပိုင်ရှန်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို နှုတ်ဆက်ကာ သူ၏တောင်ထိပ်သို့ ပြန်သွားခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လူများစွာကို အသိပေးခြင်းမရှိဘဲ ရွှမ်းမင်တောင်ထွတ်သို့ ပြန်သွားခဲ့သည်။
ရွှမ်းမင်တောင်ထွတ်သို့ ပြန်ရောက်သောအခါ လင်မယားနှစ်ယောက်သည် ချက်ချင်း လေးနက်သောစကားစကားဝိုင်းတစ်ခု ပြုလုပ်ခဲ့ကြသည်။
ရှန်းရူယန်မှတစ်ဆင့် ကျန်းချန်ရွှမ်သည် သူမ၏စမ်းသပ်မှုမှာလည်း သူနှင့်ဆင်တူကြောင်း သိရှိခဲ့သည်။
အဆုံးတွင် သူမသည် သူမလိုချင်သည့်အရာကို ရရှိခဲ့သည်။
မူလအခြေတည်ဝိညာဉ်တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ကျော်ဖြတ်နိုင်ရုံတင်မကဘဲ သူမသည်လည်း ကောင်းမွန်သောပစ္စည်းနှစ်ခုကို ရရှိခဲ့သည်...
***