← Chapters

ကျန်းချန်ရွှမ်၏အစီအစဉ်၊ မည်သူကဆန့်ကျင်မှာလဲ? မည်သူကသဘောတူမှာလဲ?

Vol. 28 Ch. 533

ကျန်းချန်ရွှမ်၏အစီအစဉ်၊ မည်သူကဆန့်ကျင်မှာလဲ? မည်သူကသဘောတူမှာလဲ?

Vol. 28 Ch. 533

ထိုပစ္စည်းနှစ်ခုမှာ တစ်ဦးတစ်ယောက်၏ ကံကောင်းမှုကို မြှင့်တင်ပေးနိုင်သည့် ပုလဲတစ်လုံးနှင့် မိုင်ထောင်ချီအဝေးသို့ ချက်ချင်းကူးပြောင်းနိုင်သည့် မဟာနေရာကူးပြောင်းခြင်းအဆောင်တစ်ခု ဖြစ်သည်။

ပထမပစ္စည်းမှာ တစ်ခါသုံးရတနာတစ်ခု ဖြစ်သော်လည်း ဒုတိယတစ်ခုသည်တော့ စုစုပေါင်းသုံးကြိမ်အသုံးပြုနိုင်သည်။

၎င်းတို့မှာ ကျင့်စဉ်နှင့် တိုက်ပွဲစွမ်းအားကို ချက်ချင်းမြှင့်တင်ပေးနိုင်သည့် ရတနာများ မဟုတ်သော်လည်း ဤရတနာနှစ်ခု၏တန်ဖိုးမှာ အလွယ်တကူတိုင်းတာ၍မရကြောင်းကိုတော့ မငြင်းဆိုနိုင်ပေ။

ထို့နောက် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို သူ၏ရရှိမှုများအကြောင်း ပြောပြခဲ့သည်။

ရှန်းရူယန်သည် သိသိသာသာ အံ့အားသင့်သွားခဲ့သည်။

သူမသည် ကျန်းချန်ရွှမ်ကို မယုံနိုင်ဖွယ်ကြည့်ကာ ပြောလိုက်သည်။

“ယောက်ျား ရှင်က အဲ့ဒီအပျက်အစီးနယ်မြေရဲ့ ထိန်းချုပ်မှုကို ရရှိခဲ့ပြီးတော့ အဆင့်ကျော်ဖြတ်ခြင်းအစီအရင်စင်မြင့်ကိုတွေ့ခဲ့တယ်လို့ ပြောချင်တာလား?”

ကျန်းချန်ရွမ် ပြန်လည်မဖြေဆိုနိုင်သေးမှီတွင် ရှန်းရူယန်သည် ရုတ်တရက် မတ်တပ်ရပ်ကာ အရှေ့ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။

ခနကြာပြီး‌နောက် သူမသည် ကျန်းချန်ရွှမ်ကို ထပ်မံကြည့်ကာ ပြောလိုက်သည်။

“ရှင်ဒါကို ဘယ်သူ့ကိုမှ မပြောရသေးဘူးမလား?”

ကျန်းချန်ရွှမ်သည် သူမ၏တုံ့ပြန်ပုံကို သဘောကျသွားကာ ခေါင်းခါလိုက်သည်။

“ဒါပေါ့ မပြောရသေးပါဘူး။ မင်းက မင်းယောက်ျားက ဒီလောက်အလျင်လိုမယ်ထင်နေတာလား?”

အမှန်အတိုင်းပြောရလျှင် သူသည် ရှန်းရူယန်၏ ဤကဲ့သို့ တုံ့ပြန်မှုမျိုးကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

ရှန်းရူယန်သည် ချက်ချင်းစိတ်အေးသွားလိုက်ကာ ကျန်းချန်ရွှမ်ကို ရှက်ကိုးရှက်ကန်းနှင့် ကြည့်လိုက်သည်။

“ယောက်ျား ကျွန်မပုံမှန်ဆို ဒီလိုမဟုတ်မှန်း ရှင်သိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်ခုပြောလိုက်တဲ့ဟာက ကျွန်မကို တကယ်အံ့ဩသွားစေတယ်”

သူမစကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်၏ဘေး၌ ပြန်ဝင်ထိုင်လိုက်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ချိတ်ပိတ်ထားသည့်ကျောက်ဆောင်အခန်းမှ သူရရှိထားသည့် ကျောက်စိမ်းပြားကို ထုတ်ယူကာ ရှန်းရူယန်ကို ပေးလိုက်သည်။

“ဒီမှာ မိန်းမ၊ ဒီကျောက်စိမ်းပြားထဲမှာ ပါတာတွေကို ကြည့်လိုက်ဦး”

ရှန်းရူယန်သည် ကျန်းချန်ရွှမ်ဆီမှ ကျောက်စိမ်းပြားကိုယူကာ ဂရုတစိုက် ဖတ်လိုက်သည်။

အဆုံးတွင် သူမသည် စိတ်သက်သာရာရမှုဖြင့် သက်ပြင်းချလိုက်ပြီး ကျန်းချန်ရွှမ်ကို ကြည့်လိုက်သည်။

“ယောက်ျား ရှင်ဘာဆက်လုပ်ချင်လဲ?”

ရှန်းရူယန်၏စကားများကို ကြားကာ ကျန်းချန်ရွှမ်က ချက်ချင်း ပြုံးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ဤကမ္ဘာပေါ်တွင် သူ့အားနားအလည်နိုင်ဆုံး လူတစ်ယောက်အနေဖြင့် မေးစရာကိုမလိုဘဲ သူမသည် သူဘာစဉ်းစားနေသည်ကို သိသည်။

သူသည် ပြန်လည်မဖြေကြားမှီ ခနမျှ တွေးဆနေသည်။

“ဖြစ်နိုင်ရင်တော့ ကျောက်စိမ်းပြားပေါ်မှာ မှတ်တမ်းတင်ထားတဲ့ နည်းစနစ်တွေရဲ့ အသုံးပြုပုံကို ပြုလုပ်ကြည့်နိုင်တယ်။ ဒါက မင်းရာ၊ ကိုယ်ရော ဒီကမ္ဘာအတွက်ပါ ကောင်းမွန်တယ်။ အရေးအကြီးဆုံးက ကိုယ်တို့အနာဂတ်မှာ ဝိညာဉ်ဖွဲ့စည်းခြင်းကို ကျွမ်းကျင်ချင်ရင် ကိုယ်တို့ဒီကမ္ဘာမြေရဲ့ အကူအညီကိုလိုလိမ့်မယ်”

ကျန်းချန်ရွှမ်၏ စကားများကိုကြားကာ ရှန်းရူယန်သည် ၎င်းကို ဂရုတစိုက် တွေးတောလိုက်ပြီး သဘောတူညီမှုဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါကတော့အမှန်ပဲ”

ခနရပ်လိုက်ပြီး ရှန်းရူယန်က ဆက်ပြောခဲ့သည်။

“ရှင်နဲ့ကျွန်မ အခုလောလောဆယ် လုပ်နိုင်မယ့်ဟာ တစ်ခုရှိတယ်။ အောင်မြင်သွားမယ်ဆိုရင် ကျွန်မတို့ကိုယ်တိုင်နဲ့ ကျန်းမျိုးနွယ်စု တစ်ခုလုံးအတွက်‌ ကံကောင်းမှုတွေကိုတောင် စုဆောင်းပြီးသား ဖြစ်သွားလိမ့်မယ်”

“ဟမ်? မင်းဘာကိုပြောချင်တာလဲ?”

ကျန်းချန်ရွှမ်သည် နှလုံးခုန်ရပ်လုပ်မတတ်ဖြစ်သွားခဲ့သည်။

ရှန်းရူယန်ကာ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါကကျန်းတိုင်းပြည်တစ်ခုလုံးရဲ့ အင်အားကို တည်ဆောက်ဖို့နဲ့ တိုးမြှင့်ဖို့အတွက်ပဲ။ ကျွန်မတို့ရဲ့ လက်ရှိအခြေတည်ဝိညာဉ်ကျင့်ကြံသူနာမည်နဲ့ဆိုရင် ဒီကြိုစားအားထုတ်မှုကို ဆောင်ရွက်ဖို့ အရည်အချင်း ပြည့်မှီတယ်”

ဤစကားလုံးများသည် ကျန်းချန်ရွှမ်၏ အရင်အတွေးများကို ပြန်လည်အမှတ်ရစေခဲ့သည်။

တိုင်းပြည်တစ်ခု သို့မဟုတ် နိုင်ငံတစ်ခုတည်ဆောက်ကာ ဂုဏ်ရှိန်မြှင့်တင်လိုလျှင် ပထမဦးဆုံးလိုအပ်သည့်အရာမှာ တည်ငြိမ်ခိုင်မာမှုနှင့် စံသတ်မှတ်ချက်အမိန့်တို့ဖြစ်သည်။

ဒုတိယတစ်ခုမှာ အထက်အဆင့်နှင့် အနိမ့်အဆင့်ကြားရှိ တစ်ဦးတည်းအသိပညာဗဟုသုတများကို ကျော်ဖြတ်ရန်ဖြစ်သည်။

အထူးသဖြင့် ကျင့်စဉ်ရင်းမြစ်များ၏ ခေါင်းစဉ်အောက်တွင်ဖြစ်သည်။

အနှစ်သာရကိုးပါးအမတလောကအတွင်း ရင်းမြစ်များမှာ ကန့်သတ်ထားသည်။

ကျင့်ကြံသူများသည် ပိုမိုအဆင့်မြှင့်ချင်ပါက ပိုမိုကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။

ဤကဲ့သို့ဖရိုဖရဲအခြေအနေတွင် ကောင်းမွန်သောအဆင့်နိမ့်ကျင့်ကြံသူတော်တော်များများမှာ နစ်မြုပ်သွားကြမှန်း သိရမည်ဖြစ်သည်။

အရင်ကအတိုင်းဆိုလျှင် ကျန်းချန်ရွှမ်သည် ထိုကဲ့သို့ အရာမျိုးကို ဂရုစိုက်နေမည်မဟုတ်ပေ။

သို့သော် ယခုမူ သူသည် ကျန်းနိုင်ငံ၏အရှင်၊ တိုင်းပြည်အုပ်ချုပ်သူဖြစ်လာသည့်အတွက် ထိုကဲ့သို့အတိုင်းသာဆက်လက်ဖြစ်ပွားနေပါက အဆုံးတွင် ရှုံးနိမ့်သွားမည်ဖြစ်သည်။

သူသည် ဤအရှုပ်အရှင်းများတွင်း ကြားဝင်ရမည်ဖြစ်သည်။

အနည်းဆုံးတော့ ကျန်းနိုင်ငံအတွင်းတွင် ထိုကဲ့သို့ပရမ်းပတာဖြစ်ခြင်းမျိုးကို တားမြစ်ထားရမည်။

ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို ကြည့်ကာ မေးလိုက်သည်။

“မင်းအမြင်ဆိုရင်ရော ကိုယ်တို့ဘာဆက်လုပ်သင့်တယ်ထင်လဲ?”

ရှန်းရူယန်က ပြုံးလျက် ပြောလိုက်သည်။

“ကျွန်မတော့ ရှင့်မှာအကြံရှိပြီးသားလို့ထင်တယ်။ မဟုတ်ဘူးလား? ဒါပေမယ့် ရှင်ကမေးနေတော့လည်း ပြောပြပါ့မယ်။ ကွန်မအမြင်အရဆိုရင်တော့ ကျွန်မတို့ပထမဆုံးပြန်လည်တည်ဆောက်သင့်တာက ကျန်းနိုင်ငံရဲ့ စည်းမျဉ်းတွေလို့ထင်တယ်။ အထူးသဖြင့် ခိုးယူမှုနဲ့ သတ်ဖြတ်မှုတွေ၊ အဲ့ဒါတွေကို ရှင်းလင်းပစ်ရမယ်။

ဒုတိယအနေနဲ့ကတော့ ကျွန်မတို့တွေ အဆင့်နိမ့်ကျင့်ကြံသူတွေလေ့လာသင်ယူဖို့အတွက် နေရာတစ်ခုတည်ဆောက်ပေးနိုင်ရင်အကောင်းဆုံးပဲ။ ကျင့်စဉ်ကနေ အနုပညာစွမ်းရည်တွေထိ ပါဝင်ဖို့လိုအပ်တယ်။ လေ့လာသင်ယူမှုကြာချိန်က ဆယ်နှစ်လောက်ထိ ကြာသွားနိုင်တယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာ သူတို့က ကျွန်မတို့ရဲ့ စံတွေနဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင် လေ့လာသင်ယူဖို့ အထက်အဆင့်နေရာတစ်ခုကို ဝင်ရောက်နိုင်တယ်။

စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်တော့ သူတို့ရဲ့ ကိုယ်တိုင်လုပ်ဆောင်ချက်တွေအရ မတူညီတဲ့ နေရာတွေ စီစဉ်ပေးလို့ရမယ်။ ဆက်နေမလား ထွက်ခွာသွားမလားဆိုတာ ရွေးချယ်ဖို့ကတော့ သူတို့အပေါ်မူတည်တယ်။ ယောက်ျား အချိန်ကျလာရင်တော့ ရှင်ဒါကို ထပ်စဉ်းစားလို့ရတာပဲ...”

***

All Chapters