← Chapters

ကျန်းချန်ရွှမ်၏အစီအစဉ်၊ မည်သူကဆန့်ကျင်မှာလဲ? မည်သူကသဘောတူမှာလဲ?(၂)

Vol. 28 Ch. 534

ကျန်းချန်ရွှမ်၏အစီအစဉ်၊ မည်သူကဆန့်ကျင်မှာလဲ? မည်သူကသဘောတူမှာလဲ?(၂)

Vol. 28 Ch. 534

ရှန်းရူယန်၏ အကြံပြုချက်မှာ အလွန်အကျိုးအကြောင်းသင့်လှသည်ဟု ပြောရမည်။

သူတို့၎င်းကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ပါက ကျန်းနိုင်ငံ၏ ပတ်ဝန်းကျင်မှာ ဆယ်စုနှစ်အချို့အတွင်း သိသိသာသာ ပြောင်းလဲသွားလိမ့်မည်။

ထိုအချိန်တွင် ကျန်းတိုင်းပြည်တစ်ခုလုံးသည် ယခုထက် ဆယ်ဆမက ပိုမိုအားကောင်းလာလိမ့်မည်။

ထို့ကြောင့် ကျန်းနိုင်ငံ၏ ပိုင်ရှင်များအနေနှင့် သူတို့သည် ဤအစီအစဉ်မှ ကြီးမားစွာအကျိုးအမြတ်ရလိမ့်မည်။

အတိတ်တွင် သူတို့၌အင်အားမရှိခဲ့ပေ။

ယခုမူ…

သူတို့တွင် အင်အားရှိလာပြီဖြစ်သောကြောင့် ဤကိစ္စကို အလိုလိုပင် အာရုံပြုမိသွားကြသည်။

အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်တွင် သူတို့သည် များစွာသော ကန့်ကွက်မှုများကို သေချာပေါက် ရင်ဆိုင်ရမည့်အကြောင်း စိတ်ကူးယဉ်ကြည့်လို့ရပေသည်။

ပူးပေါင်းဆောင်ရွက်ခြင်းမပြုမည့် လူအချို့တောင် ရှိလာနိုင်သေးသည်။

အဲ့ဒီတော့ရောဘာဖြစ်လဲ?

စွမ်းအားက စကားအပြောဆုံးဖြစ်တဲ့ ဒီကျင့်ကြံရေးလောကမှာ ကျန်းနိုင်ငံရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေအနေနဲ့ သူတို့တွေက တကယ်ပဲ အဲ့ဒီလူတွေရဲ့ အတိုက်အခံပြုမှုတွေကို စိုးရိမ်နေရမှာလား?

…….

ရက်အနည်းငယ်ကြာပြီးနောက်….

ကျန်းချန်ရွှမ်သည် ထန်ပိုင်ရှန်း၊ ကျန်းရန်ယီနှင့် အခြားကျန်းမျိုးနွယ်စု၏ အထက်လူကြီးများအားလုံးကို အကြောင်းကြားစာ ပို့ခဲ့သည်။

ရှန်းယွမ်လုံ၊ ရှန်းတောက်မင်နှင့် ရှန်းမျိုးနွယ်စုမှ ကျင့်ကြံသူများအပါအဝင် သူတို့အကုန်လုံးသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ရှိသည့် ရွှမ်းမင်တောင်ထွတ်သို့ လာခဲ့ကြသည်။

ကျန်းချန်ရွှမ်သည် မည်သည်ကိုမှ ဖုံးကွယ်မထားဘဲ သူမည်သို့ဆက်လုပ်ချင်သည်ကို အားလုံးကို ပြောပြခဲ့သည်။

သူတို့ ၎င်းကိုကြားလိုက်သည့်အခါတွင် သူတို့၏ တုံ့ပြန်ချက်များမှာ မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။

သူတို့အကုန် အံ့အားသင့်သွားခဲ့ကြသည်။

သူတို့အကုန်လုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသော်လည်း မည်သူမှ စတင်စကားမပြောဆိုရဲပေ။

သိသိသာသာပင် ဤအစီအစဉ်သည် ကျန်းချန်ရွှမ်ဆီမှလာသည်ဟု မည်သူမှမထင်ပေ။

အချိန်အတော်အတန်ကြာပြီးနောက် မျိုးနွယ်စု၏ ခေါင်းဆောင်အနေနှင့် ကျန်းရန်ယီသည် ပထမဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ကာ ကျန်းချန်ရွှမ်ကို ပြောဆိုလိုက်သည်။

“ဘိုးဘေး၊ နောက်ပိုင်းမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရမယ့် တစ်စုံတစ်ခုများ ရှိဦးမလားဆိုတာ ကျွန်‌တော်သိချင်မိတယ်?”

သူ၏စကားများကိုကြားကာ လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဤနေရာတွင် သူတို့အားလုံးကို ခေါ်လိုက်သည်မှာ ကန့်ကွက်မှုများကို လက်ခံဖို့မဆိုထားနှင့် သူတို့မှာ ထင်မြင်ယူဆချက်များကိုပင် မေးမြန်းနေခြင်းမဟုတ်ပေ။ သူတို့ ပြုလုပ်ရန်လိုအပ်သည့်အရာမှာ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

လုံးဝဥဿုံ ပူးပေါင်းမှုပင်ဖြစ်သည်။

ခနကြာပြီးနောက် သူတို့အားလုံးသည် ဤပြုပြင်မွမ်းမံခြင်းတွင် ပါဝင်ရန် လိုလားသောဆန္ဒများ ပြသခဲ့သည်။

သူတို့ထဲတွင် အကြီးအကဲချုပ်ထန်ပိုင်ရှန်းလည်းပါဝင်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မည်မျှအင်အားကြီးလာကြမှန်း သူ့ထက်ဘယ်သူမှ ပိုမသိချေ။

တစ်ချိန်တည်း၌ပင် သူသည် ကျန်းနိုင်ငံ၌ ကျန်းချန်ရွှမ်နှင့် သူ့မိန်းမတို့ တစ်စုံတစ်ခုလုပ်ချင်နေသရွေ့ သူတို့အား တားဆီးလို့ မရနိုင်မှန်းကို ကောင်းကောင်းသိသည်။

တစ်ခုတည်းသောကွာခြားချက်မှာ မည်မျှကြာမည်ဟူသည့်ကိစ္စပင် ဖြစ်သည်။

လူတိုင်း၏တုံ့ပြန်ပုံများကိုမြင်ကာ ကျန်းချန်ရွှမ်သည် အားရကျေနပ်မှုဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် လုပ်ငန်းတာဝန်များကို ခွဲဝေပေးခဲ့သည်။

ပထမဆုံးအနေဖြင့် သူသည် အားလုံးကို အမျိုးမျိုးသောဂိုဏ်းများနှင့် မျိုးနွယ်စုများသို့ သွားစေကာ ၎င်းတို့၏ ကိုယ်စားလှယ်များကို မှော်ဝင်တိုင်တောင်သို့ လဝက်အတွင်း လာရောက်စေခဲ့သည်။

ထို့ပြင် သူသည် ကျန်းနိုင်ငံအတွင်း ပြဿနာရှာသူများအားလုံးကို ဖယ်ရှားရှင်းလင်းရန် တရားဥပဒေစိုးမိုးရေး ဌာနတစ်ခုတည်ဆောက်ရန် မျိုးနွယ်စုထဲရှိ လူတိုင်းအား မေးမြန်းခဲ့သည်။

ခေါင်းဆောင်မှာတော့ သူနှင့် ရှန်းရူယန်၏ သီးသန့်တပည့်ဖြစ်သည့် ကျန်းအန်းရန်ကလွဲ၍ မည်သူမျှ မဖြစ်နိုင်ပေ။

ဆယ်စုနှစ်များစွာ ခရီးသွားပြီးသည့် နောက်တွင် ကျန်းအန်းရန်၏ ကျင့်စဉ်မှာ ရွှေအမြုတေအလယ်ဆင့်သို့ရောက်ရှိသွားပြီဖြစ်သည့်အတွက် အလွန်ကောင်းမွန်သွားသည်ဟုပြောရမည်။

ရွှေအမြုတေနောက်ဆုံးအဆင့် ကျင့်ကြံသူအချို့တောင် သူမ၏ပြိုင်ဘက် မဟုတ်တော့ပေ။

ထိုအချိန်တွင် သူမသည် ကျန်းချန်ရွှမ်၏ ညွှန်ကြားမှုများကို ကြားသောအခါ ချက်ချင်းခေါင်းငုံ့ကာအမိန့်ကို လက်ခံလိုက်သည်။

ထို့နောက် ကျန်းချန်ရွှမ်သည် လျူလင်းလုံ၊ ကျန်းရန်ထောင်၊ ကျန်းယွင်ချန်းနှင့် အခြားသူများကို မျိုးနွယ်စုထဲမှ အပြင်လူများကို သင်ကြားပေးနိုင်မည့် အချို့ကျင့်စဉ်နည်းစနစ်များကို စီစဉ်ပေးရန် မေးမြန်းခဲ့သည်။

သူသည် ထိုသူတို့အား မြန်နိုင်သမျှမြန်မြန်သင်ပေးနိုင်မည့် တပည့်အုပ်စုတစ်ခုကိုလည်း စီစဉ်ထားရန် ပြောဆိုခဲ့သည်။

ပြန်လည်ရောက်ရှိလာပြီဖြစ်သည့် ဟွမ်းလင်းအာသည် ဤအလုပ်ကို ဆောင်ရွက်ရန် စတင်ပ‌ဏာမခြေလှမ်းယူလိုက်သည်။

သူမသည် ဤကိစ္စကို အကူအညီပေးချင်ပြီး ဆရာတစ်ယောက်ဖြစ်လာလိုကြောင်း ပြောကြားခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အလိုအလျောက်ပင် သဘောတူခဲ့သည်။

ဤနည်းဖြင့် ကိစ္စတစ်ခုလုံး၏ ဖွဲ့စည်းမှုကို ကျန်းချန်ရွှမ်နှင့် သူ၏တွဲဖက်တို့က ချက်ချင်း တည်ထောင်ခဲ့သည်။

…..

လဝက်ခန့်ကြာပြီးနောက်

ကျန်းနိုင်ငံရှိ ဂိုဏ်းများနှင့်မျိုးနွယ်စုများအားလုံးမှ ကိုယ်စားလှယ်များသည် မှော်ဝင်တိုင်တောင်သို့ ရောက်ရှိလာပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ကာ သူ၏အစီအစဉ်အကြောင်း သူတို့ကို ပြောပြခဲ့သည်။

အခြေအနေမှာ လွန်ခဲ့သော လဝက်ခန့်ကနှင့် အတူတူပင်ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မည်သို့ဆက်လုပ်မည်ကို ထိုသူများကြားသောအခါ သူတို့အကုန် အံ့အားသင့်သွားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ကျန်းမျိုးနွယ်စု၏ တုံ့ပြန်မှုနှင့်မတူဘဲ တစ်စုံတစ်ယောက်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ချက်ချင်းမေးခွန်းထုတ်ကာ ၎င်းမှာ မသင့်လျော်သည့်အကြောင်း ပြောကြားခဲ့သည်။

၎င်းမှာ ယန်နိုင်ငံမှ ရွှေအမြုတေမျိုးနွယ်စုတစ်ခုဖြစ်သည့် ဖန်းမျိုးနွယ်စုဖြစ်သည်။

တုံ့ပြန်ချက်အနေဖြင့် ကျန်းမျိုးနွယ်စုမှ ကျင့်ကြံသူအားလုံးသည် ဖန်းမျိုးနွယ်စုကို သနားသလို ကြည့်နေခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ထို့နောက်တွင် တက်ရောက်လာသည့်လူတိုင်းအား ဒူးထောက်စေနိုင်သည့် ကြောက်မက်ဖွယ်ဖိအားတစ်ခုသည် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မှ ပေါက်ထွက်လာသောကြောင့် ဖြစ်သည်။

ဂျိန်း!

ချက်ချင်းဆိုသလိုပင် မှော်ဝင်တိုင်တောင်ပေါ်ရှိ ကောင်းကင်မှာ နက်မှောင်လာသည်။

ယခုလေးတင် စကားပြောဆိုနေသည့် ဖန်းမျိုးနွယ်ဝင်များ၏ အမူအယာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“အား!”

တစ်ချိန်တည်း၌ပင်

ဖန်းမျိုးနွယ်စု၏ခေါင်းဆောင်သည် ပါးစပ်အပြည့်သွေးများ အန်ထုတ်ခဲ့ပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။

သူသည် ချက်ချင်းပင် ဒဏ်ရာများ ရရှိသွားသည်။

ကျန်သည့် ဖန်းမျိုးနွယ်ဝင်များလည်း အခြေအနေမကောင်းကြတော့ပေ။

သူတို့အားလုံးသည် မူလဝိညာဉ်အဆင့်တွင် ဒဏ်ရာရရင်ရ မဟုတ်ပါက ဓမ္မစွမ်းအားများ ပြောင်းပြန်စီးဆင်းကာ ပျိုပျစ်နုနယ်မှုများ ထိခိုက်သွားခဲ့ကြသည်။

သူတို့သည် သနားဖွယ်အခြေအနေတွင် ကျရောက်နေသည်။

၎င်းသည် မူလကဆူညံနေသာအခြေအနေကို ချက်ချင်း အလွန်တိတ်ဆိတ်သွားစေခဲ့သည်။

လူတိုင်းသည် ကျန်းချန်ရွှမ်ကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

ကျန်းချန်ရွှမ်ကတော့ စိတ်မဝင်စားပုံပေါ်နေသည်။

သူ၏အကြည့်များသည် လူတိုင်းကို ဖြည်းဖြည်းချင်း လွှမ်းမိုးသွားနောက် အဆုံးတွင် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

“ငါမင်းတို့ကိုထပ်မေးမယ်။ ဘယ်သူဆန့်ကျင်မှာလဲ? ဘယ်သူသဘောတူမှာလဲ?”

ဤတစ်ကြိမ်တွင် မည်သူမှ မကန့်ကွက်ရဲတော့ပေ။

ကျောက်စိမ်းရေဓားစင်မြင့်မှ ဟောင်တုန်းပိုင်က စတင်ပြောဆိုခဲ့သည်။

“စီနီယာကျန်း ငါတို့ကျောက်စိမ်းရေဓားစင်မြင့်က မင်းနဲ့ပူးပေါင်းမယ်!”

ကန်းရန်ဂိုဏ်းမှ ကျန်းပိုင်လုံက လက်သီးဆုပ်လျက် ပြောလိုက်သည်။

“ကျုပ်တို့ကန်းယန်ဂိုဏ်းလည်း ခင်‌ဗျားတို့နဲ့ပူးပေါင်းပါ့မယ်”

“ငါတို့ကောင်းကင်ယွဲ့ဂိုဏ်းလည်းအတူတူပဲ”

“မြောက်ဘက်တိမ်တိုက်ဂိုဏ်းလည်းအတူတူပါပဲ”

ခနကြာပြီးနောက် ဂိုဏ်းများနှင့် မျိုးနွယ်စုများအးလုံးမှ သူတို့၏ ပူးပေါင်းလိုသည့်ဆန္ဒကိုပြသခဲ့ကြသည်။

“ကောင်းပြီ!”

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ မျက်နှာပေါ်၌ ခပ်ရေးရေးအပြုံးတစ်ခု ပေါ်လာခဲ့သည်။

သူသည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင်တော့ ငါလူတိုင်းကို အနှောက့်အယှက်ပေးမိပါပြီ။ ငါ ငါတို့ကျန်းမျိုးနွယ်စုက တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို သဘောတူပေးဖို့နဲ့ တိတ်တဆိတ်ဆန့်ကျင်ကန့်ကွက်ပြောဆိုနေတာမျိုးတွေ မလုပ်ကြဖို့ အကုန်လုံးကို ပြောချင်ပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ ငါ့ကို အညှာတာကင်းမဲ့တယ်၊ ငါတို့ရဲ့ အတိတ်ကဆက်နွယ်ခဲ့တဲ့ ဆက်ဆံရေးတွေကို လျစ်လျူရှုတယ်ဆိုပြီး အပြစ်မတင်ကြပါနဲ့”

ထို့နောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဆက်မနေတော့ပေ။

သူတို့သည် လူတိုင်း၏မြင်ကွင်းမှ လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် မူလကစိုးရိမ်နေကြသည့်သူများမှာ စိတ်သက်သာမှုဖြင့် သက်ပြင်းချနိုင်ခဲ့တော့သည်။

အထူးသဖြင့် ဖန်းမျိုးနွယ်စုပင် ဖြစ်သည်။

မည်သို့မျှပြောဆိုခြင်းမရှိဘဲ သူတို့သည် ကျန်းရန်ယီဆီသို့ တည့်တည့်သွားကာ မေးလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်ကျန်း၊ ငါတို့ကိုတကယ့်ကိစ္စကိုပြောပါဦး။ ငါတို့စီနီယာကျန်းရဲ့ညွှန်ကြားချက်တွေကို လိုက်နာပါ့မယ်”

ဖန်းမျိုးနွယ်စု၏ တုံ့ပြန်မှုကိုမြင်ကာ အခြားသူများ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ခနကြာသောအခါ သူတို့ပြန်လည်အသိဝင်လာပြီး ကျန်းရန်ယီဆီသို့ တစ်ယောက်ပြီးတစ်ယောက် လမ်းလျှောက်သွားလိုက်ကြသည်။

သူတို့သည် ပိုမိုအာရုံပြုနိုင်ရန်နှင့် ပိုမိုအသေးစိတ်ကျသောကိစ္စများအတွက် လိုအပ်သည့် အချက်အလက်များအကြောင်း စတင်မေးမြန်းခဲ့သည်။

…..

ရွှမ်းမင်တောင်ထွတ်တွင်

ရှန်းရူယန်သည် ဧည့်ကြိုတောင်ထွတ်အောက်ရှိ မြင်ကွင်းကိုကြည့်ပြီးနောက် ကျန်းချန်ရွှမ်ကို ကြည့်ကာ ပြုံးလိုက်သည်။

“ယောက်ျား ကြည့်ရတာ ရှင်ကသူတို့ကို နည်းနည်းလန့်သွားစေပုံပဲ။ ဒီပုံစံကိုကြည့်ရတာတော့ ကျွန်မတို့အစီအစဉ်က ချောချောမွေ့မွေ့ရှိနေတာပဲ”

ကျန်းချန်ရွှမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ကိုယ် သူတို့တွေ မဆင်မခြင် မလုပ်ဖို့တော့ မျှော်လင့်တာပဲ။ မဟုတ်ရင်တော့ သူတို့ကို သင်ခန်းစာပေးဖို့ကလွဲရင် တခြားရွေးစရာမရှိဘူး။ တစ်ချိန်တည်းမှာပဲ ကိုယ်ဒီကိစ္စမှာ အာရုံစိုက်နိုင်အောင် ကူညီပေးဖို့ တာအိုရောင်းရင်းထန်ကိုလည်း မေးထားတယ်။ သူ့နားမှာရှိနေရင်တော့ အလွဲအမှားတွေ သိပ်မဖြစ်နိုင်လောက်ပါဘူး”

ထိုအခြေအနေတွင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။

“မိန်းမ၊ စီစဉ်စရာရှိတာတွေအကုန်ပြီးတော့မယ်။ ကိုယ်တို့ အတူတူ တံခါးပိတ်ကျင့်ကြံကြရင်မကောင်းဘူးလား? ကိုယ်တို့ ဒီတစ်ခေါက် အပျက်အစီးနယ်မြေကိုသွားတဲ့ခရီးကနေ ရလာတဲ့ အကျိုးအမြတ်တွေကို ချေဖျက်နိုင်တာပေါ့....”

***

All Chapters