← Chapters

တာအိုရှာဖွေရေးကျောင်း၊ နှစ်၂၀ကြာပြီးနောက်

Vol. 28 Ch. 535

တာအိုရှာဖွေရေးကျောင်း၊ နှစ်၂၀ကြာပြီးနောက်

Vol. 28 Ch. 535

အမှန်ပင်…

သူတို့နှစ်ယောက်သည် ဤတံခါးပိတ်ကျင့်ကြံခြင်းအတွင်း လုပ်စရာများစွာ ရှိသေးသည်။

ဥပမာအားဖြင့် ရှန်းရူယန်တွင် စစ်မှန်သောရတနာများကိုသန့်စင်ခြင်း၊ နတ်စွမ်းအားများကို နားလည်နိုင်ခြင်းနှင့် သူမ၏ကျင့်စဉ်ကို မြှင့်တင်ခြင်းကဲ့သို့ ကိစ္စရပ်များရှိနေသည်။

ကျန်းချန်ရွှမ်လည်း အတူတူပင် ဖြစ်သည်။

သူသည်သူ၏ နက်ရှိုင်းမြေဓာတ်ပုဆိန်လှံကို ရတနာစင်စစ်အဆင့်သို့ မြှင့်တင်ရန်လိုအပ်ပြီး ထပ်ပေါင်းအနေဖြင့် အပျက်အစီးနယ်မြေမှရရှိလာခဲ့သည့် ‌ထျန့်ခွေမြက်နှင့် အခြားဝိညာဉ်ပစ္စည်းများကို ကိုယ်ခန္ဓာမွမ်းမံခြင်းပြုလုပ်ရန်အတွက်လည်း အသုံးပြုချင်သေးသည်။

အချိန်ရမည်ဆိုပါက သူသည် ဝိညာဉ်သွေးကြောကို မည်သို့ပြုပြင်ရမည်ကိုလည်း လေ့လာချင်သည်။

အတိုပြောရလျှင် သူတို့နှစ်ယောက်အတွက် အချိန်မှာ အလွန်ကျပ်တည်းလွန်းနေသည်။

ထို့ကြောင့် သူတို့နှစ်ယောက်သည် ကြာကြာ အချိန်မဆွဲရဲပေ။

…..

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းပင် ငါးနှစ်ကုန်လွန်သွားသည်။

လွန်ခဲ့သည့်ငါးနှစ်အတွင်းတွင် ကျန်းချန်ရွှမ်၏ တောင်းဆိုမှုအရ သင်ကြားရေးနေရာများစွာကို ဆောက်လုပ်ခဲ့သည်။

နာမည်ကိုလည်း ကျန်းချန်ရွှမ်၏ တောင်းဆိုမှုအရ တာအိုရှာဖွေရေးကျောင်းဟု သတ်မှတ်ခဲ့သည်။

ကျောင်းတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။

အဆင့်နိမ့်ကျောင်းတွင် သင်ကြားပြသသည်များမှာ ကျင့်စဉ်အခြေခံများကို အဓိကထားပြီး အစောပိုင်းမှ အလယ်အဆင့်သို့ ချီသန့်စင်ခြင်းနှင့် သက်ဆိုင်သော အသိပညာများနှင့် လိုအပ်ချပ်များကို သင်ကြားပေးသည်။

သင်သည် တိကျသော အချိန်တစ်ခုအတွင်း ချီသန့်စင်ခြင်း၏ အလယ်အဆင့်သို့ရောက်သည်နှင့် မဟုတ်ပါကလည်း တိကျသောအကဲဖြတ်မှုတစ်ခုကို ပြီးမြောက်သည်နှင့် ကျောင်းတွင် ဆက်လက်သင်ကြားနိုင်သည်။

လိုအပ်ချက်များနှင့် ကိုက်ညီပါက အလယ်ဆင့်ကျောင်းတွင် သင်ကြားရန်လည်း လျှောက်ထားနိုင်သည်။

အလယ်ဆင့်ကျောင်းတွင် အဓိကအကြောင်းအရာမှာ ချီသန့်ခြင်း၏အလယ်ဆင့်မှ နောက်ဆုံးအဆင့်သို့ ကျင့်စဉ်ဖြစ်သည်။

ထို့ပြင် ၎င်းတွင် မန္တန်များနှင့် နည်းစနစ်များနှင့် ပက်သက်သည့် အသိပညာများစွာလည်း ပါဝင်သည်။

၎င်းတို့သည် ကျင့်စဉ်အနုပညာများ၏ အကြမ်းဖျင်းရည်ညွှန်းချက်ဖြစ်သည်။

အထက်ဆင့်ကျောင်းတွင် ကျွမ်းကျင်ပြီးမြောက်သွားသောအခါ သင်သည် အနာဂတ်အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် လုံလောက်သောရင်းမြစ်များကို စုဆောင်းနိုင်ရန် အပြင်သို့ထွက်ကာ လေ့ကျင့်သင်ကြားနိုင်ရန်အတွက် များစွာသောတာဝန်များကို စီစဉ်ပေးခြင်းခံရမည်။

လုံလောက်သောအထောက်အပံ့ပစ္စည်းများကို စုဆောင်းမိသရွေ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုကျော်ဖြတ်ရန် လိုအပ်သည့် အခြေခံတည်ဆောက်ခြင်းဆေးလုံးမှာ အခက်အခဲတစ်ခု မဟုတ်တော့ပေ။

သင်၎င်းကိုရရှိပြီးသောအခါ သင့်ဆီမှ ၎င်းကို အခြားသူများ လုယူနိုင်မယုနိုင်ကိုလည်း စိုးရိမ်စရာမလိုတော့ပေ။

အဘယ်ကြောင့်ဆိုသော် ကျောင်းတွင် မည်သူမှ ထိုသို့မလုပ်ရဲသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းကို တွေ့ရှိပါက အကောင်းဆုံးအပြစ်ပေးမှုအနေဖြင့် သူတို့၏ ကျင့်စဉ်ကို ဖျက်ဆီးခြင်းခံရမည်။

အဆိုးဆုံးအနေဖြင့် သူတို့သည် တိုက်ရိုက်အသတ်ခံရနိုင်ပေသည်။

အမှန်ပင် ဤရွေးချယ်မှုတွင် နှစ်ဦးနှစ်ဖက်ပါဝင်သည်။

အခြေခံ‌တည်ဆောက်ခြင်းကို အောင်မြင်စွာ ပြီးဆုံးသွားသရွေ့ ဂိုဏ်းတစ်ခု သို့မဟုတ် မျိုးနွယ်စုတစ်ခုကို ချိတ်ဆက်ဖို့ရွေးချယ်ရန် အခွင့်အရေးတစ်ခု ရရှိပေမည်။

သို့သော် သူတို့မှ လက်မခံလိုပါက အတင်းအကျပ်ဖိအားပေးလက်ခံခိုင်း၍ မရပေ။

ဒါပေါ့၊ ဒီလိုမဖြစ်အောင် စနစ်သစ်၏ အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်အတွင်း အနှောင့်အယှက်တစ်ခုခု မရှိဖို့တော့လိုသည်။

မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့ အနှောင့်အယှက်မျိုးသည် ကျန်းစုံတွဲ ပိုင်ဆိုင်ထားသည့် အကြွင်းမဲ့အားကောင်းသောစွမ်းအားမျိုးရှေ့တွင် ထုတ်ဖော်ပြောဆိုရန် မလိုအပ်ပေ။

ထိုအချိန်တွင် တာအိုရှာဖွေရေးကျောင်းသို့ လာကြသည့် ပထမဆုံးကျောင်းသားတစ်သုတ်မှာ စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေကြသည်။

ကျောင်းသားအများစုမှာ အဆင့်နိမ့် လေလွင့်ကျင့်ကြံသူများနှင့် ဝိညာဉ်အမြစ်ရှိမရှိ စစ်ဆေးခံလာရသည့် သာမန်သေမျိုးများ ဖြစ်ကြသည်။

ကြီးမားသည့် ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ တပည့်တပန်းများလည်း ပါဝင်သည်။

သူတို့သည် မြင့်မားသော အဆောက်အအုံများနှင့် ခမ်းနားထည်ဝါ‌သောတောင်များကို ကြည့်ရှုနေကာ အနားပတ်လည်ရှိ သိပ်သည်းသော ဝိညာဉ်ချီကို အာရုံခံမိလိုက်ကြသည်။

လေထုထဲတွင် သိမ်မွေ့စွာ စူးဝင်ပျံ့နှံနေသည့် မှိန်ပျပျ အော်ရာကျက်သရေတစ်ခုသည် ဤနေရာတွင်တည်ရှိနေကာ ကြီးမားသောဂိုဏ်းများနှင့် မျိုးနွယ်စုများမှ တပည့်များပင်လျှင် နက်ရှိုင်းသောကြည်ညိုမှုတစ်ခုကို အာရုံခံမိလိုက်သည်။

ထိုအချိန်တွင် ရိုးသားပုံပေါ်သည့် လူငယ်တစ်ယောက်က ပြောလိုက်သည်။

“ဒီနေ့ကစပြီး ကျွန်တော်တို့ဒီနေရာမှာ ၁၀နှစ်နေရမှာလား?”

သူ၏စကားများကိုကြားကာ ဤကျောင်းသားအသစ်တစ်သုတ်ကို ဦးဆောင်ရန် တာဝန်ရှိသည့် ကျန်းမျိုးနွယ်စုမှ အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်တစ်ယောက်သည် ပြုံးလျက် ပြောလိုက်သည်။

“အတိအကျပြောရရင်တော့ မင်းတို့ဒီမှာ ၁၀နှစ်ကျင့်ကြံရမှာ။ ငါမင်းတို့ကို ဒီအကြောင်း ပြောပြပြီးပါပြီ။

မင်းတို့ ဝီရိယရှိရှိသင်ယူပြီး တစ်စုံတစ်ခုကို အောင်မြင်သွားလို့ရှိရင် မင်းတို့ အလယ်ဆင့် ဒါမှမဟုတ် အထက်ဆင့်ကျောင်းကို တက်ရောက်ပြီးတော့တောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်တယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့ကိုယ်တိုင်အတွက် ကျင့်စဉ်လောကမှာ ခိုင်မာတဲ့ အခြေခံတစ်ခု တည်ဆောက်ပြီးသား ဖြစ်သွားလိမ့်မယ်။ အနာဂတ်ကျရင် မင်းတို့ကို မျိုးနွယ်စု တစ်ခု ဒါမှမဟုတ် ဂိုဏ်းတစ်ခုက လက်ခံပြီးတဲ့နောက်မှာ မင်းတို့ သူတို့တွေရဲ့ အမွေအနှစ်တွေကို လက်ခံရရှိပြီး တောက်ပတဲ့အနာဂတ်တစ်ခု ရရှိလိမ့်မယ်။ ‌ဒါကြောင့် ကြိုးကြိုးစားစားသင်ယူကြ။

ဒါကမင်းတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ။ ဒါက ငါတို့ရဲ့ဘိုးဘေးတွေက မင်းတို့အတွက် အထူးဖန်တီးပေးထားတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။ မင်းတို့ ဒီအခွင့်အရေးကို ဖြုန်းတီးမပစ်ဖို့တော့ ငါမျှော်လင့်ပါတယ်”

ထိုစကားများကိုကြားကာ ကလေးငယ်များနှင့် လူငယ်များသည် ထူးထူးကဲကဲ တည်ငြိမ်သွားကြသည်။

ဤနေရာကို လာရောက်ရန် ရွေးချယ်ခဲ့ကြသူအားလုံးသည် စဉ်းစားတွေးခေါ်တတ်ကြသည်။

အထူးသဖြင့် အောက်ခြေအဆင့်မှ လေလွင့်ကျင့်ကြံသူ ကလေးငယ်များ ဖြစ်သည်။

သူတို့သည် သူတို့၏ရှေ့ရှိ အခွင့်အရေးမှာ မည်မျှ ရှားပါးမှန်း ပိုမိုလေးလေးနက်နက်သိပေသည်။

‘ငါဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ငါ့ဘဝနဲ့ ငါ့မိသားစုဘဝပြောင်းလဲဖို့ ကြိုးစားရမယ်။’

တစ်မူထူးခြားသည့် စိတ်ဓာတ်ပြတ်သားသော လူငယ်တစ်ယောက်သည် လက်သီးကို ကျစ်ကျစ်ဆုပ်ထားကာ သူ၏နှလုံးသားထဲမှ ကျိန်ဆိုလိုက်သည်။

ဘွန်း!

ကျန်းမျိုးနွယ်စုမှ အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်များသည် ဤကျောင်းသားသစ်တစ်စုကို ကျောင်း၏ ဗဟိုနေရာသို့ခေါ်ဆောင်လာသည်နှင့် အဝေးမှ အားကောင်းသောအော်ရာများ ရုတ်တရက် နီးကပ်လာသည်။

မကြာမီတွင် ဗဟိုစင်မြင့်ပေါ်တွင် ပုံရိပ်များ ပေါ်ပေါက်လာသည်။

အလယ်ဗဟိုတွင် အဖြူရောင်ဝတ်စုံနှင့် လှပသောအမျိုးသမီးတစ်ယောက်ရှိနေသည်။

သူမသည် ကောင်းကင်ဘုံကိုးခုမှ သေမျိုးလောကသို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးနှင့်တူနေသည်။

ကျောင်းသားသစ်များအားလုံးသည် မိန်းမောတွေဝေမှုဖြင့် ငေးကြည့်နေခဲ့ကြသည်။

ဂိုဏ်းကြီးများမှ နောက်လိုက်များလည်း ချွင်းချက်မရှိပေ။

သူတို့သည် ဤကဲ့သို့ ပြီးပြည့်စုံသော အမျိုးသမီးတစ်ယောက်ကို မတွေ့ဖူးကြချေ။

သူမ၏ပုံစံနှင့် ရုပ်ဆင်းသွင်ပြင်တို့မှာ သေမျိုးလောကမှင့် မသက်ဆိုင်နေပေ။

“ကျောင်းအုပ်ကို နှုတ်ဆက်ပါတယ်!”

ထိုအချိန်တွင် အကြီးအကဲပုဂ္ဂိုလ်များသည် စင်မြင့်ဗဟိုရှိ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကို ဦးညွှတ်လိုက်ကြသည်...

***

All Chapters