တာအိုရှာဖွေရေးကျောင်း၊ နှစ်၂၀ကြာပြီးနောက်(၂)
Vol. 28 Ch. 536
၎င်းကိုမြင်ကာ ကျောင်းသားသစ်များ ချက်ချင်းအသိပြန်ဝင်လာပြီး အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကို ဦးညွှတ်လိုက်ကြသည်။
“ကျောင်းအုပ်ကို နှုတ်ဆက်ပါတယ်”
“ကောင်းပြီ မင်းတို့အကုန် ထကြပါ။”
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ညင်သာစွာပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမ၏အသံသည် ငှက်ကလေးတစ်ကောင်၏ ကျူကျူကျာကျာမြည်သံကဲ့သို့ လူတိုင်း၏နားထဲသို့ ဝင်ရောက်လျက်ရှိသည်။
တစ်ချိန်တည်း၌ပင် သူတို့၏ ကွေးညွတ်နေသောကျောကုန်းကို ဖြောင့်မတ်သွားစေသည့် ညင်သာသောအားတစ်ခုကိုလည်း အသေအချာခံစားမိလိုက်ကြသည်။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြောလိုက်သည်။
“စည်းမျဉ်းတွေကိုအသေးစိတ်ရှင်းပြဖို့တော့မလိုလောက်တော့ဘူးလို့ထင်တယ်။ ဒီမှာ ငါတစ်ခုပဲပြောချင်တယ်။ မင်းတို့မှာ မူကွဲဝိညာဉ်အမြစ် နှစ်ခု၊ သုံးခု၊ လေးခု၊ ဒါမှမဟုတ် ငါးခုပဲရှိနေပါစေ မင်းတို့ကိုယ်တိုင်လက်မလျှော့သေးသရွေ့ ငါ့ရဲ့တာအိုရှာဖွေရေးကျောင်းမှာ မင်းတို့အတွက် အမြဲတမ်းအခွင့်အရေးတစ်ခုရှိတယ်။ ဒီနေ့ကနေစပြီးတော့ မင်းတို့တွေက ငါ့ရဲ့တာအိုရှာဖွေရေးကျောင်းရဲ့ ဂုဏ်ထူးဆောင်ကျောင်းသားတွေဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
ပြီးတော့ အနာဂတ်မှာလည်း ငါ့ရဲ့တာအိုရှာဖွေရေးကျောင်းမှာ မင်းတို့လိုကျောင်းသားတွေရှိတဲ့အတွက် ဂုဏ်ယူရမယ်လို့မျှော်လင့်တယ်”
၎င်းကိုပြောပြီးသောအခါ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ကြာကြာဆက်မနေတော့ပေ။
သူမ၏ပုံရိပ်သည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
၎င်းကိုမြင်ကာ ပညာရပ်နည်းပြများသည် ထပ်မံဦးညွှတ်လိုက်ကြသည်။
“ကျောင်းအုပ်ကို နှုတ်ဆက်ပါတယ်!”
…..
ခနကြာပြီးနောက်
ကျောင်းအုပ်၏ ကိုယ်ရေးအချက်အလက်နှင့် ပက်သက်ပြီး ကျောင်းသားအချို့က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းကြသည်။
ထိုအချိန်တွင် ကျန်းမျိုးနွယ်စု၏ အခြေခံတည်ဆောက်ခြင်းအဆင့်နောက်လိုက်က နှစ်ထောင်းအားရမှုဖြင့် ပြောလိုက်သည်။
“မင်းတို့တွေ မသိကြသေးဘူးမလား? ငါတို့ရဲ့ကျောင်းအုပ်က ကျန်းမျိုးနွယ်စု ဘိုးဘေးတွေရဲ့ တိုက်ရိုက်တပည့်ပဲ။ တစ်ချိန်တည်းမှာပဲ သူမက ကျန်းနိုင်ငံရဲ့ ကျော်ကြားတဲ့ ရွှေအမြုတေအဆင့်တစ်ယောက်လည်း ဖြစ်တယ်။ သူမသွားလိုက်တဲ့နေရာတိုင်းက နတ်ဆိုးတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေက အရပ်မျက်နှာအားလုံးကို ထွက်ပြေးသွားတတ်ကြတယ်လို့ ပြောကြတယ်”
“သူမကတကယ်ပဲ အခြေတည်ဝိညာဉ်ဘိုးဘေးတွေရဲ့ တိုက်ရိုက်တပည့်လား?”
ကျောင်းသားအားလုံး အံ့အားသင့်သွားခဲ့ကြသည်။
သူတို့သည် အခြေတည်ဝိညာဉ်ဘိုးဘေးက အမှန်တကယ်ပင် သူ၏တိုက်ရိုက်တပည့်ကို တာအိုရှာဖွေရေးကျောင်း၏ ကျောင်းအုပ်အနေဖြင့် စေလွှတ်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
၎င်းကြောင့် ဘိုးဘေးများသည် ဤကိစ္စရပ်အပေါ်တွင် ကြီးမားသောအရေးပါမှုတစ်ခုထားရှိကြောင်း သိမြင်နိုင်သည်။
ထိုအချိန်တွင် မည်သူပဲဖြစ်နေပါစေ
ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုကြီးများမှ နောက်လိုက်များပင်လျှင် သူတို့၏နှလုံးသားထဲတွင် လောင်ကျွမ်းနေသည့် စိတ်အားထက်သန်မှုတစ်ခုကို ခံစားမိလိုက်ကြသည်။
…..
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းပင် ဆယ်နှစ်ကျော်ကျော်ကုန်လွန်သွားသည်။
လွန်ခဲ့သည့် ဆယ်နှစ်အတွင်း တာအိုရှာဖွေရေးကျောင်း၏ ဖွံ့ဖြိုးမှုမှာ ပို၍ပို၍ လျင်မြန်လာသည်။
ကျောင်းသို့ဝင်ရောက်လာကြသည့် ကျောင်းသားသစ်အသုတ်များ တော်တော်များများပင် ရှိနေပေပြီ။
အစောဆုံးအသုတ်သည် အဆင့်နိမ့်အတန်းတွင် သူတို့၏ သင်ယူမှုများကို လွန်ခဲ့သည့်ဆယ်နှစ်ခန့်ကပြီးဆုံးခဲ့ပြီး အလယ်ဆင့်သင့်ရိုးဆီသို့ အောင်မြင်စွာဝင်ရောက်သွားပြီဖြစ်သည်။
ထို့ပြင် ကျန်းနိုင်ငံအတွင်း အမိန့်ထုတ်ပြန်ချက်များမှာ ပို၍ပို၍ တည်ငြိမ်လာသည်။
အနည်းဆုံးတော့အပေါ်ယံတွင် လူတော်တော်များများသည် လူသိရှင်ကြား သတ်ဖြတ်ခြင်း၊ ရတနာများခိုးယူခြင်းများ မပြုလုပ်ရဲတော့ပေ။
တစ်ခါတစ်ရံတွင် ပြုလုပ်မိခဲ့ရင်တောင် ၎င်းကို ဖုံးကွယ်ထားရုံသာတတ်နိုင်ပြီး သိသိသာသာထုတ်မပြရဲပေ။
အကြောင်းကတော့ ထိုသို့ပြုလုပ်သူများသည် ကြမ္မာဆိုးနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။
ကျန်းနိုင်ငံတစ်ခုလုံး၏ အမိန့်များ ပြောင်းလဲသွားမှုနှင့် တာအိုရှာဖွေရေးကျောင်း၏လွှမ်းမိုးမှုတို့ကြောင့် လူများ၏စိတ်မှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာခဲ့သည်။
ကျန်းနိုင်ငံရှိ လူများ၏ ကံကောင်းမှုများမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာသည်။
သူ၏တံခါးပိတ်ကျင့်ကြံခြင်းတွင် ရောက်ရှိနေသည့် ကျန်းချန်ရွှမ်သည် ၎င်းကို အခံစားမိဆုံးဖြစ်သည်။
အကြောင်းမှာ သူ၏မူလဓမ္မရတနာ၊ နက်ရှိုင်းမြေဓာတ်ပုဆိန်လှံ သို့မဟုတ် ကိုယ်ခန္ဓာမွမ်းမံခြင်းကိုပြုလုပ်ရန် ထျန့်ခွေပင်တို့ကို အသုံးပြုခြင်းစသည်တို့မှာ မည်သည့်အခက်အခဲမှ မရှိဘဲ အရာအားလုံးကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်သွားသောကြောင့် ဖြစ်သည်။
အနှစ်၂၀တောင်ရှိတော့မည် ဖြစ်သည်။
သူ၏နက်ရှိုင်းမြေဓာတ်ပုဆိန်လှံသည် ပဉ္စမအဆင့်ရတနာစင်စစ်တစ်ခုသို့ အောင်မြင်စွာ တက်လှမ်းသွားပြီဖြစ်သည်။
ထျန့်ခွေပင်နှင့် အခြားကိုယ်ခန္ဓာမွမ်းမံခြင်းဝိညာဉ်ပစ္စည်းများ၏ အကူအညီဖြင့် သူ၏ကိုယ်ခန္ဓာမွမ်းမံခြင်းကျင့်စဉ်သည် ပဉ္စမအလယ်ဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်သည်။
ထို့ပြင်သူသည် ထိခိုက်ထားသော ဝိညာဉ်အမြစ်များကို မည်သို့ပြုပြင်ရမည်ဟူသည့် အပေါ်တွင်လည်း သဘောပေါက်နားလည်မှုတချို့ ရှိလာသည်။
လုံလောက်သောပစ္စည်းများရှိနေသရွေ့ သူသည် အချို့အဆင့်နိမ့်ဝိညာဉ်သွေးကြောများကို ပြုပြင်ရန် ယုံကြည်ချက်ရှိပေသည်။
အမှန်ပင် သူသည် ၎င်းကိုလေ့ကျင့်ကြည့်မှသာ အောင်မြင်နိုင်မည်ဟုတ်မဟုတ်ကို သိရှိနိုင်မည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်၏ ထင်မြင်ယူဆချက်အရ အောင်မြင်နိုင်ချေမှာ ၆၀ မှ ၇၀% အထိရှိသည်။
“ယောက်ျား”
ထိုအချိန်တွင် ရှန်းရူယန်၏ ကျင့်စဉ်အခန်းမှ တံခါးသည် ရုတ်တရက် ပွင့်လာသည်။
ရှန်းရူယန် ထွက်လာခဲ့သည်။
သူမရောက်ရှိလာသည်နှင့် ကျန်းချန်ရွှမ်သည် သူမ၏အော်ရာပြောင်းလဲမှုကို အာရုံခံမိသွားကာ အံ့အားသင့်သွားခဲ့သည်။
“မိန်းမ မင်းရဲ့ကျင့်စဉ်က...?”
“ဟုတ်တယ်”
ရှန်းရူယန် အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မ လူသားလျှပ်စီးသစ်သီးကိုစားသုံးပြီးတော့ အဆင့်နှစ်ခုကို တစ်ခါတည်းနဲ့ ကျော်ဖြတ်လိုက်တာ။ ပြီးတာနဲ့ ကျွန်မရဲ့ နတ်စွမ်းအားတွေနဲ့ ရတနာစင်စစ်တွေအားလုံးလည်း သိသိသာသာ တိုးတက်လာတယ်”
“ဒါဆိုရင်တော့ ဂုဏ်ယူပါတယ် မိန်းမ”
ကျန်းချန်ရွှမ်သည် ရိုးသားစွာ ဂုဏ်ပြုပေးခဲ့သည်။
ထို့နောက်တွင် လင်မယားနှစ်ယောက်သည် ခနကြာ စကားပြောဆိုနေခဲ့သည်။
….
ခနကြာပြီးနောက်
မကြာမီတွင် ကျန်းရန်ယီ၊ ကျန်းရန်ထောင်နှင့် အခြားသူများသည် အနှစ်နှစ်ဆယ်အတွင်း တိုးတက်မှုများကို အစီရင်ခံရန် ရောက်ရှိလာကြသည်။
အထူးသဖြင့် တာအိုရှာဖွေရေးကျောင်းအကြောင်းပင် ဖြစ်သည်။
လင်မယားနှစ်ယောက်သည် အလွန်တည်ငြိမ်စွာ နားထောင်နေခဲ့ကြသည်။
ခနကြာပြီးနောက်
ကျန်းရန်ယီ၏မျက်နှာသည် တုံ့ဆိုင်းမှုအရိပ်အယောင်တစ်ခုကို ပြသနေသည်။
ကျန်းချန်ရွှမ်က သူ၏မူမမှန်မှူကိုမြင်ကာ ချက်ချင်းမေးလိုက်သည်။
“ရန်ယီ ဘာဖြစ်လို့လဲ?”
ကျန်းရန်ယီသည် ထပ်မံတုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် သူတို့နှစ်ယောက်အား ပြောပြလိုက်သည်။
“ဘိုးဘေး၊
ရွှီချန်းဟယ်၊ ရှန်းမျိုးနွယ်စုက အကြီးအကဲရွှီက ပြီးခဲ့တဲ့သုံးနှစ်ကပဲ ကွယ်လွန်သွားပြီ”
“ဟမ်? အကြီးအကဲရွှီ ကွယ်လွန်သွားတာလား?”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရုတ်တရက် ဤသတင်းကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားခဲ့ကြသည်။
ထို့နောက် သူတို့ တိတ်ဆိတ်သွားခဲ့ကြသည်။
ရွှီချန်းဟယ်သည် အတိတ်က သူတို့နှင့် အတော်လေးရင်းနှီးခဲ့သည့် မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်သည်။
ယခု သူ၏သေဆုံးမှုအကြောင်းကို ရုတ်တရက် ကြားလိုက်ရသောအခါ သူတို့၏ခံစားမှုများ အလိုလိုပင် ရောထွေးသွားကြသည်။
သူတို့၏ကျင့်စဉ်အဆင့်အရ သူတို့၏စိတ်ပိုင်းဆိုင်ရာအခြေအနေများမှာ လွန်စွာမာကျောသည်။
သို့သော်လည်း မာကျောသောစိတ်အခြေအနေရှိခြင်းသည် လူသားများရှိရမည့် ခံစားမှုများ မရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။
၎င်းသည် သူတို့မှာ ကျင့်ကြံနေစဉ်တွင် ခံစားချက်များကင်းမဲ့သွားပြီး မိတ်ဆွေဟောင်းများ မိသားစုများနှင့် ဝေးကွာသွားပြီး လျစ်လျှူရှုဂရုမစိုက်ဘဲနေကြတော့ခြင်းမျိုး မဟုတ်ပေ။
အဆုံးတွင် ကျင့်စဉ်နှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေတိုးတက်လာမှုတို့မှာ ဤလောက၏အမှန်တရားကို ပိုမိုသိသာစွာမြင်နုင်ရန်နှင့် တာအိုလမ်းစဉ်ကိုသာ ပိုမိုနက်ရှိုင်းစွာနားလည်စေသည်။
အခက်အခဲများနှင့် ကြုံတွေ့သည့်အခါ သူတို့သည် အကဲဖြတ်နိုင်၊ စဉ်းစားနိုင်၊ ပိုင်းခြားစိတ်ဖြာနိုင်ပြီး သူတို့ကိုယ်တိုင်နှင့် သူတို့၏အနားရှိလူများအတွက် ပိုမိုအကျိုးရှိစေမည့် ရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် ခံစားချက်မရှိသည့် နတ်ဆိုးသားရဲများလိုတော့ သေချာပေါက်မဟုတ်နေပေ။
လင်မယားနှစ်ယောက်သည် သူတို့၏ ကျင့်စဉ်ခရီးစဉ်အတွင်း ခံစားချက်မရှိအောင် ကျင့်ကြံအားထုတ်မည်မဟုတ်ပေ။
“မနက်ဖြန်ကျရင် အကြီးအကဲရွှီဆီအတူတူသွားပြီး ကိုယ်တို့ရဲ့လေးစားမှုကို ပြသရအောင်”
ထိုအချိန်တွင် ကျန်းချန်ရွှမ်က ရှန်းရူယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
သူသည် သူ၏လက်ရှိကျင့်စဉ်၊ အဆင့်အတန်းနှင့် ကိုယ် ရေးအချက်အလက်တို့ဖြင့် ကျီဖုအဆင့်သာရှိသေးသည့် ကျင့်ကြံသူတစ်ယောက်ကို အတိဒုက္ခပေးမှုဖြင့်တော့ အခက်အခဲတစ်ခုရှိမည်မထင်ပေ။
လက်ရှိသူ့ကို မည်သည့်အဆင့်အတန်း သို့မဟုတ် ရာထူးဂုဏ်သိမ် အယူအဆနှင့်မှ ကန့်သတ်မထားပေ။
သူ၏စိတ်နှလုံးနှင့် လုပ်ဆောင်မှုများသည် ထိုကဲ့သို့လောကီရေးရာကန့်သတ်ချက်များ၏ အချုပ်အချယ်များမှ လွတ်မြောက်သည်။
ထို့ပြင် သူ၏ကျင့်စဉ်၏ အရေးကြီးသော ကဏ္ဍတစ်ခုမှာ လွတ်လပ်မှုနှင့် အခက်အခဲမရှိမှုတို့အတွက် အားထုတ်ရန်ဖြစ်သည်။
ရှန်းရူယန်လည်း ကျန်းချန်ရွှမ်နှင့် အတူတူပင် ဖြစ်သည်။
ကျန်းချန်ရွှမ်၏စကားများကိုကြားသောအခါ သူမသည် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
အမှန်ဆိုလျှင် သူတို့မပြောရသေးသည့် တစ်စုံတစ်ခု ကျန်နေသေးသည်။
ရွှီချန်းဟယ်ကွယ်လွန်သွားသည့်အတွက် ရင်းနှီးခဲ့သည့် မိတ်ဆွေဟောင်းများ၊ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများသည်လည်း သက်တမ်းကာလ များများစားစားမကျန်ကြတော့ပေ။
ရရှိသည့်အချိန်အတွင်း သူတို့၏ကျင့်စဉ်ကျော်ဖြတ်မှုကို ပြုလုပ်ရန် ကျရှုံးသွားပါက နှစ်၁၀၀အတွင်း သေဆုံးသွားမည့် ကံကြမ္မာကို မလွဲဧကန် ရင်ဆိုင်ရလိမ့်မည်။
သူတို့တွင် သက်တမ်းတိုးချဲ့သည့် ဝိညာဉ်ပစ္စည်းများ ရှိနေလျှင်တောင် ဖြစ်သည်။
….
နောက်နေ့တွင်
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကတိပြုထားသည့်အတိုင်း ရှန်းမျိုးနွယ်စုဆီသို့ ရောက်ရှိလာကြသည်။
သူတို့မလာခင်တွင် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ကို ကြိုတင်အသိပေးထားသောကြောင့် ရှန်းမျိုးနွယ်စု နောက်လိုက်များထံမှ များများစားစားသတိမူခြင်းမခံခဲ့ပေ။
မကြာမီ သူတို့လေးယောက်သည် ရွှီချန်းဟယ်၏ ကျောက်စာတိုင်ရှေ့သို့ ရောက်ရှိလာသည်...
***