← Chapters

ရုန်ဟန်နန်းတော်ဖလှယ်မှု၊ မဟာကျင့်ကြံသူစုချင်းချန်

Vol. 28 Ch. 537

ရုန်ဟန်နန်းတော်ဖလှယ်မှု၊ မဟာကျင့်ကြံသူစုချင်းချန်

Vol. 28 Ch. 537

ရှန်းမျိုးနွယ်စု၏ အကြီးအကဲနှင့် အမြုတေအဖွဲ့ဝင်တစ်ဦးအနေဖြင့် ရွှီချန်းဟယ်၏ ကျောက်စာတိုက်ကို ရှန်းမျိုးနွယ်စု သင်္ချိုင်း၏အလယ်ဗဟိုတွင် ထားရှိပေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ၎င်း၏ရှေ့တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေခဲ့ကြသည်။

…

ခနကြာပြီးနောက်

ရှန်းရူယန်သည် ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဦးလေး၊ အစ်ကို။ အကြီးအကဲရွှီက တပည့်နောက်လိုက်တွေဘာတွေ ခေါ်ဖူးလား?”

ရှန်းယွမ်လုံက ခေါင်းခါလိုက်သည်။

“အကြီးအကဲရွှီက သူ့ရဲ့ဘဝကို ငါတို့ရှန်းမျိုးနွယ်စုဆီမှာပဲ မြှုပ်နှံထားတာ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ လူငယ်မျိုးနွယ်ဝင်တွေအများစုက သူ့ဆီကနေ အစီအရင်တည်ဆောက်ခြင်းကို သင်ယူခဲ့ကြရတယ်။ သူတို့တွေကိုတော့ သူ့ရဲ့ တစ်ဆင့်ခံတပည့်တွေလို့တော့ ပြောလို့ရတယ်”

“ဒီလိုဆိုရင် သူတို့လုပ်နိုင်နေတုန်းမှာ ဒီနေရာမှာ လေးစားသမှုပြဖို့ စီစဉ်ကြရအောင်။ ကျွန်မတို့မျိုးနွယ်စုရဲ့ လက်ရှိဂုဏ်ပုဒ်က အကြီးအကဲရွှီအပေါ်မှာ အများကြီး အကြွေးတင်နေတယ်”

ရှန်းရူယန်က လေးလေးနက်နက်တွေးတောကာ အကြံပြုလိုက်သည်။

ထို့နောက် သူမသည် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ ရှန်းတောက်မင်ကို ပေးလိုက်သည်။

“အစ်ကို ဒီကျောက်စိမ်းပုလင်းထဲမှာ သူတို့တွေရဲ့အမြုတေတည်ဆောက်ရာမှာ ကျင့်ကြံသ‌ေူတွကို ကူညီပေးနိုင်မယ့် ဝိညာဉ်ပစ္စည်းတွေရှိတယ်။ ကြည့်ရတာတော့ အစ်ကို့ရဲ့ကျင့်စဉ်အုတ်မြစ်က အမြုတေတည်ဆောက်ခြင်းအဆင့်အဝင်ဝကို ‌ရောက်တော့မယ်ထင်တယ်။ အစ်ကို ရှေ့လျှောက်တစ်ခုခု လိုအပ်ရင် ကျွန်မကို ပြောလို့ရတယ်”

ရှန်းတောက်မင်သည် သူ့ညီမ၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို သဘာဝအလျောက် မငြင်းဆိုလိုက်တော့ပေ။

သူသည် ရှန်းရူယန်ဆီမှ ကျောက်စိမ်းပုလင်းကိုလက်ခံကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“မပူပါနဲ့ ငါတစ်ကယ်တစ်ခုခုလိုအပ်လို့ရှိရင် မင်းကို အားနာမနေတော့ပါဘူး”

“ဟုတ်ပြီ”

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံတို့ကို မနှုတ်ဆက်မှီ ရှန်းမျိုးနွယ်စုတွင် နှစ်ရက်ကြာ နေထိုင်ခဲ့သည်။

….

ရှန်းမျိုးနွယ်စုမှ ထွက်ခွာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျန်းမျိုးနွယ်စုသို့ ပြန်မသွားခဲ့ပေ။

ထိုအစား သူတို့၏ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်များကိုယူကာ စံသခင်ရွှမ်းယန်နှင့် နှင်းပန်းပွင့်စံသခင်တို့ကို လွန်ခဲ့သည့်နှစ်၂၀ကသဘောတူထားသည့်အတိုင်း ရုန်ဟန်နန်းတော်ရှိ လဲလှယ်မှုစုဝေးပွဲကို တက်ရောက်ရန် စီစဉ်နေကြောင်း အကြောင်းကြားစာ ပို့ခဲ့သည်။

ဖြစ်နိုင်မည်ဆိုပါက သူတို့သည် စံသခင်ရွှမ်းယန်နှင့် အခြားသူများနှင့် အတူတူသွားချင်သည်။

အကြောင်းကြားစာ ပို့ပြီးသည့်နောက် မကြာမီပင် ပြန်စာကို ပြန်လည်ရရှိခဲ့သည်။

သူတို့သည် ပိုင်ယန်သစ်တောဟု ခေါ်သည့် နေရာတွင် တွေ့ဆုံရန် သဘောတူခဲ့ကြသည်။

ထိုအချိန်ကျကာမှ ရုန်ဟန်နန်းတော်သို့ အတူတူ ဦးတည်သွားကြမည်ဖြစ်သည်။

သူတို့ရှိနေသည့်နေရာမှနေ၍ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အဖို့ ပိုင်ယန်သစ်တောသို့ ပျံသန်းရန် သုံးရက်ခန့်ကြာမည်ဖြစ်သည်။

ပုံမှန်အားဖြင့်တော့ လင်မယားနှစ်ယောက်သည် သူတို့ပထမဆုံး ရောက်ရှိလိမ့်မည်ဟု တွေးထင်ထားသည်။

အဆုံးတွင် သူတို့ ပိုင်ယန်သစ်တောသို့ရောက်သည့်အခါ သူတို့၏ရှေ့တွင် နှင်းပန်းပွင့်စံသခင်က အရင်ရောက်ရှိနေကြောင်း သိရှိသွားသည်။

နှင်းပန်းပွင့်စံသခင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို နှုတ်ဆက်ရန် လာခဲ့သည်။

သူတို့နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်၂၀ကြာသွားပြီဖြစ်ပြီး နှင်းပန်းပွင့်စံသခင်၏ ကျင့်စဉ်မှာလည်း သိသိသာသာ တိုးတက်လာသည်။

သူမသည် မူလအခြေတည်ဝိညာဉ် စတုတ္ထအဆင့်မှ ပဉ္စမအဆင့်သို့ တက်လှမ်းသွားပြီဖြစ်သည်။

“စကားမစပ် တာအိုရောင်းရင်းကျန်း တာအိုရောင်းရင်းရှန်း...”

ထိုအချိန်တွင် နှင်းပန်းပွင့်စံသခင်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်တူကာ တည်ငြိမ်လေးနက်သော အမူအယာတစ်ခုဖြင့် လင်မယားနှစ်ယောက်ကို ကြည့်နေခဲ့သည်။

“ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ နတ်ဆိုးကျင့်စဉ်မှာ ကျရှုံးသွားခဲ့တဲ့ လန်နိုင်ငံက ကျင့်ကြံသူအရေအတွက်က ဖြည်းဖြည်းချင်း တိုးလာနေတယ်။ ပြီးတော့ သူတို့ရဲ့ကွယ်ဝှက်တဲ့နည်းလမ်းတွေကလည်း အရမ်းဆန်းပြားရှုပ်ထွေးတယ်။ ကျင့်စဉ်မှာ သိသာတဲ့ကွာခြားချက်မရှိဘဲနဲ့ သူတို့ကို ခြေရာခံဖို့က မဖြစ်နိုင်သလောက်ပဲ။ ရှင်တို့ကျန်းနိုင်ငံမှာရော ဒီလိုဆင်တူတဲ့အခြေအနေမျိုးတွေ ဖြစ်ပွားနေလားဆိုတာ သိကြလား?”

နှင်းပန်းပွင့်စံသခင်၏စကားများကိုကြားကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အံ့အားသင့်သွားခဲ့ကြသည်။

အမှန်အတိုင်းပြောရလျှင် ကျန်းနိုင်ငံတွင် ထိုကဲ့သို့သောအခြေအနေမျိုးရှိပါကလည်း ‌၎င်းတို့မှာ ထူးပြီးဖြစ်ပွားနေသည်ရယ်လို့မရှိပေ။

မည်သို့ပင်ဖြစ်စေ ဒုတိယရှုထောင့်အရ လင်မယားနှစ်ယောက်သည် ဘာတွေဖြစ်ပွားနေသည်ကို အကြမ်းဖျင်းနားလည်သည်။

၎င်းသည် သူတို့ ကျန်းနိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်လာမှုနှင့် သက်ဆိုင်နေနိုင်ပေသည်။

ဤအခြေအနေများအောက်တွင် တစ်စုံတစ်ယောက်မှ တမင်သက်သက် ခိုလှုံခွင့်မပေးသရွေ့ နတ်ဆိုးကျင့်ကြံသူများအတွက် ကျန်းနိုင်ငံတွင် ရှင်သန်နေထိုင်ရန် အတော်လေးခက်ခဲပေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏လက်အောက်တွင် ထိုကဲ့သို့အရာမျိုးကိုပြုလုပ်နိုင်သည့်လူမှာ များများစားစားမရှိနိုင်ဘူးဟု ယုံကြည်သည်။

လင်မယားနှစ်ယောက်သည် ဤကိစ္စတွင်တော့ ယုံကြည်ချက်ရှိသည်။

မည်သို့ပင်ဖြစ်စေ နှင်းပန်းပွင့်စံသခင်၏စကားများက သူတို့ကိုထပ်မံသတိပေးနေသည်။

ဤကိစ္စပြီးဆုံး၍ သူတို့ပြန်လာသည့်အခါတွင် ပိုမိုအားစိုက်ထုတ်ကာ ဤနတ်ဆိုးကျင့်ကြံသူနေထိုင်နိုင်သည့်နေရာအားလုံးကို ဖယ်ရှားရန် အကောင်းဆုံးကြိုးစားရလိမ့်မည်။

သူတို့သုံးယောက် ထိုအကြောင်းကို ပြောကြားနေကြစဉ် အဝေးကောင်းကင်တွင် အလင်းတန်းအချို့ ရုတ်တရက် ပျံသန်းသွားသည်။

ကျန်းချန်ရွှမ်နှင့် ကျန်နှစ်ယောက်သည် ချက်ချင်း လှည့်ကြည့်လိုက်သည်။

စံသခက်ရွှမ်းယန်၊ ယန်ဝူရွှမ်းနှင့် ကြယ်ပင်လယ်စံသခင်တို့ သူတို့၏မြင်ကွင်းသို့ ရောက်ရှိလာသည်။

သူတို့သုံးယောက် အနီးသို့ရောက်ရှိလာသောအခါ နှစ်ဦးနှစ်ဖက် အပြန်အလှန်နှုတ်ဆက်ခဲ့ကြသည်။

ခနကြာပြီးနောက်

စံသခင်ရွှမ်းယန်သည် နှင်းပန်းပွင့်စံသခင်ကဲ့သို့ပင် မေးခွန်းအချို့ မေးမြန်းခဲ့သည်။

၎င်းမှာ လတ်တလောနှစ်များတွင် နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားခဲ့ရသည့် ကျင့်ကြံသူအရေအတွက် တိုးလာမှုဖြစ်သည်။

အပြန်အလှန်အနေဖြင့် ကန်နိုင်ငံရှိ ကြယ်ပင်လယ်စံသခင်က သူ၏နေရာတွင်လည်း ထိုကဲ့သို့ အ‌ခြေအနေမျိုး ဖြစ်ပွားနေကြောင်း ပြောကြားခဲ့သည်။

၎င်းသည် ထိုနေရာရှိလူအချို့ရှိ မျက်နှာထားများကို အနည်းငယ်တည်ငြိမ်လေးနက်သွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် ပြဿနာတစ်ခုကို သဘောပေါက်သွားကြ၍ ဖြစ်သည်။

လက်ရှိအခြေအနေသည် တစ်စုံတစ်ခု ဖြစ်ပွားတော့မည့်အကြောင်း ညွှန်ပြနေသည်။

“ကြည့်ရတာတော့ နှစ် ၁၂၀၀ မှာတစ်ကြိမ်ဖြစ်တဲ့ နတ်ဆိုးကပ်ဘေးရောက်ရှိလာတော့မယ်ထင်တယ်”

စံသခင်ရွှမ်းယန်က အနည်းငယ်လေးလံနေသော လေသံဖြင့် ပြောကြားခဲ့သည်။

“ငါမမှားဘူးဆိုရင် ဒီနတ်ဆိုးကပ်ဘေးက နှစ်အနည်းငယ်အတွင်းမှာ ဖြစ်ပွားလိမ့်မယ်...”

***

All Chapters