ရုန်ဟန်နန်းတော်ဖလှယ်မှု၊ မဟာကျင့်ကြံသူစုချင်းချန် (၂)
Vol. 28 Ch. 538
၎င်းကိုကြားကာ ကျန်းချန်ရွှမ်၊ နှင်းပန်းပွင့်စံသခင်နှင့်အခြားသူများသည် မသက်မသာ အမူအယာများ ဖြစ်သွားကြသည်။
သူတို့အားလုံးသည် ဒဏ္ဍာရီလာနတ်ဆိုးကပ်ဘေး၏ ကြောက်မက်ဖွယ် ရိုက်ခတ်မှုများနှင့် သူတို့၏ အခြေတည်ဝိညာဉ်ကျင့်ကြံသူ ဘဝများတွင် ဖြစ်ပေါ်နိုင်သည့် အလားအလာရှိသောအန္တရာယ်များကို နားလည်ကြသည်။ လုပ်ငန်းစဉ်များသာမှားယွင်းသွားပါက အခြေတည်ဝိညာဉ်အဆင့်များပင်လျှင် သေဆုံးနိုင်သည်။
ထို့ကြောင့်..
သူတို့၏ကျင့်စဉ်နှင့် စွမ်းအားများကို ဤအချိန်အတောအတွင်း မြှင့်တင်နိုင်သလောက်မြှင့်တင်ရန် လိုအပ်ပေသည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်အပါအဝင် လူခြောက်ယောက်အုပ်စုသည် အချိန်ဆွဲမနေဘဲ တောက်ပသည့် အလင်းတန်းများအဖြစ်ပြောင်းကာ ရုန်ဟန်နန်းတော်သို့ ဦးတည်ခဲ့ကြသည်။
…..
ဆယ်ရက်ကြာပြီးနောက်
ရုန်ဟန်နန်းတော်တွင်
ကျန်းချန်ရွှမ်နှင့် သူ၏အုပ်စုရောက်ရှိလာသောအခါ အခြေတည်ဝိညာဉ်ကျင့်ကြံသူတော်တော်များများ စုဝေးနေကြပြီဖြစ်သည်ကို တွေ့ရှိခဲ့သည်။
ထိုထဲတွင် စံသခင်ကျယ်ပြောခြင်းမြစ်နှင့် ကျန်းချန်ရွှမ်ရင်းနှီးသော အခြားသူများလည်း ပါဝင်သည်။ ထို့ပြင် မင်ကျန်းဂိုဏ်းမှ ဖေ့တောက်ချီ၊ လျူမျိုးနွယ်စုမှ လျူကွမ်းယောင်၊ လုမျိုးနွယ်စုမှ လုယွမ်ရှန်းနှင့် အခြားသူများ ရောက်ရှိလာကြသည်။ ထို့ပြင် တင့်တယ်သည့်ပုံစံနှင့် နှင်းကဲ့သို့ ဖြူဆွတ်သောအသားအရေနှင့် သိသာထင်ရှားသော မျက်ခုံးများရှိသည့် အမျိုးသမီးတစ်ယောက်သည် လူအုပ်ထဲတွင် ထွက်ပေါ်လာသည်။
ထိုအမျိုးသမီး၏ရောက်ရှိလာမှုကိုမြင်ကာ အချင်းချင်းစကားပြောနေကြသည့် စံသခင်များသည် ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ဘေးရှိ ကြယ်ပင်လယ်စံသခင်က ပြောလိုက်သည်။
“အဲ့ဒါ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းရဲ့ အသက်က်အကြီးဆုံးတပည့် စုချင်းချန်လေ”
ဟမ်? စုချင်းချန်?
ထိုနာမည်ကိုကြားကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားခဲ့သည်။
သူတို့နှစ်ယောက်ယခုရှိနေသည့် အသိုင်းအဝိုင်းတွင် ရုန်ဟန်နန်းတော်၏ ပထမအကြီးအကဲကို မသိရှိရန် မဖြစ်နိုင်ပေ။ ဤအမျိုးသမီးသည် သူမ၏ အစောပိုင်းနှစ်များတွင် သေမျိုးနိုင်ငံမှ မင်းသမီးတစ်ပါးဟု ပြောကြသည်။ ထို့နောက်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် သူမကို ရုန်ဟန်နန်းတော်ဆီ ခေါ်ဆောင်လာကာ သူ၏သီးသန့်တပည့်အဖြစ် သတ်မှတ်ခဲ့သည်။
၁၈နှစ်အတွင်း သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ထို့နောက်တွင် သူမသည် ကျီဖုအဆင့်သို တက်လှမ်းရန် နှစ်၅၀သာ အချိန်ယူခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤလုပ်ငန်းစဉ်အတွင်း ဤအမျိုးသမီးသည် သူမ၏ ကပ်ဘေးကို ရင်ဆိုင်ခဲ့ရပြီးပြီဟု ပြောလို့ရသည်။
သူမ၏ကျင့်စဉ်သည် ရွှေအမြုတေအလယ်ဆင့်သို့ ရောက်သောအခါ နတ်ဆိုးကျင့်ကြံသူထံမှ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရသည်။ စုချင်းချန်သည် သူမ၏စွမ်းအားလမ်းကြောင်းများ ထိခိုက်သွားရုံသာမကဘဲ ၎င်းကြောင့် သူမ၏ရွှေအမြုတေပင်လျှင် ကြေမွပျက်စီးသွားပြီး သူမ၏ကျင့်စဉ်မှာလည်း ကျီဖုအဆင့်သို့ ကျဆင်းသွားသည်။
သူမတွင် ထိုအချိန်က လုံလောက်သော သက်တမ်းသာမရှိပါက ထိုတိုက်ခိုက်မှုသည် သူမ၏ဘဝကို လုံးဝနိဂုံးချုပ်သွားစေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ရွှေအမြုတေပျက်စီးခြင်းသည် ကျင့်ကြံသူအားလုံး ကျော်လွှားရန် ခက်ခဲသည့် အကျပ်အတည်းတစ်ခုဖြစ်သည်။ အကြီးမားဆုံးကိစ္စမှာ ကျင့်ကြံသူများ၏ ယုံကြည်မှုဖြစ်သည်။
စုချင်းချန်သည် တစ်ခါမေ့ပျောက်ခံရပြီးပြီဖြစ်သည်။
အဆုံးတွင် သူမကို ထိုအရိပ်မှ ဖြည်းဖြည်းချင်းထွက်စေခဲ့ပြီး အလင်းပြပေးခဲ့သူမှာ သူမ၏ဆရာ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၎င်းကြောင့် စုချင်းချန်သည် နှစ်၂၀၀ကျော်ကျော် ကုန်ဆုံးခဲ့ရသည်။ ၎င်းမှာ နှစ်၃၀၀ကြာပြီး စုချင်းချန် ရွှေအမြုတေအဆင့်သို့ ပြန်လည်မရောက်ရှိမီအထိ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုအတိဒုက္ခပြီးသည့်နောက် စုချင်းချန်သည် လုံးဝပြောင်းလဲမှုတစ်ခုကို ရင်ဆိုင်ခဲ့ရဟန်တူသည်။ သူမ၏ စိတ်နေသဘောထားမှာ ပိုမိုတည်ငြိမ်လာရုံသာမက လူအများနှင့်ရင်ဆိုင်ရာတွင်လည်း ပိုမိုနှိမ့်ချတတ်လာသည်။ သူမ၏ကျင့်စဉ်သည် အလွန်လျင်မြန်သိသာစွာ တိုးတက်လာသည်။
နှစ်၁၀၀အတွင်းတွင် သူမ၏အခြေတည်ဝိညာဉ်ကို သိပ်သည်းနိုင်လုနီးနီးဖြစ်နေပေပြီ။
သို့နှင့် အနှစ်၂၀၀ကြာပြီးနောက် ယခုအချိန်တွင်..
စုချင်းချန်သည် အခြေတည်ဝိညာဉ်မူလအဆင့်မှ အခြေတည်ဝိညာဉ်နဝမအဆင့်သို့ တက်လှမ်းခဲ့သည်။
ယခုအချိန်တွင် သူမသည် လူတိုင်းကိုကြည့်ကာ အပြုံးတစ်ခုဖြင့် ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
“တာအိုရောင်းရင်းတို့၊ ဒီကျင့်စဉ်ဖလှယ်မှုမှာပါဝင်ပြီး ကျွန်မတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မရဲ့ရုန်ဟန်နန်းတော်ကို လာပေးကြသူများကို ကြိုဆိုပါတယ်”
သူမ၏လေသံနှင့် ကိုယ်နေဟန်ထားအရ သူမ၏စွမ်းအားကိုသာမသိပါက သူမကို နဝမအဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်နှင့် နှီးနွယ်ကြည့်ရန် ခက်ခဲပေလိမ့်မည်။
“နတ်သမီးစူး မင်းကအရမ်းယဉ်ကျေးတာပဲ။ ဒီဖလှယ်မှုမှာ ပါဝင်ခွင့်ရတာ ငါတို့အတွက် ဂုဏ်ယူစရာပါ”
ထိုအချိန်တွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က ပြောဆိုလိုက်သည်။
သူ၏စကားများကိုကြားကာ အခြားသူများလည်း ချက်ချင်းသဘောတူကြသည်။
..
ခနကြာပြီးနောက်
စုချင်းချန်သည် သူမ၏လက်ကိုညင်သာစွာဝှေ့ယမ်းကာ ပြန်ချလိုက်သည်။ အားလုံးထပ်မံတိတ်ဆိတ်သွားသောအခါ သူမက ပြောလိုက်သည်။
“ကိန်းကြီးခန်းကြီးလုပ်နေဖို့မလိုပါဘူးရှင်။ ဒါကဖလှယ်မှုစုဝေးပွဲတစ်ခု ဖြစ်တဲ့အတွက်ကျင့်စဉ်ဉာဏ်အမြင်တွေကို ဖလှယ်ကြမယ့် အပိုင်းတစ်ပိုင်းတော့ရှိတယ်။ အခမ်းအနားမှုးအနေနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ကျင့်စဉ်ဉာဏ်အချို့ကို ဝေမျှရင်းနဲ့ ဖလှယ်မှုကို စလိုက်ပါရစေ”
သူမစကားပြောနေစဉ်တွင် စုချင်းချန်သည် သူမ၏ ကျင့်စဉ်ဉာဏ်များကို စတင် မျှဝေလိုက်သည်။
အထူးသဖြင့် ထိုကဲ့သို့ ပြောင်းလဲမှုမျိုးကို ကြုံတွေ့ပြီးသည့်နောက်တွင် သူမသည် ပြန်လည်ရှင်သန်လာသည့်ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူမပြောသည့်အရာများကို အလိုလိုပင် လက်ခံယုံကြည်စေသည်။
ကျင့်ကြံသူများသည် ၎င်းကိုကြားသောအခါ အများကြီးသင်ယူရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းချန်ရွှမ်ပင်လျှင် သူမပြောသည့်အချို့အရာများမှာ သူ့ကို အလွန်အလင်းပြလိုက်သည်ဟု ခံစားမိလိုက်သည်။ ရှန်းရူယန်သည်လည်း သူမ၏ အကြံဉာဏ်အချို့ကို သဘောတူပေသည်။
အမှန်ပင်..
သူမသည် သူမကျင့်ကြံခဲ့သည့် အမြုတေကျင့်စဉ်နည်းစနစ်များကိုတော့ မမျှဝေပေ။ ၎င်းတို့အများစုမှာ ကျင့်စဉ်များနှင့် အချို့ယူဆချက်များမှ သူမ၏အတွေ့အကြုံများဖြစ်သည်။
ထိုသို့ဆိုလျှင်တောင် ဤနေရာသို့ လာခဲ့ကြသည့် ကျင့်ကြံသူတော်တော်များများကို ဤခရီးစဉ်မှာ ထိုက်တန်ကြောင်း ခံစားမိစေခဲ့သည်။
စုချင်းချန်စကားပြော၍ပြီးဆုံးသွားသောအခါ အခြားအခြေတည်ဝိညာဉ်ကျင့်ကြံသူများ အလှည့်သို့ ရောက်လာသည်။ အဆုံးတွင် ကျန်းချန်ရွှမ်နှင့် အခြားသူများလည်း သူတို့၏ ထူးခြားသည့်အသိအမြင်များအကြောင်းပြောဆိုရန် စင်မြင့်ပေါ်သို့ သွားခဲ့ကြသည်။
…
လုပ်ငန်းစဉ်တစ်ခုလုံးသည် ရက်အနည်းငယ် ကြာမြင့်ခဲ့သည်။
ဖလှယ်မှုပြီးဆုံးသွားသောအခါ စုချင်းချန်သည် ရှေ့သို့ ထပ်မံထွက်ပေါ်လာကာ လူတိုင်းကို ပြုံးပြခဲ့သည်။
“နောက်တစ်ခုကတော့ ကျွန်မတို့ ရတနာတွေလဲလှယ်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ အခု ကျွန်မပဲဖွင့်လှစ်မှုကို ဆက်လက်လုပ်ဆောင်ပါရစေ”
၎င်းကိုပြောကြားပြီးသောအခါ စုချင်းချန်သည် သူမ၏ခန္ဓာကိုယ်မှ ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်။ တစ်ခုမှာ ပဉ္မအဆင့်ရတနာစင်စစ်တစ်ခုဖြစ်သည့် တောက်ပသောစဉ့်ချပ်ဝတ်တန်ဆာဖြစ်သည်။ ၎င်းမှာ အတော်လေး ထူခြားသည့် စစ်မှန်သောအကာအကွယ်ရတနာတစ်ခုဖြစ်သည်။
နောက်တစ်ခုမှာ နွေးထွေးခြင်းအာဟာရပြည့်ကျောက်စိမ်းဖြစ်သည်။ ၎င်းမှာ အခြေတည်ဝိညာဉ် အလယ်ဆင့်ကျင့်ကြံသူများကို ကျော်ဖြတ်ရန်ကူညီပေးသည့် ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်သည်။၎င်းမှာ အတော်လေးတန်ဖိုးရှိသည်ဟု ပြောရမည်။
အားလုံးသည် စုချင်းချန်ထုတ်ပြလိုက်သည့် ပစ္စည်းနှစ်ခုကို မြင်သောအခါ တော်တော်များများမှာ ထိန်းချုပ်၍မရဘဲ ပင့်သက်ရှိုက်မိလိုက်ကြသည်။ အသေအချာပင် သူတို့အတွက် ထိုပစ္စည်းနှစ်ခုမှာ တန်ဖိုးအရှိဆုံးရတနာများဖြစ်သည်ဟု ပြောရမည်။
ထိုအချိန်တွင် စုချင်းချန်ကာ ပြုံးလျက် ပြောလိုက်သည်။
“ကျွန်မ ဒီပစ္စည်းနှစ်ခုရဲ့ တန်ဖိုးကို အသေးစိတ်ရှင်းပြဖို့တော့ မလိုလောက်တော့ဘူးထင်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေက လဲလှယ်မှုစုဝေးပွဲမှာ စတင်ဖို့ ရည်ရွယ်ထားတဲ့အတွက် လဲလှယ်ဖို့စိတ်ဝင်စားတဲ့ ဘယ်သူမဆို တန်ဖိုးတူညီတဲ့ ပစ္စည်းကိုတော့ပေးအပ်ရပါမယ်”
သူမ၎င်းကို ပြောလိုက်သည်နှင့် ကျင့်ကြံသူအများစု၏မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ထို့နောက်တွင် စုချင်းချန်ထံမှ ပစ္စည်းနှစ်ခုနှင့် လဲလှယ်လိုသူများ တစ်ယောက်ပြီးတစ်ယောက် ပြောဆိုခဲ့သည်။
အဆုံးတွင် စုချင်းချန်၏ တောက်ပသောစဉ့်ချပ်ဝတ်တန်ဆာကို ပင်လယ်နက်စင်မြင့်မှ အခြေတည်ဝိညာဉ်စံသခင်တစ်ယောက်က ရရှိသွားသည်။
သူမ၏ နွေးထွေးခြင်းအာဟာရပြည့်ကျောက်စိမ်းကိုမူ ယန်ဝူရွှမ်းနှင့် လဲလှယ်လိုက်သည်။
၎င်းသည် ကြယ်ပင်လယ်စံသခင်ကို မနာလိုစေခဲ့သည်။
သူနှင့် ယန်ဝူရွှမ်းနှစ်ယောက်စလုံးမှာ အခြေတည်ဝိညာဉ်အလယ်ဆင့်များ ဖြစ်ကြသည်။ ယခု ယန်ဝူရွှမ်းသည် နွေးထွေးခြင်းအာဟာရပြည့်ကျောက်စိမ်းကိုရရှိသွားသည့်အတွက် ဓားဖုံးနန်းတော်တွင် စံသခင်ရွှမ်းယန်အပြင် အခြားအခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်ရှိလာရန် သိပ်မကြာတော့ပေ။
ထို့နောက်တွင် ပစ္စည်းများ လဲလှယ်ရန် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ လိုအပ်သည့် အရာမရှိပေ။
တစ်စုံတစ်ယောက်သည် ပဉ္စမအဆင့်အဆောင်အမွေအနှစ်တစ်ခုကို မထုတ်ယူလိုက်ခင်အထိပင်။ ဤအမွေအနှစ်တွင် ပဉ္စမအဆင့်အဆောင်သုံးခု၏ လက်မှုအတတ်ပညာနည်းလမ်းများ ပါဝင်သည်။ ၎င်းတို့မှာ ပဉ္စမအဆင့်နေရာကူးပြောင်းခြင်းအဆောင်များ၊ ပဉ္စမအဆင့်ပုံရိပ်ယောင်အဆောင်များနှင့် ပဉ္စမအဆင့်ဟင်းလင်းပြင်အဆောင်များဖြစ်သည်။
နေရာကူးပြောင်းခြင်းအဆောင်သည် ကီလိုမီတာတစ်သောင်းအဝေးသို့ ချက်ချင်း ရွှေ့ပြောင်းနိုင်သည်။
ပုံရိပ်ယောင်အဆောင်သည် ကျင့်ကြံသူများကို ပုံရိပ်ယောင်များအတွင်း ကျဆုံးစေကာ လက်တွေ့နှင့် ထင်ယောင်ထင်မှားဖြစ်ခြင်းကြားရှိ ကွာခြားချက်ကို မပြောနိုင်အောင် ပြုလုပ်နိုင်သည်။
နောက်ဆုံးဟင်းလင်းပြင်အဆောင်မှာ ဖုံးကွယ်ထားနိုင်သည့် အဆောင်တစ်ခု ဖြစ်သည်။
သင်၏ဓမ္မစွမ်းအားကို မသုံးသရွေ့ သင်၏ပုံစံကို မမြင်ရလုနီးပါးဖြစ်အောင် ပြုလုပ်နိုင်ပြီး အဆင့်တူကျင့်ကြံသူများကို သင့်အားသတိပြုမိစေရန် ခက်ခဲစေပေသည်။
ဤအဆောင်သုံးခုစလုံးမှာ အထောက်အပံ့အမျိုးအစား အဆောင်များဖြစ်သည်ဟု ပြောနိုင်သည်။ စတုတ္ထအဆင့်ထိပ်ရှိအဆောင်ဆရာတစ်ယောက်ဖြစ်သည့် ကျန်းချန်ရွှမ်အတွက် ၎င်းမှာ အတိအကျ သူအလိုအပ်ဆုံးပင်ဖြစ်သည်။ သူ့တွင် ထိုအဆောင်သုံးခုကို ပြုလုပ်ရန် နည်းလမ်းရှိနေသရွေ့ သူသည် ဖြစ်နိုင်မည့် အချိန်အတိုဆုံးဖြင့် ကျော်ဖြတ်နိုင်ပြီး ပဉ္စမအဆင့်အဆောင်ဆရာအဆင့်သို့ ရောက်ရှိနိုင်ပေမည်။
အရေးအကြီးဆုံးမှာ သူ့တွင် အခြားတစ်ဖက်က လဲလှယ်လိုသည့် တစ်စုံတစ်ခု ရှိနေသည်။
ကျန်းချန်ရွှမ်သည် သူ၏ လက်ကိုမြှောက်ကာ လှန်လိုက်သည်နှင့် သူ၏လက်ထဲတွင် သန့်စင်သောရွှေရောင်ပန်းတစ်ပွင့် ပေါ်လာခဲ့လေသည်...
***