ဖလှယ်ခြင်းစုဝေးမှုအဆုံးသတ်၊ ကောင်းကင်သခင်၏မိန့်ခွန်းစကား၊ နတ်ဆိုးကပ်ဘေး
Vol. 28 Ch. 539
“ပဉ္စမအဆင့်မီးဒြပ်စင်အာဟာရပြည့်ပန်း၊ တာအိုရောင်းရင်းရှင်း ငါဒါနဲ့ မင်းရဲ့ ပဉ္စမအဆောင်အမွေအနှစ်နဲ့ လဲလှယ်လို့ရမလားဆိုတာ သိချင်မိတယ်”
ကျန်းချန်ရွှမ်သည် အနက်ရောင်တာအိုဝတ်ရုံနှင့် သတ်လတ်ပိုင်း အမျိုးသားကိုမေးလိုက်သည်။
အနက်ရောင်တာအိုဝတ်ရုံနှင့် အမျိုးသားမှာ အဆောင်အမွေအနှစ်ကို ထုတ်ပြလိုက်သည့် ပုဂ္ဂိုလ်ဖြစ်သည်။
သူ၏အမည်မှာ ရှင်းယွမ်ကျန်း ဖြစ်သည်။
ထိုအချိန်တွင် သူသည် မီးဒြပ်စင်အာဟာရပြည့်ပန်းကို မြင်သောအခါ သူ၏မျက်လုံးများသည်အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။ ပဉ္စမအဆင့်မီးဒြပ်စင်အာဟာရပြည့်ပန်းသည် ကျင့်ကြံသူ၏နတ်အာရုံကို အားကောင်းစေသည့် ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်သည်။
အထူးသဖြင့် မီးဒြပ်စင်ကျင့်စဉ်နည်းစနစ်များကို အထူးပြုထားသည့် ကျင့်ကြံသူများအတွက် အကျိုးသက်ရောက်မှုမှာ ပိုမိုသိသာပေသည်။ ၎င်းပစ္စည်းမှာ သူအရေးတကြီး လိုအပ်နေသည့် အရာဖြစ်ကြောင်း ပြောဖို့ပင် မလိုတော့ပေ။
သူသည် ကျန်းချန်ရွှမ်နှင့် ညှိနှိုင်းမနေတော့ဘဲ ချက်ချင်းခေါင်းညိတ်လိုက်သည်။
“ဒါပေါ့”
စကားပြောနေစဉ်တွင် သူသည် အဆောင်အမွေအနှစ်များပါဝင်သည့် ကျောက်စိမ်းပြားကို ကျန်းချန်ရွှမ်၏ လက်ထဲရှိ ပဉ္စမအဆင့်မီးဒြပ်စင်အာဟာရပြည့်ခြင်းပန်းနှင့် လဲလှယ်လိုက်သည်။
လဲလှယ်မှုပြီးဆုံးသောအခါ ကျန်းချန်ရွှမ်၏ စင်မြင့်ပေါ်သို့ သွားရန်အလှည့်ကျရောက်လာသည်။ သူသည် ချက်ချင်း ပဉ္စမအဆင့်နတ်ဆိုးသားရဲပစ္စည်းများနှင့် နှစ်၃၀၀၀နဂါးတိမ်တိုက်မြက်ပင်တို့ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ကျင့်ကြံသူများကို ဓမ္မစွမ်းအားများ လျင်မြန်စွာ စုစည်းမိစေရန် ကူညီပေးသည့် ပဉ္စမအဆင့်ဝိညာဉ်ပစ္စည်းများ ဖြစ်သည်။
“ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တွေရဲ့ ခန္ဓာကိုယ်ပေါ်ကပစ္စည်းတွေနဲ့ နဂါးတိမ်တိုက်မြက်ပင်ပဲ။ ငါဒါတွေကို သစ်သားသံချပ်ကာနွယ်ပင် ဒါမှမဟုတ် သစ်သားကမ္ဘာမြေလင်ကျီမှိုနဲ့ လဲလှယ်ဖို့ အသုံးပြုချင်တယ်”
ကျန်းချန်ရွှမ်ပြောလိုက်သည့် ဝိညာဉ်ပစ္စည်းနှစ်ခုစလုံးမှာ အရှေ့တိုင်းမိုးပြာရောင်နဂါးအလံကို သန့်စင်ရန် အသုံးပြုသည့် အဓိကပစ္စည်းများဖြစ်ကြသည်။
မည်သို့ပင်ဖြစ်စေ သူ၏ကမ်းလှမ်းမှုကို ပြုလုပ်ပြီးနောက် ထိုလူများထဲမှ မည်သည့်တုံ့ပြန်ချက်မှမလာပေ။
သိသိသာသာပင် ကျန်းချန်ရွှမ်ပြောဆိုလိုက်သည့် ပစ္စည်းနှစ်ခုသည် မည်သူ့ဆီမှာမှမရှိပေ။
ခနကြာပြီးနောက် မင်ကျန်းဂိုဏ်းမှ ဖေ့တောက်ချီက ကျန်းချန်ရွှမ်ကို ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ငါ့မှာ ကမ္ဘာမြေသစ်သားလင်ကျီမှိုနဲ့ပက်သက်တဲ့ သတင်းတချို့ရှိတယ်။ မင်းစိတ်ဝင်စားတယ်ဆိုရင် ငါအဲ့ဒါကို မင်းရဲ့ နဂါးတိမ်တိုက်မြက်ပင်နဲ့ လဲလှယ်ဖို့ အသုံးပြုချင်တယ်”
ဟမ်?
လင်ကျီမှိုနဲ့ပက်သက်တဲ့သတင်းလား?
ကျန်းချန်ရွှမ်က မထိန်းချုပ်နိုင်ဘဲ မျက်မှောင်ကျုံ့သွားလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သတင်းအစအနလေးသာဆိုပါက ၎င်းမှာ သူ၏ နဂါးတိမ်တိုက်မြက်ပင်နှင့် လဲလှယ်ရန် မလုံလောက်ပေ။ ဒါ့ပြင် ဖေ့တောက်ချီပေးတဲ့သတင်းက အမှန်ပါလို့ သူကဘာလို့ယုံရမှာလဲ?
ကျန်းချန်ရွှမ်၏ အတွေးများကို ဖတ်ကာ ဖေ့တောက်ချီက ဆက်ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်းက ငါနဲ့လဲလှယ်ချင်ရင်တော့ ငါမင်းကိုပေးတဲ့သတင်းအချက်အလက်ကမှန်ကန်ကြောင်း သေချာစေဖို့အတွက် မင်းနဲ့ မူလဝိညာဉ်စာချုပ်တစ်ခု ချုပ်ဆိုနိုင်တယ်။ ပြီးတော့ ငါမင်းကို နောက်ထပ် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး၃၀၀၀၀လည်းပေးနိုင်တယ်။ မင်းဘယ်လိုသဘောရလဲ တာအိုရောင်းရင်းကျန်း?”
ဖေ့တောက်ချီပြောဆိုသည့် မူလဝိညာဉ်စာချုပ်မှာ သွေးကျမ်းကျိန်ချက်စာချုပ်ထက် ပိုမိုတင်းကျပ်သည့် စာချုပ်တစ်ခုဖြစ်သည်။
ထို့ပြင် ဤစာချုပ်သည် ကျင့်ကြံသူများ၏ မူလဝိညာဉ်များကို အထူးပစ်မှတ်ထားပေသည်။
တစ်စုံတစ်ယောက်က ၎င်းကိုချိုးဖောက်လိုက်သည်နှင့် အကောင်းဆုံးအနေနှင့်ကတော့ သူ၏အမြစ်သည် အပြင်းအထန်ဒဏ်ရာရသွားနိုင်သည်။
အဆိုးဆုံးအနေနှင့်ကတော့ သူ၏မူလဝိညာဉ်ပျက်စီးသွားပြီး ချက်ချင်းသေဆုံးသွားလိမ့်မည်။
ဖေ့တောက်ချီသည် သူနှင့် မူလဝိညာဉ်စာချုပ်တစ်ခု ချုပ်ဆိုလိုနေသောကြောင့် ဤတစ်ကြိမ်တွင် ဖေ့တောက်ချီသူ့အားပေးအပ်မည့် သတင်းအချက်အလက်မှာ ပြဿနာတစ်ခု မဟုတ်တော့ပေ။
ထိုအတွေးဖြင့် ကျန်းချန်ရွှမ်သည် ဖေ့တောက်ချီကို ချက်ချင်းပြောဆိုလိုက်သည်။
“မူလဝိညာဉ်စာချုပ်ဆိုရင်တော့ ငါ့မှာပြဿနာမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ်အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၃၀၀၀၀ ကတော့ မလုံလောက်သေးဘူး။ မင်းနောက်ထပ်အဆင့်မြင့်ဝိညာဉ်ကျောက်တုံး၄၀၀၀၀လိုတယ်”
ကျန်းချန်ရွှမ်၏ စကားများကိုကြားပြီးနောက် ဖေ့တောက်ချီသည် ခနမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ကျန်းချန်ရွှမ်ကို ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ!”
မကြာမီတွင် စုချင်းချန်ကို သက်သေထား၍ သူတို့နှစ်ယောက်သည် မူလဝိညာဉ်စာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ပြီး သူတို့၏လုပ်ငန်းကို အဆုံးသတ်လိုက်ကြသည်။
ကျန်းချန်ရွှမ်သူ၏ထိုင်ခုံသို့ပြန်သွားသောအခါ ဖေ့တောက်ချီပေးလိုက်သည့် ကျောက်စိမ်းပြားကို ချက်ချင်းထုတ်ကြည့်လိုက်သည်။ ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို ဖတ်ရှုပြီးသောအခါ ကျန်းချန်ရွှမ်သည် ချက်ချင်းမျက်မှောင်ကျုံ့လိုက်သည်။
ကျောက်စိမ်းပြားတွင် ကမ္ဘာမြေသစ်သားလင်ကျီမှိုသည် မည်သည့်အရပ်တွင်ရှိသည့် သတင်းအချက်အလက်များပါဝင်သည်။ ၎င်းသည် မြောက်ဘက်နယ်စပ်၏ နယ်မြေထဲတွင် မဟုတ်ဘဲ အရှေ့ဘက်အစွန်းမှ လျှို့ဝှက်နေဝင်ချိန်နယ်မြေဟုခေါ်သည့် နေရာတွင် ဖြစ်သည်။
အနှစ်သာရကိုးပါးလောကတစ်ခုလုံးသည် လေးပိုင်းခွဲခြားထားသည်။
၎င်းတို့မှာ အရှေ့ဘက်အဆုံး၊ တောင်ဘက်သဲကန္တာရ၊ အနောက်ဘက်ကန္တာရ၊ ဗဟိုလွင်ပြင်နှင့် လောလောဆယ်သူတို့ရှိနေသည့် မြောက်ဘက်နယ်စပ်တို့ ဖြစ်သည်။ သူတို့ကြားရှိ အကွာအဝေးသည် အလွန်ဝေးကွာသည်ဟု ပြောရမည်။
သူတို့သည် အရှေ့ကဘက်အစွန်းမှ မြောက်ဘက်နယ်စပ်ကို သွားလိုပါက လင်မယားနှစ်ယောက်၏ လက်ရှိကျင့်စဉ်နှင့်ဆိုလျှင် အနည်းဆုံးနှစ်အနည်းငယ်ကြာမြင့်မည်ဟုဆိုလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
ကံကောင်းစွာပင် တိုက်ငါးခုအတွင်း အလွန်ကြီးမားသည့် နေရာကူးပြောင်းခြင်းအစီအရင်များ ရှိပေသည်။ ၎င်းတို့နှင့် သူတို့အချိန်တော်တော်များများကို ချွေတာနိုင်သည်။
သို့သော်လည်း နောက်ထပ်ပြဿနာတစ်ခု ရှိသေးသည်။
ကျောက်စိမ်းပြားတွင်ဖော်ပြထားသည့် လျှို့ဝှက်နေဝင်ချိန်နယ်မြေမှာ အရှေ့ဘက်အဆုံးရှိ ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုအချို့ထံမှ ထိန်းချုပ်ခံထားရသည့် နေရာတစ်ခု ဖြစ်သည်။ ၎င်းသည် အနှစ်၃၀၀တွင် တစ်ကြိမ်သာပွင့်သည်။
ထောက်ခံစာတစ်စောင်မပါသရွေ့ ကောက်ခံသောဈေးနှုန်းမပေးဘဲ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ရန် ပြင်ပအခြေတည်ဝိညာဉ်ကျင့်ကြံသူများကို ခွင့်ပြုမထားပေ။ ထို့ပြင် ပြင်ပအခြေတည်ဝိညာဉ်ကျင့်ကြံသူများ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်နိုင်လျှင်တောင် သူတို့ထွက်လာသည့်အခါတွင် လျှို့ဝှက်နယ်မြေမှ သူတို့စုဆောင်းရရှိမှုများ၏ ၃၀%ကျော်ကျော်ကို ဝိညာဉ်တည်ဆောက်ခြင်းအင်အားစုများသို့ လွှဲပေးရမည်ဖြစ်သည်။
၃၀%မှာ များဟန်မတူသော်လည်း ပစ္စည်းရွေးချယ်မှုကတော့ သူတို့အပေါ်တွင် မူတည်သည်။ သူတို့တွေက အလိုအပ်ဆုံးဟာကို ယူသွားဖို့ စဉ်းစားထားရင် ဘယ်လိုလုပ်မလဲ?
အဲ့ဒါဆိုရင် အကုန်အလဟာသဖြစ်မသွားဘူးလား?
ဒါကြောင့်..
ထိုလျှို့ဝှက်နယ်မြေသို့ဝင်ရောက်ရန် တစ်ယောက်တွင် ထောက်ခံစာတစ်စောင်ရှိရမည်ဖြစ်သည်။
မဟုတ်လျှင်တော့ ဆုံးရှုံးရမှုမှာ အမှန်တကယ်ထိန်းချုပ်မရနိုင်အောင် ဖြစ်သွားလိမ့်မည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ မျက်နှာထားမှာ မလွဲဧကန်ပင် အတော်ကလေးတင်းမာသွားသည်။
သူအလိမ်ခံလိုက်ရသည်ဟု ပြောလို့မရသော်လည်း သူ၏စိတ်ခံစားချက်မှာ ကောင်းမွန်မနေတော့ပေ...
***