ဖလှယ်ခြင်းစုဝေးမှုအဆုံးသတ်၊ ကောင်းကင်သခင်၏မိန့်ခွန်းစကား၊ နတ်ဆိုးကပ်ဘေး(၂)
Vol. 28 Ch. 540
သူသည် မူလက ၎င်းမှာ မြောက်ဘက်နယ်စပ်ရှိ တစ်နေရာရာတွင်ဟု တွေးထင်ခဲ့မိသည်။ အဆုံးတွင် ၎င်းမှာ အရှေ့ဘက်အဆုံးတွင်ဖြစ်ပြီး ထိုကဲ့သို့ လျှို့ဝှက်နယ်မြေမျိုးတွင် ဖြစ်နေသည်။
နှစ်ဖက်စလုံးမှာ မူလဝိညာဉ်စာချုပ်ကို ရေးထိုးထားသည်ဟူသည့်အချက်ကြောင့်သာ မဟုတ်ပါက ကျန်းချန်ရွှမ်သည် ဖေ့တောက်ချီက သူ့အားပေးသည့် သတင်းအချက်အလက်မှာ အတုဖြစ်ရမည်ဟု သံသယဝင်ကောင်းဝင်နိုင်သည်။
“ယောက်ျား ဘာဖြစ်လို့လဲ? ပြဿနာတစ်ခုခုရှိလို့လား?”
ထိုအချိန်တွင် သူ၏ဘေးရှိ ရှန်းရူယန်က ကျန်းချန်ရွှမ်၏ မျက်နှာပေါ်ရှိ ထူးဆန်းသောမျက်နှာထားကို သတိပြုမိသွားကာ ချက်ချင်း စိတ်ပူစွာမေးလိုက်သည်။
ကျန်းချန်ရွှမ်က ခေါင်းခါလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ ကိုယ်နည်းနည်းမသက်မသာဖြစ်နေရုံပါ”
စကားပြောနေစဉ်တွင် သူသည် ရှန်းရူယန်ကို ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို ပြောပြခဲ့သည်။
ရှန်းရူယန်က ၎င်းကိုကြားသောအခါ သူမ၏ လှပသောမျက်လုံးထဲတွင် အေးစက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူမက “ယောက်ျား ဖေ့တောက်ချီက ရှင့်ကို ရည်ရွယ်ချက်ရှိရှိလိမ်နေတာပဲ။ ကျွန်မသူနဲ့နောက်မှကြည့်ရှင်းမယ်”
ကျန်းချမ်ရွှမ်က ထပ်မံခေါင်းခါလိုက်သည်။
“သူနဲ့တမင်သက်သက် ပြဿနာဖြစ်နေဖို့ မလိုပါဘူး။ ပြီးတော့ သေချာဂရုမစိုက်မ်လိုက်တဲ့ ကိုယ့်အမှားပဲ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။ ကိုယ်တို့ ဒီလူနဲ့ အနာဂတ်မှာ မိတ်ဖွဲ့လို့မရဘူးဆိုတာ သိသွားတာပေါ့။ အခွင့်အရေးရရင် ကိုယ်သူ့ကိုကြည့်ရှင်းလိုက်မယ်”
“ဒါဆိုလည်း ကောင်းပြီလေ”
၎င်းကိုကြားကာ ရှန်းရူယန်က အမိအရ မတိုက်တွန်းတော့ပေ။
သူမသည် သူမယောက်ျား၏စရိုက်ကို သိသည်။ သူက ယခုလိုပြောလိုက်သည့်အတွက် သူ၏အမျိုးသမီးအနေဖြင့် သူ၏အလိုဆန္ဒများကို လိုက်လျောရန်သာ လိုအပ်သည်။
ထို့နောက်တွက် လူများပို၍ပို၍ တက်လာကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့လိုအပ်သည့် ပစ္စည်းအချို့နှင့် လဲလှယ်မှုပြုရန် အခွင့်အလမ်းကောင်းများကို ယူခဲ့သည်။
နောက်ဆုံးပုဂ္ဂိုလ် စင်မြင့်ပေါ်မှ ဆင်းသွားသောအခါ လဲလှယ်မှုစုဝေးခြင်းတစ်ခုလုံး ပြီးဆုံးသွားသည်။
ဝီ!
ထိုအချိန်တွင် အလွန်အမင်းကျယ်ပြန့်သည့်အော်ရာတစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာသည်။ ထို့နောက်တွက် အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု လူတိုင်း၏ရှေ့သို့ ရောက်ရှိလာသည်။ ဤပုံရိပ်သည် လက်တွေ့နှင့် ထင်ယောင်ထင်မှားဖြစ်ခြင်း ကြားထဲတွင်ရှိဟန်တူသည်။
မည်သည့်အခြေတည်ဝိညာဉ်ကျင့်ကြံသူမှ သူ၏မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေ။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် အခမ်းအနားမှူးဖြစ်သည့် စုချင်းချန်က ရုတ်တရက် အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်ကို ဦးညွှတ်လိုက်ပြီး လေးစားသမှုဖြင့် ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ် ဆရာ!”
လူတိုင်း၏ရှေ့သို့ ရောက်လာသည့်သူမှာ ရုန်ဟန်နန်းတော်၏ စစ်မှန်သော အုပ်ချုပ်သူဖြစ်သည့် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းဖြစ်သည်။
“ကောင်းကင်သခင်ကို နှုတ်ဆက်ပါတယ်!”
ထိုအချိန်တွင် အခြေတည်ဝိညာဉ်စံသခင်အုပ်စုကလည်း တုံ့ပြန်မှုပြုလိုက်ပြီး အဖြူရောင်ဝတ်ရုံပုံရိပ်ကို ချက်ချင်း ဦးညွှတ်လိုက်သည်။
“မင်းတို့အကုန် ထကြပါ”
ညင်သာသော အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းသည် သိမ်မွေ့သောအားတစ်ခုကဘသူတို့ကို မတ်မတ်ရပ်စေရန် ကူညီပေးနေကြောင်း ခံစားမိလိုက်သည်။
၎င်းသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ထိုနေရာတွင် အခြေတည်ဝိညာဉ်ကျင့်ကြံသူများ တော်တော်များများရှိပေသည်။
အဆုံးတွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် သူတို့၏ခန္ဓာကိုယ်များကို အလိုလိုတည့်မတ်လာစေရန် စွမ်းအားအနည်းငယ်ကိုသာ အသုံးပြုလိုက်သည်။ ထိုမှတစ်ဆင့် ဝိညာဉ်တည်ဆောက်ခြင်းနှင့် အခြေတည်ဝိညာဉ်ကြားရှိ ကွာခြားမှုမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ကွာခြားမှုမျိုးဖြစ်ကြောင်း မြင်နိုင်သည်။
၎င်းမှာ ရုန်ဟန်နန်းတော်က စီစဉ်သည့် ကျင့်စဉ်လဲလှယ်မှုတစ်ခု ဖြစ်သည့်အတွက် တစ်ယောက်ယောက်ကတော့ အလိုလိုပင် ရုပ်လုံးထွက်ပြရမည်။
ထိုအချိန်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ဆက်ပြောလိုက်သည်။
“နောက်ထပ်အနေနဲ့ ကျင့်စဉ်အပေါ်က ငါ့ရဲ့ဉာဏ်အမြင်တွေကို ပြောပြပါရစေ”
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏စကားများကို ကြားကာ လူတိုင်း ပြန်လည်အသက်ဝင်လာသည်။
တစ်ခုသိရမည်မှာ ကောင်းကင်သခင်များအားလုံးသည် လျှို့ဝှက်ဆန်းကြယ်ကြသည်။ များသောအားဖြင့် သူတို့ကို တွေ့မြင်ပြီး သူတို့၏ ပြောဆိုချက်များကို နားထောင်ရန်မှာ အလွန်ခက်ခဲသည်။
မကြာမီတွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ ပြောဆိုချက် စတင်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် အခြေတည်ဝိညာဉ်အဆင့်နှင့် ဆက်စပ်နေသည့်အကြောင်းအရာကို ပြောကြားခဲ့သည်။ လူတိုင်းသည် ဟောပြောချက်ထံမှ ညှို့ယူဖမ်းစားခံလိုက်ရသည်။
အချို့သူများသည် ဟောပြောချက်ကိုနားထောင်နေစဉ်တွင် အဆင့်ကျော်ဖြတ်ရန် အခွင့်အရေးများ ရရှိခဲ့ပြီး လူအများ၏အာရုံကို ဆွဲဆောင်မိစေကာ မနာလိုခံခဲ့ရသည်။
ကျန်းချန်ရွှမ်သည် သူ၏ကျင့်စဉ်ကိုမမြှင့်တင်နိုင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းပြောကြားခဲ့သည့်အရာများမှာ သူ၏သံသယတော်တော်များများကို အဖြေပေးပြီးသား ဖြစ်သွားကာ သူဆက်လက်လုပ်ဆောင်ရမည့်လမ်းကြောင်းအတွက် ပိုမိုရှင်းလင်းအောင် ပြုလုပ်ပေးခဲ့သည်။
အခြားတစ်ဖက်တွင်လည်း သူ၏ဘေးရှိ နှင်းပန်းပွင့်စံသခင်သည် ဟောပြောချက်ကိုနားထောင်နေစဉ်အတွင်း အံ့ဩဖွယ်အလင်းပြမှုအချို့ကို ရရှိခဲ့ဟန်တူသည်။ သူမသည် လေးနက်သိမ်မွေ့သောအခြေအနေသို့ နစ်ဝင်သွားသည်။
ကျန်းချန်ရွှမ်သည် ၎င်းမှာ ရုတ်ရက် နားလည်သဘောပေါက်မှုမှန်း သိခဲ့သည်။ ၎င်းမှာ သေချာပေါက် ကျင့်ကြံသူတစ်ယောက်အတွက် ကြီးမားသောအခွင့်အရေးတစ်ခုဖြစ်သည်။
နှင်းပန်းပွင့်စံသခင်သည် သူမ၏ရုတ်တရက်နားလည်သဘောပေါက်မှုမှ ပြန်ထွက်လာသည်နှင့် သူမ၏ကျင့်စဉ်မှာလည်း မြင့်တက်သွားသည်။
ဤပို့ချမှုသည် စုစုပေါင်း သုံးရက်ကြာမြင့်ခဲ့သည်။
အခြေတည်ဝိညာဉ်အဆင့်နှင့်ဆက်နွယ်နေသည့်ကျင့်စဉ်အကြောင်းကို ပြောကြားပြီးနောက် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် ဝိညာဉ်တည်ဆောက်ခြင်းကို မည်သို့ကျင့်ကြံရမည်ကို ပြောကြားခဲ့သည်။
အတိုချုပ်ရလျှင် ကျင့်ကြံသူတစ်ယောက်သည် ဝိညာဉ်တည်ဆောက်ခြင်းကို ကျင့်ကြံလိုပါက ပထမဆုံးပြုလုပ်ရမည့်အရာမှာ ပြောင်းလဲမှုအတွက်ပြင်ဆင်ရန် သူတို့၏နတ်အာရုံကို သေချာတိကျသည့်အဆင့်တစ်ခုသို့ ရောက်ရှိစေရန်ဖြစ်သည်။
ဒုတိယအနေဖြင့် သူတို့တွင် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီကို အာရုံနိုင်မည့် စွမ်းရည်ရှိရန် လိုအပ်သည်။
လူတိုင်းသိကြသည့်အတိုင်း ဤလောကတွင် မတူညီသောဒြပ်စင်များ၏ ဝိညာဉ်ချီများစွာရှိပေသည်။
၎င်းတို့တွင် သစ်သား၊ မီး၊ ရေ၊ ကမ္ဘာမြေ၊ သံမဏိ၊ လျှပ်စီး၊ လေ၊ ရေခဲနှင့် စသည်တို့ပါဝင်သည်။
သူတို့ပြုလုပ်ရမည့်အရာမှာ သူတို့၏မွေးရာပါဒြပ်စင်နှင့်တူညီသည့် ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်ချီကို အာရုံခံရန်ဖြစ်သည်။
ထိုအခြင်းအရာနှစ်ခုကို ပြုလုပ်ခြင်းဖြင့်ပင် ဝိညာဉ်တည်ဆောက်ခြင်းကို ကြိုးပမ်းအားထုတ်မှုပြုလုပ်ရန် အခွင့်အရေးရလိမ့်မည်။
သင်သည် အထက်တွင်ဆိုခဲ့ပြီးဖြစ်သော ကိစ္စရပ်နှစ်ခုစလုံးကို မပြုလုပ်နိုင်ပါက ဝိညာဉ်တည်ဆောက်ခြင်းသို့ ဝင်ရောက်ခြင်းသည် ရေထဲတွင်ရောင်ပြန်ဟပ်နေသည့်ပန်း သို့မဟုတ် မှန်ထဲရှိလမင်း၏နောက်ကို လိုက်နေသကဲ့သို့ မဖြစ်နိုင်မည့်ကိစ္စတစ်ခုသဖွယ်ပင် ဖြစ်နေလိမ့်မည်။
“ကောင်းပြီ။ ဒါဆိုရင် ပို့ချချက်ကို ဒီမှာ အဆုံးသတ်တာပေါ့”
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ပြီးတော့ ငါအားလုံးကို သတိပေးချင်တာတစ်ခုရှိသေးတယ်။ အဲ့ဒါကအနှစ်သာရကိုးပါးလောကရဲ့ နတ်ဆိုးကပ်ဘေးအကြောင်းပဲ”
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏စကားများကိုကြားကာ ကျန်းချန်ရွှမ်အပါအဝင် လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။
သိသိသာသာပင် ထိုအချိန်၌ နှစ်၁၂၀၀တိုင်းဖြစ်ပွားတတ်သည့် နတ်ဆိုးကပ်ဘေးအကြောင်းကို အခြေတည်ဝိညာဉ်ကျင့်ကြံသူတိုင်း သိကြသည်။
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ဆက်လက်ပြောဆိုလိုက်သည်။
“ငါ့ရဲ့ခန့်မှန်းချက်အရတော့ ဒီတစ်ခေါက်နတ်ဆိုးကပ်ဘေးက ဆယ်နှစ်အတွင်း ဖြစ်ပွားလိမ့်မယ်”
ဘာရယ်? ဆယ်နှစ်အတွင်းမှာ?
လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
သိသိသာသာပင် နတ်ဆိုးကပ်ဘေးမှာ ဤမျှနီးကပ်နေမှန်း လူတော်တော်များများ မသိကြပေ။
“အမှန်ပဲ”
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ခေါင်းညိတ်လိုက်သည်။
“ဒါကြောင့် မင်းတို့ပြန်သွားတဲ့အခါကျရင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုတယ်။ ဒီကိစ္စက မင်းတို့ကိုယ်တိုင်ရဲ့လုံခြုံမှုနဲ့ပဲ သက်ဆိုင်နေတာမဟုတ်ဘဲ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခုလုံးရဲ့ လုံခြံမှုနဲ့လည်း ဆက်ဆိုင်နေတယ်။ ဒါကြောင့် ငါတို့ အမှုမဲ့အမှတ်မဲ့ နေလို့မရဘူး”
ခနရပ်တန့်လိုက်ပြီး ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ဆက်ပြောလိုက်သည်။
“တာအိုရောင်းရင်းကျီယန်မီးတောက်နဲ့ငါနဲ့ ဒီနတ်ဆိုးကပ်ဘေးရဲ့ ခန့်မှန်းချေတည်နေရာကို ကောက်ချက်ချပြီးရင် အကုန်လုံးကို သတင်းပို့လိုက်မယ်။ အဲ့ဒီအချိန်ကျရင် အခြေခံတည်ဆောက်ခြင်းအဆင့်အထက်မှာရှိတဲ့ မျိုးနွယ်စုတွေနဲ့ ဂိုဏ်းတွေအားလုံး မလွဲဧကန် ပါဝင်ရမယ်။ တစ်ယောက်ယောက်က အမိန့် ဒါမှမဟုတ် ဆုတ်ခွာမှုတွေကို မလိုက်နာရင် ငါနဲ့ တာအိုရောင်းရင်းကျီယန်မီးတောက်တို့က သူတို့ကိုလွယ်လွယ်ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ လေသံမှာ သိသိသာသာအနည်းငယ် တင်းမာလာသည်။
၎င်းကိုကြားကာ စံသခင်များ အလွန်လေးနက်တည်ငြိမ်သွားကြသည်။ အဆုံးတွင် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကာ သူတို့သိရှိထားသည်များကို ပြသလိုက်သည်။
ထိုအချိန်တွင် စံသခင်တစ်ယောက်က သူ၏သံသယများကို ပြောကြားလိုက်သည်။
“နတ်ဆိုးသားရဲတွေက သူတို့နတ်ဆိုးကပ်ဘေးကို ခုခံနေတဲ့အချိန်မှာ နတ်ဆိုးသားရဲအဓိကရုဏ်းတစ်ခုကို ရုတ်တရက် စတင်လိုက်ရင်ရော ဘယ်လိုလုပ်မှာလဲ? အဲ့ဒီအချိန်ကျရင် လူသားမျိုးနွယ်ရဲ့ အင်အားစုတစ်ခုလုံးက နတ်ဆိုးကပ်ဘေးကို ခုခံတဲ့နေရာမှာပဲ သေချာပေါက် အာရုံစိုက်ထားရမှာပဲ။ နတ်ဆိုးသားရဲတွေက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လူသားမျိုးနွယ်ကို အဆုံးသတ်စေမယ့်အန္တရာယ်ဖြစ်လာစေရင် ဘယ်လိုလုပ်မှာလဲ?”
ဤစံသခင် ပြောပြသည့် သံသများသည် လူတိုင်းစိုးရိမ်နေကြသည့် အရာများဖြစ်သည်။ ထို့ပြင် နတ်ဆိုးသားရဲများသည် လူသားမျိုးနွယ်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သည်။ သူတို့သည် ဤကဲ့သို့ အထူးအခွင့်အရေးမျိုးကို သေချာပေါက် လက်လွှတ်ခံမည်မဟုတ်ပေ။
ကြောက်စရာအကောင်းဆုံးကိစ္စတစ်ခုမှာ နတ်ဆိုးသားရဲများသည် နတ်ဆိုးကျင့်ကြံသူနှင့် အင်အားပေါင်းစည်းလိုက်ပါက လူသားမျိုးနွယ်တစ်ခုလုံးသည် ဖျက်စီးခံရမည့် အန္တရာယ်သို့ အမှန်တကယ် ကျရောက်သွားမည်ဖြစ်သည်။
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းကတော့ အလွန်အမင်းစိုးရိမ်နေပုံမပေါ်ပေ။ ဆန့်ကျင်ဘက်ပင် သူ၏နှုတ်ခမ်းပေါ်၌ ခပ်ရေးရေးအပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူ၏မျက်နှာကို မမြင်ရသော်လည်း ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းပြုံးနေသည်ကို သူတို့အသေအချာ ခံစားမိလိုက်သည်။
“အဲ့ဒီအချိန်မှာ နတ်ဆိုးသားရဲတွေဒါမျိုးတကယ်ပဲ လုပ်ရဲတယ်ဆိုရင်တော့ အဲ့ဒါကငါအသေအချာ မျှော်လင့်နေတာမျိုးဆိုတာကို ဝန်ခံရမယ်...”
***