ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ စေ့ဆော်ခြင်း၊ လူသားမျိုးနွယ်အတိဒုက္ခ၊ ရုန်ဟန်ကျောက်စိမ်းအဆောင်
Vol. 28 Ch. 541
“ဟမ်?”
ကျန်းချန်ရွှမ်အပါအဝင်အားလုံးသည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ စကားများကိုကြားသောအခါ အံ့အားသင့်သွားခဲ့သည်။
သို့သော်လည်း မကြာမီပင် ကျန်းချန်ရွှမ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်တူကာ သူ၏မျက်လုံးများ ဝင်းလက်သွားသည်။
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ဒါကိုပြောလိုက်တာက...?
ဤအတွေးသည် သူ၏စိတ်ထဲ၌ ဖြတ်သန်းသွားစဉ် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ဆက်ပြောလိုက်သည်။
“မင်းတို့ဘာလို့ နတ်ဆိုးကပ်ဘေးက အနှစ်သာရကိုးပါးကျင့်ကြံရေးလောကမှာ နှစ်၁၂၀၀နေမှ တစ်ကြိမ်ဖြစ်တာလဲဆိုတာသိလား?”
မည်သူမှပြန်လည်မဖြေဆိုသေးခင် ကောင်းကင်ရှင်ရုန်ဟန်ကျီးရှန်းက ဆက်လက်ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ အနှစ်သာရကိုးပါးအမတ လောကရဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေစွမ်းအားက တခြားတစ်ဖက်ရဲ့ ကျူးကျော်ဝင်ရောက်မှုကို ပြင်းပြင်းထန်ထန် တားဆီးထားလို့ပဲ”
စကားပြောနေစဉ်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် ကောင်းကင်သို့ ညွှန်ပြလိုက်သည်။
“ငါ့ရဲ့အနှစ်သာရကိုးပါးလောကစွမ်းအားအတွက် အဲ့ဒီကို ကျူးကျော်ဝင်ရောက်ဖို့ကြိုးစားတဲ့ကျင့်ကြံသူတွေနဲ့ လုံးဝနတ်ဆိုးနယ်မြေဖြစ်သွားအောင် ပြောင်းလဲဖို့ ကြိုးစားသူတွေက ဖယ်ထုတ်ရှင်းလင်းချင်တဲ့ အဓိကပစ်မှတ်တွေပဲ။ အဲ့ဒီအချိန်မှာ မူလအနှစ်သာရကိုးပါးလောကမှာရှိတဲ့ နတ်ဆိုးသားရဲတွေက လူသားတွေနဲ့ရင်ဆိုင်ဖို့ အခွင့်အရေးကို အသုံးပြုလိုက်မယ်ဆိုလို့ရှိရင် သူတို့က အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေကို သွယ်ဝိုက်ပြီး ကူညီပေးသလို ဖြစ်လိမ့်မယ်။ စဉ်းစားကြည့်လိုက်။ အဲ့ဒီအချိန်ကျရင် နတ်ဆိုးသားရဲတွေက ဘယ်လိုပြဿနာမျိုးကို ရင်ဆိုင်ရတော့မှာလဲ?”
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ၎င်းကို ပြောလိုက်သည်နှင့် ကျင့်ကြံသူတော်တော်များများသည် လေးလေးနက်နက်တွေးတောခဲ့ကြသည်။ သူတို့သည် အဓိကအချက်ကို နားလည်သွားဟန်တူသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ထိုအချိန်အတွက် မည်သည်က အဓိကကိုတော့ ပြောနိုင်ဟန်မတူပေ။
အဆုံးတွင် သူ၏တပည့်အကြီးဆုံးဖြစ်သည့် စုချင်းချန်က ပြန်ဖြေလိုက်သည်။
“ကျွန်မတို့တွေ အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေကို ခုခံနေတဲ့အချိန်မှာ နတ်ဆိုးသားရဲတွေက တကယ်ပဲ လူသားမျိုးနွယ်ကိုတိုက်ခိုက်ဖို့ အဲ့ဒီအခွင့်အရေးကို အသုံးပြုမယ်ဆိုလို့ရှိရင် လက်ရှိအခြေအနေအရ အနှစ်သာရကိုးပါးလောကရဲ့ စွမ်းအားဆီကနေ စက်ဆုပ်အထင်သေးခံရနိုင်တယ်။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်။
အဲ့ဒီအချိန်ကျရင် အဆင့်နိမ့်နတ်ဆိုးသားရဲတွေမပြောနဲ့ ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တွေ ဒါမှမဟုတ် ဆဌမအဆင့်နတ်ဆိုးသားရဲချုပ်တွေတောင် ချီတိမ်းစောင်းမှုတွေ့ကြုံခြင်းကို စွန့်စားရလိမ့်မယ်”
စုချင်းချန်၏စကားလုံးများသည် အားလုံး၏စိတ်ထဲရှိ သံသယများကို ဖြေရှင်းပေးပြီးသားဖြစ်သွားသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်းသည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းကို ကြည့်လိုက်ကြသည်။
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းပာ ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ၊ တစ်ချိန်တည်းမှာပဲ ငါတို့လူသားတွေမှာ ပိုများတဲ့အင်အားတွေရှိနေတယ်။ လူတိုင်းကိုမပြောနဲ့ဦး ငါနဲ့တာအိုရောင်းရင်းကျီယန်မီးတောက်တောင်မှ ကျော်ဖြတ်ခြင်းကိုပြုလုပ်ဖို့ အခွင့်အရေးရှိတယ်။ ပြီးတော့ ဒါပြီးလို့ရှိရင် ငါတို့လူသားမျိုးနွယ်မှာ ရန်သူကြီးကြီးမားမားရှိမှာ မဟုတ်တော့ဘူး”
သိပြီ။
လူတိုင်းသဘောပေါက်သွားကြသည်။
“ကံမကောင်းစွာပဲ...”
ထိုအချိန်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ဝမ်းနည်းစွာဖြင့် သူ၏ခေါင်းကို ခါလိုက်သည်။
“နတ်ဆိုးသားရဲတွေကလည်း အဲ့ဒီလောက်တုံးမှာ မဟုတ်ဘူး။ ဒီလိုအချိန်မှာ သူတို့တွေက ငါတို့နဲ့ နတ်ဆိုးကျင့်ကြံသူတွေကြားက တိုက်ပွဲထဲမှာ မပါဝင်ဘဲ သေချာပေါက် ပုန်းအောင်းနေလိမ့်မယ်။ ကံကောင်းစွာပဲ နောက်နှစ်၂၀၀လောက်ထိတော့ သူတို့တွေက လူသားမျိုးနွယ်ကို ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ မဟုတ်ရင်တော့ နတ်ဆိုးကျင့်ကြံသူတွေကိုတိုက်ခိုက်မှုတွေကတစ်ဆင့် ဒီလိုအဆက်မပြတ်လျော့ကျမှုတွေနဲ့ဆိုရင် ငါတို့လူသားမျိုးနွယ်က တကယ်ပဲ ပြန်လည်တည်ဆောက်ဖို့ ခက်ခဲလိမ့်မယ်”
ဟမ်?
နတ်ဆိုးကပ်ဘေးပြီးလို့နှစ်၂၀၀ထိ နတ်ဆိုးသားရဲမျိုးနွယ်တွေက လူသားမျိုးနွယ်ကို မတိုက်ခိုက်ရဲဘူးလား?
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ စကားများကိုကြားကာ ကျန်းချန်ရွှမ်အပါအဝင်လူတိုင်း စိတ်သက်သာရာရသွားခဲ့သည်။
ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့စွမ်းအား လို့ခေါ်တာနဲ့များ ဆက်စပ်နေမလား?
ဤကမ္ဘာမြေ၏ သက်ရှိများအနေဖြင့် ကျူးကျော်ဝင်ရောက်လာသည့်ရန်သူများကို တွန်းလှန်ရန် အံ့ဩတုန်လှုပ်ဖွယ်တန်ဖိုးကို သုံးစွဲပြီးသည့်နောက်တွင် သူတို့၏ အာဟာရမိခင်ဟုခေါ်ဆိုနိုင်သည့် ဤကမ္ဘာမြေ၏စွမ်းအားသည် သူတို့အပေါ်တွင် အာရုံစိုက်မှုများစွာကို ဆွဲဆောင်မိစေလိမ့်မည်။
သူတို့လူသားမျိုးနွယ်၏ ကံကြမ္မာသည် ထိုကဲ့သို့အခြေအနေမျိုးအောက်တွင် သေချာပေါက် မြင့်တက်လာလိမ့်မည်။ ထိုအချိန်တွင် ဤကမ္ဘာမြေ၏အထူးကလေးများကို အနိုင်ကျင့်ရဲသည့် မည်သူမဆို ဤလောကကြီး၏ မကျေမနပ်ဖြစ်ခြင်းကို သေချာပေါက်ကြုံရလိမ့်မည်။
ရလဒ်မှာ အလိုလိုပင် သိသာနေပေပြီ။
အကြောင်းမှာ နှစ်၂၀၀ကြာပြီးသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်သည် လူသားမျိုးနွယ်ကို ထပ်မံဒုက္ခပေးရဲပါက ထိုအချိန်တွင် လူသားမျိုးနွယ်အပေါ်ရှိ ဤလောကစွမ်းအား၏ အာရုံများသည် အလွန်နိမ့်သောအဆင့်တစ်ခုသို့ ကျဆင်းသွားနိုင်ချေရှိသောကြောင့် ဖြစ်သည်။ ၎င်းသည် လူသားမျိုးနွယ်၏အခြေအနေမှာ အလွန်ခက်ခဲနေပြီး နတ်ဆိုးမျိုးနွယ်များနှင့် ညီမျှသည့်ဟန်ချက်ကိုထိန်းသိမ်းရန် စီစဉ်နေရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ဟန်တူသည်။ မည်သို့ပင်ဖြစ်စေ ဤဟန်ချက်ညီမှုမှာ ထာဝရမဟုတ်ပေ။
ကောင်းကင်နှင့် ကမ္ဘာမြေ၏စွမ်းအားမှာ ဖြည်းဖြည်းချင်းအားနည်းလာသည်နှင့် ၎င်းမှ သူတို့လူသားမျိုးနွယ်သို့ ပေးနိုင်သည့် အထောက်အပံ့သည် မလွဲဧကန် နည်း၍နည်း၍လာမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤလောက၏စွမ်းအားသည် နောက်ဆုံးတွင် လေးနက်သောအိပ်စက်ခြင်းတစ်ခုအဖြစ် ကျဆုံးသွားချိန် သို့မဟုတ် တိကျသည့်ပမာဏတစ်ခုထိ အားနည်းသွားချိန်တွင် သူတို့လူသားမျိုးနွယ်သည် အခက်ခဲဆုံးနှင့် အမှောင်မိုက်ဆုံးကာလတစ်ခုသို့ ဝင်ရောက်ရတော့မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ၎င်းတို့ကို ပြောမပြခဲ့ပေ။
လူအနည်းစုသာ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ၎င်းကိုနားလည်နိုင်မည့်အဆင့်သို့ ရောက်ရှိနိုင်သည်။
အနည်းဆုံးတော့ ကျန်းချန်ရွှမ်၏အမြင်တွင် သူသည် အပြင်ဘက်ကမ္ဘာရှိကြောက်မက်ဖွယ်တည်ရှိမှုများနှင့် အမျိုးမျိုးသောအတွင်းအချက်အလက်များကို မသိရှိခဲ့ပါက ဤမျှလောက်အထိတွေးတောရန် ခက်ခဲနိုင်ပေသည်။
ထုံးစံအတိုင်း သူသည် ၎င်းကိုသဘောပေါက်သွားသည့်အတွက် သူ၏စိတ်အခြေအနေမှာ အတော်လေး လေးလံလာသည်။
ဤအခြေအနေအရ သူတို့အတွက် သို့မဟုတ် လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကျန်ရှိသောအချိန်သည် များများစားစားမရှိတော့ပေ။ ကောင်းကင်နှင့်ကမ္ဘာမြေ၏စွမ်းအားမှာ အမှန်တကယ် ကျဆုံးသွားသည်နှင့် သူတို့လူသားမျိုးနွယ်နှင့် ဤလောကတစ်ခုလုံးပင်လျှင် ကပ်ဆိုက်သောကာလကြီးတစ်ခုသို့ ရောက်ရှိသွားတော့မည်..
***