လျူလင်းလုံနှင့် ရှန်းတောက်မင်၏ အမြုတေတည်ဆောက်ခြင်း၊ ကျန်းချန်ရွှမ်က ပဉ္စမအဆင့်အဆောင်ဆရာအဖြစ်သို့ ကျော်ဖြတ်ခြင်း၊ စနစ်၏ဆုလာဘ်
Vol. 28 Ch. 543
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် ကျန်းချန်ရွှမ်နှင့် သူ၏အမျိုးသမီးအပေါ်တွင် ကြီးမားသောမျောလင့်ချက်ထားရှိသည်မှာ ထင်ရှားသည်။ ၎င်းသည် ထိုနေ့က ဆက်သွယ်ရန် လာခဲ့ကြသည့် ကျီယန်မီးတောက်နှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်တို့အတွက်လည်း အတူတူပင်ဖြစ်သည်။
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းနှင့် အခြားသူများ ဂရုစိုက်သည်မှာ သူတို့၏ သေးငယ်သောဂိုဏ်းများ မဟုတ်တော့ပေ။ ၎င်းအစား သူတို့သည် လူသားမျိုးနွယ်တစ်ခုလုံးကို ဂရုစိုက်ကြသည်။
လူငယ်မျိူးဆက်များကိုဖိနှိပ်ခြင်း သို့မဟုတ် ကြီးပြင်းလာသောအခါသူတို့ထံမှလုပ်ပိုင်ခွင့်များခြိမ်းခြောက်ခံရမှုကို ကြောက်ရွံ့ခြင်းမျိုး မတည်ရှိတော့ပေ။
ဆန့်ကျင်ဘက်ပင် သူတို့သည် သူတို့နှင့်အတူ ဂျူနီယာတစ်ယောက်က လူသားမျိုးနွယ်ကိုကူညီရန် တာဝန်များကို လွှဲပြောင်းယူပေးရန် မစောင့်နိုင်ကြတော့ပေ။ ၎င်းတို့ကြောင့် မြောက်ဘက်နယ်စပ်ရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုများက ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းကို သူတို့၏အတွင်းစိတ်အနက်ရှိုင်းဆုံးမှ လေးစားအားကျရခြင်းဖြစ်သည်။ ထို့ပြင် ဤအားကျမှုများနှင့် လေးစားမှုများသည် သူတို့၏ စွမ်းအားသက်သက်ကြောင့်မဟုတ်ပေ။
ထိုအစား ၎င်းတို့မှာ သူတို့၏စရိုက်လက္ခဏာနှင့်လူသားမျိုးနွယ်အတွက် သူတို့မည်သို့ဆောင်ရွက်ပေးခဲ့သည်တို့မှ အစပြုသည်။
ထိုအချိန်တွင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် ကျန်းချန်ရွှမ်နှင့် အခြားနှစ်ယောက်ကို ဆက်လက်ခေါ်မထားတော့ပေ။ သူသည် ချက်ချင်း စုချင်းချန်ကို သူတို့အား ပြန်ခေါ်သွားရန်ပြောလိုက်သည်။
စုချင်းချန်ပြန်ရောက်လာသည့်အခါ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် သူမကိုကြည့်ကာ ပြောလိုက်သည်။
“ချင်းချန် မင်းတွန်းအားပေးခံနေရတယ်လို့ ခံစားရလား? ဒါမှမဟုတ် မင်း ငါသူတို့ကိုအရမ်းကြီးမျှော်မှန်းထားတယ်လို့ထင်လား?”
“အဲ့ဒီလိုမဟုတ်ပါဘူး”
စုချင်းချန်သည် အပြုံးတစ်ခုဖြင့် သူမ၏ခေါင်းကိုချက်ချင်းခါလိုက်သည်။
“ဆရာ ဆရာက သူတို့ကို တန်ဖိုးထားတယ်ဆိုတာက သူတို့မှာ ဆရာ့ဆီကနေ တန်ဖိုးထားခံရမယ့် အကြောင်းရင်းရှိလို့ပေါ့။ ကျွန်မမနာလိုလည်းမဖြစ်ပါဘူး မခံချိမခံသာလည်းမဖြစ်ပါဘူး။ ဖိအားပေးခံရတယ်လို့ခံစားရတယ်ဆိုတာကတော့...”
စုချင်းချန်သည် ထပ်မံပြုံးကာ ပြောလိုက်သည်။
“ကျွန်မရဲ့ ရွှေအမြုတေကြေမွသွားပြီး ကျင့်စဉ်ဖျက်စီးခံလိုက်ရတဲ့အချိန်ထက် ဘယ်လိုဖိအားကများ ပိုမိုကြီးမားနိုင်ဦးမှာလဲ? သူတို့ရဲ့အောင်မြင်မှုတွေကိုတော့ ကျွန်မနည်းနည်း မနာလိုမိပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကိုယ်ကျွန်မ သူတို့နဲ့ မနှိုင်းယှဉ်ပါဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်စည်းချက်အရပဲ ကျင့်ကြံရမှာလေ”
“မဆိုးဘူး မဆိုးပါဘူး”
ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် စိတ်သက်သာမှုဖြင့် ခေါင်းညိတ်လိုက်သည်။
“ချင်းချန် ဒီလိုစိတ်သဘောထားမျိုးနဲ့ မင်းရဲ့အနာဂတ်အောင်မြင်မှုတွေက ငါ့ထက်တော့ သေချာပေါက်မနိမ့်ကျလောက်ဘူး။ အဲ့ဒီအချိန်ကျရင် ရွှမ်းယန်ရဲ့တာအိုအစောင့်အရှောက်တွေဖြစ်ဖို့ ငါနဲ့အတူတူလိုက်ခဲ့”
“ဟုတ်ကဲ့ပါ ဆရာ”
စုချင်းချန်သည် သဘောတူညီမှုဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
….
တစ်ချိန်တည်း၌ပင်
ကျန်းချန်ရွှမ်နှင့် အခြားသူများ ရုန်ဟန်နန်းတော်မှ ထွက်ခွာပြီးနောက် စံသခင်ရွှမ်းယန်သည် သူတို့အား အကူအညီတောင်းခဲ့သည်။ သုံးနှစ်ကြာပြီးနောက်တွင် သူသည် သူတို့ကို ဓားဖုံးနန်းတော်တွင် သူ၏တာအိုအစောင့်အရှောက်များ ဖြစ်လာရန် မျှော်လင့်နေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကလည်း မငြင်းဆိုခဲ့ပေ။
….
ဆယ်ရက်ကြာပျံသန်းပြီးနောက် သူတို့သည် ယာယီခွဲခွာကာ သူတို့၏ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုအသီးသီးသို့ ပြန်သွားခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မှော်ဝင်တိုင်တောင်သို့ ပြန်လာခဲ့သည်။ သူတို့ပြန်ရောက်လာသည်နှင့် လင်မယားနှစ်ယောက်သည် တောင်ပေါ်ရှိ ဝိညာဉ်ချီမှာ အဆမတန်သက်ဝင်လှုပ်ရှားနေသည်ကို ခံစားမိလိုက်သည်။ မကြာမီတွင် မှော်ဝင်တိုင်တောင်ပေါ်ရှိ ကောင်းကင်မှာ နက်မှောင်သွားပြီး ငွေရောင်လျှပ်စီးများ ထွက်ပေါ်လာသည်။
တစ်ယောက်ယောက်က အတိဒုက္ခကို ကျော်ဖြတ်တော့မလို့လား?
၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အတော်လေး ပျော်ရွှင်သွားကြသည်။
မကြာမီပင် သူတို့နှစ်ယောက်သည် ပန်းရောင်ဝတ်စုံဖြင့်လျူလင်းလုံသည် မှော်ဝင်တိုင်တောင်မှ ပျံထွက်သွားသည်ကို မြင်လိုက်ကြသည်။ သူမ၏နောက်တွင် ကျန်းအန်းရန်၊ ရှန်းယွမ်လုံ၊ ထန်ပိုင်ရှန်းနှင့် ကျန်းမျိုးနွယ်စုမှ အကြီးအကဲများ ပါဝင်သည်။ သိသာစွာပင် သူတို့သည် ထိုနေရာတွင် လျုလင်းလုံကြောင့် ရှိနေခြင်းဖြစ်သည်။
၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက် ချက်ချင်း ပျံထွက်သွားကြသည်။
ကျန်းမျိုးနွယ်စုသည် အတိဒုက္ခကို မည်သို့ ကျော်လွှားရမည်နှင့် စပ်လျဉ်း၍ အသေးစိတ်ကျသော အချက်အလက်များနှင့် ကြိုတင်ကာကွယ်မှုများကို ပြင်ဆင်ပြီးပြီဖြစ်သည်။ ထို့ကြောင့် လျုလင်းလုံ၏အတိဒုက္ခမှာ အတော်လေး ချောမွေ့သွားသည်ဟု ပြောရမည်။
မည်သည့်အမှားအယွင်းမှမရှိပေ။
လျုလင်းလုံသည် သူမ၏ အတိဒုက္ခမှ ပြန်ရောက်လာသောအခါ ကျန်းချန်ရွှမ်သည် သူ၏ ဤရုန်ဟန်နန်းတော်သို့ ခရီးစဉ်အတွင်း သင်ယူခဲ့ရသည်တို့ကို လူတိုင်းကို ပြန်လည်ပြောပြခဲ့သည်။
တစ်ချိန်တည်း၌ပင် သူသည် နတ်ဆိုးကျင့်ကြံသူ၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ရန်လည်း လူတိုင်းကိုအမိန့်ပေးခဲ့သည်။ ရှာဖွေတွေ့ရှိမှုများ သို့မဟုတ် ခြေရာများရှိလာသည်နှင့် သူတို့သည် ၎င်းကိုရင်ဆိုင်ကာ ချက်ချင်းခြေရှင်းရမည်ဖြစ်သည်။ ဖြေရှင်းလို့မရနိုင်သည့် တစ်စုံတစ်ခုရှိလာပါက သူတို့သည် သူ့ကို ချက်ချင်း သတင်းပို့နိုင်သည်။
လေးစားသမှုဖြင့် လူတိုင်းသည် အမိန့်ကို တည်ငြိမ်လေးနက်စွာ လက်ခံလိုက်သည်။
…
ခနကြာပြီးနောက်
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ရွှမ်းမင်တောင်ထွတ်သို့ ပြန်သွားခဲ့သည်။ ကျန်းချန်ရွှမ်သည် ပဉ္စမအဆင့်အဆောင်ကိုသန့်စင်ရန် ချက်ချင်း ကြိုးစားလိုက်သည်။ သူသည် စံသခင်ရွှမ်းယန်ဝိညာဉ်တည်ဆောက်ခြင်းသီု့မတက်လှမ်းမီ သူသည် ပဉ္စမအဆင့်သို့အောင်မြင်စွာ ကျော်ဖြတ်နိုင်မည် မနိုင်မည်ကို သိချင်နေသည်။
ကံကောင်းစွာဖြင့် ကျန်းချန်ရွှမ်သည် ပဉ္စမအဆင့်အဆောင်ကိုစတင်ပြုလုပ်တော့မည်အပြုတွင် စနစ်မှသူရရှိထားသည့် ကံကောင်းမှုစုတ်တံအဆောင်မှာ အနီရောင်သို့ ပြောင်းသွားသည်ကို သတိထားမိသွားသည်။ ၎င်းက သူသည် ဤစုတ်တံကို ထိုအချိန်တွင် အဆောင်များဆွဲသားရန် အသုံးပြုလိုက်ပါက အလွန်ကြီးမားသောကံကောင်းမှုကို ပိုင်ဆိုင်ရလိမ့်မည်ဟု ဆိုလိုသည်။
နှစ်များစွာအတွင်း သူ၏ ကံကောင်းမှုစုတ်တံအဆောင်သည် ဒါဇင်နှင့်ချီကာ အရောင်များ ပြောင်းလဲခဲ့သည်။ ကံကောင်းမှုကို ကိုယ်စားပြုသည့် အနီရောင်သို့ ပြောင်းလဲသွားခြင်းမှာ ကိုးကြိမ်သာရှိသည်။ ထို့ပြင် ဤကိုးကြိမ်အတွင်း သူသည် သူ၏အဆောင်ပြုလုပ်ခြင်းအဆင့်ထက် ကျော်လွန်သည့် အဆောင်များကို ရေးဆွဲခဲ့သည်။
ယခု သူ၏ကံကောင်းမှုစုတ်တံအဆောင်သည် အနီရောင်သို့ထပ်မံပြောင်းသွားသည့်အတွက် ၎င်းသည် သူ့အားပဉ္စမအဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်ပေသည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် အဆောင်ပြုလုပ်သည့်ပစ္စည်းများ အစုလိုက်ကို ထုတ်ယူလိုက်သည်။ သူသည် ဤပစ္စည်းများကို ပဉ္စမအဆင့်ပုံရိပ်ယောင်အဆောင်တစ်ခုကိုပထမဆုံးရေးဆွဲရန်အတွက် အသုံးပြုဖို့ စီစဉ်ထားခြင်းဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူတစ်ယောက်ကို ပုံရိပ်ယောင်ထဲသို့ ကျရောက်စေသည့် အဆောင်တစ်ခုဖြစ်သည်။
သူဤအဆောင်ကို ဆွဲသားရန်ရွေးချယ်ရသည့် အဓိကအကြောင်းမှာ ၎င်းသည် ဆွဲသားရန် အတော်လေးလွယ်ကူသောကြောင့်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ၎င်းသည် နေရာကူးပြောင်းခြင်းအဆောင်တစ်ခုနှင့် လေဟာနယ်အဆောင်တစ်ခုတို့လောက်တောင် မခက်ခဲပေ...
***