← Chapters

စံသခင်ရွှမ်းယန်၏အတိဒုက္ခ၊ ဆဌမအဆင့်နတ်ဆိုးသားရဲချုပ်၏ နှောင့်ယှက်ဖျက်စီးမှု(၂)

Vol. 28 Ch. 546

စံသခင်ရွှမ်းယန်၏အတိဒုက္ခ၊ ဆဌမအဆင့်နတ်ဆိုးသားရဲချုပ်၏ နှောင့်ယှက်ဖျက်စီးမှု(၂)

Vol. 28 Ch. 546

၎င်းကိုကြားကာ ဓားဖုံးနန်းတော်အပြင်ဘက်ရှိ ရှီညီနောင်သုံးယောက်သည် ချက်ချင်း စိတ်သက်သာမှုဖြင့် သက်ပြင်းချနိုင်ခဲ့သည်။

ထိုအချိန်တွင် သူတို့သည် တုံ့ဆိုင်းမနေတော့ပေ။ သူတို့သုံးယောက်သည် ချက်ချင်း အစီအရင်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

လုံလောက်သောဓမ္မစွမ်းအားများ ဖြည့်သွင်းပြီးနောက် အလွန်အားကောင်းသော မီးတောက်သုံးခုသည် အစီအရင်ပြားသုံးခုမှ ချက်ချင်းပေါက်ထွက်လာသည်။ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

မီးတောက်များသည် ဓားဖုံးနန်းတော်၏ တောင်အစီအရင်ပေါ်သို့ ထပ်မံဆင်းသက်သွားသည်။ ၎င်းသည် လှိုင်းဂယက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက်တွင် ရှီမျိုးနွယ်စုမှ လူသုံးယောက်သည် သူတို့၏လက်ထဲရှိ အစီအရင်ပြားများကို ချထားလိုက်ကာ နောက်ဆုံးအကြိမ်အနေနှင့် ထပ်မံတိုက်ခိုက်လိုက်ကြသည်။

ချက်ချင်းပင် အလွန်တောက်ပသောဓားအလင်းသုံးခုသည် တောင်အကာအကွယ်အစီအရင်ကို ခုတ်ပိုင်းလိုက်သည်။ ၎င်းသည် တောင်အကာအကွယ်အစီအရင်၏မျက်နှာပြင်ကို ချက်ချင်းလင်းလက်သွားစေခဲ့သည်။ ကံကောင်းစွာပင် အစီအရင်မှာ ချက်ချင်းပြန်လည်တည်ငြိမ်သွားသည်။

ကတိပြုထားသည့်အတိုင်း ရှီညီနောင်သုံးယောက်သည် ထပ်မံမတိုက်ခိုက်တော့ပေ။ ရှီမျိုးနွယ်စုမှ အကြီးဆုံးသားက သူ၏လက်သီးကိုဆုပ်ကာ ဓားဖုံးနန်းတော်ရှိသည့်အရပ်သို့ ဦးညွှတ်လိုက်သည်။

“ဒီကိစ္စဒီမှာတင်ပြီးဆုံးသွားပြီ။ ငါတို့မျိုးနွယ်စုနှစ်ခုကြားက မကျေနပ်ချက်တွေကို ချေဖျက်ပေးလိုက်ပြီ။ ငါတို့ဒီမှာဆက်မနေတော့ဘူး။ နှုတ်ဆက်ပါတယ်”

သို့နှင့် ရှီမျိုးနွယ်စုမှ ညီနောင်သုံးယောက်သည် ဆက်လက်မနေကြတော့ဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် အခြားသူများ၏ အမူအယာများ တည်ငြိမ်လေးနက်သွားခဲ့သည်။

အကြောင်းမှာ ရှီညီနောင်သုံးယောက်၏ ထွက်ခွာမှုနှင့်အတူ စံသခင်ရွှမ်းယန်၏ အတိဒုက္ခမှာလည်း စတင်ရုံသာရှိသေးသောကြောင့် ဖြစ်သည်။

အချိန်သည် နှေးကွေးစွာ ကုန်လွန်နေသည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကုန်ဆုံးသွားသည်။

ထိုအချိန်တွင် စံသခင်ရွှမ်းယန်တံခါးပိတ်ကျင့်ကြံနေသည့် ဂူအိမ်အတွင်းရှိ ထည်ဝါသောအော်ရာမှာ စတင်လေးလံလာသည်။ မရှင်းလင်းစွာပင် ၎င်းမှာ ဤလောကကို လွှမ်းခြုံနေဟန်တူသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် အခြားသူများ၏ နတ်အာရုံထဲတွင် မရေရာသောပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။

ဒါက...?

ကျန်းချန်ရွှမ်နှင့် အခြားသူများ ကြက်သေသေသွားကြသည်။

သူတို့သည် ထိုမရေရာသောပုံရိပ်ယောင်များမှာ သက်ရှိစင်စစ်များမဟုတ်ဘဲ အချို့အသိဉာဏ်များနှင့် စွမ်းအားများ၏ ပေါင်းစပ်မှုတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားကြသည်။

“ဒါကျွန်မရဲ့ စီနီယာအစ်ကို အတိတ်တုန်းက သတ်ပစ်ခဲ့တဲ့ရန်သူပဲ”

ထိုအချိန်တွင် ယန်ဝူရွှမ်းက ရုတ်တရက် ပြောလိုက်သည်။

“ဒီအချိန်မှာ သူတို့တွေက ကျွန်မရဲ့စီနီယာအစ်ကိုအတိဒုက္ခရဲ့ လွှမ်းမိုးမှုအောက်မှာ ကျန်ရှိနေတဲ့ အသိဉာဏ်အစအန‌လေးတွေပဲ။ သိပ်ကြာကြာခံမှာမဟုတ်ဘူး။ သူတို့က ကျွန်မစီနီယာအစ်ကိုရဲ့ စိတ်နှလုံးထဲက အတွင်းနတ်ဆိုးတွေကို အစပျိုးပေးဖို့ပဲ အသုံးပြုနိုင်တယ်။ ဒီတစ်ကြိမ်မှာတော့ ရှင်တို့နဲ့ကျွန်မတို့ ကြားဝင်လို့မရဘူး။ အကုန်လုံးက ကျွန်မရဲ့စီနီယာအစ်ကို အပေါ်မှာပဲ မူတည်တယ်”

ဟမ်? အသိဉာဏ်အကြွင်းအကျန်တွေရဲ့ ပေါင်းစပ်မှုလား?

ထိုအခြေအနေမျိုးတွင် ၎င်းမှာ အတိတ်၏အကြွေးများပင် ဖြစ်ရာ၏။

အခြားတစ်ဖက်က အသက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အတိဒုက္ခသည် ၎င်းတို့ကို အစစ်အမှန်အဖြစ်ပြောင်းလဲပေးမည်ဖြစ်သော်လည်း ပုံရိပ်ယောင်ပုံစံသည် သင်၏ရှေ့ သို့မဟုတ် သင်၏အသိဉာဏ်အာရုံတွင် ရောက်ရှိလာမည်ဖြစ်သည်။ ၎င်းသည် သင်၏အတွင်းနတ်ဆိုးများကို နှိုးဆွပေးလိမ့်မည်။

ဤတစ်ကြိမ်တွင် ကျော်ဖြတ်နိုင်လျှင်တော့ အဆင်ပြေသွားလိမ့်မည်။ သို့သော်လည်း သူမကျော်ဖြတ်နိုင်ပါက အရာအားလုံး ပြီးဆုံးသွားလိမ့်မည်။

အမှုမဲ့အမှတ်မဲ့ဖြင့် ယန်ဝူရွှမ်းနှင့် တိရှင်းကျဲ့တို့၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာသည်။ သူတို့၏စီနီယာအစ်ကိုအပေါ် အလွန်ယုံကြည်ချက်ရှိသော်လည်း အတိဒုက္ခတွင် ပြောင်းလဲမှုများ ရှိနိုင်မရှိနိုင်ကို ပြောရန်ခက်ခဲသည်။ သူတို့စိုးရိမ်သည်မှာ သဘာဝကျသည်။

ဝှစ်!

ထိုအချိန်တွင် မမြင်နိုင်သောဓားချီတစ်ခု လေထဲသို့ ရောက်ရှိလာသည်။

ဓားချီသည် မရေရာသာပုံရိပ်ယောင်များအပေါ်တွင် ဆင်းသက်သွားပြီး ချက်ချင်း ၎င်းတို့ကို တစ်ခုပြီးတစ်ခု ထိုးနှက်လိုက်သည်။ အမျက်ဒေါသလှိုင်းများနှင့် ဒေါသတကြီးအော်ဟစ်သံများ လေထဲတွင် ထွက်ပေါ်လာသည်။ မုန်းတီးမှုများ၊ ဒေါသများ၊ မလိုလားမှုများနှင့် အခြားအမှောင်ဒေါသများ လိုက်ပါနေပေသည်။

ကျန်းချန်ရွှမ်နှင့် တောင်အကာအကွယ်အစီအရင်ထဲရှိ အခြားသူများသည် ရှင်းမပြနိုင်လောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်‌လာသည်။ အကြောင်းမှာ သူတို့သည် ဤအတိဒုက္ခမှ သက်ရောက်ခံနေရသောကြောင့် ဖြစ်သည်။ ၎င်းသည် ကျန်းချန်ရွှမ်နှင့် အခြားသူများကို အံ့အားသင့်စေခဲ့သည်။ သူတို့သည် များစွာသော အကာအကွယ်များနှင့် အဟန့်အတားများကြောင့် ခွဲခွာခံလိုက်ရပြီး ၎င်းတို့သည် သူတို့ကို အထူးပစ်မှတ်ထားနေခြင်း မဟုတ်ပေ။ သို့သော်လည်း သူတို့မှာ သက်ရောက်ခံနေရဆဲဖြစ်သည်။

စံသခင်ရွှမ်းယန်ရင်ဆိုင်နေရသည့်အရာမှာ မည်မျှကြောက်မက်ဖွယ်ကောင်းမှန်း စဉ်းစားကြည့်လို့ရသည်။

“အား!”

ထိုအချိန်တွင် ဓားဖုံးနန်းတော်မှ အချို့နောက်လိုက်များမှာ နာကျင်လာဟန်တူသည်။

၎င်းကိုမြင်ကာ ယန်ဝူရွှမ်းနှင့် တိရှင်းကျဲ့တို့၏မျက်နှာများမှာ တည်ငြိမ်လေးနက်သွားသည်။

သူတို့ မည်သို့ဆက်ဖြစ်တော့မည်ကို သိရှိနေသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့သည် ချက်ချင်း လက်များကိုဝှေ့ယမ်းကာ မန္တန်အချို့ကို ရွတ်ဆိုလိုက်သည်။ ချက်ချင်းဆိုသလိုပင် အစီအရင်ပေါ်မှ အစိမ်းရောင်အလင်းတန်းများ ကျဆင်းလာသည်။ အစိမ်းရောင်အလင်းများသည် ဓားဖုံးနန်းတော်နောက်လိုက်များဆီသို့ ကျဆင်းသွားသောအခါ သူတို့၏နာကျင်နေသော အမူအယာများမှာ ချက်ချင်းပုံမှန်ပြန်ဖြစ်သွားသည်။

ချီ! ချီ! ချီ!

တစ်ချိန်တည်းပင် အစီအရင်အပြင်ဘက်ရှိဓားချီသည် ပို၍ပို၍ ကြီးစိုးကာ ချွန်မြလာသည်။

တခနအတွင်း လူတိုင်း၏အတွင်းအာရုံထဲသို့ ရောက်ရှိလာသော ဝိုးတဝါးပုံရိပ်များ ပျောက်ကွယ်သွားသည်။ ၎င်းကိုကြည့်ခြင်အားဖြင့် ထိုအရာများသည် ဓားချီဆီမှ ဖျက်ဆီးခံရတော့မည်ဖြစ်သည်။

ဘွန်း!

သို့သော်လည်း ထိုအချိန် ထူးခြားသည့်စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေသော အလွန်ကြီးမားသည့်နဂါးလက်သည်းတစ်ခုသည် ဓားဖုံးနန်းတော်ဦးတည်ရာသို့ ရုတ်တရက် ရိုက်ချလိုက်သည်။

ဘန်း! ဘန်း! ဘန်း! ဘန်း!

ကြောက်မက်ဖွယ်စွမ်းအားသည် ပတ်ဝန်းကျင်လေထုကို တိုက်ရိုက်ဖိနှိပ်သွားသည်။

တိုက်ခိုက်မှု၏အလယ်တွင် ကြီးမားသောလေစီးကြောင်းများ အဆက်မပြတ်လှည့်ပတ်နေသည်ကို အသေအချာမြင်နိုင်သည်။ ဓားဖုံးနန်းတော်တစ်ခုလုံးသည် ဤကြောက်မက်ဖွယ်စွမ်းအားကို တားဆီးနိုင်သည့် ပုံမပေါ်ပေ။

တောင်အကာအကွယ်အစီအရင်တစ်ခုလုံး၏အလင်းမှာ မှေးမှိန်သွားရုံသာမက ဓားဖုံးနန်းတော်တစ်ခုလုံးပင်လျှင် အနည်းငယ် တုန်ခါလာသည်။

“ဒါ ရေလွှမ်းနဂါးနက်နတ်ဆိုးသားရဲချုပ်ပဲ!”

ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ နှင်းပန်းပွင့်စံသခင်၊ ယန်ဝူရွှမ်း၊ စံသခင်လေတိမ်တိုက်နှင့် အခြားသူများသည် နဂါးလက်သည်းနှင့် ၎င်းမှထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်အော်ရာကို သတိပြုမိသွားသည်။

မမျှော်လင့်ဘဲနှင့် ထိုအချိန်တွင် ဆဌမအဆင့်နတ်ဆိုးသားရဲချုပ် ပေါ်ထွက်လာသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်ဖြစ်စေ ယန်ဝူရွှမ်းသို့မဟုတ် စံသခင်လေတိမ်တိုက်ဖြစ်စေ သူတို့၏မျက်နှာထားများမှာ အဆမတန် လေးနက်တည်ငြိမ်သွားကြသည်။ သူတို့သည် ဆဌမအဆင့်နတ်ဆိုးသားရဲချုပ်ကို ရင်ဆိုင်ရခြင်းသည် တစ်ဦးတည်းတားဆီး၍မရနိုင်မှန်း ကောင်းကောင်းသိသည်။ တောင်အကာအကွယ်အစီအရင်ရှိနေသည့်တိုင် ၎င်းမှာ အရမ်းအသုံးမဝင်နိုင်ပေ။

သူတို့သာ ဆဌမအဆင့်နတ်ဆိုးသားရဲချုပ်ကို တားဆီးချင်သည်ဆိုပါက သူတို့တွင် အဆင့်တူတစ်ခုရှိဖို့လိုသည်။

“ဟူး ရေလွှမ်းနဂါးနက် မင်းအရမ်းစိုးရိမ်နေတာလား?”

ထိုအချိန်တွင် ဓားဖုံးနန်းတော်အထက်ကောင်းကင်မှ သက်ပြင်းချသံတစ်ခု ရုတ်တရက် ထွက်လာသည်။

ခနကြာပြီးနောက် အဖြူရောင်ကျောက်စိမ်းနှင့်တူသည့် လက်ဖဝါးတစ်ခုသည် လေဟာနယ်မှ ရုတ်တရက် ဆန့်ထွက်လာသည်။

ချက်ချင်းဆိုသလိုပင် ၎င်းသည် ကြီးမားသောလက်သည်းနှင့် တိုက်မိသွားသည်။

ဂျိန်း!

ချက်ချင်းပင် အဆုံးမရှိသော စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲသွားသည်။

အထူးသဖြင့် လုံးဝနက်မှောင်နေသည့် ကြားအက်ကွဲကြောင်းတစ်ခုသည် ချိတ်ဆက်မှု အလယ်ဗဟိုတွင် ထွက်ပေါ်လာသည်။

“ရုန်ဟန်ကျီးရှန်း ထပ်ပြီးမင်းပဲပေါ့”

ကောင်းကင်တွင် အေးစက်သည့်ခပ်ဩဩဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“ဘာလို့လဲ? မင်းမှာအချိန်သိပ်မကျန်တော့လို့ ငါ့ကိုထပ်တိုက်ခိုက်ဖို့ ဒီကိုရောက်လာတာလား?”

ရယ်သံတစ်ခုဖြင့် လောကြီးနှင့်ကွဲကွာနေဟန်တူသည့် မဟာပုံရိပ်တစ်ခုသည် ရုတ်တရက် ကောင်းကင်ဆီသို့ ပြေးဝင်သွားသည်။

ထိုအချိန်တွင် လောကကြီးသည် အဆုံးမရှိသောအလင်းဖြင့် ဝါးမျိုခံလိုက်ရဟန်တူသည်။ မည်သူမှ ထိုအချိန်တွင် ကောင်းကင်သို့ မော့မကြည့်ရဲပေ။

သူတို့သည် နှစ်ဖက်ကြားရှိ တိုက်ပွဲမှာ အလွန်အရေးကြီးသည့် အခြေအနေတွင် ရှိနေသေးကြောင်း ကောင်းကင်ရှိပေါက်ကွဲမှုများမှတစ်ဆင့် ဆုံးဖြတ်နိုင်သည်။

“သူတို့ကိုဖျက်စီးပစ်!”

ရုတ်တရက် ထည်ဝါသောဟိန်းဟောက်သံတစ်ခု ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။

ခနအတွင်းပင် ကြီးမားသောပုံရိပ်များသည် လေဟာနယ်မှ ထွက်ပေါ်လာသည်။

သူတို့အားလုံးမှာ အလွန့်အလွန်ရဲစွမ်းလှသည့်အော်ရာများဖြင့် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်များ ဖြစ်ကြသည်။

ဟမ်?

၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်နှင့် ဓားဖုံးနန်းတော်ရှိအခြားသူများသည် ရုတ်တရက် အာရုံစိုက်မိသွားသည်။

ထို့နောက်တွင် နှင်းပန်းပွင့်စံသခင်၊ ကြယ်ပင်လယ်စံသခင်နှင့် အခြားအလယ်ဆင့်အခြေတည်ဝိညာဉ်စံသခင်အချို့သည် ယန်ဝူရွှမ်းနှင့် တိရှင်းကျဲ့တို့၏ ဦးဆောင်မှုအောက်တွင် ဓားဖုံးနန်းတော်၏ တောင်အကာအကွယ်အစီအရင်ကို အတူတကွ ကူညီထောက်ပံ့လိုက်ကြသည်။

ဝီ! ဝီ! ဝီ!

စံသခင်များစွာ၏ ပေါင်းထည့်မှုဖြင့် ဓားဖုံးနန်းတော်ရှိ တောင်အကာအကွယ်အစီအရင်၏ စွမ်းအားအားလုံးသည် ချက်ချင်း ဆယ်ဆမက တိုးမြင့်လာသည်။

အလင်းတန်းများ ဝင်းလက်သွားသည်။

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်ခဲ့သည်။

ရောက်ရှိလာကြသည့် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်များသည် တောင်အကာအကွယ်အစီအရင်ကို ကြမ်းတမ်းရက်စက်စွာ စတင်တိုက်ခိုက်လာသည်။

***

စာစဉ် ၂၈ ပြီးပါပြီ။

All Chapters