← Chapters

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ စေ့ဆော်ခြင်း၊ လူသားမျိုးနွယ်အတိဒုက္ခ၊ ရုန်ဟန်ကျောက်စိမ်းအဆောင်(၂)

Vol. 28 Ch. 542

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ စေ့ဆော်ခြင်း၊ လူသားမျိုးနွယ်အတိဒုက္ခ၊ ရုန်ဟန်ကျောက်စိမ်းအဆောင်(၂)

Vol. 28 Ch. 542

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် မည်သို့မျှ မပြောခဲ့ပေ။

အားလုံး၏ရှေ့တွင် သူ၏ပုံရိပ် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်နှင့် ရုန်ဟန်ကောင်းကင်နန်းတော်မှ ကျင်းပသည့် ကျင့်စဉ်လဲလှယ်မှုသည် ပြီးဆုံးလုနီးနီး ဖြစ်သွားသည်။

ကျန်းချန်ရွှမ်နှင့် အခြားသူများသည်စံသခင်ရွှမ်းယန်တို့နှင့်အတူ ရုန်ဟန်နန်းတော်မှ ထွက်ခွာတော့မည်အပြုတွင် ပထမအကြီးအကဲစုချင်းချန်က ရုတ်တရက် သူတို့ကို ခေါ်လိုက်သည်။

“တာအိုရောင်းရင်းရွှမ်းယန်နဲ့ တာအိုရောင်းရင်းကျန်းနဲ့ရှန်းတို့ ကျွန်မကိုခနလောက်စောင့်ပါဦး”

“ဟမ်?”

စုချင်းချန်က သူတို့ကို တားဆီးလိုက်သည်ကိုမြင်ကာ ကျန်းချန်ရွှမ်၊ ရွှမ်းယန်နှင့် အခြားသူများ အံ့အားသင့်သွားခဲ့ကြသည်။

မျက်နှာပေါ်တွင် အပြုံးရေးရေးတစ်ခုဖြင့် စုချင်းချန်သည် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ရွှမ်းယန်တို့ကိုကြည့်ကာ ပြောလိုက်သည်။

“ကျွန်မရဲ့ဆရာက ရှင်တို့ကို တွေ့ချင်နေတယ်။ ရှင်တို့သုံးယောက်မှာ အရေးကြီးကိစ္စ သွားဖို့မရှိသေးဘူးဆိုရင် ဆရာ့ကိုတွေ့ဖို့ ကျွန်မနဲ့လိုက်ခဲ့နိုင်မလား?”

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ငါတို့ကို တွေ့ချင်တာလား?

ကျန်းချန်ရွှမ်နှင့် အခြားနှစ်ယောက်တို့ သွေးဆောင်ခံလိုက်ရသည်။ ထို့နောက်တွင် သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် စံသခင်ရွှမ်းယန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“စီနီယာရုန်ဟန်ကျီးရှန်းက ငါတို့ကိုတွေ့ချင်တယ်ဆိုမှတော့ သွားရတော့မှာပေါ့။ ငါတို့ကို လမ်းပြပေးပါဦး”

စုချင်းချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် ကျန်းချန်ရွှမ်နှင့် အခြားနှစ်ယောက်ကို သူမ၏ဆရာ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းရှိသည့်နေရာသို့ ခေါ်ဆောင်လာခဲ့သည်။

…

ရုန်ဟန်ခန်းမတွင်

ဤနေရာသည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း နေထိုင်သည့်နေရာဖြစ်ပြီး သူတံခါးပိတ်ကျင့်ကြံသည့်နေရာလည်းဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် စံသခင်ရွှမ်းယန်တို့သည် စုချင်းချန်၏ဦးဆောင်မှုနောက်မှ ရောက်ရှိလာသောအခါ သူတို့သည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းမှာ သူ၏ပုံစံအစစ်အမှန်ကို ပြသပြီးပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူသည် ‌အတော်လေးယဉ်ကျေးသိမ်မွေ့သည့်လူတစ်ယောက်ဖြစ်သည်။ ထိုအချိန်တွင် သူသည် ကျန်းချန်ရွှမ်နှင့်အခြားနှစ်ယောက် ရောက်ရှိလာသည်ကိုမြင်သောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

“မင်းတို့လာပြီကိုး”

၎င်းကိုပြောပြီးနောက် သူသည် စံသခင်ရွှမ်းယန်ဘက်သို့လှည့်ကာ ရုတ်တရက် ပြောလိုက်သည်။

“တာအိုလူငယ်လေးရွှမ်းယန်၊ ငါမမှားဘူးဆိုရင် မင်းကဝိညာဉ်တည်ဆောက်ခြင်းကို မကြာခင်မှာ ကျော်ဖြတ်ဖို့ကြိုးစားနေတာဖြစ်ရမယ် ဟုတ်ရဲ့လား?”

ဘာရယ်?

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ စကားများကိုကြားကာ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် စုချင်းချန်တို့အားလုံး အံ့အားသင့်သွားခဲ့ကြသည်။

အထူးသဖြင့် စုချင်းချန်ပင်ဖြစ်သည်။

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ ပထမဆုံးတပည့်တစ်ယောက်အနေဖြင့် အခြေတည်ဝိညာဉ်မှ ဝိညာဉ်တည်ဆောက်ခြင်းသို့ ကျော်ဖြတ်ရန် မည်မျှခက်ခဲမှန်း သူမထက်မည်သူမှ ပိုမသိချေ။ ယခုအချိန်အထိ သူမသည် ဝိညာဉ်တည်ဆောက်ခြင်းသို့ တက်လှမ်းရန် အခွင့်အရေးအနည်းငယ်ကိုပင် မဖမ်းဆုပ်မိသေးချေ။ သူမတွင် သဲလွန်စပင်မရှိဘူးဟု ပြောလို့ရသည်။

မည်သို့ပင်ဖြစ်စေ စံသခင်ရွှမ်းယန်သည် ဝိညာဉ်တည်ဆောက်ခြင်းသို့ ကျော်ဖြတ်တော့မည် ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ၎င်းသည် သူက ဝိညာဉ်တည်ဆောက်ခြင်းကို သေချာပေါက် ကျော်ဖြတ်နိုင်သွားမည်ဟု ဆိုလိုခြင်းလည်း မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ စံသခင်ရွှမ်းယန်သည် အခြေတည်ဝိညာဉ်ကျင့်ကြံသူအားလုံးထက် ခေါင်းတစ်လုံးသာနေပြီဖြစ်သည်။

စံသခင်ရွှမ်းယန်သည် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက သူ၏အခြေအနေကိုမြင်နိုင်လိမ့်မည်ဟု အသေအချာကိုမ‌မျှော်လင့်ခဲ့ချေ။ သူသည် မည်သည်ကိုမှ ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်သည်။

“မှန်ပါတယ်။ ဘာအလွဲအမှားမှမရှိဘူးဆိုရင် ကျွန်တော် ဝိညာဉ်တည်ဆောက်ခြင်းကို သုံးနှစ်အတွင်းကျော်ဖြတ်ဖို့ကြိုးစားမှာပါ”

ဤစကားလုံးများသည် ကျန်းချန်ရွှမ်၊ စုချင်းချန်နှင့် အခြားသူများကို ထပ်မံအံ့အားသင့်သွားစေပြန်သည်။

စံသခင်ရွှမ်းယန်သည် ဤမျှသေချာနေသောကြောင့် သူသည် ၎င်းကို လုပ်ဆောင်ရန် အတော်လေး ယုံကြည်ချက်ရှိပုံပေါ်သည်။ မည်သို့ပင်ဖြစ်စေ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် ခနမျှ တိတ်ဆိတ်သွားသည်။

ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။

“မင်းဆုံးဖြတ်ပြီးပြီလား? မင်းအချိန်ထပ်ယူလို့လည်းရတာပဲ။ မင်းနတ်ဆိုးကပ်ဘေးအဆုံးထိ စောင့်နိုင်မယ်ဆိုလို့ရှိရင် မင်းရဲ့အောင်မြင်မှုအခွင့်အလမ်းက ပိုများလာလိမ့်မယ်”

စံသခင်ရွှမ်းယန်က ခေါင်းခါလိုက်သည်။

“အဲ့ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး”

ခနရပ်တန့်လိုက်ပြီး စံသခင်ရွှမ်းယန်က ဆက်ပြောလိုက်သည်။

“ကျွန်တော်‌ကြောက်ရွံ့မှုကြောင့် နောက်ဆုတ်လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော့်ရဲ့တာအိုနှလုံးသားကို ဖြတ်ထုတ်ပစ်ရလိမ့်မယ်။ နတ်ဆိုးကပ်ဘေးပြီးသွားရင်တောင် အောင်မြင်နိုင်မှုအခွင့်အလမ်းက အရမ်းကြီးမြင့်တက်လာမှာ မဟုတ်ဘူး။ ပြီးတော့ အဲ့ဒါမျိုးလုပ်တာက ကျွန်တော့်ရဲ့ တာအိုလမ်းကြောင်းမှာ မရှိဘူး”

“မှန်တယ်”

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် စံသခင်ရွှမ်းယန်ကို အချိန်အတော်ကြာစိုက်ကြည့်နေခဲ့သည်။

ခနကြာပြီးနောက်

သူသည် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင် မင်းလူသားအတိဒုက္ခအတွက်ရော ပြင်ဆင်ပြီးပြီလား? အဲ့ဒါက ရွှေအမြုတေကနေ အခြေတည်ဝိညာဉ်ကို ကျော်ဖြတ်ရတာနဲ့ မတူဘူး။ ဝိညာဉ်တည်ဆောက်ခြင်းကို တက်လှမ်းချင်ရင် တွေ့ကြုံရမယ့် အတိဒုက္ခက ကောင်းကင်အတိဒုက္ခမဟုတ်ဘဲ လူသားအတိဒုက္ခပဲ။ အဲ့ဒီအချိန်ကျရင် မင်းကို ဆန့်ကျင်မလိုမုန်းထားပြီး အသက်ရှင်နေ‌တဲ့မည်သူမဆို မင်းကဝိညာဉ်တည်ဆောက်ခြင်းကို ကျော်ဖြတ်သွားတဲ့အကြောင်း ချက်ချင်း သတိပြုမိလိမ့်မယ်။

အကြွေးရှင်တွေလိုပဲ သူတို့ကမင်းနောက်ကို အကြွေးတောင်းသလိုမျိုး လိုက်လာလိမ့်မယ်။ သူတို့ရောက်လာတာနဲ့ မင်းရဲ့နှလုံးသားထဲက မကောင်းတဲ့ခံစားချက်မျိုးစုံကို အစပျိုးပေးလိမ့်မယ်။ အပြစ်ရှိစိတ်၊ နောင်တ၊ ကြောက်ရွံ့မှု၊ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်းနဲ့ စသဖြင့်ပဲ။

မင်းအဲ့ဒီခံစားချက်တွေကို ကျော်လွှားနိုင်ရင်တော့ အတွင်းနတ်ဆိုးစိတ်ရိုင်းကို ဖယ်ရှားပြီးသားဖြစ်သွားလိမ့်မယ်။ မင်းမကျော်လွှားနိုင်ရင် ဒါမှမဟုတ် အဲ့ဒီခံစားချက်တွေထဲမှာ ပိုပြီးနက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားရင် အတွင်းနတ်ဆိုးကပိုပြီးတော့ အားကောင်းလာလိမ့်မယ်။

အဲ့ဒါက မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်နှလုံးကို ဝါးမျိုသွားပြီးတော့ မင်းရဲ့ နှစ်ရာချီ ဒါမှမဟုတ် ထောင်ချီတဲ့ ကျင့်စဉ်တွေကို ဖျက်ဆီးပစ်လိမ့်မယ်။ ပြီးရင် မင်းရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကဖျက်စီးခံလိုက်ရပြီး ဘယ်တော့မှ လူဝင်စားနိုင်တော့မှာမဟုတ်ဘူးပြီးတော့ ဒါက လူသားအတိဒုက္ခထဲက တစ်ခုပဲရှိသေးတယ်။

မင်းကိုဆန့်ကျင်မလိုမုန်းထားဖူးတဲ့သူတွေအပြင် နတ်ဆိုးသားရဲတွေအပါအဝင် မင်းဝိညာဉ်တည် ဆောက်ခြင်းကို ရောက်ရှိသွားမှာကို မမြင်ချင်တဲ့လူတွေလည်း ဒီလောကထဲမှာ အများကြီးရှိလိမ့်မယ်။ ပြီးတော့ မင်းမှာ သူတို့ရဲ့တိုက်ခိုက်မှတွေကို ခုခံနိုင်ဖို့ စွမ်းရည်က မရှိသလောက်ပဲ။ ဒါကြောင့်မလို့ မင်းရဲ့ လူသားအတိဒုက္ခကို အောင်မြင်စွာကျော်ဖြတ်ပြီး ကောင်းကင်သခင်တစ်ယောက် ဖြစ်လာချင်တယ်ဆိုလို့ရှိရင် အုပ်ထိန်းသူတစ်ယောက်ကတော့ မရှိမဖြစ်ပဲ။

ဒါကကျင့်ကြံသူအများစုနှာ တာအိုတွဲဖက်ရှိရတဲ့ အဓိကအကြောင်းရင်းပဲ။ တာအိုရောင်းရင်းတွေရဲ့ ကာကွယ်မှုနဲ့ အကူအညီမပါဘဲ လမ်းစဉ်ကိုတစ်ယောက်တည်းလျှောက်သွားပြီး အဆုံးမှာ ကြီးမားတဲ့ အောင်မြင်မှုကိုရသွားတဲ့လူကအရမ်းကိုနည်းနည်းလေးပဲရှိတယ်”

စံသခင်ရွှမ်းယန်သည် မည်သို့မှမတတ်နိုင်ဘဲ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၏ စကားများကိုကြားသောအခါ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော့်မှာ လူသားအတိဒုက္ခရဲ့ ပထမလှိုင်းအတွက် ၉၀% ယုံကြည်ချက်ရှိတယ်။ ပြီးတော့ လူသားအတိဒုက္ခရဲ့ ဒုတိယလှိုင်းအတွက်လည်း ကျွန်တော်စီနီယာရုန်ဟန်ကျီးရှန်း၊ ကျီးယန်နဲ့ အခြားစီနီယာတွေရဲ့ အကူအညီကို လိုကောင်းလိုမှာပေါ့။ အဲ့ဒီအချိန်ကျရင် စီနီယာကျွန်တော့်ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ကိုရောက်တဲ့အခါ စီနီယာနဲ့ အခြားသူတွေနဲ့အတူတူ နတ်ဆိုးအတိဒုက္ခကို ခုခံဖို့ အကောင်းဆုံးလုပ်ပါ့မယ်။

တစ်ချိန်တည်းမှာပဲ စီနီယာရဲ့ ကြင်နာမှုကိုလည်း မမေ့ပါဘူး”

အဆုံးတွင် စံသခင်ရွှမ်းယန်သည် အလွန်အမင်းတည်ငြိမ်လေးနက်သောအမူအယာဖြင့် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းကို ဦးညွှတ်လိုက်သည်။

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းက ၎င်းကိုမြင်သောအခါ ကြင်နာစွာပြုံးလိုက်သည်။

“တာအိုလူငယ်လေးရွှမ်းယန်၊ မင်းအရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ လူသားမျိုးနွယ်ရဲ့ ကောင်းကင်သခင်တွေအနေနဲ့ ငါတို့မှာ မင်းကိုကူညီဖို့ တာဝန်ရှိတယ်။ ပြီးတော့ မင်းကောင်းကင်သခင်တစ်ယောက် ဖြစ်လာမယ်ဆိုလို့ရှိရင် ငါနဲ့‌တာအိုရောင်းရင်းကျီယန်မီးတောက်အတွက် ကောင်းမွန်တဲ့အရာတစ်ခုဖြစ်သွားတာပေါ့။ အနည်းဆုံးတော့ ဒါကငါတို့ကို တာဝန်အများစုကနေ သက်သာရာရစေတယ်။

တစ်ချိန်တည်းမှာပဲ မင်းကိုကူညီတာက ငါတို့လူသားမျိုးနွယ်ကိုလည်း ကူညီရာရောက်တယ်။ ငါ မင်းဝိညာဉ်တည်ဆောက်ခြင်းကို ရောက်ရှိသွားတဲ့အခါကျရင် မင်းရဲ့လူသားဆိုတဲ့အထောက်အထားကို မမေ့ပစ်ဖို့ကိုပဲ ငါမျှော်လင့်တယ်။

အနာဂတ်မှာ မင်း ဝိညာဉ်တည်တည်ဆောက်ခြင်းကို တက်လှမ်းဖို့အခွင့်အရေးရှိတဲ့ ဂျူနီယာလေးတွေနဲ့ တွေ့လို့ရှိရင် သူတို့ကို ငါတို့လိုမျိုး အကာအကွယ်တချို့ပေးနိုင်တယ်။ ဒီလောက်ပါပဲ”

“ဟုတ်ကဲ့ပါ ကျွန်တော် စီနီယာရဲ့ လမ်းညွှန်မှုတွေကို မှတ်ထားပါ့မယ်”

“ကောင်းပြီ!”

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

သူစကားပြောနေစဉ်တွင် သူ၏အကြည့်များသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အပေါ် ကျရောက်သွားသည်။

“ငါ မင်းတို့ရဲ့အခြေခံက မဆိုးဘူးလို့မြင်တယ်။ အနာဂတ်မှာ မင်းတို့တွေ ဝိညာဉ်တည်ဆောက်ခြင်းအဆင့်မှာ ကြိုးပမ်းအားထုတ်မှု လုပ်နိုင်‌လောက်တယ်။ ဒါကြောင့်မလို့ မင်းတို့နဲ့‌ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို ကြိုတင်တည်ဆောက်ဖို့ ဒီကိုခေါ်လိုက်တာ”

ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သူတို့၏ရှေ့သို့ အဖြူရောင်ကျောက်စိမ်းအဆောင်နှစ်ခု ရောက်ရှိလာသည်။

“ဒီအဆောင်နှစ်ခုကို ရုန်ဟန်ကျောက်စိမ်းအဆောင်တွေလို့ခေါ်တယ်။ ဒါတွေက မင်းတို့ကို ဝိညာဉ်တည်ဆောက်ခြင်းတိုက်ခိုက်မှုကို ခုခံဖို့ ကူညီပေးနိုင်တယ်။ မင်းတို့ပြန်ရောက်တဲ့အခါ ဒီအဆောင်တွေကို သန့်စင်ဖို့ပဲလိုတယ်။ မင်းတို့သေရေးရှင်ရေးအန္တရာယ်ထဲမှာ ရောက်နေလို့ရှိရင် ဒီအဆောင်တွေက သူတို့ရဲ့ပိုင်ရှင်ကို အလိုအလျောက် ကာကွယ်ပေးလိမ့်မယ်”

ဤမြင်ကွင်းသည် စုချင်းချန်ကို ထပ်မံအံ့အားသင့်သွားစေပြန်သည်။

စံသခင်ရွှမ်းယန်သည် ဝိညာဉ်တည်ဆောက်ခြင်းကို ဖြတ်ကျော်နိုင်မည်မှာ အရမ်းအံ့အားသင့်စရာ မဟုတ်သေးပေ။ သူမသည် သူမဆရာ၏မျက်လုံးထဲတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့မှာ ဝိညာဉ်တည်ဆောက်ခြင်းသို့ ရောက်ရှိရန် စွမ်းရည်ရှိသည်ဟု မမျှော်လင့်ခဲ့ပေ။

ဒါကတကယ့်ကိုပဲ...

စူးချင်းခန်က တိတ်တဆိတ်အံ့အားသင့်သွားစဉ် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အသိပြန်ဝင်လာကြသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ လင်မယားနှစ်ယောက်သည် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းကို ဦးညွှတ်ကာ ကျေးဇူးတင်လိုက်သည်။

“ရတနာအတွက် ကျေးဇူးတင်ပါတယ်။ စီနီယာချန်ရှန်း!”

မည်သို့ပင်ဖြစ်စေ ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်းသည် ပြုံးကာ သူ၏လက်ကိုမြှောက်လိုက်သည်။

“ကိန်းကြီးခန်းကြီးလုပ်မနေပါနဲ့။ မင်းတို့ ကောင်းကောင်းမွန်မွန် ကျင့်ကြံဖို့ပဲလိုတယ်။ မင်းတို့ အနာဂတ်မှာ ဝိညာဉ်တည်ဆောက်ခြင်းကို ရောက်ရှိဖို့ အခွင့်အရေးရှိလာရင် မင်းတို့ရဲ့လူတွေကို ကာကွယ်ဖို့မမေ့ကြနဲ့...”

***

All Chapters