← Chapters

နတ်ဝိဇ္ဇာအဆင့် ချောင်ရွဲ့အားသတ်ပစ်ခြင်း

Vol. 4 Ch. 43

နတ်ဝိဇ္ဇာအဆင့် ချောင်ရွဲ့အားသတ်ပစ်ခြင်း

Vol. 4 Ch. 43

ကျွဲရိုင်းကြီးသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး "ငယ်သား......သခင်ကို ဒူးထောက်ပြီး ကြိုဆိုပါတယ် " လို့ ပြောလိုက်၏။ လုံရှန်းရဲ့ အရှိန်အဝါသည် ခုလောက်ထိကြောက်စရာကောင်းလိမ့်မယ်လို့ ကျစ်ယန်သည် မထင်ထားပေ။

လုံရှန်းသည် ရှိသမျှရတနာပစ္စည်းအားလုံး တစ်ခုမကျန်ပေးဖို့ ကျွဲရိုင်းကြီးအား ပြောလိုက်၏။ ကျွဲရိုင်းကြီးသည် ချက်ချင်းပင် သူ့စွမ်းအားဖြင့် စမ်းချောင်းအတွင်းရှိသော ရတနာအားလုံးအား စုစည်းလိုက်ပြီး ကျစ်ယန်အား ပေးလိုက်သည်။

ကျစ်ယန်သည် မှော်ဝိညဥ်ကျောက်တုံးများနဲ့ ရတနာပစ္စည်းများ အားလုံးအား သိုလှောင်ကွင်းထဲသို့ ထည့်သွင်းလိုက်၏။ ကျွဲရိုင်းသားရဲကြီးသည် စမ်းချောင်းအတွင်းကို ပြန်၍ ခုန်ဆင်းသွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။

ယွမ်ဟွီနဲ့ ရှင်းရှင်းရှောင်သည် သူတို့ရှေ့ရှိ မြင်ကွင်းအား အိပ်မက်သလားလို့ ထင်နေခဲ့၏။ ဧရာမနဂါးဝိညဥ်ကြီး ပျောက်ကွယ်သွားမှာသာ ယွမ်ဟွီနဲ့ ရှင်းရှင်းရှောင်သည် ကျစ်ယန်နားကို ရောက်ရှိလာခဲ့သည်။

လူအယောက်၃၀ခန့်ရှိသော လူအုပ်ကြီးသည် လျင်မြန်သော အရှိန်နှုန်းနဲ့ ကျစ်ယန်တို့ အနားအား ပျံသန်းလာခဲ့၏။ ကျစ်ယန်သည် ပြုံးလိုက်ပြီး "ရောက်လာကြတာ မြန်သားပဲ " လို့ ရေရွတ်လိုက်သည်။

ယွမ်ဟွီသည် သူတို့ရှိ ဦးတည်လာနေသော လူအုပ်ကြီးအား လှမ်းကြည့်လိုက်ပြီး " ခေါင်းဆောင်.....သူတို့ကြည့်ရတာ လူအင်အား အတော်များတယ် ၊ အဆောင်အစီအရင်သုံးပြီး တခြားလူတွေကို ဆင့်ခေါ်လိုက်ရမလား " လို့ မေးလိုက်၏။

ထိုချိန်မှာပဲ အဖိုးအိုတစ်ယောက်သည် အသံစွမ်းအင်လှိုင်းကြီးဖြင့် "ခုချိန်မင်းတို့ကို နတ်ဘုရားဆင်းကယ်ရင်တောင် မင်းတို့လွတ်မြောက်မယ့်အခွင့်အရေးမရှိတော့ဘူး " လို့ ပြောလိုက်သည်။

ဝိညဥ်ပလ္လင်အဆင့်၅ ရှိသော လူများစွာသည် ကျစ်ယန်တို့ပတ်လည်တွင် ချက်ချင်းပင် ပေါ်လာခဲ့၏။

ထိုလူတွေရဲ့ နောက်တွင် အဖိုးအိုတစ်ယောက်သည် ဓားပျံမပါရှိဘဲ ရပ်နေလေသည်။ ရှင်းရှင်းရှောင်သည် ထိုအဖိုးအိုအား ကြည့်ကာ "ခေါင်းဆောင်.......သူက နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူပဲ ၊ ရှင်းရှောင်းတို့ ဘယ်လိုလုပ်ကြမလဲ " လို့ တည်ငြိမ်စွာနဲ့ပြောလိုက်၏။

ရှင်းရှင်းရှောင်သည် သူ့အသက်စတေးရမည်ဆိုရင်တောင် အသေခံတိုက်ခိုက်မည့် လူမျိုးပင် ဖြစ်သည်။ထို့အပြင် ကျစ်ယန်မှာ နတ်ဝိဇ္ဇာစွမ်းအားမျိုးရှိသော သားရဲကြီးမျိုး ပိုင်ဆိုင်ထားသဖြင့် ရန်သူများကို အနိုင်ယူနိုင်မည်လို့ ယုံကြည်နေခဲ့ခြင်း ဖြစ်၏။

နတ်ဝိဇ္ဇာအဆင့်ရှိသော အဖိုးအိုချောင်ရွဲ့သည် ကျစ်ယန်အား ကြည့်ကာ "အငယ်လေး......မင်းမှာ ဘယ်လိုနောက်ခံကောင်းကောင်းရှိနေလို့ ငါတို့ လောကျန်းတိုင်းပြည်ရဲ့ ဂိုဏ်းသားတွေကို သတ်ဖြတ်ရဲတာလဲ " လို့ မေးလိုက်သည်။

ကျစ်ယန်သည် သူ့တို့အား ဝိုင်းထားသည့် ဝိညဥ်ပလ္လင်အဆင့်တိုက်ခိုက်ရေးသမားများအား စိတ်ဝိညဥ်ထိန်းချုပ်ခြင်းစွမ်းအားဖြင့်

ထိန်းချုပ်လိုက်ကာ "ဘယ်တိုင်းပြည်က လူဖြစ်ဖြစ် ငါ့မျက်စိရှေ့မှာ မတရားတာလာလုပ်ရင်တော့ ငါသတ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး " လို့ ပြောလိုက်ပြီး အားလုံးကို သတ်ပစ်လိုက်လေ၏။

ချောင်ရွဲ့သည် သေဆုံးသွားသော သူ့လူများကို ကြည့်ပြီး "မင်းရူးနေပြီပဲ.......ငါ့တပည့်အားလုံးအတွက် မင်းကို ဖမ်းဆီးပြီး မသေမရှင်နှိပ်စက်ရလိမ့်မယ် "လို့ ပြောကာ သူ့ရဲ့နတ်ဝိဇ္ဇာစွမ်းအားအရှိန်အဝါအား ထုတ်လွှင့်လိုက်လေသည်။

ကျစ်ယန်သည် ယွမ်ဟွီတို့ နှစ်ယောက်အား အဝေးကို ထွက်ပြေးဖို့ ပြောလိုက်၏။ ယွမ်ဟွီတို့လည်း အခြေအနေကို နားလည်သဖြင့် "ခေါင်းဆောင်......နင်ဂရုစိုက်ပါ " လို့ ပြောကာ အဝေးကို ပျံသန်းသွားခဲ့သည်။

ချောင်ရွဲ့သည် သူ့လက်ဖဝါးတွင် အနီရောင်မီးတောက်ကြီးအား ထုတ်ဖော်လိုက်ပြီး" ငါရဲ့မီးလက်ဝါးတစ္ဆေရဲ့ လက်အောက်မှာ သေရမှာဖြစ်တဲ့အတွက် မင်းဂုဏ်တောင်ယူသင့်တယ် " လို့ ပြောလိုက်ပြီး အနီရောင်မီးတောက်လက်ဝါးကြီးဖြင့် ကျစ်ယန်အား တိုက်ခိုက်လိုက်သည်။

ကျစ်ယန်သည် သူ့ရဲ့ဓားအား သိမ်းလိုက်ပြီး "အတော်ပဲ......ငါရဲ့အသူရာနတ်ဘုရားလက်ဝါးကျင့်စဥ်နဲ့ မင်းရဲ့ မီးလက်ဝါးတစ္ဆေကျင့်စဥ်ရဲ့ စွမ်းအားချင်း ယှဥ်ကြည့်ရတာပေါ့" လို့ ပြောလိုက်ပြီး ညာဖက်လက်ဖဝါးအား စွမ်းအားများစုစည်းလိုက်၏။

ကျစ်ယန်ရဲ့ ညာဘက်လက်တစ်ချောင်းလုံးသည် ရွှေရောင်သံကွင်းစွပ်များနဲ့ ဧရာမနတ်ဘုရားဝိညဥ်ကြီး ထွက်ပေါ်လာခဲ့ပြီး ကျစ်ယန်သည် "အသူရာနတ်ဘုရားဘုရားလက်ဝါးကျင့်စဥ်" လို့ ရေရွတ်ကာ တိုက်ခိုက်လိုက်သည်။

ဧရာမနတ်ဘုရားဝိညဥ်ကြီးရဲ့ လက်ဝါးပြင်ကြီးသည် ချောင်ရွဲ့ရဲ့ မီးလက်ဝါးတစ္ဆေကြီးအား တစ်ချက်ထဲနဲ့ပင် ဖျက်ဆီးပစ်လိုက်ပြီး ချောင်ရွဲ့ရဲ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။ချောင်ရွဲ့သည် နတ်ဘုရားလက်ဝါးကြီးဒဏ်ကြောင့် ကျောက်ဆောင်တစ်ခုနဲ့ ပြေးဆောင့်ကာ မြေပြင်ပေါ်သို့ ​ပြုတ်ကျသွားခဲ့သည်။

ချောင်ရွဲ့သည် ခန္ဓာကိုယ်အတွင်း သွေးကြောများ အားလုံး ပျက်စီးသွားသဖြင့် သွေးများပင် အဆက်မပြတ်အန်ထွက်ရင်း ကျစ်ယန်ကို ကြည့်ကာ "မင်းလဲနတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူတစ်ယောက်လား " လို့ မေးနေရင်း သေဆုံးသွားခဲ့၏။

ကျစ်ယန်သည် ချောင်ရွဲ့အနားကို ရောက်လာခဲ့ပြီး သိုလှောင်ကွင်းလက်စွပ်အား ယူလိုက်သည်။ ကျစ်ယန်သည် လက်ဖျောက်တီးလိုက်တဲ့အခါ ချောင်ရွဲ့သည် မြူဖုန်အဖြစ်သို့ ပျောက်ကွယ်သွားခဲ့၏။

ကျစ်ယန်သည် ဝိညဥ်ပလ္လင့်ကျင့်ကြံသူများစွာနဲ့ နတ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူတို့ထံမှ ရရှိလာသော ကျင့်ကြံရေးစွမ်းအားများကို သူ့စွမ်းအားအဖြစ်ပြောင်းလဲရန် နေရာတစ်ခု အမြန်ရှာလိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာငယ်ထဲကို ဝင်လာခဲ့သည်။

ကျစ်ယန်သည် မှော်ဝိညဥ်ကျောက်တုံးများစွာကိုပါ ထုတ်လိုက်ပြီး "လုံရှန်း.......အပြင်ဘက်ကအခြေအနေကို မင်းကြည့်ထားပါ " လို့ စေခိုင်းလိုက်ပြီး စွမ်းအားများကို စတင်စုပ်ယူ၍ ကျင့်ကြံနေခဲ့၏။ အချိန်၃ရက်ကြာပြီးနောက် ကျစ်ယန်သည် ပြင်ပကမ္ဘာကို ပြန်လည်ထွက်လာခဲ့ပြီး တစ်ကိုယ်လုံးစွမ်းအားများ ပြည့်ဝနေသလို ခံစားနေရသည်။

ကျစ်ယန်သည် သူ့ရဲ့ဓားပျံကို ပြန်ထုတ်လိုက်ပြီး "တခြားလူတွေ အခြေအနေ ဘယ်လို ရှိနေမလဲ မသိဘူး " လို့ တွေးကာ လျင်မြန်သောနှုန်းဖြင့် ပျံသန်းလာခဲ့၏။ ကျစ်ယန်သည် ပျံသန်းနေရင်း နဂါးစစ်သည်တော်လက်စွပ်မှ အရေးပေါ်အချက်ပေးသံနဲ့အတူ တည်နေရာကို ရရှိလိုက်တဲ့အတွက် ထိုနေရာကို လျင်မြန်စွာ ပျံသန်းလိုက်သည်။

ကျစ်ယန်သည် တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိတဲ့အခါ ဆင်းသက်လိုက်ပြီး ဖြစ်ပျက်နေသော အရာများအား ကြည့်ရှုလိုက်၏။ နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူ ၃ယောက်နဲ့အတူ များစွာသော ဂိုဏ်းပေါင်းစုံရှိလူများသည် အလွန်သန်မာသောအစီအရင်တစ်ခုအား ဝိုင်းဝန်း ဖျက်စီးနေကြသည်ကို တွေ့လိုက်ရသည်။

ထိုချိန်မှာပဲ ကျစ်ယန်ဘေးကို နဂါးစစ်သည်တော်အဖွဲ့ဝင်များ အားလုံး ရောက်ရှိလာခဲ့၏။ ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူနဲ့ တိုက်ခိုက်ခဲ့တာတောင် ဒဏ်ရာအနည်းငယ်မျှ မရရှိသည်ကို တွေ့လိုက်ရတဲ့အတွက် ယွမ်ဟွီနဲ့ရှင်းရှင်းရှောင် အံ့အားသင့်နေခဲ့သည်။

နဂါးစစ်သည်တော်အဖွဲ့ ဝင်ဖြစ်သော လင်းဟောက်သည် ဖြစ်ပျက်နေသော အခြေအနေများကို ပြောပြလိုက်၏။ ကျစ်ယန်သည် အားလုံးနဲ့ အထဲဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျစ်ယန်တို့ အဖွဲ့သည် လူအများအပြားရှိနေသော နေရာကို ခုန်ဆင်းလာခဲ့သည်။

ဝမ်ရှောက်ဂိုဏ်းမှ လူများသည် ကျစ်ယန်တို့အဖွဲ့အား တွေ့တဲ့အခါ ဝမ်းသာသွားကြ၏။ ထိုချိန်မှာပဲ ကာဆီးသော အစီအရင်ကြီးသည် ပျက်စီးသွားခဲ့ပြီး လေဟာနယ်အက်ကွဲကြောင်းရာ တစ်ခု ထွက်ပေါ်လာလေသည်။

အင်အားကြီးမားသော ဂိုဏ်းများသည် ချက်ချင်းပင် အထဲသို့ ခုန်ဝင်ကြလိုက်၏။ တစ်မိနစ်အတွင်းမှာပဲ အပြင်ဘက်တွင် လူတစ်ယောက်မျှ မရှိကြတော့ပေ။ လူပင်လယ်ကြီးသည် လေဟာနယ်တစ်ခုအတွင်းကို ရောက်ရှိလာခဲ့ပြီး အလွန်ပင်ပေါများသော နတ်ဘုရားရတနာများကို တွေ့လိုက်ရ၏။

All Chapters