ရုပ်သေးနတ်ဘုရားဂိုဏ်းမှ ဖန်ရှန်
Vol. 4 Ch. 44
ထိုချိန် အလွန်ပင်သန်မာသော အသံစွမ်းအင်လှိုင်းဖြင့် လူတစ်ယောက်သည် "မင်းတို့အားလုံး ဒီနေရာက အမြန်ဆုံး ထွက်ခွာသွားပါ ၊ နောက်ကျမယ်ဆိုရင်တော့ ယန်နတ်ဘုရားမျက်လုံးရဲ့ စွမ်းအားအောက်မှာ မင်းတို့အားလုံးသေရလိမ့်မယ် "ဟုသော သတိပေးသံအား အားလုံးသည် ကြားလိုက်ရသည်။
လူအများစုသည် သတိပေးသံကြီးကြောင့် ကြောက်လန့်သွားကြ၏။ အားလုံးတွေဝေနေချိန်တွင် အစိမ်းရောင်အလင်းတန်းကြီးတစ်ခုသည် လူအားလုံးရှေ့ကို ကျရောက်လာခဲ့သည်။နတ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူ၃ယောက်သည် အားလုံးအား နောက်ဆုတ်ဖို့ သတိပေးလိုက်၏။
အစိမ်းရောင်အလင်းတန်းထဲမှ လူခန္ဓာကိုယ်ပုံစံအရာ ၁ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုအရာမှာ လူမဟုတ်ပေ။ နတ်ဘုရား၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်၏။ ကျစ်ယန်သည် အစိမ်းရောင်လင်းတန်းစွမ်းအင်ရှိသော လူခန္ဓာကိုယ်အား ကြည့်ကာ သူ့နဲ့ပက်သက်တဲ့ ခံစားချက်မျိူး ဖြစ်ပေါ်နေတဲ့အတွက် အံ့အားသင့်နေခဲ့သည်။
နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူ ၃ယောက်သည် ထိုအရာကြီးကိုကြည့်၍ ဟန်မင်ဆိုသော အဖိုးအိုမှ "သေစမ်း.......အဲ့တာယန်နတ်ဘုရားမျက်လုံးကြီးက ပုံစံပြောင်းထားတဲ့အသွင်ပဲ ဒီနေရာက အမြန်ဆုံး ထွက်ခွာသွားကြတော့ " လို့ အော်ဟစ်လိုက်၏။
ထိုအခါ နယ်ပယ်အသီးသီးမှ ကျင့်ကြံသူတွေသည် ချက်ချင်းပင် နောက်လှည့်ကာ ဓားပျံများဖြင့် လျင်မြန်စွာ ပြန်ထွက်ကြလေသည်။ နဂါးစစ်သည်တော်အဖွဲ့ဝင်များအားလုံးသည် ကျစ်ယန်အား နှုတ်ဆက်ကာ ချက်ချင်းပင် ထွက်ခွာသွားကြ၏။
ယွမ်ဟွီနဲ့ ရှင်းရှင်းရှောင်သည် ကျစ်ယန်နားရောက်လာကာ "ခေါင်းဆောင်......ရှင်မသွားသေးဘူးလား " လို့ မေးလိုက်သည်။ ကျစ်ယန်သည် ယန်နတ်ဘုရားမျက်လုံးရဲ့ စွမ်းအားနဲ့ ပက်သက်၍ စမ်းသက်ချင်သေးတဲ့အတွက် "ငါ့ကို စောင့်မနေကြနဲ့ ဒီနေရာက ထွက်သွားကြတော့ " လို့ ပြောလိုက်၏။
ယွမ်ဟွီနဲ့ ရှင်းရှင်းရှောင်သည်လည်း ကျစ်ယန်အား နှုတ်ဆက်ကာ သူတို့ ဓားပျံများစီး၍ ချက်ချင်းပင် ထွက်ခွာသွားကြသည်။ ယန်နတ်ဘုရားမျက်လုံးကြီးသည် သူ့ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်း
တန်းကြီး ထုတ်လွှတ်လိုက်၏။
နောက်ဆုံးမှ ပြေးလွှားနေသော လူများသည် အစိမ်းရောင်အလင်းတန်းစွမ်းအားနဲ့ ထိသွားတဲ့အခါ ချက်ချင်းပင် မြူမှုန်အဖြစ် ပြောင်းလဲကာ သေဆုံးသွားလေသည်။ ကျစ်ယန်သည် သူ့စွမ်းအားများသုံးကာ ရှောင်ရှား၍ ယန်နတ်ဘုရားမျက်လုံးရဲ့ လူအသွင်အနားကို ပျံသန်းကာ လာခဲ့၏။
အားလုံးသည် ကြောက်လန့်၍ ပြေးလွှားနေသဖြင့် ကျစ်ယန်အား သတိမထားကြပေ။ မိနစ်ပိုင်းအတွင်းမှာပဲ လေဟာနယ်အက်ကွဲကြောင်းအပြင်သို့ လူများစွာသည် ပြန်၍ ထွက်ခွာ လာနိုင်ခဲ့၏။
ယွမ်ဟွီတို့သည် ပျံသန်းစွာထွက်ခွာလာရင်း နောက်လှည့်ကာကြည့်သော်လည်း ကျစ်ယန်ကို မတွေ့ရှိသေးတဲ့အတွက် စိတ်ပူနေခဲ့ကြသည်။
နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူ သုံးယောက်သည် အားလုံးပြန်ထွက်လာသည်နှင့် လေဟာနယ်အက်ကွဲကြောင်းတံခါးပေါက်အား သူတို့စွမ်းအားဖြင့် ပိတ်ဆို့ရန် ဖန်တီးလိုက်ကြ၏။ ယွမ်ဟွီသည် ထိုလူ၃ယောက်နားကို ပျံသန်းလိုက်ကာ "မင်္ဂလာပါ အကြီးအကဲတို့ ကျေးဇူးပြုပြီး အထဲမှာ ကျန်နေခဲ့တဲ့ ကျွန်မတို့ရဲ့ ခေါင်းဆောင်ကို စောင့်ပေးလို့ ရမလား " လို့ အတင့်ရဲစွာဖြင့် ပြောလိုက်သည်။
နတ်ဝိဇ္ဇာအဆင့်ရှိသော အဖိုးအိုမန်ရှန်းသည် ဒေါသထွက်စွာအသံဖြင့် "အငယ်လေး.......ငါတို့အားလုံးကို မင်းရဲ့ခေါင်းဆောင်နဲ့ အတူသေစေချင်လို့လား " လို့ မေးလိုက်၏။ ယွမ်ဟွီထပ်ပြောမည့် ချိန်တွင် ရှင်းရှင်းရှောင်သည် တားလိုက်ပြီး နောက်သို့ ပြန်ခေါ်လာခဲ့သည်။
လူအများစုသည်လည်း ယွမ်ဟွီကိုကြည့်ကာ "အဲ့မိန်းကလေးက ရူးနေတာများလား ၊ သူတို့ခေါင်းဆောင်က ခုချိန်ထိမထွက်လာနိုင်သေးမှာတော့ သေရုံကလွဲလို့ ဘာဖြစ်နိုင်အုံးမှာလဲ " လို့ တီတိုးပြောဆိုလိုက်ကြ၏။
လေဟာနယ်ကမ္ဘာထဲတွင် လူသားဟု၍ ကျစ်ယန်တစ်ယောက်ထဲသာ ကျန်ရှိတော့သည်။ ကျစ်ယန်သည် နောက်ဆုံးမှာတော့ ယန်နတ်ဘုရားမျက်စိရဲ့ ရှေ့မှောက်ကို ရောက်ရှိလာခဲ့၏။
ကျစ်ယန်သည် ထွက်မပြေးတဲ့အပြင် ယန်နတ်ဘုရားမျက်လုံးရဲ့ခန္ဓာကိုယ်အသွင်နားကို ရောက်ရှိလာတဲ့အခါ "မင်းက အတော်ထူးဆန်းတဲ့လူငယ်လေးပဲ သေရမှာမင်းမကြောက်ဘူးလား " ဟုသော နက်ရှိုင်းသော အသံကြီးတစ်ခုသည် ပြန်ထွက်ပေါ်လာခဲ့သည်။
ထိုအသံကြီးသည် သူ့ရှေ့ရှိ ယန်နတ်ဘုရားမျက်လုံးရဲ့ ခန္ဓာကိုယ်အသွင်မှ ထွက်ပေါ်လာမှန်း ကျစ်ယန်သည် သိလိုက်ရ၏။ ကျစ်ယန်သည် အရိုအသေပြုလိုက်ပြီး "အကြီးအကဲ.......ကျွန်တော်ကို ခြောက်လှန့်မနေပါနဲ့တော့ ၊ ယန်နတ်ဘုရားမျက်လုံးဆိုတာ အကြီးအကဲမှန်း ကျွန်တော်သိပါတယ် " လို့ ဖြေလိုက်သည်။
ဖန်ရှန်ဆိုသောလူအိုကြီးသည် ကျစ်ယန်စကားကြောင့် ကြောင်အ၍ သွားပြီး "မင်းက ငါ့ကိုရိပ်မိသွားမယ်လို့ မထင်ထားမိဘူး " လို့ ရယ်မောကာ ပြောလိုက်၏။
ဖန်ရှန်သည် ချက်ချင်းပင် ပြန်တည်၍ သွားပြီး ကျစ်ယန်ဘေးကို လမ်းလျှောက်လာကာ "လူငယ်လေး......မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဝိဇ္ဇာအဆင့်ရောက်ရှိနေတဲ့အပြင် မင်းရဲ့စိတ်ဝိညဥ်စွမ်းအားက လဲ အတော်ကြောက်စရာကောင်းနေပြီပဲ " လို့ ချီးကျူးပြောဆိုလိုက်သည်။
ကျစ်ယန်သည် ပြုံးလိုက်ပြီး "အကြီးအကဲ......ဒီနေရာမှာပဲ ယန်နတ်ဘုရားမျက်လုံးက တကယ်ရှိတာလား " လို့ မေးလိုက်၏။ ဖန်ရှန်သည် "ဟားဟားဟား......မင်းက တကယ်ပွင့်လင်းတဲ့ကောင်ပဲ " လို့ ရယ်မောကာပြောလိုက်ရင်း ယန်နတ်ဘုရားမျက်လုံးနဲ့ ပက်သက်သော အကြောင်းအရာများကို ပြောပြလိုက်သည်။
ဖန်ရှန်သည် လွန်ခဲ့သော နှစ်ပေါင်း၁ထောင်ကပင် သူ့ခန္ဓာကိုယ်အား ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်၏။သို့သော် သူသည် နတ်သူငယ်အဆင့်ကို ရောက်ရှိခဲ့ခြင်းကြောင့် သူ့ရဲ့စိတ်ဝိညဥ်အစိတ်အပိုင်းတစ်ခုမှာ လက်ရှိ လေဟာနယ်ကမ္ဘာငယ်သေးသေးလေးထဲတွင် ဝင်ပုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျစ်ယန်သည် အနည်းငယ် ထိပ်လန့်၍ သွား၏။ နတ်သူငယ်အဆင့်ရောက်ရှိသော ဖန်ရှင်းတောင် ခန္ဓာကိုယ်ဆုံးရှုံးခံရတဲ့အပြင် ပုန်းနေရလိမ့်မည်လို့ မထင်ထားခဲ့ပေ။ ဖန်ရှင်းသည် ဆက်လက်ပြီး သူ့ဘဝဖြစ်ကြောင်းများအား ပြောပြလိုက်၏။
ဖန်ရှင်းသည် ရုပ်သေးနတ်ဘုရားဂိုဏ်းမှ အကြီးအကဲ တစ်ယောက်ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း၁ထောင်တွင် နတ်ဘုရားရတနာနယ်မြေမှ ယန်နတ်ဘုရားမျက်လုံးရတနာသည် ထွက်ပေါ်လာခဲ့၏။
ထိုအချိန်ခါတွင် ရုပ်သေးနတ်ဘုရားဂိုဏ်းအား ရန်စရဲသော ဂိုဏ်းမှာ လက်ချိုးရေတွက်လို့ပင် ရသည်။ ရုပ်သေးနတ်ဘုရားဂိုဏ်းမှ ဂိုဏ်းအကြီးအကဲများစွာသည် နတ်ဘုရားရတနာနယ်မြေကို လာ၍ ယန်နတ်ဘုရားမျက်လုံးအား ယူလာရန် အမိန့်ချမှတ်ခံလိုက်ရ၏။
ဖန်ရှန်သည်တို့ ရုပ်သေးနတ်ဘုရားဂိုဏ်းသည် အလွန်ပင် အင်အားကြီးမားသောကြောင့် ယန်နတ်ဘုရားမျက်လုံးအား အလွယ်တကူပင် ရရှိသွားခဲ့သည်။ သို့သော် ဖန်ရှန်သည် မထင်မှတ်ထားသော လုပ်ကြံ စွပ်စွဲမှုကို ခံလိုက်ရ၏။
ဖန်ရှန်သည် ယန်နတ်ဘုရားမျက်လုံးအား ရရှိပြီးချိန်မှာပင် ကျန်ရှိသော အကြီးအကဲများသည် စုပေါင်း၍ သူ့အားထွက်ပြေးမလို့ ကြံစည်ပါသည်ဟု စွပ်စွဲကာ လိုက်လံသတ်ဖြတ်ပါတော့သည်။
ဖန်ရှန်သည် ပျံသန်းထွက်ပြေးနေရင်း သူထင်ထားသလို ဖြစ်လာပြီဖြစ်၍ သူကြိုတင်ဆောင်ထားသော ယန်နတ်ဘုရားမျက်လုံးနဲ့ အသွင်တူသော ရတနာဓာတ်လုံးအား အဝေးတစ်နေရာကို လွှင့်ပစ်လိုက်၏။ ဖန်ရှန်သည် ထွက်ပြေးတိမ်းရှောင်လာရင်း နတ်ဘုရားရတနာနဟ်မြေထဲရှိ လေဟာနယ်ကမ္ဘာငယ်လေးတစ်ခုအား ရှာဖွေတွေ့ရှိသွားခြင်းပင် ဖြစ်သည်။
သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျက်စီးသွားပြီဖြစ်၍ စိတ်ဝိညဥ်စွမ်းအားတစ်ခုဖြင့်သာ လေဟာနယ်ကမ္ဘာငယ်ထဲတွင် နေထိုင်ခဲ့ရ၏။ ရုပ်သေးနတ်ဘုရားဂိုဏ်းရှိလူများသည် သူတို့လက်ထဲကို ယန်နတ်ဘုရားမျက်လုံး ရရှိသည် အထင်နဲ့ နတ်ဘုရားရတနာနယ်မြေထဲမှ ထွက်ခွာသွားခဲ့သည်။
ဖန်ရှန်ရဲ့ ဘဝအခြေအနေကို နားထောင်၍ ကျစ်ယန်သည် စိတ်မကောင်းပင် ဖြစ်သွား၏။ ကျစ်ယန်သည် "အကြီးအကဲ......ကျွန်တော်ကူညီပေးနိုင်တာ ရှိရင်ပြောပါ " လို့ ပြောလိုက်သည်။