← Chapters

နဂါးစစ်သည်တော်အဖွဲ့ခေါင်းဆောင်ကျစ်ယန်

Vol. 4 Ch. 45

နဂါးစစ်သည်တော်အဖွဲ့ခေါင်းဆောင်ကျစ်ယန်

Vol. 4 Ch. 45

ဖန်ရှန်သည် ပြုံးနေရင်း မျက်ရည်များပင် ကျသွားခဲ့ပြီး "ကောင်းတယ်.....သိပ်ကောင်းတယ် ၊ နောက်ဆုံးတော့ ငါ့အတွက် တရားမျှတမှုရှာပေးမယ့် လူတစ်ယောက်ရောက်ရှိလာခဲ့ပြီပဲ " လို့ ပြောလိုက်ပြီး ကျစ်ယန်အား ယန်နတ်ဘုရားမျက်လုံးရတနာကြီးအား ကျစ်ယန်ရဲ့ ညာဘက်မျက်လုံးအတွင်းကို ထည့်သွင်းပေးလိုက်၏။

ဖန်ရှန်သည် သူ့စွမ်းအားဖြင့် ကျစ်ယန်အား ကူညီဖေးမရင်း"လူငယ်လေး......မင်းခဏတော့ သည်းခံပေးပါ " လို့ ပြောရင်း ယန်နတ်ဘုရားမျက်လုံးအား ကျစ်ယန်နဲ့တစ်ထပ်ထဲ ကျရန် ပြုလုပ်နေခဲ့၏။

အချိန်သည် တစ်ရက်ကြာပြီးနောက် ဖန်ရှန်သည် "လူငယ်လေး ယန်နတ်ဘုရားမျက်လုံးကို မင်းပိုင်ဆိုင်သွားတဲ့အချိန်ကြ ငါ့အတွက်တရားမျှတမှုကို ရှာပေးနိုင်မယ်လို့ ငါယုံကြည်တယ် " လို့ ပြောကာ ပျောက်ကွယ်၍ သွားလေသည်။

ကျစ်ယန်ကတော့ ယန်နတ်ဘုရားမျက်လုံးနဲ့ တစ်ထပ်ထဲ ကျနိုင်ရန် စွမ်းဆောင်နေတုန်းပင် ဖြစ်၏။ အချိန်သည် ၄လ ၅လ ကြာသွားတဲ့အခါမှသာ ကျစ်ယန်ရဲ့ မျက်လုံးများမှာ ပြန်ပွင့်လာခဲ့ပြီး ကျစ်ယန်သည် နတ်ဝိဇ္ဇာအဆင့်၄ကိုပင် ခုန်တက်သွားခဲ့သည်။

ကျစ်ယန်သည် သူ့ဘေးနားတွင် ရှိနေသော ဖန်ရှန်ရဲ့ သိုလှောင်ကွင်းအား ယူလိုက်ပြီး "စိတ်ချပါ အကြီးအကဲ...... ကျွန်တော်အသက်စွန့်ရရင်တောင် အကြီးအကဲအတွက် တရားမျှတမှုကို ရအောင်ဆောင်ရွက်ပေးပါ့မယ် " လို့ ပြောလိုက်၏။

ဖန်ရှန်ရဲ့ သိုလှောင်ကွင်းထဲတွင် နှစ်ပေါင်းများစွာစုစည်းထားသော ရတနာဆေးအမယ်များ ၊ ကျင့်စဥ်များ ၊ ရတနာလက်နက် ၊ အစီအရင် ရတနာပစ္စည်းများစွာကို တွေ့လိုက်ရတဲ့ ကျစ်ယန်သည် ဝမ်းသာ၍ သွားခဲ့သည်။

ဖန်ရှန်သည် သူ့အားကလဲ့စားချေပေးမည့်လူအား ရှာဖွေရင်း လေဟာနယ်ကမ္ဘာအတွင်းကို ဝင်လာသောလူများအား သတ်ပစ်ရင်း ရတနာများစွာကို ရရှိလာခဲ့ခြင်းပင် ဖြစ်၏။

ကျစ်ယန်သည် အရာအားလုံးကို သူ့သိုလှောင်းကွင်းထဲသို့ ပြောင်းထည့်လိုက်ပြီး လေဟာနယ်ကမ္ဘာငယ်ထဲမှ ပြန်၍ ထွက်ခွာနိုင်ရန် ပျံသန်းလာခဲ့သည်။

ကျစ်ယန်သည် လေဟာနယ်ကမ္ဘာရဲ့ ထွက်ပေါက်တွင် ကာဆီးထားသော ဖွဲ့စည်းပုံအစီအရင်ကိုတွေ့လိုက်ရတဲ့အခါ "ငါမင်းကို စမ်းသပ်ဖို့ အခွင့်အရေးရပြီ " လို့ ပြောကာ ယန်နတ်ဘုရားမျက်လုံးအား အသက်သွင်းလိုက်၏။

ကျစ်ယန်ရဲ့ ညာဘက်မျက်လုံးအတွင်းထဲတွင် သေးငယ်သောအစိမ်းရောင်လျှပ်စီး ​ဖြစ်ပေါ်လာခဲ့ပြီး အစိမ်းရောင်လျှပ်စီးအမျှင်စတစ်ခုသည် ကျစ်ယန်ရဲ့ မျက်လုံးအတွင်းမှ ဖွဲ့စည်းပုံအစီအရင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ဖွဲ့စည်းပုံအစီအရင်တစ်ခုလုံးသည် အစိမ်းရောင်လျှပ်စီးမျှင်စတစ်ခုရဲ့ စွမ်းအားနဲ့တင် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။ ကျစ်ယန်သည် "အတော်ကြောက်စရာကောင်းတဲ့စွမ်းအားမျိူးပဲ " လို့ ရေရွတ်ကာ ပျံသန်းထွက်ခွာလာခဲ့သည်။

ကျစ်ယန်သည် အပြင်ဘက်ကို ရောက်သည်နှင့် ရွှေရောင်လျှပ်စီးဓားကိုသာ ထုတ်၍ ပျံသန်းလာခဲ့၏။နတ်ဘုရားရတနာနယ်မြေထဲမှ ထွက်ခွာရန် အချိန်သည် ၁လခန့်ပင် မလိုတော့ပြီ ဖြစ်၍ ကျစ်ယန်သည် တခြားလူများအား ရှာဖွေဖို့ လုပ်လိုက်သည်။

နဂါးစစ်သည်တော်သိုလှောင်ကွင်းသည် တစ်ဦးနဲ့တစ်ဦး အလွန်ဝေးကွာမည်ဆိုရင် ချိတ်ဆက်၍ မရပေ။ ကျစ်ယန်သည် သူ့အရှိန်အား တိုးမြှင့်ကာ ပျံသန်းလာခဲ့၏။ ကျစ်ယန်သည် လေအရမ်းတိုက်တဲ့အခါ သူ့မျက်နှာကိုင်ကြည့်လိုက်ပြီး မျက်နှာဖုံးမရှိတော့သည်ကို သတိထားမိ၍ သွားသည်။

ကျစ်ယန်သည် ရေလွှာပြင်တစ်ခုအား ဖြတ်သန်းပြီးနောက် နဂါးစစ်သည်တော်လက်စွပ်အား စစ်ဆေးကြည့်လိုက်၏။ ထိုနေရာတွင် သူ့လူများအားလုံး ရှိသည်ကို သိရှိသွားတဲ့အခါ ကျစ်ယန်သည် မြေပြင်ပေါ်ကို ဆင်းသက်လိုက်သည်။

ကျစ်ယန်သည် ရှေ့သို့သွားမယ့်ချိန်တွင် ကျစ်ယန်ရှေ့ရှိ မြေကြီးထဲမှ

​၁၂ပေခန့်ရှိသော မြွေကြီး ၂ကောင် ထွက်ပေါ်လာခဲ့၏။ တစ်ချိန်ထဲမှာပဲ အနက်ရောင်ဓားရှည် ကိုင်ဆောင်ထားသော လူနှစ်ယောက်သည် မြွေကြီးနားတွင် ပေါ်လာခဲ့သည်။

ထို၂ယောက်ထဲမှ ချင်ကျန်းဟုခေါ်သော သူသည် "မင်းက နတ်ဘုရားရတနာနယ်မြေထဲမှာ တစ်ယောက်ထဲလျှောက်သွားရဲတယ်ဆိုတော့ မင်းရှိမှာ ရတနာတွေမနည်းလောက်ဘူး ထင်တယ် " လို့ ပြောလိုက်၏။

ကျစ်ယန်သည် အေးစက်စွာအသံဖြင့် "မင်းတို့မသေချင်ရင် ဒီနေရာက အမြန်ဆုံး ထွက်သွားလိုက်" လို့ ပြောလိုက်သည်။ ချင်ကျန်းဘေးမှ ယွင်ယဲ့ဆိုသောသူသည် "မင်းကသေချင်နေတာပဲ......" လို့ ကျစ်ယန်အား တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်၏။

ချင်ကျန်းသည် အနားကို လူတစ်ချို့ ရောက်ရှိလာမှန်း သိရှိသွား၍ ယွင်ယဲ့အား တားလိုက်ပြီး "ငါတို့ ဒီနေရာက အမြန်ဆုံး ထွက်ခွာသင့်ပြီ " လို့ တိုးတိတ်စွာ ပြောလိုက်သည်။သို့သော် လူ၆ယောက်သည် ချက်ချင်းပင် ရောက်ရှိလာပြီး သူတို့ ၂ယောက်အား ဝိုင်းလိုက်၏။

ယွမ်ဟွီသည် ကျစ်ယန်ကို တွေ့တဲ့အခါ "နင်စိတ်ပူစရာမလိုတော့ဘူး ၊ ဒါငါတို့ဝမ်ရှောက်ဂိုဏ်းရဲ့ နဂါးစစ်သည်တော်အဖွဲ့ဝင်တွေပဲ " လို့ ပြောလိုက်သည်။ရှင်းရှင်းရှောင်သည် ယွမ်ဟွီအနားကို ရောက်ရှိလာပြီး "နင်တို့ ၂ယောက်က သိနေကြတာလား " လို့ မေးလိုက်၏။

ယွမ်ဟွီသည် ခေါင်းငြိမ့်လိုက်ပြီး သူ့ရဲ့ အခန်းဖော်ဖြစ်ကြောင်း ပြောပြလိုက်သည်။ သူတို့အားလုံးသည် မျက်နှာဖုံးမတပ်ထားသော ကျစ်ယန်အား မမှတ်မိကြပေ။ တခြားတစ်ဖက်တွင် ချင်ကျန်းနဲ့ ယွင်ယဲ့သည် သူတို့အား လွှတ်ပေးရန် ဒူးထောက်၍ တောင်းပန်နေကြ၏။

ချင်ကျန်းသည် ခေါင်းငုံ၍ ဒူးထောက်တောင်းပန်နေချိန်တွင် အစီအရင်စာရွက်တစ်ခုအား အသက်သွင်းလိုက်သည်။ ကျစ်ယန်သည် မြင်နေသော်လည်း အေးဆေးပင် ရှိနေခဲ့၏။ နဂါးစစ်သည်တော်အဖွဲ့သားများသည် လွှတ်ပေးဖို့ အစီအစဥ်မရှိဘဲ သတ်ဖြတ်တော့မည့်ချိန်တွင် ကောင်းကင်ယံမှ ခရမ်းရောင်အလင်းတန်ကြီးသည် သူ့တို့ဓားများကို ကျရောက်သွားခဲ့ပြီး သူတို့ လက်များအတွင်းမှ လွတ်ထွက်သွားစေခဲ့သည်။

ကောင်းကင်ယံတွင် ဓားပျံများဖြင့် လူအယောက် ၅၀နီးပါး ထွက်ပေါ်လာခဲ့ပြီး ထိုထဲမှ အကြီးအကဲဖြစ်သူ ထန်လီသည် သူ့လူ၂ယောက်အား ဆွဲခေါ်ကာ"ငါတို့ မြွေနက်ဓားဂိုဏ်းကလူကို ထိခိုက်အောင်လုပ်ရဲမှာတော့ ငါက မညှာတာဘူး မပြောနဲ့ " လို့ပြောကာ ခရမ်းရောင်အလင်းတန်းစွမ်းအားကြီးဖြင့် တိုက်ခိုက်လိုက်၏။

ထန်လီသည် ဝိညဥ်ပလ္လင်အဆင့်၈တိုက်ခိုက်ရေးသမားပင် ဖြစ်သည်။ နဂါးစစ်သည်တော်အဖွဲ့ဝင်တွေသည် သူတို့စွမ်းအားကို ဒိုင်းကာ အဖြစ်ပြောင်းလဲကာ ထန်လီရဲ့ ခရမ်းရောင်အလင်းတန်းစွမ်းအားကြီးကို ခုခံလိုက်ကြသည်။

ယွမ်ဟွီသည် သူ့ဓားအား စွမ်းအား အသက်သွင်းလိုက်ပြီး "ဝမ်ရှောက်ဂိုဏ်းရဲ့ နဂါးစစ်သည်တော်အဖွဲ့ရဲ့ အင်အားကို ပြရသေးတာပေါ့" လို့ ပြောကာ စတင်တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်၏။ ထန်လီသည် ယွမ်ဟွီကို တွေ့တဲ့အခါ "ငါက ဘယ်သူများလဲလို့ လတ်စသတ်တော့ လေဟာနယ်ကမ္ဘာထဲမှာ အသုံးမကျဘဲ သေသွားတဲ့ ခေါင်းဆောင်ကို စောင့်ခိုင်းတာ နင်တို့အဖွဲ့လား၊ ဟားဟားဟား " လို့ အော်ဟစ်ရယ်မောလိုက်သည်။

ကျစ်ယန်သည် သူ့ဓားပျံဖြင့် ထန်လီတို့ ရှေ့ကို ပျံသန်းတက်သွားပြီး "ငါသေသွားပြီလို့ မင်းကို ဘယ်သူက ပြောလို့လဲ " လို့ တည်ငြိမ်စွာဖြင့် မေးလိုက်၏။ နဂါးစစ်သည်တော်အဖွဲ့ဝင်များအားလုံးသည် ကျစ်ယန်စကားကြောင့် အံ့အားသင့်၍ သွားသည်။

သူတို့သည် ချက်ချင်းပင် နဂါးစစ်သည်တော်လက်စွပ်အား စစ်ဆေးကြည့်တဲ့အခါ အနီးတဝိုက်တွင် စုစုပေါင်း လူ၉ ယောက်ဖြစ်နေတဲ့

အခါ ကျစ်ယန်ကို ပြန်ကြည့်လိုက်ပြီး "အဲ့တစ်ယောက်က တကယ်ပဲ ငါတို့ခေါင်းဆောင်ဖြစ်နေတာလား " လို့ အသီးသီး ရေရွတ်လိုက်ကြ၏။

ဓားလွတ်ကျသွားသော လူ၆ယောက်သည် သူတို့ဓားများကို ပြန်ကောက်သိမ်းလိုက်ပြီး ယွမ်ဟွီနဲ့ ရှင်းရှင်းရှောင်အနားသို့သွားလိုက်ကြသည်။ ယွမ်ဟွီသည် သူနဲ့အနီးကပ်တစ်ချိန်လုံး ရှိခဲ့သော နဂါးစစ်သည်တော်အဖွဲ့ခေါင်းဆောင်မှာ ကျစ်ယန် ဖြစ်နေလိမ့်မည်လို့ မမျှော်လင့်ထားပေ။

All Chapters