ဆန်းကြယ်သောအစီအရင်တစ်ခု
Vol. 4 Ch. 46
ထန်လီသည် ကျစ်ယန်ရဲ့စွမ်းအားအရှိန်အဝါကို စစ်ဆေးကြည့်သော်လည်း မသိရှိသဖြင့် သူ့ထက်အဆင့်မြင့်နေတာ ဖြစ်နေမလားလို့ တွေးထင်မိသွား၏။ ထိုချိန်မှာ ချင်ကျန်းသည် သူ့ရဲ့လက်သီးတွင် စွမ်းအားအသက်သွင်းလိုက်ပြီး "အကြီးအကဲ......အဲ့ကောင်စုတ်ကို ကျွန်တော်ကိုယ်တိုင် သတ်ပါရစေ" လို့ ပြောလိုက်သည်။
ကျစ်ယန်ရဲ့ စွမ်းအားကို သိချင်တဲ့အတွက် ထန်လီသည် ခေါင်းငြိမ့်ပြလိုက်၏။ ထန်လီခေါင်းငြိမ့်လိုက်သည်နှင့် ချင်ကျန်းသည် လျင်မြန်သော အရှိန်နှုန်းဖြင့် ကျစ်ယန်နောက်ကို လျှပ်တစ်ပြက်ရောက်ရှိသွားပြီး သူ့ရဲ့လက်သီးဖြင့် ကျစ်ယန်အား ထိုးချလိုက်သည်။
ချင်ကျန်းသည် သူ့ရဲ့လက်သီးမှာ ကျစ်ယန်နဲ့ ၁လက်မအကွာခန့်လေးမှာပဲ လုံးဝရပ်တန့်သွားတဲ့အခါ ပြန်နောက်ဆုတ်ဖို့ လုပ်လိုက်၏။ ကျစ်ယန်သည် နောက်လှည့်ကာ ပြုံးလိုက်ပြီး "သွားသေလိုက်တော့....." လို့ ချင်ကျန်းအား ပြောလိုက်သည်။
ချင်ကျန်းသည် ရွှေရောင်စွမ်းအားရဲ့ထိန်းချုပ်မှုကို ရောက်ရှိသွားမှန်း သိတဲ့အခါ "မလုပ်နဲ့......" လို့ ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်၏။သို့သော် ချင်းကျန်သည် စက္ကန့်ပိုင်းအတွင်းပဲ မြူမှုန်အဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွားလေသည်။
ထန်လီသည်လည်း ချင်ကျန်းသေဆုံးသွားသည်ကို ကြည့်၍ "စိတ်ဝိညဥ်ထိန်းချုပ်သူဆရာလား......" လို့ ရေရွတ်ကာ သေချင်စိတ်ပေါက်သွားပြီး ဆေးတစ်လုံးအား သောက်လိုက်ပြီး နောက်သို့ ပြန်လှည့်ကာ လျင်မြန်သော အရှိန်နှုန်းဖြင့် ပျံသန်းသွားခဲ့၏။
ထန်လီပြေးသည်နှင့် အားလုံးသည်လည်း ထွက်ပြေးဖို့ လုပ်ဆောင်ပါတော့သည်။ ကျစ်ယန်သည် ထွက်ပြေးတဲ့လူတွေကို လိုက်သတ်ဖို့
နဂါးစစ်သည်တော်အဖွဲ့ဝင်တွေကို အမိန့်ပေးလိုက်ပြီး ထန်လီနောက်ကို လိုက်သွားခဲ့၏။
ထန်လီသည် ကြောက်လန့်စွာ ပျံသန်းရင်း "သေစမ်း.......ဒီနယ်မြေသေးသေးလေးမှာ စိတ်ဝိညဥ်ထိန်းချုပ်သူဆရာက ဘယ်လိုလုပ်ပေါ်လာတာလဲ " ဒေါသထွက်စွာဖြင့် ရေရွတ်လိုက်သည်။ထိုချိန်မှာပဲ လူတစ်ယောက်သည် သူ့ရှေ့ကို ရုတ်တရက် ရောက်ရှိလာတဲ့အခါ
ထန်လီသည် ဓားပျံအား ရပ်တန့်လိုက်၏။
ထန်လီသည် ရူးခါသွားသော အမူအယာဖြင့် ကျစ်ယန်အား ကြည့်ကာ "မင်း....မင်းက နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူလား" လို့ ကြောက်လန့်စွာဖြင့် ပြောလိုက်လေသည်။ ကျစ်ယန်သည် အချိန်ဆွဲမနေဘဲ အစိမ်းရောင်လျှပ်စီးအမျှင်စလေးတစ်ခုအား ထန်လီအား ပစ်သွင်းလိုက်၏။
ထန်လီသည် တောင်းပန်ချိန်တောင်မရဘဲ ထာဝရပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ထန်လီအား သတ်ပစ်ပြီးနောက် ကျစ်ယန်သည် ထူးဆန်းသော အရာတစ်ခုကို ကြုံတွေ့လိုက်ရတဲ့အတွက် အံ့အားသင့်သွား၏။
ထန်လီရဲ့ မှတ်ဉာဏ်များသည် သူခေါင်းထဲ ရောက်ရှိလာလိမ့်မယ်လို့
မမျှော်လင့်ထားခဲ့ပေ။ ကျစ်ယန်သည် ထန်လီရဲ့ သိုလှောင်ကွင်းကို စုပ်ယူကာ သိမ်းလိုက်ပြီး ယွမ်ဟွီတို့ အဖွဲ့ရှိရာကို ပြန်လာခဲ့၏။ ကျစ်ယန်သည် ရွှေရောင်လျှပ်စီးဓားပျံဖြင့် ပြန်လာတဲ့အခါ နဂါးစစ်သည်တော်တစ်ဖွဲ့လုံးအပြင် ဝမ်ရှောက်ဂိုဏ်းရဲ့ ဂိုဏ်းသားများ အားလုံးကို တွေ့လိုက်ရသည်။
အားလုံးသည် နတ်ဘုရားရတနာနယ်မြေထဲတွင် ရတနာပစ္စည်းများစွာ ရရှိနေသဖြင့် ပျော်ရွင်နေကြ၏။ ကျစ်ယန်သည် မြေပြင်ကို ဆင်းသက်လာတဲ့အခါ လင်းဟောက်သည် "ခေါင်းဆောင်..... ကျွန်တော်တို့ လူအားလုံးစုပြီးပါပြီ " လို့ လက်နှစ်ဖက်ဆုပ်ကာ ရိုသေစွာဖြင့် ပြောလိုက်သည်။
ကျစ်ယန်သည် အန္တရာယ်ထပ်မံကျရောက်နိုင်တဲ့အတွက် အစီအရင်ဒိုင်းကာ တစ်ခု ဖန်တီးဖို့ ဆုံးဖြတ်လိုက်၏။ ကျစ်ယန်သည် တဲစခန်းများဆောက်ခိုင်းလိုက်ပြီး အစီအရင်တံခါးပြန်မပွင့်ခင် ကျင့်ကြံရင်း စောင့်နေကြဖို့ အမိန့်ပေးလိုက်သည်။
အားလုံးသည် တဲများကို ညမရောက်ခင် လျင်မြန်စွာ ဆောက်လုပ်ပြီး ရရှိလာသော ရတနာများကို စစ်ဆေးစမ်းသပ်နေကြ၏။ ကျစ်ယန်သည် သူ့ရရှိထားသော ရတနာများထဲမှ အစီအရင်ဖန်တီးလို့ ရသော ရတနာများကို ခွဲထုတ်လိုက်သည်။
ကျစ်ယန်သည် အစီအရင် ရတနာပစ္စည်းများကို ကြည့်၍ သူ့စိတ်ဝိညဥ်စွမ်းအားဖြင့် ထိန်းချူပ်လိုက်ပြီး လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်၏။ အချိန်သည် တဖြည်းဖြည်းနဲ့ ညဥ့်နက်လာတဲ့အခါ များစွာသော စွမ်းအား အရှိန်အဝါများသည် တဲအိမ်များကို ချဥ်းကပ်လာကြောင်း ကျစ်ယန်သည် သိရှိသွားသည်။
ကျစ်ယန်သည် ပြုံးလိုက်ပြီး "မင်းတို့ရောက်လာမှတော့ ငါက ကြိုဆိုရတာပေါ့ " လို့ ရေရွတ်လိုက်ပြီး သူနေသော တဲအိမ်အခန်းမှ ပျောက်ကွယ်သွားခဲ့၏။
အားလုံးသည် တဲအိမ်များအတွင်း ကျင့်ကြံနေချိန်တွင် နက်နဲသော အသံစွမ်းအင်လှိုင်းဖြင့် "ဟားဟားဟား......မင်းတို့ ဝမ်ရှောက်ဂိုဏ်းက ပါရမီရှင်အားလုံးကို ဒီနေရာမှာ တစ်ခါထဲ သတ်ပစ်လိုက်မယ်ဆိုရင် တွမ်နတ်ဆိုးဂိုဏ်းက ဟုန်တိုင်းပြည်မှာ အင်အားအကြီးဆုံးဖြစ်လာမှာပဲ " လို့ ရယ်မောကာ ပြောလိုက်လေသည်။
တဲအိမ်များအတွင်းကျင့်ကြံသူများ အားလုံးသည် ထိုအသံစွမ်းအင်လှိုင်းကို ကြားလိုက်ရတဲ့အခါ အပြင်ဘက်ကို ထွက်ကာ ကောင်းကင်ယံအား မော့ကြည့်လိုက်၏။ ဝမ်ရှောက်ဂိုဏ်းရှိလူများအားလုံးသည် သူတို့ကောင်းကင်ယံပတ်လည်တွင် များစွာသောတော်ဝင်စစ်သည်တော်များနဲ့အတူ တွမ်နတ်ဆိုးဂိုဏ်းကို တွေ့လိုက်ရတဲ့အခါ ထိပ်လန့်သွားကြလေသည်။
တော်ဝင်မျိုးနွယ်စုသည် သူတို့ လက်အောက်ထဲ ဝင်ဖို့ ဝမ်ရှောက်ဂိုဏ်းအား ကမ်းလှမ်းထားခဲ့ခြင်းဖြစ်၏။ ဝမ်ရှောက်ဂိုဏ်းရဲ့အင်အားသည် ဟုန်တိုင်းပြည်တွင် အလွန်ပင် မြင့်မားသောအခြေအနေဖြစ်နေ၍ တော်ဝင်မျိုးနွယ်စုရဲ့ ကမ်းလှမ်းခြင်းကို ငြင်းဆိုခဲ့သည်။
တွမ်နတ်ဆိုးဂိုဏ်းသည် တောင်ဝင်မျိုးနွယ်နဲ့ ပူးပေါင်း၍ ဝမ်ရှောက်ဂိုဏ်းကို ဖျက်ဆီးရန် ကြံရွယ်နေခဲ့ခြင်းပင် ဖြစ်၏။ ကျစ်ယန်သည် သူ့ရဲ့ ဓားပျံဖြင့် ကောင်းကင်ယံကို ပျံတက်လာခဲ့ပြီး "ငါရှိနေသရွေ့
ဝမ်ရှောက်ဂိုဏ်းရဲ့ လူတစ်ယောက်ကိုတောင် မင်းတို့ ထိလို့တောင်မရစေရဘူး " လို့ အေးစက်စွာအသံဖြင့် ပြောလိုက်သည်။
တွမ်နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲ ဇောင်ဟန်ကျင်းသည် ကျစ်ယန်အား မမြင်ဖူးသဖြင့် "မင်းကဘယ်သူမို့လို့ ဒီနေရာမှာ လာမောက်မာရဲတာလဲ ၊ ဒီနေရာမှာ ကုံဖုရှိနေရင် ငါတို့ကို တစ်ခွန်းမှ ပြန်ပြောရဲမှာ မဟုတ်ဘူး " လို့ ဒေါသလေသံဖြင့် ပြောလိုက်၏။
ထိုချိန်မှာ တော်ဝင်မျိုးနွယ်ရဲ့ စစ်သူကြီး မာချန်သည် "အကြီးအကဲဇောင်......ဘာလို့ ကလေးတစ်ယောက်နဲ့ စကားနိုင်လုပြီး အချိန် ဖြုန်းနေတာလဲ " လို့ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
ဇောင်ဟန်ကျင်းသည် သူ့လက်ဖဝါးနှစ်ဖက်တွင် စွမ်းအားများ စုစည်းလိုက်ပြီး "တွမ်နတ်ဆိုးဂိုဏ်းသားအားလုံးအမိန်နာခံ......ဝမ်ရှောက်ဂိုဏ်းတစ်ခုကို အမြစ်ပြတ် ခြေမှုန်းကြ " လို့ အမိန့်ပေးလိုက်၏။
ဇောင်ဟန်ကျင်းအမိန့်ပေး လိုက်သည်နှင့် တွမ်နတ်ဆိုးဂိုဏ်းသားများသည် သူတို့စွမ်းအားများကို စုစည်းကာ မြေပြင်တွင် ရှိနေသော လူများအား တိုက်ခိုက်လိုက်ကြသည်။ မာချန်သည်လည်း သူ့ရဲ့ဓားအား ဆွဲထုတ်လိုက်ပြီး "ကောင်စုတ်လေး......မင်းဘာလုပ်နိုင်မလဲ ငါသိချင်သေးတယ် " လို့ ရေရွတ်လိုက်ပြီး စစ်သည်တော်များကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်၏။
များစွာသော စွမ်းအင်များသည် ကောင်းကင်ယံမှ ကျရောက်လာတဲ့အခါ ဝမ်ရှောက်ဂိုဏ်းသားများသည် ကြောက်လန့်တကြားဖြင့် သူတို့စွမ်းအားများကို ဒိုင်းကာပုံစံအသွင်ပြောင်းကာ ခုခံဖို့ လုပ်လိုက်ကြသည်။ ကျစ်ယန်သည် ပြုံးလိုက်ပြီး "ကိုသေတွင်းကိုတူးနေကြတာပဲ " လို့ တီတိုးစွာရယ်မောလိုက်၏။
ဇောင်ဟန်ကျင်းနဲ့ မာချန်သည် ကျစ်ယန်ရဲ့ မျက်နှာရှိ အပြုံးကိုမြင်တွေ့လိုက်ရသဖြင့် ထူးဆန်းသလိုမျိူး ခံစားနေကြရသည်။ ထိုချိန်မှာပဲ ကောင်းကင်ယံမှ ကျရောက်လာသော တိုက်ခိုက်ရေးစွမ်းအားများသည် မြေပြင်သို့ မကျရောက်ခင်မှာ ပျောက်ကွယ်သွားခဲ့၏။
ကျစ်ယန်မှလွဲ၍ တခြား လူများအားလုံးသည် ရူးခါ၍ သွားလေသည်။ ကျစ်ယန်သည် သူ့လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး "ငါ့အလှည့်ရောက်ပြီပေါ့......." လို့ ရေရွတ်လိုက်၏။