← Chapters

နတ်ဘုရားရတနာမြေမှ ပြန်ထွက်ခွာလာကြခြင်း

Vol. 4 Ch. 47

နတ်ဘုရားရတနာမြေမှ ပြန်ထွက်ခွာလာကြခြင်း

Vol. 4 Ch. 47

ကျစ်ယန် လက်ချောင်းများ လှုပ်ရှားလိုက်တဲ့အခါ ပျောက်ကွယ်သွားသော တိုက်ခိုက်ရေးစွမ်းအားများသည် မူလပျောက်ကွယ်သွားသော နေရာမှ ပြန်ပေါ်လာခဲ့ပြီး စွမ်းအားများမှာ မူလထက်၃ဆနီးပါး ကြီးမားလာခဲ့သည်။

ကျစ်ယန်သည် ​သူ့လက်ချောင်းများကို ဆုပ်လိုက်ပြီး "သွားသေလိုက်တော့ " လို့ ပြောလိုက်တဲ့အခါ တိုက်ခိုက်ရေးစွမ်းအင်လုံးများသည် တွမ်နတ်ဆိုးဂိုဏ်းနဲ့ တော်ဝင်စစ်သည်တော်များရှိသို့ ချက်ချင်းပင် ပြန်၍ ရောက်ရှိသွားခဲ့၏။

ဇောင်ဟန်ကျင်းနဲ့ မာချန်သည် အခြေအနေကို ခန့်မှန်းသိရှိသွားပြီး "ပျောက်ကွယ်နေတဲ့အစီအရင်တစ်ခု ရှိနေတာလား " လို့ ရေရွတ်ပြီး နတ်ဝိဇ္ဇာအဆင့်စွမ်းအားဖြင့် တန်ပြန်လာသော စွမ်းအင်များအား ကာကွယ်လိုက်လေသည်။

ဝမ်ရှောက်ဂိုဏ်းသားများအားလုံးသည် ဖြစ်ပျက်နေသော အရာများအား အံ့အားသင့်စွာဖြင့် ကြည့်နေကြ၏။ တွမ်နတ်ဆိုးဂိုဏ်းသားများနဲ့ စစ်သည်တော် အများစုသည် တန်ပြန်လာသော စွမ်အားများကို မခုခံနိုင်တော့ဘဲ ကောင်းကင်ယံမှ ဒဏ်ရာများဖြင့် ပြုတ်ကျကုန်လေသည်။

ဇောင်ဟန်ကျင်းသည် သေဆုံးသွားသော သူ့လူများအား ကြည့်၍ "အဲ့အစီအရင်ထဲမှာ မင်းတစ်သက်လုံး ပုန်းနိုင်အုံးမလား ကြည့်ရသေးတာပေါ့ " လို့ ပြောကာ နတ်ဝိဇ္ဇာအဆင့် စွမ်းအားအရှိန်အဝါအား ထုတ်ဖော်လိုက်၏။

ကျစ်ယန်သည် အစီအရင်ထဲက ခုန်ထွက်လိုက်ပြီး သူ့ဓားအား ပြန်သိမ်းကာ ကောင်းကင်ယံတွင် တည်ငြိမ်စွာ ရပ်နေလိုက်ပြီး ဇောင်ဖန်ကျင်းနဲ့ မာချန်ကို ကြည့်ကာ "ငါနဲ့သွေးကျိန်စာ ချိတ်ဆိုမယ်ဆိုရင်တော့ မင်းတို့နှစ်ယောက်ရဲ့အသက်ကို ငါအာမခံတယ် " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ဓားပျံမပါဘဲ လေပေါ်တွင် ရပ်နေနိုင်တဲ့အခါ နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူမှန်းသိသွားတဲ့အခါ အားလုံးသည် မယုံနိုင်စွာ ဖြစ်နေကြ၏။ ကျစ်ယန်သည် ၂၀ကျော်သာ ရှိသေးသော်လည်း အင်အားကြီးမားသော နတ်ဝိဇ္ဇာအဆင့်ကိုပင် ရောက်ရှိနေလိမ့်မယ်လို့ မထင်ထားကြပေ။

ကျစ်ယန်ရဲ့စကားကို ကြားလိုက်တဲ့အခါ မာချန်သည် "ဟားဟား......အငယ်လေး မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဝိဇ္ဇာအဆင့်ရောက်နေတယ်ဆိုပြီး ငါတို့ နှစ်ယောက်ကို လွယ်လွယ်အနိုင်ယူနိုင်မယ်ထင်နေတာလား " လို့ ပြောလိုက်၏။

ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာ အသံဖြင့် "မင်းတို့နှစ်ယောက်ကို ငါအခွင့်အရေးပေးပြီးပြီ " လို့ ပြောလိုက်ပြီး အသူရာနတ်ဘုရားလက်ညိုးအား အသက်သွင်းလိုက်သည်။ ကျစ်ယန်ရဲ့ ညာဘက်လက်မောင်းတစ်ခုလုံးတွင် ရွှေရောင်သံကွင်းစွပ်များ ထွက်ပေါ်လာပြီး ဧရာမနတ်ဘုရားဝိညဥ်ကြီးသည် ကျစ်ယန်နောက်ရှိ ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့၏။

​​​ဝမ်ရှောက်ဂိုဏ်း ၊ တွမ်နတ်ဆိုးဂိုဏ်း နဲ့ စစ်သည်တော်များသည် ကျစ်ယန်ရဲ့ စွမ်းအားကို မျက်တောင်မခတ်ကြည့်ကာ ကြောက်လန့်၍ နေကြလေသည်။ အသက်၂၀လူငယ်လေးမှာ နတ်ဝိဇ္ဇာအဆင့်ရောက်ရှိနေတဲ့အပြင် အလွန်ပင်သန်မာအားကောင်းသော နတ်ဘုရားကျင့်စဥ်မျိုးကို တက်ကျွမ်းနေတဲ့အတွက် ကျစ်ယန်ကို အားကျ နေကြ၏။

မာချန်နဲ့ ဇောင်ဟန်ကျင်းသည် ဧရာမနတ်ဘုရားဝိညဥ်ကြီးထံမှ အလွန်ပင် သန်မာအားကောင်းသော စွမ်းအားအရှိန်အဝါမှန်း သိရှိလိုက်ရတဲ့ သူတို့ရှေ့တွင် သေမင်းရောက်ရှိသလို ခံစားလိုက်ရတဲ့အခါ နဖူးမှ သွေးစက်အား ချက်ချင်းထုတ်ပေးလိုက်ပြီး "ကျွန်တော်တို့ အညံခံပါတယ်သခင် " လို့ တုန်လှုန်စွာဖြင့် ပြောလိုက်၏။

ကျစ်ယန်သည် ၂ယောက်လုံးရဲ့ သွေးအား စုပ်ယူလိုက်ပြီး သူ့စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ မာချန်နဲ့ ဇောင်ယန်ကျင်းသည် အလွန်ပင်အသက်ငယ်သော လူငယ်လေးထံမှ သေစေနိုင်သော စွမ်းအားအရှိန်အဝါမျိုးကို ခံစားလိုက်ရသဖြင့် ချွေးသီးချွေးပေါက်များ ကျနေကြ၏။

ကျစ်ယန်သည် မြေပြင်ကို ပြန်ဆင်းလာခဲ့ပြီး "မင်းတို့လူတွေကို ခေါ်ပြီး ဒီနေရာက အမြန်ဆုံး ထွက်သွားတော့ " လို့ ပြောကာ မောင်းထုတ်လိုက်လေသည်။ ဇောင်ဟန်ကျင်းနဲ့ မာချန်သည် "သခင်အလိုရှိရင် ကျွန်တော်တို့ကို ခေါ်လိုက်ပါ " လို့ ပြောကာ သူ့လူများအား ခေါ်ကာ ကြက်ပျောက်ဌက်ပျောက်သဖွယ် ပျောက်သွားကြ၏။

ကျစ်ယန်သည် သူ့နေသော တဲအိမ်ထဲကို ပြန်မဝင်ခင် "မင်းတို့အားလုံး အေးဆေးပြန်လေ့ကျင့်ရပြီ " လို့ ပြောကာ တဲအိမ်အတွင်းကို ဝင်လာ ခဲ့သည်။ ကျစ်ယန်အထဲဝင်သွားတဲ့အခါ အားလုံးသည် တီတိုးစွာဖြင့် ကျစ်ယန်အကြောင်းပြောဆိုနေကြ၏။

ဝမ်ရှောက်ဂိုဏ်းရဲ့ အခန်းတစ်ခန်းထဲတွင် လူ၆ယောက် ထိုင်၍ ဆွေးနွေးနေချိန်တွင် လူတစ်ယောက်သည် ရောက်ရှိလာခဲ့ပြီး လက်နှစ်ဖက်ဆုပ်၍ ဒူးတစ်ဖက်ထောက်ကာ "စစ်တျန်.....ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ဂါဝါရပြုပါတယ် ၊ အခြေအနေအားလုံးကတော့ အကြီးအကဲကုံဖု ပြောသလို အားလုံးဘေးရှင်းပါတယ် " လို့ ပြောလိုက်၏။

ယွမ်ကမ်းသည် စစ်တျန်အား အခြေအနေကို ထပ်မံစောင့်ကြည့်ထားဖို့ အမိန့်ပေးလိုက်ပြီး "မာချန်လိုလူကိုတောင် အနိုင်ယူနိုင်တယ်ဆိုတော့ သူ့ရဲ့စွမ်းအားက ကာကွယ်စောင့်ရှောက်သူ၂ယောက်ကိုတောင် ယှဥ်နိုင်မယ်ထင်တယ် " လို့ ရေရွတ်လိုက်သည်။

ကျစ်ယန်သည် ထန်လီအားသတ်ပစ်ပြီးနောက် ရရှိလာသော မှတ်

ဉာဏ်အတွင်းမှ ဆန်းကြယ်သောသိုင်းကျင့်စဥ်ကို တွေ့ရှိလာခြင်းကို စဥ်းစားနေခဲ့၏။ မြွေနက်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူ ပေါင်ဟန်သည် ကိုယ်ခွဲသိုင်းပညာတစ်ခုအား တက်မြောက်နေခဲ့ခြင်းပင်ဖြစ်သည်။

ကျစ်ယန်တွေးနေစဥ်မှာ စိတ်ဝိညဥ်ကမ္ဘာငယ်သည် သူ့အား ဆွဲဆောင်သွားခဲ့၏။ ပင်လယ်ရေမျက်နှာပြင်ပေါ်မှ နတ်ဘုရားဝိညဥ်များနိုးထခြင်းကျင့်စဥ်ဟုသော ကျင့်စဥ်သည် ကျစ်ယန်ရဲ့အသိဉာဏ်ပင်လယ်ထဲကို ချက်ချင်းပင် ရောက်ရှိလာလေသည်။

ကျစ်ယန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး နတ်ဘုရားဝိညဥ်များနိုးထခြင်းကျင့်စဥ်ကို အသုံးပြုလိုက်တဲ့အခါ ကျစ်ယန်ရဲ့ ကိုယ်ပွားများစွာသည် ကျစ်ယန်ခန္ဓာကိုယ်အတွင်းမှ ခွဲထွက်လာခဲ့၏။

ကျစ်ယန်သည် ခန္ဓာကိုယ်များအား ပြန်စုစည်းလိုက်ပြီး "ဒီကျင့်စဥ်နဲ့ဆို နောက်ခါ ငါကိုယ်တိုင်လှုပ်ရှားစရာမလိုတော့ဘူး " လို့ ​ပျော်ရွင်စွာဖြင့် ပြောလိုက်သည်။ ကျစ်ယန်သည် ၁လအတောအတွင်းမှာ ကိုယ်ခွဲပညာရပ်ကို ကျွမ်းကျင်အောင် လေ့ကျင့်နေခဲ့၏။

အချိန်သည် ၁လပြည့်သွားတဲ့အခါ အစီအရင် တံခါးမှ ပွင့်သွားပြီဖြစ်၍ အားလုံးသည် ပြန်ရမည့်ဖြစ်၍ ပျော်ရွင်နေကြသည်။ တိုင်းပြည်အနှံရှိ ဂိုဏ်းပေါင်းစုံသည် သူတို့ပြန်ရမည့် အစီအရင်တံခါးပေါက်ဆီသို့ ပြေးလွှားနေကြ၏။

ဝမ်ရှောက်ဂိုဏ်းရှိလူများသည် အစီအရင်တံခါးပေါက်ထဲကို ခုန်ဝင်

ကာ ပြင်ပနယ်မြေကို ပြန်လည်ထွက်ခွာလာကြသည်။ ကျစ်ယန်သည် အဝေးတစ်နေရာကို တစ်ချက်လှမ်းကြည့်ရင်း အစီအရင်တံခါးပေါက်ထဲကို ခုန်ဝင်လာခဲ့၏။

ထို့နောက် ကျစ်ယန်တို့ အားလုံးသည် ဝမ်ရှောက်ဂိုဏ်းရဲ့ တည်နေရာကို ပြန်လာခဲ့ကြသည်။ ကျစ်ယန်သည် သူ့ကုတင်တွင် အိပ်နေစဥ် ယွမ်ဟွီရောက်ရှိလာပြီး "ခေါင်းဆောင်......အကြီးအကဲကုံဖုက ခေါင်းဆောင်ကို ခေါ်ခိုင်းလိုက်လို့ပါ " လို့ ရိုသေစွာပင် ပြောလိုက်၏။

ကျစ်ယန်သည် ယွမ်ဟွီနဲ့အတူ ဝမ်ရှောက်ဂိုဏ်းရဲ့ နေရာတစ်ခုကို လျှောက်လှမ်းလာခဲ့သည်။ လမ်းတစ်လျှောက်တွင် အစောင့်အကြပ်များစွာကို တွေ့ရှိရသဖြင့် ကျစ်ယန်အတွက် ထူးဆန်းသလို ဖြစ်နေခဲ့သည်။

အခန်းတံခါးဝ တစ်ခုသို့ ရောက်တဲ့အခါယွမ်ဟွီသည် "ခေါင်းဆောင်.....ဒီအခန်းပဲ " လို့ ပြောကာ အပြင်ဘက်တွင် ရပ်နေခဲ့၏။ ကျစ်ယန်သည် အခန်းတံခါးဝသို့ ဖွင့်ဝင်လိုက်ပြီး ပြန်ပိတ်လိုက်သည်။

အခန်းထဲတွင် ထိုင်နေကြသော ယွမ်ကမ်း ၊ ကုံဖု ၊ လွင်ဟုန် ၊ ကျန်းရှောက်ယွီတို့ကို တွေ့လိုက်ရသဖြင့် ကျစ်ယန်သည် လက်နှစ်ဖက်ဆုပ်ကာ "အငယ်လေး......အကြီးအကဲတို့ကို အရိုသေပေးပါတယ် "လို့ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။

All Chapters