← Chapters

တိုက်ခိုက်ရေးကုန်းမြေ

Vol. 4 Ch. 48

တိုက်ခိုက်ရေးကုန်းမြေ

Vol. 4 Ch. 48

ယွမ်ကမ်းသည် သူထိုင်နေသော နေရာမှ ပြတင်းပေါက်ဆီကို သွားကာ ကောင်းကင်ပြာကြီးကို ကြည့်လိုက်ရင်း "အငယ်လေး......မင်းရဲ့အကြောင်းကို ငါအကုန်ကြားပြီးပြီ ၊ ငါတို့ဝမ်ရှောက်ဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ တိုက်ခိုက်ရေးကုန်းမြေထဲကို မင်းကိုငါပါဝင်စေချင်တယ် " လို့ ပြောလိုက်၏။

ကုံဖုသည် တိုက်ခိုက်ရေးကုန်းမြေနဲ့ ပက်သက်သောအကြောင်းအရာများကို ရှင်းပြလိုက်သည်။ တိုက်ခိုက်ရေး ကုန်းမြေသည် အင်ပါယာတိုင်းပြည်များစုပေါင်း၍ ယှဥ်ပြိုင်ရသော နယ်မြေတစ်ခုဖြစ်၏။ တိုက်ခိုက်ရေးကုန်းမြေတွင် ရှေးခေတ်နတ်ဘုရားဘိုးဘေးများ ချန်ထားခဲ့သော အမွေအနှစ်ရတနာများစွာ ရှိသော နေရာတစ်ခုဆိုလဲ မမှားပေ။

ကျစ်ယန်သည် နောက်ထပ်ရတနာများစွာကို ရရှိမည်ဖြစ်၍ တိုက်ခိုက်ရေးကုန်းမြေတွင် ပါဝင်ဖို့ သဘောတူလိုက်၏။ ကျစ်ယန်သဘောတူလိုက်သည့်အတွက် ယွမ်ကမ်းသည် ဝမ်းသာ၍ သွားပြီး သူ့သိုလှောင်ကွင်းထဲမှ ကျင့်စဥ်စာလိပ်တစ်ခုအား ထုတ်ပေးလိုက်သည်။

အစူရာနတ်ဘုရားကိုယ်ပွားကျင့်စဥ် စာလိပ်ကိုတွေ့တဲ့အခါ ကုံဖုတို့ ၃ယောက်ကပင် အံ့အားသင့်ကာ ကြောင်အသွားကြ၏။ အစူရာနတ်ဘုရားကိုယ်ပွားကျင့်စဥ်သည် ဝမ်ရှောက်ဂိုဏ်း၏ ဂိုဏ်းချုပ်များသာ ကျင့်ကြံခွင့်ရသော ကျင့်စဥ်တစ်ခုပင် ဖြစ်ပေသည်။

ယွမ်ကမ်းသည် စိတ်ပျက်စွာ အမူအယာဖြင့် ခေါင်းခါလိုက်ပြီး "အငယ်လေး.....ဒီကျင့်စဥ်ရဲ့ နာမည်ကအစူရာနတ်ဘုရားကိုယ်ပွားကျင့်စဥ်ပဲ ၊ ကံဆိုးတာက ငါမှာဒီကျင့်စဥ်ရဲ့ ပထမအဆင့်နဲ့ဒုတိယ ကျင့်စဥ်ပဲ ရှိတယ် " လို့ ဝမ်းနည်းစွာအသံဖြင့် ပြောလိုက်၏။

ကျစ်ယန်သည် ကျင့်စဥ်စာလိပ်အား လက်ခံလိုက်ပြီး "ကျေးဇူးတင်ပါတယ်......ဂိုဏ်းချုပ်" လို့ ပြောကာ အရိုအသေပေးလိုက်သည်။ တိုက်ခိုက်ရေးကုန်းမြေစစ်ပွဲကို ဝင်ရန် လဝက်ပိုင်းသာ လိုတော့သည် ဖြစ်​၍ အဆင်သင့်ပြင်ဆင်ထားဖို့ ပြောပြီး ကျစ်ယန်အားသွားခွင့်ပြုလိုက်၏။

ကျစ်ယန်သည် အားလုံးကို အရိုအသေပြုကာ သူရဲ့နေရာကို ပြန်လာခဲ့သည်။ အခန်းထဲတွင် ကုတင်တစ်ခုသာ ရှိတော့သဖြင့် ယွမ်ဟွီမှာ အခန်းပြောင်းသွားပြီဖြစ်ကြောင်း ကျစ်ယန်သည် သိလိုက်ရ၏။

ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာထဲကို ပြန်ဝင်လိုက်ပြီး အစူရာနတ်ဘုရားကိုယ်ပွားကျင့်စဥ်စာလိပ်အား ထုတ်ကြည့်လိုက်သည်။ ကျစ်ယန်သည် ကျင့်စဥ်စာလိပ်အား ကြည့်နေစဥ်မှာပဲ စာလိပ်သည် လေပေါ်သို့ ပျံတက်သွားပြီး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွား၏။

ကျစ်ယန်ကြည့်နေစဥ်မှာပဲ လေထဲတွင် ရွှေရောင်စကားလုံးပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် ကျစ်ယန်ရဲ့ အသိဉာဏ်ပင်လယ်ထဲကို

ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် ယွမ်ကမ်းပေးထားသည့် အစူရာနတ်ဘုရားကိုယ်ပွားကျင့်စဥ်ရဲ့ ပထမအဆင့်နဲ့ ဒုတိယအဆင့်အပြင် တတိယအဆင့်ကိုပါ စက္ကန့်ပိုင်းအတွင်း တက်မြှောက်ကျွမ်းကျင်သွားခဲ့၏။

ကျစ်ယန်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "အသူရာနတ်ဘုရားကိုယ်ပွားကျင့်စဥ် " လို့ ရေရွတ်လိုက်တဲ့အခါ ကျစ်ယန်နဲ့ တပုံစံထဲတူသော ကိုယ်ပွား၆ယောက်ပင် ထွက်လာခဲ့သည်။

ကိုယ်ပွား၆ယောက်လုံးရဲ့စွမ်းအားမှာလဲ သူ့နဲ့တစ်ထပ်တည်း ရှိနေလိမ့်မယ်လို့ ကျစ်ယန်သည် မမျှော်လင့်ထားခဲ့ပေ။

ကျစ်ယန်သည် ကျန်ရှိသေးသည့် အချိန်တစ်လလုံး ကျင့်ကြံနေခဲ့သော်လည်း နတ်ဝိဇ္ဇာအဆင့်၄ထက် မကျော်လွှားနိုင်သေးပေ။ အချိန်တစ်လပြည့်ပြီးနောက် တံခါးခေါက်သံ တစ်ခုအား ကျစ်ယန်သည် ကြားလိုက်ရ၏။

ကျစ်ယန်သည် တံခါးဖွင့်လိုက်တဲ့အခါ ကုံဖုကို တွေ့လိုက်ရတဲ့အခါ "မင်္ဂလာပါ......အကြီးအကဲ" လို့ ပြောကာ အရိုအသေပြုလိုက်သည်။ ကုံဖုသည် တိုက်ခိုက်ရေးကုန်းမြေကို သွားမည့်မြေပုံနဲ့ ဝင်ခွင့်တံဆိပ်ပြားအား ကျစ်ယန်အား ပေးလိုက်ပြီး "အငယ်လေး.....လမ်းခရီးမှာ မင်းကိုကာကွယ်ဖို့ လူလိုသေးလား " လို့ မေးလိုက်၏။

ကျစ်ယန်သည် မြေပုံနဲ့တံဆိပ်ပြားအား လက်ခံလိုက်ပြီး "ကျေးဇူးတင်ပါတယ်အကြီးအကဲ.....ကျွန်တော်တစ်ယောက်ထဲအဆင်ပြေပါတယ် " လို့ ​ပြောလိုက်သည်။ ကုံဖုလည်း ကျစ်ယန်ရဲ့ပုခုံးအား ပုတ်လိုက်ပြီး "အငယ်လေး......တိုက်ခိုက်ရေးကုန်းမြေက ထူးဆန်းတဲ့နယ်မြေဖြစ်လို့ မင်းဂရုစိုက်ပါ " လို့ ​သတိပေးလိုက်၏။

ကျစ်ယန်သည် သူ့ရွှေရောင်လျှပ်စီးဓားအား ထုတ်လိုက်ပြီး "အကြီးအကဲ.......ကျွန်တော်အားလုံးနှုတ်ဆက်ခဲ့တယ်လို့ ပြောပေးပါအုံး " လို့ ပြောကာ ဓားပျံနဲ့အတူ ကောင်းကင်ယံသို့ ပျံသန်းတက်သွားလေသည်။

ကုံဖုသည် ကျစ်ယန်အား ကြည့်ပြီး "မင်းကလူအယောက်တစ်သန်းမှာ ရှားပါးတဲ့ပါရမီရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ငါယုံကြည်တယ် " လို့ ပြောလိုက်၏။ ဝမ်ရှောက်ဂိုဏ်းရှိ အခန်းတစ်ခန်းရဲ့ ပြတင်းပေါက်ဘေးမှာထိုင်နေသော မိန်းမပျိုသည် ကောင်းကင်ယံအားကြည့်ရင်း ဆ"ခေါင်းဆောင်အန္တရာယ်ကင်းကင်းနဲ့ ဝမ်ရှောက်ဂိုဏ်းကို ပြန်လာနိုင်ဖို့ ယွမ်ဟွီဆုတောင်းပေးပါတယ် " လို့ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

ကျစ်ယန်သည် ဓားပျံအား စီးရင်း နယ်မြေအနှံအပြားအား ကျော်ဖြတ်လာခဲ့၏။ တိုက်ခိုက်ရေးကုန်းမြေသည် ဟုန်တိုင်းပြည်နဲ့ လော့ကျန်းတိုင်းပြည်ကြားတွင် ရှိသော နေရာတစ်ခုပင်ဖြစ်သည်။

ရွဲ့ဟော်ဆိုသော မြို့တစ်ခုကို ရောက်တဲ့အခါ ကျစ်ယန်သည် ဆင်းသက်လိုက်၏။ ရွဲ့ဟော်မြို့သည် ရတနာများစွာ ရောင်းချနေသော နေရာတစ်ခုပင် ဖြစ်သည်။ ကျင့်ကြံသူအများစုသည် တိုက်ခိုက်ရေးကုန်းမြေအတွင်းမှ ရရှိလာသော ရတနာများစွာအား

ရွဲ့ဟော်မြို့တွင် ပြန်လည်ရောင်းချလေ့ရှိသည်။

ကျစ်ယန်သည် စင်ခုံများစွာတွင် ရောင်းချနေသော ရတနာလက်နက်များကို ကြည့်ပြီး ရွဲ့ဟော်မြို့သည် သာမာန်မဖြစ်နိုင်ကြောင်း သိလိုက်ရ၏။ ခရမ်းဝတ်စုံဝတ်ဆင်ထားပြီး မျက်နှာတွင် ပုဝါအဖြူတပ်ဆင်ထားမိန်းမပျိုသည် မြင်းပျံတစ်ကောင်အား စီးကာ ကျစ်ယန်ရဲ့ ရှေ့နားသို့ ဆင်းသက်လာခဲ့သည်။

မြင်းပျံပေါ်ရှိ မိန်းမပျိုကို တွေ့တဲ့အခါ လမ်းပေါ်တွင် ရှိနေသော လူများသည် ဝေးဝေးကို ရှောင်ထွက်ပြေးသွားကြ၏။ ကျစ်ယန်သည် ထိုမိန်းမပျိူအား ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်လှမ်းလာခဲ့သည်။ ယီရှန်းဝေလို့ ခေါ်သောမိန်းမပျိုသည် သူ့အား ဂရုမစိုက်သော ကျစ်ယန်ကို တွေ့တဲ့အခါ သူ့လက်ထဲမှ ကြာပွတ်ဖြင့် ရိုက်ချလိုက်၏။

ကျစ်ယန်သည် သူ့လက်ချောင်းများဖြင့် ကြာပွတ်အား ဖမ်းလိုက်ပြီး ဆောင့်ဆွဲချလိုက်သည်။ မိန်းမပျိုသည် ဒေါသထွက်သွားပြီး "ခွေးကောင်စုတ် ငါကြာပွတ်ကို လွှတ်စမ်း......ငါဘယ်သူလဲဆိုတာ နင်သိရဲ့လား " လို့ မေးလိုက်၏။ ရတနာပစ္စည်းရောင်းနေသော လူတစ်ယောက်သည် နောက်ကွယ်မှာ ငုံနေရင်း "လူငယ်လေး.....မင်းတော့ အမှားကြီးတစ်ခုလုပ်မိပြီ " လို့ ကျစ်ယန်ကြားနိုင်လောက်သော အသံဖြင့် လှမ်းပြောလိုက်သည်။

ထိုချိန်မှာပဲ ဓားချွန်တစ်ချောင်းသည် ကျစ်ယန်ရှိသို့ လျှပ်စီးနှုန်းဖြင့် ရောက်ရှိလာခဲ့ပြီး "ငါ့ညီမလေးရှောင်ဟွာကိုထိရဲတဲ့အတွက် ငါကိုယ်တိုင်မင်းကိုသတ်ပစ်မယ်" ဟုသော အသံသည် ထွက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် သူ့ရဲ့ဓားဖြင့် ဓားချွန်အား ခုခံလိုက်ပြီး "နတ်ဝိဇ္ဇာအဆင့်စွမ်အားပဲ " လို့ ရေရွတ်ကာ နောက်ကို ဆုတ်လိုက်သည်။

ကောင်းကင်ယံတွင် လူ၅ယောက်သည် ထွက်ပေါ်လာခဲ့ပြီး ထိုထဲမှ ရှောင်ဟန်ဆိုသော သူသည်

သူ့ရှိပြန်ရောက်လာသော ဓားချွန်အား လှည်ကြစားလိုက်ပြီး "ငါရဲ့လက်နက်ကို ခုခံနိုင်တယ်ဆိုတော့ မင်းမှာအရည်အချင်း ရှိသားပဲ " လို့ ပြောလိုက်၏။

All Chapters