← Chapters

လီဖုန်းနဲ့ တိုက်ခိုက်ခြင်း

Vol. 4 Ch. 49

လီဖုန်းနဲ့ တိုက်ခိုက်ခြင်း

Vol. 4 Ch. 49

ကျစ်ယန်သည် သူ့လက်ထဲရှိဓားအား ပြန်သိမ်းလိုက်ပြီး "ထမင်းမစားရသေးတဲ့အားနဲ့ ငါ့ကိုထိခိုက်စေချင်နေတာလား " လို့ ရှောင်ဟန်တို့ အဖွဲ့အား ကြည့်ကာ ပြောလိုက်သည်။ ရှောင်ဟွာသည် ကျစ်ယန်အားကြည့်ကာ အံ့အားသင့်နေခဲ့၏။ရွဲ့ဟော်မြို့တော်ထဲတွင် သူတို့မျိုးနွယ်စုအား ထိပါးရဲသူ မရှိသေးပေ။

ရှောင်ဟန်သည် သူ့ဘေးနားရှိလူတစ်ယောက်အား ရှောင်ဟွားကို ခေါ်ဖို့ အမိန့်ပေးလိုက်ပြီး သူ့ဓားအား စွမ်းအားအသက်သွင်းကာ "မဆိုင်တဲ့လူအားလုံး ဘေးဖယ်ကြ " လို့ အော်ဟစ်လိုက်၏။ ထိုချိန်မှာပဲ တည်ငြိမ်ပြတ်သားလှသော အသံဖြင့် "အော်ကြည့်ရတာ ရှောင်တော်ဝင်မျိုးနွယ်စုက ရွဲ့ဟော်မြို့ကို သိမ်းပိုက်ထားနိုင်ပြီလို့ ထင်နေတာလား " လို့ မိန်းမလှအသံနဲ့အတူ လူတစ်ဖွဲ့ထပ်မံထွက်ပေါ်လာခဲ့သည်။

ရှောင်ဟန်သည် ထိုအဖွဲ့ကို ကြည့်လိုက်ပြီး "ရွဲ့ဟော်မြို့စောင့်တပ်ဖွဲ့လား " လို့ မျက်နှာမကောင်းစွာဖြင့် ရေရွတ်လိုက်၏။ ရှောင်ဟန်သည် အခြေအနေကို သိရှိလိုက်တဲ့အတွက် သူ့စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့လူများအား ခေါ်ကာ တခြားနေရာတစ်ခုကို ပျံသန်းသွားခဲ့သည်။

ကောင်းကင်ယံရှိ မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင် မိန်းမပျိုသည် ကျစ်ယန်အားကြည့်ကာ "ရှင်နောက်တစ်ခေါက် ရှောင်တော်ဝင်မျိုးနွယ်စုကို ရန်မစမိဖို့ ဆင်ခြင်သင့်တယ် " လို့ သတိပေးပြီးနောက် သူ့အဖွဲ့နဲ့အတူ ပျံသန်းသွားခဲ့၏။

ထိုချိန်မှာပဲ ကြီးမားသော တုန်ခါမှုကြီး တစ်ခုပေါ်ထွက်လာခဲ့သည်။ များစွာသော လူများသည် နေရာတစ်ခုသို့ ​ဓားပျံများဖြင့် ပျံသန်းကာ "တိုက်ခိုက်ရေးကုန်းမြေအစီအရင်ပေါ်လာပြီဟေ့ ၊ မြန်မြန်သွားကြရအောင် " လို့ အော်ဟစ်ကာ ပြေးလွှားသွားကြ၏။

ကျစ်ယန်သည်လည်း သူ့ဓားပျံအားတက်စီး၍ လူအုပ်ကြီးနောက်အား လိုက်သွားခဲ့သည်။ လေဟာနယ်ထဲတွင် ငြိမ်သက်နေသော ကျောက်တုံးကြီးရဲ့ အလယ်တွင် အနီရောင်ကြယ်ပွင့်ကြီးတစ်ခု ရှိနေခဲ့၏။ ထိုအနီရောင်ကြယ်ပွင့်ကြီးမှ ကြယ်အစုအဝေးများစွာပါဝင်သော အစီအရင်ကြီးတစ်ခု ထွက်ပေါ်နေကြောင်း ကျစ်ယန်သည် တွေ့လိုက်ရသည်။

အပြာရောင်ဝတ်ရုံဝတ်ဆင်ထားသော အဖိုးအိုသည် "ကဲကဲ.....အစီအရင်ကြီးထွက်ပေါ်လာပြီဆိုတော့ အကြီးအကဲတွေလဲထွက်ပေါ်လာသင့်ပြီ " လို့ ရယ်မောကာ ပြောလိုက်၏။

လူတစ်ယောက်သည် အားလုံးရဲ့ရှေ့မှောက်ကို ထွက်လာခဲ့ပြီး "တွမ်နတ်ဆိုးဂိုဏ်း....ဇောင်ဟန်ကျင်း"လို့ ပြောကာ အားလုံးကို နှုတ်ဆက်လိုက်သည်။ ထိုချိန်မှာပဲ ဇောင်ဟန်ကျင်းနားကို လူတစ်ယောက်သည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး "ဓားသူတော်စင်မြတ်ဂိုဏ်း....လီဖုန်း" လို့ ပြောကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။

ထို့နောက် ဟုန်တော်ဝင်မျိုးနွယ်ရဲ့ အကြီးအကဲ ရှောင်ချန် ၊ လော့ကျန်းတိုင်းပြည်၏ အကြီးအကဲ ကုန်ဟော ၊ အကြီးအကဲမုရန် နဲ့ အပြာရောင်ဝတ်စုံအဖိုးအို လော့ထန်တို့သည် အစီအရင်ကြီးရှေ့ရှိ ကောင်းကင်ယံတွင် တစ်တန်းထဲ ရပ်နေကြလိုက်သည်။

လော့ထန်သည် အားလုံးကို ပတ်ကြည့်လိုက်ပြီး "နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်သာ ထွက်ပေါ်လာတဲ့ တိုက်ခိုက်ရေးကုန်းမြေရဲ့ အစီအရင်ကို အတူတကွ ဖျက်ဆီးဖို့ သဘောတူထားတဲ့စည်းကမ်းချက်ကို ဝမ်ရှောက်ဂိုဏ်းက ချိုးဖောက်ချင်နေတာလား " လို့ မကျေနပ်ဟန်ဖြင့် ပြောလိုက်၏။

ကျစ်ယန်သည် သူ့ရဲ့ဓားပျံဖြင့် လော့ထန်ရဲ့နားကို ပျံသန်းလိုက်ပြီး "ဝမ်ရှောက်ဂိုဏ်း.....ကျစ်ယန်" လို့ အားလုံးကြားအောင် ပြောလိုက်သည်။ အားလုံးသည် အလွန်ပင်ငယ်ရွယ်နေသေးသော ကျစ်ယန်ကို တွေ့လိုက်ရတဲ့အခါ ကြောင်အသွားကြ၏။

ရှောင်ဟန်သည် နေရာတစ်ခုမှ ကျစ်ယန်အား ကြည့်လိုက်ပြီး "အို.......ဝမ်ရှောက်ဂိုဏ်းက တိုက်ခိုက်ရေးကုန်းမြေကို စိတ်မဝင်စားတာနဲ့ ငအကောင်ကို အသုံးချလိုက်တာပဲ "လို့ ပြောလိုက်သည်။မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင်မိန်းမပျို လျိူရှင်းသည် ကျစ်ယန်အားကြည့်ကာ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီး "ဒီတစ်ခါတော့ ကျွန်မရှင့်ကို မကယ်နိုင်တော့ဘူး " လို့​ရေရွတ်လိုက်၏။

လော့ထန်သည် ဒေါသထွက်စွာဖြင့် ကျစ်ယန်အားကြည့်ကာ "မင်းက ဝမ်ရှောက်ဂိုဏ်းက စေလွှတ်လိုက်တယ် ဆိုတာ ဘယ်လိုသက်သေပြမလဲ " လို့ မေးလိုက်သည်။ ကျစ်ယန်သည် တံဆိပ်ပြားအား ထုတ်ပြလိုက်တဲ့အခါ လော့ထန်သည် တောက်ခေါက်လိုက်ပြီး "ငါရဲ့ဒေါသတွေ မင်းအပေါ်ပုံချမမိခင် ၊ မင်းဒီနေရာကအဝေးဆုံးထွက်သွားတော့ " လို့ ကြိမ်းဝါးလိုက်၏။

ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ "အကြီးအကဲက ကျွန်တော်ကို နိုင်မယ် ထင်နေတာလား...." လို့ ပြောလိုက်သည်။ ကျစ်ယန်စကားကို ကြားလိုက်ရတဲ့အခါ လူအုပ်ကြီးသည် "အဲ့ကောင်ရူးနေတာများလား ၊ အကြီးအကဲလော့ထန်လို လူမျိုးကို အဲ့လိုပြန်ပြောမှာပေါ့ အသက်မရှင်တော့ဘူးနဲ့တူတယ် " လို့ တီတိုးစွာ ပြောဆိုနေကြလိုက်၏။

လော့ထန်သည် နတ်ဝိဇ္ဇာအဆင့်စွမ်းအား အရှိန်အဝါကို ထုတ်လိုက်ပြီး "မင်းကသေဖို့တောင်းဆိုနေမှာတော့ ငါကဖြည့်ဆည်းပေးရမှာပေါ့ " လို့ ပြောကာ ကျစ်ယန်အား သူ့လက်သီးဖြင့် ထိုးချလိုက်သည်။ အားလုံးသည် ကျစ်ယန်သေသွားလိမ့်မည်လို့ မုချယုံကြည်နေကြ၏။

သို့သော် သူတို့ ထင်သလို ဖြစ်မလာခဲ့ပေ။ လော့ထန်သည် သူ့လက်သီးအား ဝင်ကာလိုက်သော ဇောင်ဟန်ကျင်းအား " အကြီးအကဲဇောင်......ဒါက ဘာသဘောလဲ " လို့ ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။

ဇောင်ဟန်ကျင်းသည် ပြုံးလိုက်ပြီး "အကြီးအကဲလော့ထန်......ခင်ဗျားသူ့ကို သတ်လိုက်မယ်ဆိုရင် ဝမ်ရှောက်ဂိုဏ်းရဲ့ အကွက်ထဲ ဝင်သွားလိမ့်မယ်လို့ သတိမထားမိဘူးလား " လို့ပြောလိုက်၏။ လော့ထန်သည် အခြေအနေကို ပြန်သတိထားမိပြီး "အကြီးအကဲဇောင်သာ......အချိန်မှီမတားရင် ငါဝမ်ရှောက်ဂိုဏ်းရဲ့ လှည့်ကွက်ထဲ တကယ်ဝင်မိတော့မှာပဲ" လို့ ပြောလိုက်သည်။

လော့ထန်သည် သူ့စိတ်အား ငြိမ်အောင်လုပ်လိုက်ပြီး "ငါတို့ဒီကြယ်အစုအဝေးအစီအရင်ကို ဝိုင်းဝန်းဖျက်ဆီးလိုက်ကြတာပေါ့ " လို့ ရေရွတ်လိုက်ရင်း သူတို့ရဲ့စွမ်းအားများဖြင့် အစီအရင်အား တိုက်ခိုက်လိုက်ကြ၏။

အစီအရင်ရဲ့ ခုခံစွမ်းအားသည် အလွန်သန်မာသဖြင့်

လော့ထန်တို့ အဖွဲ့သည် လွယ်ကူစွာဖြင့် မချိုးဖြတ်နိုင်သေးပေ။ လော့ထန်သည် သူ့စွမ်းအားများကို ရပ်တန့်လိုက်ပြီး စိတ်ရှုပ်စွာအမူအယာဖြင့် " ဘယ်လိုဖြစ်တာလဲ.......ဒီတစ်ခေါက်ကာကွယ်ရေးအစီအရင်က ဘာလို့ မပျက်စီးရသေးတာလဲ " လို့ ရေရွတ်လိုက်၏။

ဓားသူတော်စင်ဂိုဏ်းမှ လီဖုန်းသည် ဒေါသထွက်စွာဖြင့် "ဒါတွေအားလုံးက ဝမ်ရှောက်ဂိုဏ်းကြောင့်ပဲ ငါရဲ့ ဒေါသတွေပြေပျောက်စေဖို့အတွက် ငါမင်းကို အရင်သတ်ရလိမ့်မယ် " လို့ ကျစ်ယန်ရှိကို တစ်ရှိန်ထိုး ပျံသန်းသွားလိုက်သည်။ ဇောင်ဟန်ကျင်းသည် လီဖုန်းသွားမည့်လမ်းအား တားဆီးလိုက်ပြီး "အကြီးအကဲလီဖုန်း......ဒီကိစ္စက ဒီကောင်လေးနဲ့ ဘာမှ မသက်ဆိုင်ဘူးလေ " လို့ ပြောလိုက်၏။

လီဖုန်းသည် သူ့ရဲ့ဓားအား စွမ်းအားအသက်သွင်းလိုက်ပြီး "ကြည့်ရတာမင်းတို့ တွမ်နတ်ဆိုးဂိုဏ်းနဲ့ ဝမ်ရှောက်ဂိုဏ်းက ပူးပေါင်းထားပုံပဲ " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် "မင်းလမ်းဖယ်ပေးလိုက်" လို့ ဇောင်ဟန်ကျင်းသာ ကြားနိုင်သော အသံစွမ်းအင်ဖြင့် ပြောလိုက်၏။

ဇောင်ဟန်ကျင်းသည် လော့ထန်တို့ နေရာစီသို့ ပြန်၍ ဆုတ်ခွာလိုက်ပြီး "မင်းကံကောင်းပါစေ......လီဖုန်း " လို့ တီတိုးစွာ ရေရွတ်လိုက်သည်။

ဇောင်ဟန်ကျင်းဖယ်လိုက်သည်နှင့် လီဖုန်းသည် ကြီးမြတ်သောဓားသခင်ကျင့်စဥ်ကို အသက်သွင်းလိုက်၏။

All Chapters