နတ်မီးတောက်
Vol. 4 Ch. 50
လီဖုန်းရဲ့နောက်တွင် စွမ်းအားအရှိန်အဝါပြင်းထန်စွာ ရှိနေသော ဧရာမဓားဖြူကြီးတစ်ချောင်း ထွက်ပေါ်လာတဲ့အခါ အားလုံးသည် အနည်းငယ် တုန့်လှုပ်သွားကြသည်။ လော့ထန်သည် ထိုဓားကြီးကို ကြည့်ကာ "ဒီကောင်ရဲ့ ကြီးမြတ်သောဓားသခင်ကျင့်စဥ်က ခုလောက်ထိကြောက်စရာကောင်းသွားပြီပဲ " လို့ ချီးကျူးပြောဆိုလိုက်၏။
လီဖုန်းသည် သူ့ရဲ့ဓားအား ခုတ်ချလိုက်ပြီး "ကောင်စုတ်လေးသွားသေလိုက်တော့ " လို့ အော်ဟစ်လိုက်၏။ ဧရာမဓားဖြူကြီးသည် ကျစ်ယန်ရှိနေသော နေရာသို့ ချက်ချင်းပင် ကျရောက်သွားပြီး ထိုနေရာတွင် ကြောက်စရာကောင်းသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
ရှောင်ဟန်သည် ပေါက်ကွဲမှုကြီးအား ကြည့်ပြီး "ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ကောင် မင်းခုတော့ ဘာတက်နိုင်သေးလဲ " လို့ ရေရွတ်ကာ ဝမ်းသာနေခဲ့၏။ ထိုချိန်မှာပဲ ရှောင်ဟွာသည် "သူ.....သူမသေသေးဘူး " လို့ ကြောင်အစွာဖြင့် ပြောလိုက်သည်။ရှောင်ဟန်သည် ကျစ်ယန်ရှေ့တွင် ရှိနေသော မျက်နှာဖုံးတပ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရတဲ့အခါ
"သေစမ်း.....အဲ့ကောင်ကို ကယ်မယ့်လူက ရှိနေသေးတာလား " လို့ ရေရွတ်လိုက်၏။
မြူမှုန်များပျောက်ကွယ်သွားတဲ့အခါ မျက်နှာဖုံးတပ်ထားသောလူသည် "မင်းရဲ့စွမ်းအားလောက်နဲ့ ငါ့တပည့်ကို သတ်ချင်နေတာလား " လို့ ရေရွတ်ကာ ပျောက်ကွယ်သွားခဲ့၏။ လီဖုန်းသည် သူ့ရဲ့စွမ်းအား ပြင်းထန်တဲ့ကျင့်စဥ်ကို အလွယ်တကူ ခုခံနိုင်သောလူကို တွေ့လိုက်ရတဲ့အခါ "ငါရဲ့စွမ်းအားကိုတောင် ကာကွယ်နိုင်တယ်ဆိုတော့ အဲ့လူရဲ့ ကျင့်စဥ်က ငါ့ထက်မြင့်နေတာလား " လို့ တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။
လျှပ်တစ်ပြက်အတွင်းမှာပဲ မျက်နှာဖုံးတပ်ဆင်ထားသောလူသည် ကောင်းကင်ယံ၏ အထက်တစ်နေရာတွင် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး သူ့လက်ချောင်းများကို လျှပ်စီးကဲ့သို့ လှုပ်ရှားကာ အသူရာနတ်ဘုရားလက်ညိုးကျင့်စဥ်အား အသက်သွင်းလိုက်၏။ မျက်နှာဖုံးတပ်ထားသောလူရဲ့ နောက်တွင် ဧရာမနတ်ဘုရားဝိညဥ်ကြီးကို တွေ့လိုက်တဲ့အခါ အားလုံးသည် ရူးခါသွားလေသည်။
လျိုရှင်းသည် စွမ်းအားပြင်းထန်သော တိုက်ကွက်ကျင့်စဥ်အား ကြည့်ရင်း "အဲ့ကောင်လေးရဲ့ နောက်ခံက အတော်ကြောက်စရာကောင်းမှတော့ ရှောင်တော်ဝင်မျိုးနွယ်စုကို ဂရုမစိုက်တာ မထူးဆန်းတော့ပါဘူး " လို့ ရေရွတ်လိုက်၏။ ရှောင်ဟန်ကတော့ စွမ်းအားများဖြာထွက်နေသော ဧရာမနတ်ဘုရားဝိညဥ်ကြီးကိုကြည့်ကာ ကျစ်ယန်အား ရန်စမိတာကို နောင်တရသွားသည်။
မျက်နှာဖုံးတပ်ဆင်ထားသော လူသည် "အခုငါ့အလှည့်ပဲ " လို့ ရေရွတ်ကာ သူ့လက်ညိုးဖြင့် လီဖုန်းအား ထိုးချလိုက်၏။ ထိုအခါ ဧရာမနတ်ဘုရားလက်ညိုးကြီးသည် ကောင်းကင်ယံမှ လီဖုန်းရှိသို့ ကျရောက်လာလေသည်။
လီဖုန်းသည် သေမင်းကို မြင်လိုက်ရသလို ကြောက်လန့်နေခဲ့ပြီး သူ့ရဲ့ကြီးမြတ်သောဓားသခင်ကျင့်စဥ်ကို ပြန်လည်အသက်သွင်းကာ ဧရာမဓားဖြူကြီးဖြင့် နတ်ဘုရားလက်ညိုးကြီးအား ခုခံလိုက် ၏။ သို့သော် ဧရာမနတ်ဘုရားဝိညဥ်ကြီးရဲ့ လက်ညိုးကြီးသည် လီဖုန်းရဲ့ဧရာမဓားဖြူကြီးအား အလွယ်တကူ ကြေမွအောင် ဖျက်ဆီးပစ်လိုက်ပြီး လီဖုန်းရဲ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ကြီးမာသောတုန်ခါပေါက်ကွဲမှုကြီးနဲ့အတူ လီဖုန်းသည် အစအနပင်မကျန် လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ မျက်နှာဖုံးတပ်ဆင်ထားသောလူသည်
"ခုချိန်ကစပြီး ငါတပည့်ကို အနိုင်ကျင့်တဲ့လူမှန်သမျှ ငါကိုယ်တိုင်ငရဲပို့ပစ်မယ်" လို့ အားလုံးကြားနိုင်သော အသံစွမ်းအင်လှိုင်းဖြင့် ပြောကာ ကြယ်အစုအဝေးအစီအရင်ကြီးအား စွမ်းအင်လှိုင်းတစ်ခုပစ်သွင်းလိုက်ပြီး အားလုံးရှေ့တွင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ဇောင်ဟန်ကျင်းသည် ပျောက်ကွယ်သွားသော မျက်နှာဖုံးနဲ့ လူရဲ့စွမ်းအားကို ကြည့်ရင်း "အတော်ကြောက်စရာကောင်းတဲ့အဖျက်စွမ်းအားပဲ ၊ သူတို့ဆရာတပည့်၂ယောက်သာ ပေါင်းရင် ဒီနေရာမှာရှိတဲ့လူအားလုံးကိုတောင် တခဏအတွင်းမှာ သတ်ပစ်ဖို့ ခက်ခဲမယ်မထင်ဘူး "လို့ တစ်ယောက်ထဲ တွေးတောနေခဲ့၏။
လော့ထန်သည် လီဖုန်းသေဆုံးသွားသည်ကို ကြည့်၍ ခြေဖျားလက်ဖျားများပင် အေးစက်သွားခဲ့သည်။ ကျစ်ယန်ရဲ့ နောက်ခံအင်အားမှာ အလွန်ကြောက်စရာကောင်းလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။ ကြယ်အစုအဝေးအစီအရင်ကြီး ပြယ်ပျောက်
သွားတဲ့အခါ ကောင်းကင်ယံကို ထိုးဖောက်နေသော ရွှေဝါရောင်အလင်းတန်းကြီး တစ်ခုပေါ်ထွက်လာခဲ့၏။
မြေပြင်ပေါ်တွင် ရှိနေသောလူများသည် ရွှေဝါရောင်အလင်းတန်းကြီးကို လက်ညိုးထိုးကာ "ဟိုမှာ တိုက်ခိုက်ရေးကုန်းမြေအလင်းတန်းထွက်ပေါ်လာပြီပဲ " လို့ ပျော်ရွင်စွာဖြင့် အော်ဟစ်ပြောလိုက်သည်။
တစ်ချိန်ထဲမှာပဲ လူတစ်ယောက်သည် "မင်းတို့က တိုက်ခိုက်ရေးကုန်းမြေကို ဝင်ရောက်ဖို့ လွယ်တယ်ထင်နေတာပဲ " လို့ ဆရာကြီးလေသံဖြင့် ပြောလိုက်၏။
ရှောင်ဟန်သည် ဘေးပတ်လည်ကို ကြည့်လိုက်ပြီး "ဘယ်သူမှ မဝင်ခင် ငါတို့အရင်ဆုံး ရတနာတွေ ရှာဖွေရမယ် " လို့ ပြောကာ သူ့အဖွဲ့သားများနဲ့အတူ ရွှေဝါရောင်အလင်းတန်းကြီးထဲသို့ ထိုးဖောက်ဝင်သွားခဲ့သည်။ တခြားအဖွဲ့များသည်လည်း ရွှေဝါရောင်အလင်းတန်းကြီးထဲသို့ တရှိန်ထိုးပျံသန်းဝင်သွားကြ၏။
သို့သော် ထိုအဖွဲ့များထဲမှ လူတစ်ချို့သည် ရွှေဝါရောင်အလင်းတန်းထဲကို မဝင်ရောက်နိုင်တဲ့အပြင်
ကြီးမားသောစွမ်းအင်တစ်ခု၏ တုံပြန်ခြင်းကို ခံရသဖြင့် မြေပြင်ပေါ်သို့ ခွေးကျကျသွားကြလေသည်။ အချိန်အနည်းငယ်အတွင်းမှာပဲ အပြင်ဘက်ရှိလူများသည် တိုက်ခိုက်ရေးကုန်းမြေအတွင်းဘက်ကို ရောက်ရှိသွားကြ၏။
ကျစ်ယန်သည်လည်း တိုက်ခိုက်ရေးကုန်းမြေရဲ့ နေရာတစ်ခုအား ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် ရောက်ရှိခြင်းမှာပဲ ကျယ်လောင်သော မီးတောက်ပေါက်ကွဲမှုသံတစ်ခုအား ကြားလိုက်ရ၏။
ကျစ်ယန်သည် ရွှေရောင်လျှပ်စီးဓားပျံဖြင့် အခြေအနေကို စစ်ဆေးရန် မီးတောက်ပေါက်ကွဲရာ နေရာဘက်ကို ပျံသန်းလာခဲ့သည်။
ကျစ်ယန်ပျံသန်းနေစဥ်တွင် လူတချို့သည်လည်း
မီးတောင်ရှိရာ နေရာသို့ ပျံသန်းနေကြောင်း တွေ့လိုက်ရ၏။ ကျစ်ယန်သည် သာမာန်မီးတောင်ပေါက်ကွဲမှုမျိုး မဖြစ်နိုင်ဘူးလို့ ခန့်မှန်းလိုက်ပြီး သူ့အရှိန်အား တိုးမြှင့်လိုက်သည်။ အချိန်အနည်းငယ်တွင်းမှာ လူများစွာသည် မီးတောင်ရဲ့ပတ်လည်တစ်ဝိုက်ကို ရောက်ရှိလာခဲ့ကြ၏။
ဖုန့်ဟောက်ဟုခေါ်သော ဓားအိမ်လွယ်ထားသောလူတစ်ယောက်သည် မီးတောင်အတွင်းထဲကို ကြည့်ကာ "နတ်မီးတောက်ပဲ အဲ့တာတကယ်နတ်မီးတောက်ပဲ " လို့ အလွန်ပင် အံ့အားသင့်စွာဖြင့်
ပြောလိုက်သည်။ ထိုလူပြောလိုက်သည့်အခါ များစွာသော လူများသည် မီးတောက်အတွင်းထဲကို လျင်မြန်စွာ ကြည့်လိုက်ကြ၏။
မီးတောင်အတွင်း၏ နံရံချော်ရည်တစ်ခုတွင် ခရမ်းရောင်မီးတောက်တစ်ခုသည် မှေးမှိန်စွာရှိနေကြောင်း တွေ့လိုက်ကြရသည်။ နတ်မီးတောက်သည် သာမန်မီးတောက်များနဲ့ ကွဲပြား၏။
အခြားသာမန်မီးတောက်များသည် အဆင့်မြင့်သားရဲကောင်များ၏ ခန္ဓာကိုယ်အတွင်းတွင် ရှာဖွေတွေ့ရှိနိုင်သော်လည်း နတ်မီးတောက်မှာတော့ နှစ်တစ်သန်းမှာပင် တစ်ကြိမ်တွေ့နိုင်ဖို့ မဖြစ်နိုင်ပေ။