ကမ္ဘာမဲ့ဂုံးခွံ
Vol. 4 Ch. 51
ကျစ်ယန်သည် နတ်မီးတောက်ကို တွေ့တဲ့အခါ စိတ်ဝင်စားသွား၏။ နတ်မီးတောက်စွမ်းအားသာရှိလျှင် အဂ္ဂိရတ်ပညာရပ်မှာ ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်တဲ့အတွက် ကျစ်ယန်သည် နတ်မီးတောက်ကို မရမကယူဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
အားလုံးတွေဝေနေချိန်တွင် လူတစ်ယောက်သည် နတ်မီးတောက်အား ရယူရန် မီးတောင်အတွင်းသို့ ခုန်ချ၍ သွား၏။ ထိုလူသည် နတ်မီးတောက်အနားကို ရောက်တဲ့အခါ လက်လှမ်း၍ ဝမ်းသာအားရစွာဖြင့် "ငါသာနတ်မီးတောက်ပိုင်ဆိုင်ရရင် ဘယ်သူမှ ကြောက်နေစရာမလိုတော့ဘူး " လို့ ရေရွတ်လိုက်သည်။
သို့သော် လောင်ကျွမ်းနေသော်ချော်ရည်များအတွင်းမှ ဦးချိုတစ်ချောင်းပါတော့ ခြင်္သေ့ကြီး ထွက်ပေါ်လာခဲ့ပြီး နတ်မီးတောက်နားကို ရောက်နေသော လူထံသို့ တစ်ရှိန်ထိုးပြေးဝင်ဆောင့်လိုက်၏။ ထိုလူသည် မီးခြင်္သေ့တစ်ကောင်အား တွေ့လိုက်ရတဲ့အခါ အပေါ်သို့ ပြန်ပျံသန်းဖို့ လုပ်လိုက်သည်။
ဒါပေမယ့် မီးခြင်္သေ့ကြီးရဲ့ အရှိန်သည် အလွန်ပင် မြန်ဆန်သဖြင့် ထိုလူသည် မလွတ်မြောက်ခဲ့ပေ။ မီးခြင်္သေ့ကြီးသည် သူ့ဂျိုထိပ်မှ အနီရောင်မီးဓာတ်လုံးစွမ်းအားဖြင့် အပေါ်ဘက်တွင် ရှိနေသော လူများအားလုံးကို ပစ်သွင်းလိုက်၏။
မီးခြင်္သေ့ရဲ့ စွမ်းအားသည် နတ်ဝိဇ္ဇာအဆင့်၅အထက်ပင် ကျော်လွန်နေသဖြင့် မီးတောင်နားတွင် ရှိနေသော လူများသည် လျင်မြန်စွာ နောက်ဆုတ်လိုက်ကြပြီး ဖုန့်ဟောက်သည် "ကြည့်ရတာ နတ်မီးတောက်ကို ငါတို့ ရယူဖို့မဖြစ်နိုင်တော့ဘူး ထင်တယ် " လို့ ပြောကာ တခြားအရပ်ကို ပျံသန်းထွက်ခွာသွားခဲ့သည်။
အားလုံးသည် သေသွားသောလူရဲ့အဖြစ်ကို ကြည့်၍ သူတို့စွမ်းအားဖြင့် နတ်မီးတောက်ကို ရယူဖို့ မဖြစ်နိုင်သောကြောင့် လက်လျော့ကာ တခြားရတနာများကိုသာ ရှာဖွေရန် ထွက်ခွာသွားကြ၏။ ကျစ်ယန်သည် မီးတောက်အတွင်းကို လျင်မြန်စွာ ခုန်ချဝင်လိုက်ပြီး နတ်မီးတောက်နားကို လျှပ်စီးအလျင်နှုန်းဖြင့်သွားလိုက်သည်။
မီးခြင်္သေ့ကြီးသည် နတ်မီးတောက်အနားကို ကပ်လာသော ကျစ်ယန်ရှိသို့ တရှိန်ထိုးထပ်မံပြေးဆောင့်လိုက်၏။ ဒါပေမယ့် မီးခြင်္သေ့သည် ကျစ်ယန်နားမရောက်ခင်မှာပဲ နဂါးမင်းလုံရှန်းကို တွေ့လိုက်ရတဲ့အခါ ရပ်တန့်၍ သွားပြီး ကြောက်လန့်စွာဖြင့် မီးချော်ရည်ထဲကို ပြန်ခုန်ဝင်၍ သွားလေသည်။
ကျစ်ယန်သည် နတ်မီးတောက်အား အရင်ယူလိုက်ပြီး စိတ်ဝိညဥ်ကမ္ဘာထဲကို ထည့်သိမ်း၍ မီးတောင်အပြင်ဘက်ကို ပြန်ခုန်ထွက်လာခဲ့၏။ ကျစ်ယန်အပြင်ဘက်သို့ ရောက်တဲ့အခါ လူအုပ်စုတ်ဖွဲ့သည် သူ့ရှိနေသော နေရာကို တစ်ရှိန်ထိုးပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
ထိုအဖွဲ့ကို ဦးဆောင်လာသူမှာတော့ တခြားသူမဟုတ်ပေ ဖုန့်ဟောက်ပင် ဖြစ်၏။ ဖုန့်ဟောက်သည် နတ်မီးတောက်ကို ရယူဖို့အတွက် လက်လျော့သည့်ပုံဟန်ဆောင်ကာ သူ့လူများကို သွားခေါ်ခြင်းဖြစ်သည်။ ဖုန့်ဟောက်ကို မီးတောင်နားတွင် ရှိနေသော ကျစ်ယန်ကို တွေ့တဲ့အခါ "ကြည့်ရတာဒီကောင်က သူ့ဆရာကို အကြောင်းကြားပြီး ဒီနေရာမှာစောင့်နေတာပဲ ဖြစ်ရမယ် " လို့ ရေရွတ်လိုက်၏။
ကျစ်ယန်သည် သူ့ရဲ့ဓားပျံနဲ့အတူ ဖုန့်ဟောက်သို့ အဖွဲ့အနားမှ ပျံသန်းထွက်ခွာသွားလေသည်။ ဖုန့်ဟောက်သည် နတ်မီးတောက်ကို မြန်မြန်ဆန်ဆန်သာ ယူဖို့ မီးတောင်အနားကို လျင်မြန်စွာ သွားလိုက်၏။ ဖုန့်ဟောက်သည် မီးတောင်အတွင်းကို ကြည့်လိုက်တဲ့အခါ နတ်မီးတောက်ကို မတွေ့ရှိရတော့သဖြင့် "မဖြစ်နိုင်တာ.......နတ်မီးတောက်က ဘယ်ရောက်သွားတာလဲ " လို့ စိတ်ဆင်းရဲစွာဖြင့် ပြောလိုက်သည်။
ဖုန့်ဟောက်နဲ့အတူပါလာသည့် ဟွေရှန်းဆိုသောလူသည် "ခေါင်းဆောင်ကြည့်ရတာ နတ်မီးတောက်ကို ခုနကကောင် ယူသွားတာပဲ ဖြစ်ရမယ် " လို့ ပြောလိုက်၏။ ဖုန့်ဟောက်သည် ကျစ်ယန်ယူသွားသည်ဟုခန့်မှန်းမိသော်လည်း နတ်မီးတောက်ကို ပိုင်ဆိုင်ချင်သောလည်း နတ်ဝိဇ္ဇာအဆင့်ရှိသော လူနဲ့ ရန်စမရှိချင်တဲ့အတွက် လက်လျော့ဖို့သာ ဆုံးဖြတ်လိုက်လေသည်။
ကျစ်ယန်သည် ပျံသန်းနေရင်း "ငါနတ်မီးတောက်ကို ပိုင်ဆိုင်ဖို့ လုံခြုံမယ့်နေရာတစ်ခုကို ရှာဖွေရမယ် "လို့ ပြောလိုက်ပြီး အဆင်ပြေသော နေရာအားရှာဖွေလိုက်၏။ ကျစ်ယန်ပျံသန်းနေစဥ်မှာ အလွန်ပင်ကြီးမားသော ဂုံးခွံကြီးတစ်ခုသည် ကျစ်ယန်ရှေ့ကို ရောက်ရှိလာခဲ့သည်။
ကျစ်ယန်သည် ဘေးသို့ လျင်မြန်စွာ ရှောင်လိုက်ပြီး သစ်ပင်ကိုင်းတစ်ခုပေါ်တွင် ရပ်နားလိုက်၏။ ဝိညဥ်နယ်ပယ်အဆင့်၇ရှိသော လူတစ်ယောက်သည် သူ့ဂုံးခွံကြီးအားစီးကာ "မင်းရဲ့သိုလှောင်ကွင်းနဲ့ ညာဘက်လက်တစ်ဖက်ထားခဲ့ရင် ငါမင်းရဲ့အသက်ကို ညှာတာပေးမယ် " လို့ ကျစ်ယန်အား ပြောလိုက်သည်။
ကျစ်ယန်သည် မြေပြင်ပေါ်သို့ ခုန်ချလိုက်ပြီး "မင်းနဲ့ငါ့ကြားမှာ ရန်ငြိုးရှိလို့လား....." လို့ မေးလိုက်၏။ ဂုံးခွံကြီးစီးထားသော လူသည် "ငါ့နာမည်က ချိုးတန်ပဲ ၊ မင်းလိုဆရာအားကိုးနဲ့ မာန်တက်နေတဲ့ကောင်ကို ဆုံးမဖို့ငါတို့ကို့ ခေါင်းဆောင်ကစေခိုင်းထားတာပဲ " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် လက်နောက်ပစ်လိုက်ပြီး "ခုချိန်ငါ့ဆရာရောက်လာမှာ မင်းမကြောက်ဘူးလား " လို့ မေးလိုက်၏။
ချိုးတန်သည် ကျစ်ယန်အား ကြည့်ကာ "ဟားဟားဟား.......ငါရဲ့ဂုံးခွံရဲ့စွမ်းအားက မိုင်တစ်ရာအတွင်းမှာ ရှိသမျှအခြေအနေကို ဖော်ပြပေးနိုင်တယ် ၊ မင်းက ငါနဲ့တွေ့တာ ကံဆိုးတာပဲ ဟားဟားဟား "လို့ ရယ်မောကာ ပြောလိုက်သည်။ ချိုးတန်သည် ကျစ်ယန်ကို ဖုန်ဟောက်တို့အဖွဲ့နဲ့ ရှိနေစဥ်ကတဘ်းက တွေ့ခဲ့ခြင်းဖြစ်ပြီး ကျစ်ယန်နောက်ကို လိုက်ခဲ့ခြင်း ဖြစ်၏။
ချိုးတန်သည် သူ့ရဲ့ဂုံးခွံအားစွမ်းအားအသက်သွင်းကာ "မင်းကြည့်ရတာ ငါစကားကိုသဘောမတူမယ့်ပုံပဲ ၊ အဲ့တော့ မင်းသေဖို့ အချိန်တန်ပြီ " လို့ ပြောကာ ကျစ်ယန်အား တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။ချိုးတန်သည် ကျစ်ယန်အား တိုက်ခိုက်မည့်ချိန်တွင် "ငါ့တပည့်ကို သတ်မယ်ဆိုတော့ မင်းကအတော်အတင့်ရဲနေတာပဲ "လို့ အေးစက်သောအသံတစ်ခုသည်ထွက်ပေါ်လာခဲ့တဲ့အခါ တစ်ကိုယ်လုံးတုန်ရင်သွားခဲ့၏။
ချိုးတန်သည် သူ့ရဲ့အထက်လေပေါ်တွင် ရပ်နေသည့် မျက်နှာဖုံးတပ်ဆင်ထားသော နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူကို တွေ့လိုက်ရတဲ့အခါ "မဖြစ်နိုင်တာ.....အဲ့ဆရာကြီးက လျှပ်တစ်ပြက်အတွင်း ဒီကို ရောက်လာရတာလဲ " လို့ ကြောက်လန့်စွာ ရေရွတ်ရင်း ဂုံးခွံကြီးထဲအား ခုန်ဝင်ဖို့ လုပ်လိုက်သည်။
သို့သော် ချိုးတန်သည် သူ့တစ်ကိုယ်လုံးရပ်တန့်သွားတဲ့အခါ "စိတ်ဝိညဥ်ထိန်းချုပ်သူဆရာလား..." လို့ ရေရွတ်ရင်း ပေါက်ကွဲထွက်ကာ သေဆုံး၍ သွားခဲ့၏။ ကျစ်ယန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ဂုံးခွံကြီးအား ကြည့်လိုက်ပြီး "ကြည့်ရတာ ဒီဂုံးခွံကြီးက ငါထင်သလောက်မရိုးရှင်းဘူး" လို့ ရေရွတ်ကာ သေချာကြည့်လိုက်၏။
လုံရှန်းသည် ဂုံးခွံကြီးအား တွေ့လိုက်ရတဲ့အခါ မယုံနိုင်စွာဖြင့် သေချာစစ်ဆေးလိုက်ပြီး "သခင်.....အဲ့တာကမ္ဘာမဲ့ဂုံးခွံကြီးပဲ " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် လုံရှန်းအသံကို ကြားတဲ့အခါ " ကမ္ဘာမဲ့ဂုံးခွံ ၊ အဲ့တာဘယ်လို ရတနာလဲ "လို့ ပြောလိုက်၏။
ကမ္ဘာမဲ့ဂုံးခွံသည် ကမ္ဘာကြီးပျက်စီးသွားရင်တောင် တည်ရှိနေမည့် ရတနာတစ်မျိုးပင် ဖြစ်ပြီး မည်သည့်အရာကမှ သူ့အား ဖျက်စီးလို့ မရနိုင်သည့်အကြောင်း ပြောပြလိုက်သည်။ ကျစ်ယန်သည် သဘောကျသွားပြီး "ဒါကြောင့်မလို့ သူက ဂုံးခွံထဲပြေးဝင်ဖို့ ကြိုးစားခဲ့တာပဲ " လို့ ပြောကာ သူ့ရဲ့ စိတ်ဝိညဥ်စွမ်းအားဖြင့် ဂုံးခွံအား ချိတ်ဆက်လိုက်လေ၏။
ကျစ်ယန်သည် ဂုံးခွံကြီးအတွင်းကို ဝင်၍ နတ်မီးတောက်အား စုပ်ယူဖို့ ကြိုးစားပါတော့သည်။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာထဲတွင်ရှိသော နတ်မီးတောက်အား သူ့ခန္ဓာကိုယ်အတွင်းကို စုပ်ယူလိုက်၏။ နတ်မီးတောက်သည် ကျစ်ယန်ရဲ့ ခန္ဓာကိုယ်အတွင်းကို ရောက်တဲ့အခါ ထွက်ပြေးပေါက် ရှာနေခဲ့လေသည်။