ရုပ်သေးရုပ်
Vol. 4 Ch. 52
ကျစ်ယန်သည် သူ့စွမ်းအားများဖြင့် အဖက်ပေါင်းစုံမှ ဖိနှိပ်နေတဲ့အခါ နတ်မီးတောက်သည် ဒန်တျန်ကြီးတစ်ဝိုက် လည်ပတ်နေခဲ့၏။ နောက်ဆုံးမှာတော့ နတ်မီးတောက်သည် ဒန်တျန်နဲ့ပေါင်းစပ်၍ သွားပြီး ကျစ်ယန်ရဲ့ သွေးကြောများတစ်လျှောက် စီးဆင်းသွားခဲ့သည်။
ကျစ်ယန်သည် ခန္ဓာကိုယ်ပေါက်ကွဲမတက်ခံစားနေရပြီး အရေပြားများမှာ အက်ကွဲကြောင်းပေါင်းများစွာ ထွက်ပေါ်လာကာခရမ်းရောင်မီးတောက်သွေးကြောများအဖြစ် ထွက်ပေါ်လာခဲ့၏။ ကျစ်ယန်သည် သူ့စွမ်းအားစုစည်းကာ အခြေအနေကို တည်ငြိမ်အောင် လေ့ကျင့်နေခဲ့သည်။
အချိန်သည် တစ်လခန့်ပင်ကြာပြီးတဲ့နောက်မှာတော့ ကျစ်ယန်သည် မူလကဲ့သို့ ပြန်ကောင်းမွန်လာခဲ့ပြီး ကြောက်စရာကောင်းသောစွမ်းအားအရှိန်အဝါများသည် ကျစ်ယန်ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေခဲ့၏။
ကျစ်ယန်သည် သူ့လက်ဖဝါးအားဖြန့်ကာ ခရမ်းရောင်နတ်မီးတောက်အား ကြည့်လိုက်ပြီး "ဒီနတ်မီးတောက်နဲ့ဆို ငါရဲ့မှော်အဂ္ဂိရတ်ပညာရပ်က ပိုမိုချောမွေ့လာတော့မှာပဲ " လို့ ပြုံးစွာဖြင့် ပြောလိုက်သည်။ ကျစ်ယန်သည် နတ်မီးတောက်ကို ပိုင်ဆိုင်သွားပြီးနောက် နတ်ဝိဇ္ဇာအဆင့်၆ကိုပင် ခုန်တက်သွားခဲ့၏။
ကျစ်ယန်သည် ကမ္ဘာမဲ့ဂုံးခွံကြီးထဲမှ ထွက်ကာ ဂုံးခွံကြီးအား သိမ်းလိုက်ပြီး တခြားရတနာများကို ရှာဖွေရန် ရွှေရောင်လျှပ်စီးဓားပျံဖြင့် ပျံသန်းသွားလာနေခဲ့သည်။ အချိန်သည် တစ်လခန့်ကြာမြင့်သွားပြီဖြစ်၍ ကျစ်ယန်သည် လူအရိပ်အယောင်များကို မတွေ့ရှိတော့ပေ။
ကျစ်ယန်သည် ပျံသန်းသွားလာနေရင်း တဲအိမ်ကလေးများစွာကို တွေ့လိုက်ရတဲ့အခါ သစ်ပင်ကိုင်းပေါ်သို့ နားကာ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ ကျစ်ယန်ကြည့်နေစဥ်မှာ ဓားဝိညဥ်စွမ်းအင်တစ်ခုသည် ကျစ်ယန်ရဲ့ တည့်တည့်ကို ရောက်ရှိလာခဲ့သည်။
ကျစ်ယန်သည် ဓားဝိညဥ်စွမ်းအင်ကို သူ့ရဲ့လက်ဖြင့် ခုခံဖယ်ရှားလိုက်ပြီး ရွှေရောင်လျှပ်စီးဓားပျံအားစီးကာ သူ့အားပစ်လိုက်သော လူ့ရှေ့ကို ပျံသန်းလာခဲ့၏။ ကျစ်ယန်ထွက်လာသည်ကို တွေ့တဲ့အခါ အဝါရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုဟွမ်ချီသည် "လတ်စသတ်တော့ ရှင်ကို ကျွန်မက သားရဲအမှတ်နဲ့ ပစ်လိုက်မိတာ" လို့ ပြောလိုက်သည်။
ဟွမ်ချီရဲ့ နောက်အား တာ့စွမ်းလို့ခေါ်သော လူတစ်ယောက်သည် ချက်ချင်းပင် ရောက်ရှိလာပြီး "ဟွမ်ချီ.....မင်းသူ့ကို ဘာလို့ ရန်သွားစမိတာလား..... " လို့ စိုးရိမ်စွာဖြင့် တီးတိုးစွာ မေးလိုက်၏။ ဟွမ်ချီသည် "ဟုတ်တယ်......ငါသူ့ကို သားရဲကောင်ထင်လို့ တိုက်ခိုက်လိုက်မိတာ " လို့ ပြောလိုက်သည်။
တာ့စွမ်းသည် ကျစ်ယန်အား လက်နှစ်ဖက်ဆုပ်ကာ "ဒီကသခင်လေးက ကျွန်တော်ညီမလေး အပြစ်ပြုမိတာကို ခွင့်လွှတ်ပေးနိုင်မလား " လို့ ပြောလိုက်၏။
ကျစ်ယန်သည် သူ့ရဲ့ဓားပျံနဲ့ ရှေ့ကို ဆက်လက်ပျံသန်းသွားပြီး "မင်းနောက်တစ်ခါတိုက်ခိုက်မယ်ဆို အခြေအနေကို အရင်စစ်ဆေးသင့်တယ် " လို့ ဟွမ်ချီအား ပြောခဲ့လေသည်။
တာ့စွမ်းသည် ကျစ်ယန်နောက်အား သူ့ရဲ့ဓားပျံဖြင့် အမြန်လိုက်သွားပြီး "သခင်လေး.....ခဏစောင့်ပါအုံး " လို့ ပြောလိုက်၏။ ကျစ်ယန်သည် သူ့ရဲ့ဓားပျံအား ရပ်တန်လိုက်ပြီး " ကိစ္စရှိလို့လား......"လို့ မေးလိုက်သည်။ တာ့စွမ်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး သတင်းအချက်အလက်တစ်ခုအား ပြောပြလိုက်သည်။
ထိုသတင်းအချက်အလက်ကတော့ နတ်ဘုရားဖြစ်ခန်းနီး သူတော်စင်ဘိုးဘေးချန်ထားခဲ့သော လို့ဝှက်ရတနာတစ်ခုပင်ဖြစ်၏။ မည်သည့်ရတနာဆိုတာကတော့ ဘယ်သူမှ မသိကြသေးပေ။ ကျစ်ယန်သည် နောက်ထပ်ရတနာတစ်ခုကို ရရှိမည်ဖြစ်၍ ဝမ်းသာ၍ သွားသော်လည်း တည်ငြိမ်စွာဖြင့် "မင်းတို့အားလုံးက အဲ့ရတနာကို ရယူဖို့ စောင့်နေကြတာလား...." လို့ မေးလိုက်သည်။
တာ့စွမ်းသည် ခေါင်းခါလိုက်ပြီး "သခင်လေး.......မင်းအထင်လွဲနေပြီ ၊ ဒီမှာရှိနေတဲ့လူအားလုံးက မဟာမိုးကြိုးချောက်နက်ထဲကို ဝင်သွားတဲ့ အကြီးအကဲလော့ထန်တို့ အဖွဲ့ကို စောင့်နေတာပဲ " လို့ ပြောလိုက်၏။ မဟာမိုးကြိုးချောက်နက်ထဲတွင် အလွန်ပင်သန်မာသော သားရဲကောင်များနဲ့ အစီအရင်ထောင်ခြောက်များစွာ ရှိတဲ့အတွက် ဝိညဥ်ပလ္လင့်အဆင့် ကျင့်ကြံသူများမှာ မဝင်ရဲကြပေ။
ကျစ်ယန်သည် အခြေအနေကို သိရှိသွားပြီး မဟာမိုးကြိုးချောက်နက် ရှိရာ နေရာအား လမ်းပြခိုင်းလိုက်၏။ တာ့စွမ်းသည် လမ်းပြပေးပြီးနောက် ကြောင်အ၍ သွားသည်။ ကျစ်ယန်သည် သူ့ဆရာအား သတင်းမပို့ပဲ မဟာမိုးကြိုးချောက်နက်ထဲသို့ ကိုယ်တိုင်ပင် ဝင်သွားသောကြောင့် ပင်ဖြစ်၏။
ဟွမ်ချီသည် ကျစ်ယန်ဝင်သွားတဲ့အခါ "အဲ့တစ်ယောက်က သူ့ကိုယ်သူအထင်ကြီးနေတာပဲနော် ကိုကိုတာ့စွမ်း " လို့ ပြောလိုက်သည်။ လူအများစုကတော့ ကျစ်ယန်ဝင်သွာသည့်အခါ "ကောင်းတယ်.....မဟာမိုးကြိုးချောက်နက်ထဲမှာ အဲ့အရူးကောင် ဘယ်လိုသေသွားမလဲ ငါသိချင်လိုက်တာ " လို့ တီးတိုးစွာ ပြောနေကြ၏။
ကျစ်ယန်သည် တခြားလူစကားများကို အာရုံမစိုက်ဘဲ မဟာမိုးကြိုးချောက်နက်အတွင်းကို ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် မဟာမိုးကြိုးချောက်နက်ထဲကို ဝင်လာသည့်အခါ အန္တရာယ်ကင်းရှင်းနေသဖြင့် "ကြည့်ရတာ......အပြင်ကလူတွေအားလုံးအလိမ်ခံလိုက်ပြီထင်တယ် " လို့ ရေရွတ်ကာ အတွင်းပိုင်းတစ်လျှောက်ပျံသန်းလာခဲ့၏။
ကျစ်ယန်သည် အနက်ရောင်ကျောက်တိုင်ကြီးတစ်ခု ရှေ့တွင် ရပ်နေသော လော့ထန် ၊ ဇောင်ဟန်ကျင်း ၊ ကုန်ဟော ၊ မုရန် နဲ့ ရှောင်ချန်တို့ကို တွေ့လိုက်ရတဲ့အခါ ရပ်တန့်လိုက်ပြီး အခြေအနေအားကြည့်လိုက်သည်။ မုရန်သည်
သူ့ရဲ့လက်နက်ဖြစ်သော အနက်ရောင်သံကြိုးကြီးအား ချီစွမ်းအားထည့်သွင်းလိုက်ပြီး "ငါအရင်ဆုံးစမယ် " လို့ ပြောကာ လေပေါ်သို့ ပျံတက်လိုက်ပြီး
တိုင်ကြီးအား တိုက်ခိုက်လိုက်၏။
ထို့နောက် ကျန်ရှိသော သူသည်လည်း သူတို့ရဲ့လက်နက်တွေကို ထုတ်ကာ အလွန်ပင်ကြီးမားသော ကျောက်တိုင်ကြီးအား တိုက်ခိုက်လိုက်သည်။ ဇောင်ဟန်ကျင်းတို့အဖွဲ့သည် အစီအရင်များ ထည့်သွင်းထားသော ကျောက်တိုင်ကြီးအား ဖြိုဖျက်နေသည်ကို ကျစ်ယန်သည် တွေ့လိုက်ရ၏။ ကျစ်ယန်သည် သူ့အတွေးနဲ့သူ ပြုံးလိုက်ပြီး ရပ်စောင့်နေခဲ့သည်။
ခဏအကြာမှာတော့ ကျောက်တိုင်ကြီးပေါ်တွင် ရှိနေသော အစီအရင်များ အားလုံးပျက်စီးသွားတဲ့အခါ ကျစ်ယန်သည် သံကြိုးများဖြင့် ချုပ်နှောင်ထားသော ရုပ်သေးရုပ်ကြီးအား တွေ့လိုက်ရ၏။ ကျစ်ယန်သည် အံ့အားသင့်စွာဖြင့် "ရုပ်သေးရုပ်တစ်ရုပ်လား " လို့ ပြောလိုက်သည်။
လော့ထန်သည် ရုပ်သေးရုပ်အား ကြည့်လိုက်ပြီး "အားလုံးပဲ.....ဒီရုပ်သေးရုပ်က တစ်ရုပ်ထဲ ဖြစ်နေတော့ ငါတို့ဘယ်လိုလုပ်ကြမလဲ " လို့ အားလုံးအား ပြောလိုက်၏။ မုရန်သည် ရုပ်သေးရုပ်အနားကို ပျံသန်းကာ သေချာကြည့်လိုက်ပြီး "ဒီကိစ္စက အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူး ၊ မဟုတ်ရင် ငါတို့ရဲ့ အသက်အန္တာရာယ်ပါ ထိခိုက်နိုင်တယ် " လို့ စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
ဇောင်ဟန်ကျင်းသည် ရုပ်သေးရုပ်အား ချုပ်နှောင်ထားသော သံကြိုးများကို သူရဲ့ဓားဖြင့် ဖြတ်တောက်လိုက်ပြီး " ခုချိန်မှာ ရုပ်သေးရုပ်ကို ငါတို့အသုံးပြုနည်း မသိသေးမှတော့ သံမဏိနဂါးဗိမ္မာန်မှာ သွားအပ်ထားရင် မကောင်းဘူးလား " လို့ ပြောလိုက်၏။
သံမဏိနဂါးဗိမ္မာန်သည် ရတနာပစ္စည်းများကို သိမ်းဆည်းပေးထားခြင်း ၊ ပို့ဆောင်ပေးခြင်းကိစ္စများကို ဆောင်ရွက်သော အဖွဲ့အစည်းကြီးတစ်ခုပင် ဖြစ်သည်။ ရှောင်ချန်သည် ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပြီလေ.....အဲ့ဒီအချိန်အတွင်း ငါတို့အဲ့ရုပ်သေးရုပ်ကို အသုံးပြုနည်း ရှာကြတာပေါ့ " လို့ ပြောလိုက်၏။