← Chapters

လော့ကျန်းတိုင်းပြည် ချူအိမ်တော်

Vol. 4 Ch. 53

လော့ကျန်းတိုင်းပြည် ချူအိမ်တော်

Vol. 4 Ch. 53

ထိုချိန်မှာပဲ မျက်နှာဖုံးတပ်ထားသော လူသည် အားလုံးရဲ့ရှေ့တွင် လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး "မင်းတို့အတွက် အသုံးမဝင်သေးမှတော့ ငါ့ကို ပေးလိုက်တာ ပိုမကောင်းဘူးလား " လို့ ပြောလိုက်၏။

အားလုံးသည် လီဖုန်းကို သတ်လိုက်သော မျက်နှာဖုံးနဲ့လူအား ပြန်တွေ့လိုက်ရတဲ့အခါ စိတ်ပျက်သွားကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ မျက်နှာဖုံးနဲ့လူသည် ဇောင်ဟန်ကျင်းအား "ရုပ်သေးရုပ် ငါ့ကို ပေးစမ်းလို့ ပြောလိုက်၏။ အားလုံးသည် မျက်နှာပျက်နေကြပြီး တိုက်ခိုက်ကြဖို့ မျက်နှာအရိပ်အကဲ ပြလိုက်ကြသည်။

မျက်နှာဖုံးနဲ့လူသည် နတ်ဝိဇ္ဇာအဆင့်၆ စွမ်းအားအရှိန်အဝါအား ထုတ်လွှင့်လိုက်ပြီး "မင်းတို့မသေချင်ရင် ငါစကားနားထောင်ကြ " လို့ ​ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းဖြင့် ပြောလိုက်၏။ လော့ထန်သည် ကြောက်စရာကောင်းသော စွမ်းအားအရှိန်အဝါကို ခံစားလိုက်ရတဲ့အခါ "သေစမ်း.......နတ်ဝိဇ္ဇာအဆင့်၆ကျင့်ကြံသူတစ်ယောက်လား " လို့ ​​ရေရွတ်ရင်း ဒူးထောက်ကာ တောင်းပန်လိုက်သည်။

ထိုချိန်မှာ ဇောင်ဟန်ကျင်းသည် ရုပ်သေးရုပ်အား ပေးလိုက်ပြီး "သခင်......ဒီလူတွေကို ဘာလုပ်လိုက်ရမလဲ " လို့ မေးလိုက်၏။ ကျစ်ယန်မှာ သူ့ရဲ့သခင်ဖြစ်တဲ့အတွက် ဇောင်ဟန်ကျင်းသည် မျက်နှာဖုံးနဲ့လူကိုလဲ သခင်လို့ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

မျက်နှာဖုံးနဲ့လူသည် ရုပ်သေးရုပ်အား သိုလှောင်ကွင်းအား ထည့်သိမ်းလိုက်ပြီး "သေမလား ၊ ငါ့ကျွန်လုပ်မလား " လို့ မေးလိုက်၏။

လော့ထန်တို့တစ်ဖွဲ့လုံးသည် ရှင်ရာလမ်းကြောင်းမရှိတဲ့အတွက် သူတို့နဖူးမှ သွေးစက်အား ထုတ်ပေးလိုက်သည်။ မျက်နှာဖုံးနဲ့ လူသည် အားလုံးရဲ့ သွေးစက်အား သိမ်းလိုက်ပြီး ထိုနေရာမှ ချက်ချင်းပင်ထွက်ခွာကာ ပျောက်ကွယ်သွားခဲ့၏။ လော့ထန်တို့အဖွဲ့သည် စိတ်ဆင်းရဲစွာဖြင့် မဟာမိုးကြိုးချောက်နက်အတွင်းတွင် ကျန်ခဲ့လေသည်။

ကျစ်ယန်သည် သူ့ရဲ့ရွှေရောင်လျှပ်စီးဓားပျံဖြင့် မဟာမိုးကြိုးချောက်နက်တွင်းမှ ထွက်ခွာလာပြီး ကောင်းကင်ယံပေါ့သို့ တစ်ရှိန်ထိုး ပျံသန်းသွားခဲ့၏။

ဟွမ်ချီနဲ့တာ့စွမ်းသည် အဝေးကို ပျံသန်းထွက်ခွာသွားသော ကျစ်ယန်ကို ကြည့်၍ "မဟာမိုးကြိုးချောက်နက်ထဲကတောင် သူက ဘာဒဏ်ရာမှ မရဘဲ ထွက်လာနိုင်တာပဲ " လို့ ချီးကျူးပြောဆိုနေခဲ့ကြသည်။

ကျစ်ယန်သည် တောင်ထိပ်တစ်ခုပေါ်သို့ လျင်မြန်စွာ ပျံသန်းပြီးတဲ့နောက် ကမ္ဘာမဲ့လိပ်ခွံအတွင်းကို ဝင်လိုက်၏။ ကျစ်ယန်သည် သူ့ရဲ့စိတ်ဝိညဥ်ကမ္ဘာထဲသို့ ရောက်တဲ့အခါ ရုပ်သေးရုပ်အား ထုတ်လိုက်ပြီး

"အကြီးအကဲဖန်ရှန်ရဲ့ သိုလှောင်ကွင်းလက်စွပ်ထဲမှာ

ရုပ်သေးရုပ်တွေနဲ့ ပက်သက်တဲ့ သတင်းတစ်စုံတစ်ရာ ရှိနိုင်လောက်တယ် " လို့ ခန်းမှန်းပြောလိုက်သည်။

ကျစ်ယန်သည် ဖန်ရှန်ရဲ့ သိုလှောင်ကွင်းထဲမှ ရရှိသော ရတနာများကို စစ်ဆေးကြည့်သော်လည်း ရုပ်သေးရုပ်နဲ့ ပက်သက်သော အရာများမတွေ့ရှိခဲ့ပေ။ ကျစ်ယန်သည် ရုပ်သေးရုပ်ကို ပြန်သိမ်းထားလိုက်ပြီး "ငါရုပ်သေးနတ်ဘုရားဂိုဏ်းနဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တွေ စုံစမ်းရမယ် " လို့ ရေရွတ်ရင်း ပြင်ပသို့ ပြန်ထွက်လာကာ နောက်ထပ်နေရာတစ်ခုအား ပျံသန်းလာခဲ့၏။

ကျစ်ယန်သည် သူ့ရဲ့ မနီးမဝေးနေရာတစ်ခုတွင် တိုက်ခိုက်သံများကြားလိုက်ရတဲ့အခါ "ရတနာလူနေကြတာများလား...."လို့ ပြောကာ ထိုနေရာသို့ ချက်ချင်းပျံသန်းသွားခဲ့သည်။ ကျစ်ယန်သည် ရွဲ့ဟော်မြို့စောင့်တပ်ဖွဲ့ဝင်များနဲ့ တိုက်နေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုလူသည် ဝိညဥ်နယ်ပယ်အဆင့်၉ကို ရောက်ရှိနေသူ တစ်ဦးပင် ဖြစ်သည်။ ကျစ်ယန်သည် ထိုတိုက်ပွဲကို ကြည့်နေစဥ်တွင် ရုတ်တရက်ခန္ဓာကိုယ်အတွင်းတွင် မတည်မငြိမ်ဖြစ်ပေါ်သည်ကို ခံစားလိုက်ရ၏။

ကျစ်ယန်သည် သူ့ခန္ဓာကိုယ်အတွင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ နတ်မီးတောက်နဲ့အမှောင်ညမျက်စိဆေးပင်တို့သည် စွမ်းအားခြင်းတွန်းကန်နေခြင်းကို တွေ့လိုက်ရသည်။

ကျစ်ယန်သည် မခံမရပ်နိုင်ဖြစ်ကာ ဓားပျံပေါ်မှာပင် ချက်ချင်းပင် ပြုတ်ကျသွားခဲ့၏။ ကျစ်ယန်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများမှာ ​ထိန်းချုပ်၍ မရတော့တဲ့အခါ "သေစမ်း......ငါနတ်မီးတောက်ကို စုပ်ယူမိခဲ့တဲ့အချိန်က ငါ့ခန္ဓာကိုယ်ထဲမှာ အမှောင်ညမျက်စိဆေးပင်ကို ရှိတာ ငါမေ့နေခဲ့တာပဲ " လို့ စိတ်ပျက်စွာ ရေရွတ်လိုက်သည်။

ကျစ်ယန်သည် မြေပြင်ပေါ်တွင် လဲလျောင်းသွားခဲ့ပြီး "ငါဒီတစ်ခါတော့ တကယ်သေရတော့မှာလား.....ငါစွမ်းအားကြီးအောင်လုပ်ပြီး ငါ့မိဘအရင်းတွေကို ပြန်ရှာဖို့မဖြစ်နိုင်တော့ဘူးပဲ "လို့ ရေရွတ်ရင်း ကျစ်ယန်မျက်လုံးများမှာ မှိတ်သွားခဲ့၏။

အချိန်သည် တစ်လခန့်ပင် ကြာသွားတဲ့အခါ "သခင်ကြီးက ဘယ်ကခေါ်လာမှန်း မသိတဲ့သူစိမ်းတစ်ယောက်ကို ဘာလို့ နေ့တိုင်းပြုစုခိုင်းနေတာလဲ မသိဘူး " လို့ ပြောနေသော စကားသံသည် ကျစ်ယန်နားတွင် ထွက်ပေါ်လာခဲ့သည်။ ကျစ်ယန်သည် မျက်လုံးများပြန်ပွင့်လာတဲ့အခါ သူ့နဖူးအား ရေပတ်တိုက်ပေးနေသော မိန်းကလေးငယ်၏ လက်အား ဆုပ်ကိုင်ဖမ်းလိုက်ပြီး "ငါဘယ်ရောက်နေတာလဲ...." လို့ မေးလိုက်၏။

ချူးအန်လို့ မိန်းကလေးငယ်သည် ကျစ်ယန်မှာ သူ့လက်ကို အတင်းအကြပ်ဆုပ်ကိုင်ထားသဖြင့် ကြောက်လန့်သွားပြီး "ရှင်သတိမေ့နေတုန်း သခင်ကြီးက ချူအိမ်တာ်ကို ခေါ်လာပြီး ကျွန်မကို ပြုစုပေးခိုင်းထားတာလေ " လို့ ပြောလိုက်ပြီး ကျစ်ယန်ဆုပ်ကိုင်ထားသော သူ့ရဲ့ လက်အား ဖယ်ရှားကာ အခန်းအပြင်ကို ပြေးထွက်သွားလေသည်။ ကျစ်ယန်သည် အံ့အားသင့်စွာဖြင့် "ငါမသေးသေးဘူးလား....." လို့ ရေရွတ်ကာ သူ့ခန္ဓာကိုယ်အတွင်းအား ပြန်စစ်ဆေးလိုက်၏။

ကျစ်ယန်သည် သူ့ရဲ့သွေးကြောများမှာ နဂိုကထက် ပိုသန်မာနေသည်ကို တွေ့လိုက်ရပြီး ထူးဆန်းသော အဖြစ်အပျက်တစ်ခုအားမြင်တွေ့လိုက်ရသည်။ ကျစ်ယန်သည် မယုံနိုင်စွာဖြင့် " နတ်မီးတောက်နဲ့အမှောင်ညမျက်စိဆေးပင်က ပေါင်းစပ်သွားတာလား " လို့ ရေရွတ်လိုက်၏။

ကျစ်ယန်တွေဝေနေချိန်တွင် နတ်ဝိဇ္ဇာအဆင့်၂ကျင့်ကြံသူ လူတစ်ယောက်သည် အခန်းအတွင်းကို ဝင်လာခဲ့ပြီး "အငယ်လေး......မင်းနာကျင်နေတာမျိုးရှိသေးလား....." လို့ မေးလိုက်သည်။ ကျစ်ယန်သည် ထိုလူကြီးအား သေချာမော့ကြည့်ပြီး "ကျွန်တော်ကို ကယ်လာပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ် " လို့ ပြောလိုက်၏။

ထိုလူကြီးသည် ပြုံးစွာဖြင့် "ငါ့နာမည်က...... ချူခွမ်ပါ ၊ တိုက်ခိုက်ရေးကုန်းမြေထဲမှာ မင်းရဲ့အဖွဲ့သားတွေ သေဆုံးသွားမှုနဲ့ မင်းရဲ့ကျင်ကြံမှုပါ ပျက်စီးသွားတဲ့အတွက် ငါတကယ်စိတ်မကောင်းပါဘူး "လို့ ပြောလိုက်သည်။ ကျစ်ယန်သည် ချူခွမ်စကားကြောင့် ပထမပိုင်းတွင် ကြောင်အသွားသော်လည်း

ချူခွမ်အထင်လွဲနေမှများအား သိရှိသွားခဲ့၏။

ချူခွမ်သည် ကျစ်ယန်အား ရွဲ့ဟော်မြို့စောင့်တပ်ဖွဲ့ဝင်ဟုထင်သွားကာ အနီးအနားတွင် သေဆုံးနေသော မြို့စောင့်တပ်ဖွဲ့များကို ကျစ်ယန်၏ အပေါင်းအပါများဟု ထင်သွားခြင်း ဖြစ်သည်။ ထို့အပြင် စိတ်ဝိညဥ်ကမ္ဘာငယ်သည် ကျစ်ယန်ရဲ့ ကျင့်ကြံမှုအား ဖုံးကွယ်ပေးထားသည့်အတွက် ချူးခွမ်သည် ကျစ်ယန်မှာ ကျင့်ကြံမှုဆုံးရှုံးသွားသည်ဟု အထက်လွဲသွားခြင်းပင် ဖြစ်၏။

ကျစ်ယန်သည် သူ့ရဲ့အခြေအနေကို ဖုံးကွယ်ထားချင်သည့်အတွက် ပြောပြမနေတော့ဘဲ "အကြီးအကဲ......အခုကျွန်တော်ဘယ်ရောက်နေတာလဲ " လို့ မေးလိုက်သည်။ ချူခွမ်သည် ကျစ်ယန်ရဲ့သွေးကြောအားစစ်ဆေးလိုက်ပြီး "အငယ်လေး.....မင်းရောက်နေတာ လော့ကျန်းတိုင်းပြည်ရဲ့ ချူအိမ်တော်မှာပဲ ၊ အမှန်အတိုင်းပြောရရင် ငါမင်းကို ခေါ်လာတဲ့အကြောင်းအရင်းရှိတယ် " လို့ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။

ချူခွမ်သည် ချူအိမ်တော်ရဲ့ သခင်ကြီးတစ်ယောက်ပင် ဖြစ်သည်။ ချူခွမ်တွင် သားတစ်ယောက်ရှိပြီး သူ့ရဲ့သားမှာ မွေးရာပါ ဆိုးဝါးသောရောဂါပါလာခဲ့သဖြင့် ငယ်စဥ်ကတည်းကပင် လို့ဝှက်အခန်းထဲတွင် ရောဂါကုသနေရခြင်းဖြစ်၏။ ချူခွမ်သည် တိုက်ခိုက်ရေးကုန်းမြေအား ခိုးဝင်ခဲ့ပြီး သူ့သားရောဂါအား ကုသနိုင်မည့်အရာများအား ရှာဖွေခဲ့ခြင်းဖြစ်ပေသည်။

All Chapters