ဟန်ထုန်အား ရှာဖွေခြင်း
Vol. 4 Ch. 54
ချူခွမ်သည် ရတနာရှာဖွေနေစဥ်အတွင်း သတိမေ့မြောနေသော ကျစ်ယန်ကို တွေ့၍ သူ့သားနေရာတွင် အစားထိုးရန် ခေါ်လာခဲ့ခြင်းဖြစ်၏။ထို့နောက် ချူခွမ်သည် သူအဆင်မပြေဖြစ်နေသော အကြောင်းအရာများကို ပြောလိုက်သည်။
ကျစ်ယန်သည် ကြောင်အစွာဖြင့် "အကြီးအကဲဆိုလိုတာက ကျွန်တော်ကအကြီးအကဲရဲ့သား ချူယန်အဖြစ် ဟန်ဆောင်ပေးခိုင်းတာလား " လို့ မေးလိုက်၏။ ချူခွမ်သည် သူ့သိုလှောင်ကွင်းထဲမှ ချူအိမ်တော်ဝတ်စုံအား ထုတ်ပေးလိုက်ပြီး "အငယ်လေး.......မင်းသာငါ့ကို ကူညီမယ်ဆိုရင် မင်းရဲ့ပျက်စီးသွားတဲ့ဒန်တျန်ကို ပြန်ကောင်းမယ့် နည်းလမ်း ငါရှာဖွေပေးပါ့မယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် ချူခွမ်အား သဘောတူလိုက်ပြီး ချူအိမ်တော်ရဲ့ ဝတ်စုံအား ဝတ်လိုက်၏။ ချူခွမ်သည် ဆောင်ရွက်ရမည့် အရာများအား ကျစ်ယန်ကို ပြောလိုက်ပြီး အခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။ ချူအိမ်တော်ရဲ့ စားသောက်ခန်းတစ်ခုတွင် အကြီးအကဲများနဲ့ ချူခွမ်သည် စားသောက်ရင်း စကားပြောနေခဲ့ကြ၏။
ချူစုန်လို့ ခေါ်သော အိမ်တော်ထိန်းသည် "အကြီးအကဲတို့ သခင်မလေးယွင်ဟန်နဲ့ တခြားလူ၄ယောက်က တွေ့ခွင့်တောင်းနေပါတယ် " လို့ ပြောလိုက်သည်။ ချူခွမ်သည် မျက်နှာမကောင်းစွာဖြင့် " တကယ်ရောက်လာပြီပဲ " ရေရွတ်လိုက်ပြီး ဝင်လာခိုင်းဖို့ ချူစုန်အား စေခိုင်းလိုက်၏။
ယွင်ဟန်ဟု ခေါ်သော မိန်းမပျိုနဲ့ လူ၄ယောက်သည် ချူခွမ်တို့ နေသော အခန်းထဲကို ရောက်လာခဲ့ကြသည်။ ချူခွမ်သည် ပြုံးစွာဖြင့် "သမီးလေးယွင်ဟန်......ဒီရောက်လာတာ ကိစ္စရှိလို့လား" လို့ ဖော်ရွေစွာဖြင့် မေးလိုက်သည်။
ယွင်ဟန်သည် သူ့ရဲ့ဘေးရှိ ယောကျာ်းသားအား ဖက်လိုက်ပြီး "အကြီးအကဲချူခွမ်......ဒီကသခင်လေးက ယွင်ဟန်နဲ့မကြာခင်မှာ လက်ထပ်တော့မယ့် အမျိုးသားပဲ ၊ အဲ့ဒီအတွက် အကြီးအကဲချူခွမ်က လက်ထပ်ထိမ်းမြှားစာချုပ်ကို ရုတ်သိမ်းပေးဖို့ ယွင်ဟန်မျှော်လင့်ပါတယ်" လို့ ပြောလိုက်၏။
ယွင်ဟန်နဲ့အတူ ပါလာသော ဘေးမှ လူ၃ယောက်ထဲမှ လွင်ရှန်းဆိုသော လူသည် "ချူခွမ်.......မွေးကတည်းက ခုချိန်ထိ ရောဂါကုနေရတဲ့ မင်းရဲ့သားကို ယွင်ဟန်က ယောကျာ်းမယူဘဲ တစ်သက်လုံးစောင့်ခိုင်းရအောင် မင်းလုပ်နေတာလား " လို့ လေသံမာမာဖြင့် ပြောလိုက်သည်။
ထိုချိန်မှာပဲ ကျစ်ယန်သည် အခန်းထဲကို ဝင်လာခဲ့ပြီး "အဖေကို ချူယန်ဂါဝါရပြုပါတယ် " လို့ ပြောကာ အရိုအသေပြုလိုက်၏။ ကျစ်ယန်သည် ချူခွမ်အား အဖေဟု ခေါ်လိုက်တဲ့အခါ ယွင်ဟန်တို့သည် စိတ်ပျက်၍ သွားကြသည်။
ချူခွမ်သည် အရက်တစ်ခွက်အား မော့သောက်လိုက်ပြီး "အကြီးအကဲလွင်ရှန်း......ကျွန်တော်သားက ပြန်ကောင်းနေတာအတော်ကြာပါပြီ ၊ မကြာခင်မှာပဲ ကျွန်တော်သား ချူယန်က ယွင်အိမ်တော်ကို လာရောက်တောင်းရမ်းမှာပါ " လို့ ပြောလိုက်၏။
ယွင်ဟန်ဘေးနားတွင်ရှိသော စုန်ချင်းရီသည် "ယွင်ဟန်....ကိုတို့ ပြန်ကြရအောင် " လို့ ပြောကာ လှည့်ပြန်ထွက်သွားသည်။ ယွင်ဟန်တို့သည်လည်း ချက်ချင်းပင် ချူးခွမ်ကို နှုတ်ဆက်၍ အိမ်တော်မှ ထွက်ခွာသွားကြ၏။
ချူးခွမ်သည် ကျစ်ယန်အား လာထိုင်ခိုင်းလိုက်ပြီး "အငယ်လေး......ဒီရက်ပိုင်းအတွင်းတော့ မင်းချူအိမ်တော်ထဲမှာ နေတာ အကောင်းဆုံးပဲ " လို့ ပြောလိုက်သည်။ ကျစ်ယန်သည် အရက်ခွက်အား လှုပ်သောက်လိုက်ပြီး စားပွဲခုံပေါ်တွင် ပြန်တင်ကာ"အကြီးအကဲချူခွမ်......ကျွန်တော်ကို စိတ်မပူပါ
နဲ့ " လို့ ပြောကာ အခန်းထဲမှ ထွက်ခွာသွားခဲ့၏။
ချူခွမ်သည် စိတ်ပျက်စွာဖြင့် "အခြေအနေတစ်ခုမရောက်မချင်း သူ့ထိခိုက်လို့ မဖြစ်ဘူး " လို့ ပြောလိုက်လေသည်။
ကျစ်ယန်သည် ချူအိမ်တော်မှ ထွက်ခွာလာခဲ့ပြီး လော့ကျန်းတိုင်းပြည်ရောက်နေစဥ်အတွင်း ဟန်ထုန်အား ရှာဖွေဖို့ ဆုံးဖြတ်လိုက်၏။ ကျစ်ယန်သည် လော့ကျန်းမြို့အတွင်းရှိ အလွန်ခမ်းနားကျယ်ဝန်းသော မှော်အဂ္ဂိရတ်ဆေးခန်းမအားရောက်ရှိလာခဲ့သည်။ ထိုချိန်မှာ စုန်ချင်းရီသည် ကျစ်ယန်ကို တွေ့သွားသည့်အခါ "မင်းကသေချင်လို့ ငါမျက်စိရှေ့ကို ပြန်ပေါ်လာတာပဲ " လို့ ကြိမ်းဝါးလိုက်၏။
မိန်းမပျိုတစ်ယောက်သည် သူ့ရဲ့မှန်အား ကြည့်နေရင်း "ဒီကသခင်လေးက ဘာလိုအပ်ပါသလဲ"လို့ မေးလိုက်သည်။ ကျစ်ယန်သည် ရွှေဒင်္ဂါးအချို့အား ခုံပေါ်တင်လိုက်ပြီး "မိန်းကလေး......မင်းတို့ မှော်အဂ္ဂိရတ်ဆေးခန်းမမှာ အကြီးအကဲဟန်ထုန်ဆိုတဲ့ နာမည်ကို မင်းကြားဖူးလား " လို့ မေးလိုက်၏။ မိန်းမပျိူသည် ရွှေဒင်္ဂါးများကို သိမ်းလိုက်ပြီး "သခင်လေး......ရှင်က အကြီးအကဲဟန်ထုန်နဲ့တွေ့ချင်နေတာလား " လို့ မေးလိုက်သည်။
ဟန်ထုန်သည် သူရောက်ရှိနေတဲ့ ဆေးခန်းမမှာ အမှန်တကယ်ပင် ရှိနေတဲ့အတွက် ကျစ်ယန်သည် ဝမ်းသာ၍ သွား၏။ စုန်ချင်းရီသည် ကျစ်ယန်ရဲ့နောက်အား ရောက်ရှိလာခဲ့ပြီး "အကြီးအကဲဟန်ထုန်လို အဆင့်တန်းမြင့်တဲ့ပုဂ္ဂိုလ်က မင်းလိုကောင်မျိုးနဲ့ လက်ခံတွေ့လိမ့်မယ်လို့ စိတ်ကူးယှဥ်နေရင်တော့ မင်းအိမ်ပြန်လိုက်တာ ပိုကောင်းမယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် စုန်ချင်းရီဘက်အား လှည့်ကြည့်လိုက်ပြီး "ကောင်းကောင်းမွန်မွန်အသက်ဆက်ရှင်ချင်သေးရင် ငါ့ကိစ္စကို ဝင်မပါဖို့ သတိပေးချင်တယ် " လို့ ပြောလိုက်၏။ စုန်ချင်းရီသည် ဒေါသထွက်သွားသော်လည်း သူ့ဒေါသအား ထိန်းချုပ်လိုက်ပြီး "ကောင်းပြီလေ.....ငါမင်းနဲ့စကားနိုင်လုမပြောတော့ဘူး ၊ ဒါပေမယ့် အကြီးအကဲဟန်ထုန်မလာခင် မင်းဒီခန်းမက အမြန်ဆုံးထွက်ခွာသွားရင်ကောင်းမယ် " လို့ ပြောလိုက်သည်။
ကျစ်ယန်သည် စုန်ချင်းရီအား ဂရုစိုက်မနေဘဲ "မိန်းကလေး.....ခုခီခန်းမမှာ အကြီးအကဲဟန်ထုန်ရှိရင် သွားအကြောင်းကြားပေးပါ " လို့ ပြောလိုက်၏။ စုန်ချင်းရီသည် ကြေးအဆင့်၂အဂ္ဂိရတ်ပညာရှင်တံဆိပ်အား ထုတ်လိုက်ပြီး "လာကြစမ်း.... ဒီလူက ပြသာနာရှာနေတဲ့အတွက် ဆေးခန်းမထဲက ချက်ချင်းဆွဲခေါ်သွားကြ " လို့ ပြောလိုက်သည်။
ထိုအခါ ဆေးခန်းမတွင် ရှိသော အစောင့်များသည် ကျစ်ယန်အား ဖမ်းဆီးရန် ရောက်လာခဲ့ကြ၏။ ရုတ်တရက် ကျစ်ယန်ရဲ့ ဘေးကို လူ၂ယောက်ရောက်ရှိလာခဲ့ပြီး "သခင်လေးစုန်ချင်းရီ......ငါတို့သခင်လေးချူယန်က ဘာအပြစ်လုပ်မိလို့ မင်းက ခန်းမထဲက နှင်ထုတ်ချင်ရတာလဲ " လို့ မေးလိုက်သည်။ချူခွမ်သည် သူ့အား ကာကွယ်ဖို့ အစောင့်ထည့်ပေးလိုက်မှန်း ကျစ်ယန်သည် နဂိုထဲမှ သိရှိပြီးသားဖြစ်၏။
အားလုံးသည် ချူအိမ်တော်ရဲ့ သခင်လေးကို ပထမဆုံးမြင်ဖူးတဲ့အတွက် ဝိုင်းဝန်းကာ ကြည့်လိုက်ကြ၏။ထိုချိန်မှာပဲ မှော်အဂ္ဂိရတ်ဆေးခန်းမရဲ့ အခန်းတစ်ခုအတွင်းမှ "ဆေးခန်းမထဲမှာ ဆူညံမှုမလုပ်ရဘူးဆိုတာ မင်းတို့ မသိကြဘူးလား " လို့ အသံနဲ့အတူ လူတစ်ယောက်ထွက်ရှိလာခဲ့သည်။ ထိုလူကတော့ ဆေးခန်းမရဲ့အကြီးအကဲ ဟန်ထုန်ပင်ဖြစ်၏။
ဟန်ထုန်သည် ကျစ်ယန်ကို တွေ့တဲ့အခါ မယုံနိုင်စွာဖြင့် ပြေးလာခဲ့ပြီး "အကြီးအကဲရောက်လာတာကို မကြိုဆိုမိတဲ့အတွက် ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ " လို့ ပြောလိုက်သည်။ ဟန်ထုန်ရဲ့ စကားကြောင့် အားလုံးသည် ကြောင်အကာ ဆွံ့အားသွားကြ၏။
စုန်ချင်းရီသည် မယုံနိုင်စွာဖြင့် "အကြီးအကဲဟန်ထုန်က.....ဒီကောင်ကို အကြီးအကဲလို့ ခေါ်သံကြားလိုက်တာ ငါနားကြားမှားသွားတာလား " လို့ ရေရွတ်လိုက်သည်။
ကျစ်ယန်သည် စုန်ချင်းရီရဲ့ ပုခုံးအား နှစ်ချက်ပုတ်လိုက်ပြီး "နောက်တစ်ခေါက်ဆိုရင်တော့ ငါမင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး " လို့ ပြောကာ ဟန်ထုန်နဲ့အတူ ဆေးခန်းမအတွင်းမှ ထွက်ခွာလာခဲ့၏။ ကျစ်ယန်အား ကာကွယ်လိုက်စောင့်ရှောက်ပေးနေသောလူ၂ယောက်သည်လည်း "ဒီကိစ္စသခင်ကြီးကို အမြန်အကြောင်းကြားရမယ် " လို့ ပြောကာ ဓားပျံဖြင့် ပျံသန်းသွားလေသည်။