← Chapters

စုန်ချင်းရန်နဲ့ ယှဥ်ပြိုင်ရန် သဘောတူခြင်း

Vol. 4 Ch. 55

စုန်ချင်းရန်နဲ့ ယှဥ်ပြိုင်ရန် သဘောတူခြင်း

Vol. 4 Ch. 55

ဟန်ထုန်နဲ့ ကျစ်ယန်သည် အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့ပြီး ဟန်ထုန်သည် ကျစ်ယန်အား နေရာတစ်ခုကို ခေါ်လာခဲ့၏။ ထိုနေရာကတော့ အဂ္ဂိရတ်များစုပေါင်း၍ နတ်အလင်းဆေးလုံးဖော်စပ်မည့်နေရာပင် ဖြစ်သည်။

နတ်အလင်းဆေးလုံးသည် ရက်ပေါင်းများစွာ ဖော်စပ်ရမည့် ဆေးလုံးပင် ဖြစ်ပြီး အရည်အသွေးမြင့်မားသော ဆေးလုံးထဲတွင် ပါဝင်၏။ ကျစ်ယန်သည် ထိုဆေးလုံးအား တစ်ယောက်ထဲ ဖော်စပ်နိုင်တဲ့အတွက် "အကြီးအကဲဟန်ထုန်.....ခင်ဗျားမှာ ဆေးအမယ် ဘယ်နှစ်စုံစာရှိလဲ " လို့ မေးလိုက်သည်။

ဟန်ထုန်သည် ဆေးအမယ် ၂စုံစာရှိကြောင်း ပြောလိုက်၏။ ကျစ်ယန်သည် ဆေးအမယ်၁စုံအား သူ့အား​ပေးဖို့ ပြောလိုက်တဲ့အခါ ဟန်ထုန်သည် "အကြီးအကဲကျစ်ယန်.......နတ်အလင်းဆေးလုံးက အချိန်ကြာမြင့်စွာ ဖော်စပ်ရတဲ့အတွက် တစ်ခုခုမှားယွင်းရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ် " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် တည်ငြိမ်စွာဖြင့် "အကြီးအကဲဟန်ထုန်က ကျွန်တော်ကြောင့် ဆေးအမယ်တွေ ဆုံးရှုံးမှာ ကြောက်နေတာပဲ " လို့ ​ပြောလိုက်၏။ ဟန်ထုန်သည် ဆေးအမယ်များနဲ့ နတ်အလင်းဆေးလုံးဖော်စပ်နည်း စာလိပ်အား ထုတ်ပေးလိုက်ပြီး "အကြီးအကဲသာ အောင်မြင်မယ်ဆို လော့ကျန်းတိုင်းပြည်တင်မကဘူး တခြားတိုင်းပြည်တွေထိပါ အကြီးအကဲရဲ့ ဂုဏ်သတင်းက ကျော်စောမှာပါ " လို့ ပြောလိုက်သည်။

ကျစ်ယန်သည် ဆေးအမယ်များကို ယူလိုက်ပြီး "မနက်ဖြန်ကြရင် ချူအိမ်တော်မှာ ငါ့ကိုလာတွေ့ပါ " လို့ ပြောကာ အလွန်ပင် လျင်မြန်သော အရှိန်နှုန်းဖြင့် ပျောက်ကွယ်သွားခဲ့၏။ ဟန်ထုန်သည် ဆေးကျမ်းစာလိပ်ကျန်ရှိခဲ့သည်ကို သိတဲ့အခါ "အကြီးအကဲကျစ်ယန်ရှိမှာ ဒီလောက်အဆင့်မြင့်တဲ့

နတ်အလင်းဆေးလုံးဖော်စပ်နည်းပါ ရှိနေတာလား " လို့ ရေရွတ်လိုက်သည်။

ကျစ်ယန်သည် ချူအိမ်တော်ထဲကို ရောက်တဲ့အခါ စုန်ချင်းရန်နဲ့ တခြားလူတစ်ချို့အား တွေ့လိုက်ရ၏။

ကျစ်ယန်ဝင်လာသည်ကို တွေ့တဲ့အခါ စုန်ချင်းရန်သည် လက်ညိုးထိုးကာ "ဆရာ.....ချူယန်ဆိုတာ သူပဲ "လို့ အမြန်ပြောလိုက်သည်။

စုန်ချင်းရန်ရဲ့ ဆရာ လောင်ရန်ဖုံးသည် ထိုင်ခုံမှာ ထိုင်နေရင်း ကျစ်ယန်ကို ကြည့်ကာ "ငါရှည်ရှည်ဝေးဝေးမပြောချင်ဘူး ၊ မင်းကို ငါ့အခွင့်အရေး၂ခုပေးမယ် ယွင်ဟန်မိန်းကလေးနဲ့စေ့စပ်ထားတာကို နောက်ဆုတ်မလား ၊ ငါ့တပည့် ချင်းရန်နဲ့ တိုက်ခိုက်မှာလား " လို့ မေးလိုက်၏။

တစ်ချိန်ထဲမှာပဲ စုန်ချင်းရန်သည် "ဆရာ......ဒီကောင်ကလဲ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပဲဆိုတော့ တရားမျှတအောင် ကျွန်တော်တို့ ပြိုင်ပွဲ၂ပွဲ ယှဥ်ပြိုင်ကြရင် မကောင်းဘူးလား " လို့ သူ့ဆရာလောင်ရန်ဖုံးကို မေးလိုက်သည်။ လောင်ရန်ဖုံးသည် ပြုံးလိုက်ပြီး "သိပ်ကောင်းတာပေါ့.....ဒါပေမယ့်တချို့လူတွေက ယှဥ်မပြိုင်ရဲမှာပဲ ကြောက်ရတယ် " လို့ ကျစ်ယန်အား ကြည့်ပြောလိုက်၏။

ကျစ်ယန်သည် တည်ငြိမ်စွာဖြင့် "ကောင်းပြီလေ.......နောက်တစ်ရက်နေရင် စုန်အိမ်တော်မှာတွေ့ကြတာပေါ့ " လို့ ပြောလိုက်သည်။ ချူခွမ်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောစရာစကားပင် မဲ့သွား၏။ စုန်ချင်းရီသည် ငယ်ငယ်ရွယ်ရွယ်နဲ့ ဝိညဥ်နယ်ပယ်အဆင့်၆ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အပြင် ကြေးအဆင့်၂ အဂ္ဂိရတ်ပညာရှင်အဆင့်တစ်ယောက်ပင် ဖြစ်သည်။

လောင်ရန်ဖုံးသည် ထိုင်ခုံမှ ထလိုက်ပြီး "နောက်တစ်ရက်နေလို့ စုန်အိမ်တော်ကို မင်းမရောက်လာရင် မင်းတို့ချူအိမ်တော်တစ်ခုလုံး ကံကောင်းလိမ့်မယ်မထင်နဲ့ " လို့ ပြောကာ သူ့လူများနဲ့အတူ ထွက်ခွာ၍ သွားပါတော့သည်။ ချူခွမ်သည် မျက်နှာမကောင်းစွာဖြင့် "အငယ်လေး......မင်းဘာလို့ စုန်ချင်းရန်နဲ့ ယှဥ်ပြိုင်ဖို့ သဘောတူလိုက်တာလဲ " မေးလိုက်၏။

ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပင် "ကျွန်တော်သဘောမတူရင်ရော အကြီးအကဲချူခွမ်စီမှာ တခြားနည်းလမ်းရှိလို့လား " လို့ မေးလိုက်သည်။ ချူခွမ်သည် အမှန်တကယ်ပင် တခြားနည်းလမ်းမရှိတဲ့အတွက် ကျစ်ယန်အား ဘာမှမပြောတော့ပေ။

ကျစ်ယန်သည် သူ့ပထမဆုံးနေသော အခန်းထဲကို ဝင်လာခဲ့ပြီး နတ်အလင်းဆေးလုံးကို ဖော်စပ်ဖို့ ပြင်ဆက်လိုက်၏။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲသို့ ဝင်ကာ ဆေးမီးဖိုအိုးအား နတ်မီးတောက်ဖြင့် အသက်သွင်းကာ ဆေးအမယ်များအား ပစ်သွင်းထည့်လိုက်သည်။

ကျစ်ယန်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "တခြားသူတွေကတော့ နတ်အလင်းဆေးလုံးရဖို့ တစ်လနီးပါး ကြာနိုင်ပေမယ့် ငါ့အတွက်တော့ တစ်ရက်ဆိုတာတောင် လွန်နေပြီ "လို့ ရေရွတ်ကာ စတင်သန့်စင်နေခဲ့၏။ နောက်နေ့မနက်ကို ရောက်တဲ့အခါ ကျစ်ယန်သည် "ထွက်လာခဲ့လိမ့်တော့......" လို့ ရေရွတ်လိုက်တဲ့အခါ ဆေးမီးဖိုအိုးထဲမှ ရွှေဝါရောင်ဆေးလုံးလေးပေါ်တွင် အဖြူရောင်အလင်းတန်းများစွာ ထွက်ပေါ်နေသော ဆေးလုံး ငါးလုံးပင် ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် သူ့လက်ဖဝါးဖြင့် ထိန်းချုပ်ကာ ဆွဲယူလိုက်ပြီး "နတ်အလင်းဆေးလုံးက ကျင့်ကြံနေစဥ်အတွင်း ဒဏ်ရာရသွားတဲ့သူတွေကို ပြန်လည်ကောင်းမွန်စေတဲ့ဆေးလုံးပဲ ၊ ကြည့်ရတာ ဒီဆေးလုံးကို လိုအပ်တဲ့သူက သာမန်လူဖြစ်နိုင်မယ်မထင်ဘူး " လို့ ပြောလိုက်၏။

ကျစ်ယန်သည် ဆေးလုံးများကို ထည့်သွင်းနေချိန်တွင် "သခင်လေး......နင့်ကို အိမ်တော်ခေါင်းဆောင်က ခေါ်ခိုင်းလိုက်လို့ပါ " လို့ ချူးအန်ရဲ့အသံကို ကြားလိုက်ရသည်။ ကျစ်ယန်သည် ချက်ချင်းပင် အပြင်ဘက်သို့ ထွက်လာခဲ့ပြီး ချူခွမ်ရှိနေသော အခန်းကို သွားလိုက်ရ၏။

ကျစ်ယန်အခန်းထဲကို ဝင်လာတဲ့အခါ ဟန်ထုန်သည် ထိုင်နေရာမှ ချက်ချင်းပင်ထကာ "အကြီးအကဲကျစ်ယန်......ကျွန်တော်ကိုလာခိုင်းတာ ဘာစေခိုင်းစရာ ရှိလို့ပါသလဲ " လို့ လက်နှစ်ပင်ဆုပ်ကာမေးလိုက်သည်။ ချူခွမ်သည် ထိုအဖြစ်အပျက်ကိုကြည့်၍ ကျစ်ယန်ရဲ့ အဆင့်အတန်းမှာ သာမန်လုံးဝမဖြစ်နိုင်မှန်း သိလိုက်ရ၏။

ကျစ်ယန်သည် ဆေးပုလင်းအား ဟန်ထုန်ကို ထုတ်ပေးလိုက်ပြီး "နတ်အလင်းဆေးလုံးရဲ့ အာနိသင်က ၁ရက်ကျော်သွားရင် လျော့ကျသွားနိုင်တဲ့အတွက် တစ်ရက်အတွင်း သောက်သုံးရမယ်ဆိုတာ အကြီးအကဲဟန်ထုန်သိတယ်မလား "လို့ ပြောလိုက်သည်။

ကျစ်ယန်ဆီမှ နတ်အလင်းဆေးလုံးဟု ကြားလိုက်တဲ့အခါ ဟန်ထုန်သည် ဆေးပုလင်းအား အမြန်ဖွင့်ကြည့်လိုက်ပြီး "အကြီးအကဲကျစ်ယန်......ဒါတကယ်ပဲ နတ်အလင်းဆေးလုံးလား....." လို့ အံ့အားသင့်စွာဖြင့် မေးလိုက်၏။

အဆင့်၅ဆေးလုံးများထဲတွင် ဖော်စပ်ရန်အခက်ခဲဆုံးဆေးလုံးဖြစ်သည့် နတ်အလင်းဆေးလုံးသည် ကျစ်ယန်လက်ထဲတွင် ရှိနေသည့်အတွက် ချူခွမ်သည် ဒူးထောက်ချလိုက်ပြီး "အငယ်လေး......မင်းသာငါ့ကို ဝိညဥ်နှောင်ဖြတ်ဆေးလုံး ရအောင် ဖန်တီးပေးမယ်ဆိုရင် မင်းကို သခင်အဖြစ် ထာဝရအသိအမှတ်ပြုပါ့မယ် " လို့ ပြောလိုက်လေသည်။

ကျစ်ယန်သည် ချူခွမ်အား ဆွဲထူလိုက်ပြီး "အကြီးအကဲချူခွမ်......ဆေးလုံးဖော်စပ်ဖို့က ကျွန်တော်အတွက် မခက်ခဲပါဘူး ၊ ဒါပေမယ့် အဆင့်ငါးဆေးလုံးတစ်လုံးဖော်စပ်ဖို့ ဆေးအမယ်တွေကတော့ ကျွန်တော်လိုအပ်တယ် " လို့ ပြောလိုက်၏။ ချူခွမ်သည် ချက်ချင်းပင် ဝမ်းသာ၍ သွားပြီး "သခင်လေး......မင်းတကယ်ပြောနေတာလား...."လို့ ပြောလိုက်၏။

ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ချူခွမ်သည် ဆေးအမယ်တွေစုဆောင်းဖို့ ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။ ဟန်ထုန်သည် ဆေးပုလင်းအား သေချာသိမ်းလိုက်ပြီး "အကြီးအကဲကျစ်ယန်.....စိတ်ချပါ ၊ မကြာခင်သတင်းကောင်းကို အကြီးအကဲစောင့်နေရုံပါပဲ " လို့ ပြောကာ ကျစ်ယန်အား အရိုအသေပြု၍ ချူအိမ်တော်မှ ထွက်သွားခဲ့၏။

S(4) end

All Chapters