ထူးဆန်းသောမိန်းမပျို
Vol. 4 Ch. 56
ကျစ်ယန်သည် လော့ကျန်းတိုင်းပြည်ကို ရောက်ရှိနေတုန်း ရုပ်သေးနတ်ဘုရားဂိုဏ်းကို စုံစမ်းဖို့ ဆုံးဖြတ်လိုက်၏။ ကျစ်ယန်သည် သာမန်လူတစ်ယောက်ကဲ့သို့ လမ်းလျှောက်လာခဲ့သည်။ ရုတ်တရတ်ကျစ်ယန်သည် တစ်စုံတစ်ယောက်အား လွမ်းဆွတ်သလိုမျိုးခံစားလိုက်ရတဲ့အခါ သူ့ကိုယ်သူ အံ့အားသင့်သွား၏။
ထိုချိန်မှာ ကျစ်ယန်နောက်ကျောကို မြှားတစ်ချောင်းရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် ရှောင်းရှားမည့်ချိန်တွင် အလွန်ပင်ချောမောလှပသော မိန်းမပျိုသည် သူ့ရဲ့စွမ်းအားဖြင့်သော အပြာရောင်ကြာပန်းပွင့်လေးဖြင့် မြှားအား တိုက်ထုတ်လိုက်၏။
ကျစ်ယန်သည် ထိုမိန်းကလေးကို တွေ့တဲ့အခါ သူရဲ့ရင်ဘတ်တစ်ခုလုံးအဆက်မပြတ် ခုန်နေခဲ့သည်။
ကျစ်ယန်သည် ကြောင်အစွာဖြင့် သူ့ကိုယ်သူတောင် မယုံကြည်နိုင်ပေ။ မိန်းကလေးသည်လည်း ကျစ်ယန်ကို ကြည့်ကာ "ငါ့သူ့ကို ဘာလို့ကာကွယ်ချင်တဲ့စိတ်က ထွက်ပေါ်လာရတာလဲ " လို့ တစ်ယောက်ထဲရေရွတ်ရင်း ကျစ်ယန်ရဲ့ ရှေ့မှာတင် ပျောက်ကွယ်သွားခဲ့၏။
ကျစ်ယန်သည် ရှေ့သို့ လမ်းဆက်လျှောက်ရင်း "အဲ့မိန်းကလေးက တကယ်ပဲ ဘယ်သူလဲ " လို့ ရေရွတ်ရင်း လေလံခန်းမတစ်ခုကို ရှာတွေ့သွားခဲ့သည်။ ကျစ်ယန်သည် ထိုလေလံခန်းမမှ ဆန်းကြယ်သော ရတနာတစ်စုံတစ်ရာ ရနိုင်မလားလို့ မျှော်မှန်းရင်း ဝင်လာခဲ့၏။
ကျစ်ယန်ကို တွေ့သည်အခါ ဧည့်ကြိုတစ်ယောက်သည် "မင်္ဂလာပါသခင်လေး........ကျွန်တော်တို့ မရဏနွယ်ကြိုးလေလံစံအိမ်က ကြိုဆိုပါတယ် " လို့
နှုတ်ဆက်လိုက်သည်။ ထိုလူသည် ကျစ်ယန်အား မိန်းကလေးငယ်ဆီသို့ လိုက်လံပို့ပေးလိုက်ပြီး ပြန်ထွက်သွား၏။
မိန်းကလေးငယ်သည် ကျစ်ယန်ရဲ့ အခြေအနေကို ကြည့်လိုက်ပြီး "သခင်လေး.....ဟွေးကွေတို့ လေလံစံအိမ်မှာ စည်းကမ်းချက်တစ်ခုထုတ်ထားပါတယ် ၊ အဲ့တာ အဖွဲ့ဝင်ကဒ်လုပ်ပြီးမှ လေလံခန်းထဲကို ဝင်ခွင့်ရှိပါတယ် " လို့ ယဥ်ကျေးစွာဖြင့် ပြောလိုက်သည်။ ကျစ်ယန်သည် ထူးဆန်းနေသလို ဖြစ်နေသော်လည်း "မင်းတို့လေလံစံအိမ်ရဲ့ အဖွဲ့ဝင်ကဒ်လုပ်ဖို့ ဘာတွေလိုအပ်လဲ " လို့ မေးလိုက်၏။
ဟွေးကွေဟုခေါ်သောမိန်းကလေးငယ်သည် အဖွဲ့ဝင်ကဒ်နဲ့ ပက်သက်ပြီး ကျစ်ယန်အား ရှင်းပြလိုက်သည်။ ကျစ်ယန်သည် သူ့သိုလှောင်ကွင်းထဲရှိ ရွှေဒင်္ဂါးများကို ထုတ်ပေးလိုက်ပြီး "ဒီလောက်ဆို လုံလောက်ပြီလား" လို့ မေးလိုက်သည်။
ဟွေးကွေသည် များစွာသောရွှေဒင်္ဂါးပေါင်းများစွာကို တွေ့လိုက်ရတဲ့အခါ "လုံလောက်ပါပြီ....လုံလောက်ပါပြီ " လို့ ပြုံးပျော်စွာဖြင့် ပြောလိုက်ပြီး သိမ်းဆည်းကာ နွယ်ကြိုးသင်္ကေတများပါဝင်သော ကဒ်တစ်ကဒ်အား ထုတ်ပေးလိုက်၏။
ကျစ်ယန်သည် အဖွဲ့ဝင်ကဒ်အား သိမ်းလိုက်ပြီး ဟွေးကွေလမ်းညွှန်လိုက်သော အခန်းတည့်တည့်ကို ဝင်လာခဲ့သည်။
ကျစ်ယန်သည် ရှေ့ဆုံးတန်းရှိခုံလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီးချိန်မှာပဲ အလွန်ပင် သန်မာထွားကြိုင်းသော လူအုပ်စုကြီးသည် ကျစ်ယန်ရဲ့ ခုံရှေ့ကို ရောက်ရှိလာခဲ့ပြီး လီချန်းတန်လို့ ခေါ်သော လူသန်ကြီးသည် "
ဒီနေရာက ငါတို့သခင်လေးနဲ့ သခင်မလေးထိုင်မယ့်နေရာပဲ ၊ မင်းမှာ အသက်၂သက်မပါရင် တခြားလူတွေကို မတ်တပ်သွားရပ်နေလိုက် " လို့ ပြောလိုက်၏။
ကျစ်ယန်သည် သူ့အားအမိန့်လာပေးနေသော လူသန်ကြီးအား တိုက်ခိုက်မည့်ချိန်တွင် "ချန်းတန်.....ဒီကသခင်လေးက ထိုင်ပြီးမှတော့ ငါတို့ တခြားထိုင်ခုံမှာပဲ ထိုင်လိုက်ရအောင် " လို့ ချိုသာစွာဖြင့် ပြောလိုက်သည်။ လီချန်းတန်သည် "ချန်းတန်နားလည်ပါပြီ သခင်လေးအန်တျန်း" လို့ ပြောကာ ကျစ်ယန်ရှေ့မှ ထွက်ခွာသွားခဲ့၏။
အန်တျန်းရဲ့စိတ်ထဲမှတော့ ကျစ်ယန်အား ပညာပေးဖို့ တွေးနေခဲ့ခြင်းဖြစ်သည်။ အန်တျန်းသည် သူနဲ့အတူ ပါလာသော မိန်းကလေးအားထိုင်ခိုင်းလိုက်ပြီး လီချန်းတန်အား စကားတစ်ချို့တီတိုးစွာ ပြောလိုက်၏။ စင်ဝိုင်းပေါ်သို့ မိန်းမတစ်ယောက်သည် တက်လာခဲ့ပြီး သူ့ရဲ့နောက်တွင် အဖိုးအိုတစ်ယောက်လဲ ပါလာခဲ့သည်။
အဖိုးအိုသည် သူ့ရဲ့ သိုလှောင်ကွင်းထဲမှ အဖုံးတွင် နဂါးခေါင်းသုံးကောင်ရေးထိုးထားသော ကျောက်သေတ္တာဘူးကြီးအား ထုတ်လိုက်ပြီး "အားလုံးပဲ ဒီတစ်ခေါက်မှာတော့ မရဏနွယ်ပင်လေလံစံအိမ်က ရရှိထားတဲ့ရတနာတွေကတော့ လုံးဝရှားပါးတဲ့ရတနာတွေဖြစ်တဲ့အတွက် အားလုံးသဘောကျမှာ ကျိန်းသေပါတယ် ၊ ကဲကြည့်လိုက်ကြရအောင် " လို့ ပြောကာ သေတ္တာဘူးအဖုံးအား ဖွင့်လိုက်၏။
အားလုံးသည် သေတ္တာဘူးအတွင်းရှိနေသော သားရဲမီးတောက် နဲ့ သားရဲဝိညဥ်မှော်အမြူတေကို တွေ့လိုက်ရတဲ့အခါ စျေးနှုန်းအား အမြန်ပြောဖို့ အော်ဟစ်ပြောလိုက်ကြသည်။ အဖိုးအိုသည် စျေးနှုန်းအား ပြောရန်ဘေးနားရှိ မိန်းကလေးချွေရှင်းယွမ်အား ပြောလိုက်၏။ ချွေးရှင်းယွမ်သည် ပြုံးစွာဖြင့် စျေးနှုန်းများအားလုံးကို ပြောပြလိုက်သည်။
ထိုအခါ လူများစွာရဲ့ လေလံဆွဲသံများ စတင် ထွက်ပေါ်လာခဲ့၏။ ခဏလေးအတွင်းမှာပဲ သားရဲမီးတောက်နဲ့ သားရဲဝိညဥ်ပိုင်ရှင်များ ထွက်ပေါ်လာခဲ့သည်။ ချွေရှင်းယွမ်သည် သူ့သိုလှောင်ကွင်းထဲမှ စာလိပ်တစ်ခုအား ထုတ်လိုက်ပြီး "အားလုံးပဲမင်္ဂလာပါရှင့်.......ကျွန်မလက်ထဲမှာ ရှိနေတဲ့အရာကတော့ ကျင့်ကြံရေးလောကကနေ အပြီးတိုင်ပျောက်ကွယ်သွားတဲ့ ရုပ်သေးနတ်ဘုရားဂိုဏ်းနယ်မြေက ရရှိခဲ့တဲ့အရာပဲ " လို့ ပြောလိုက်၏။
ရုပ်သေးနတ်ဘုရားဂိုဏ်းလို အလွန်ပင်အင်အားကြီးမားသော ဂိုဏ်းတစ်ခုသည် ကျင့်ကြံရေးလောကထဲမှ ပျောက်ကွယ်သွားလိမ့်မည်ဟု ကျစ်ယန်သည် မထင်ထားခဲ့ပေ။ ကျစ်ယန်သည် ထိုပစ္စည်းကို မရရအောင် ယူဖို့ ဆုံးဖြတ်လိုက်၏။
ချွေရှင်းယွမ်သည် စာလိပ်ရဲ့ တန်ဖိုးစျေးနှုန်းအား ၁၀သိန်းဖြင့် စတင်လေလံဆွဲရန် ကြေညာပေးလိုက်သည်။
အားလုံး တစ်ယောက်မှ အသံမထွက်ခဲ့ပေ။ ရုပ်သေးနတ်ဘုရားဂိုဏ်းမှ ပျောက်ကွယ်သွားတာ အတော်ကြာခဲ့ပြီ ဖြစ်သည့်အပြင် ထိုဂိုဏ်းရဲ့ ကျင့်စဥ်များမှာ အတော်ကြောက်စရာကောင်းလှသောကြောင့်ပင် ဖြစ်၏။ ထိုချိန်မှာ ကျစ်ယန်ရဲ့ ၁၅သိန်းဟုသော အသံသည် ထွက်ပေါ်လာခဲ့သည်။အားလုံးသည် ကျစ်ယန်အား ရူးနေသလားဟု ထင်ကာ ကြည့်နေကြ၏။