← Chapters

မျိုးဆက်နှစ်ဆက်! တစ်ကမ္ဘာလုံး အံ့ဩကုန်တော့မည်! ၂

Vol. 55 Ch. 811

မျိုးဆက်နှစ်ဆက်! တစ်ကမ္ဘာလုံး အံ့ဩကုန်တော့မည်! ၂

Vol. 55 Ch. 811

ထိုလူများက ချင်းလင်စံအိမ် live ကိုတောက်လျှောက်ကြည့်နေသူများဖြစ်ပြီး ရလဒ်ကိုစောင့်နေကြသည်။ အများစုက ထိပ်ပြောင်များပင်။

"ဒီနေ့ အားလုံးကိုသတင်းကောင်းပြောစရာရှိပါတယ်... စမ်းသပ်မှုမှာပါတဲ့ပရိသတ်အယောက် ၂၀ ကရလဒ်တွေပြနေပါပြီ''

Live မှထွက်လာသောအသံကြောင့် live ကြည့်နေသောပရိသတ်များမျှော်လင့်မိသည်။

အရည်အသွေး ၁ အာနိသင်က အရည်အသွေး ၂ လောက်မကောင်း၊ ချင်လင်နှင့်လင်းလန်ဇီစိတ်ထဲတွင်နှေးနေသော်လည်း အပြင်လူတွေအမြင်မှာ အာနိသင်ပြဖို့ ၄ ရက်သာအချိန်ယူရသည်။

မယုံနိုင်စရာပင်။

သူတို့ဆံပင်ကျွတ်၊ထိပ်ပြောင်သည့်ပြဿနာကို နှစ်ကြာရှည်ပြန်ပြုစုရသည်။ ဆယ်စုနှစ်တစ်ခုကြာတောင် ဘာအာနိသင်မှမရှိ။

ထိုအချိန်တွင် စမ်းသပ်မှုထဲပါသော ရန်ကျန်းဖန်တို့လည်း live ထဲရောက်လာသည်။ နောက်ပြီး live ကင်မရာက သူတို့ခေါင်းကိုအနီးကပ်ဆွဲပြထားသည်။

ချင်းလင်စံအိမ် live ကို အဆင့်မြင့် live လွှင့်ကိရိယာများတပ်ဆင်ပြီးလွှင့်သည်။ မိုဘိုင်းဖုန်းနှင့်မဟုတ်။ ထို့ကြောင့် အနီးကပ်ပြသောအခါ ရန်ကျန်းဖန်တို့ခေါင်းပေါ်တွင် ဆံပင်မွေးညင်းပေါက်နှင့်ဆံပင်ထွက်လာသည်ကိုသေချာမြင်ရသည်။

"အားလုံးမြင်တဲ့အတိုင်းပဲ... ကန္တာရထဲမှာ မြက်ပင်လေးတွေထွက်လာပြီမလား?''

Live ထဲမှအသံထွက်လာသည်။

ရန်ကျန်းဖန်တို့ကလည်းအလိုက်သင့်ပင် ခေါင်းထိပ်ကိုလက်နှင့်ပွတ်၊ ပဝါနှင့်သုတ်ပြကြသည်။ ဆံပင်မွေးညင်းပေါက်နှင့်ဆံပင်ကရှိနေဆဲ။ လုံးဝအတုအယောင်မဟုတ်ပေ။

ထို့ကြောင့် live တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

"လေးရက်နဲ့အာနိသင်ပြတာ ဟုတ်လာ?''

"မယုံနိုင်စရာပဲ... ချင်းလင်စံအိမ်ရဲ့ထုတ်ကုန်တွေက တကယ်အံ့ဩဖို့ကောင်းတယ်''

"ဒီရေပူစမ်းဆေးမှုန့်ဘယ်တော့လောက်ထွက်မလဲ? ဘယ်ကဝယ်ရမလဲ?''

"အမေးတူ +၁''

"အမေးတူ +၂''

“……”

"အမေးတူ +၁၂၆၅၄၆၄''

“……”

ခြွင်းချက်မရှိ။ ချင်းလင်ရေပူစမ်းဆေးမှုန့်၏အာနိသင်ကို အားလုံးအံ့ဩသွားသည်။

အဆင့်မြင့်မြင့်စီးပွားရေးအဖွဲ့အစည်းတစ်ခုတွင်_

ဝမ်တနန်က သီးသန့်ခန်းထဲတွင် သူ့ဖုန်းနှင့်ချင်းလင်စံအိမ် live ကိုကြည့်နေသည်။ အသက် ၃၆ အရွယ် အောင်မြင်သောလူတစ်ယောက်ဖြစ်ပြီး အဖွဲ့အစည်းကြီးတစ်ခုတွင် CEO ရာထူးရှိသည်။

သို့ရာတွင် ကံကြမ္မာက ဒီလိုလုပ်နိုင်စွမ်းပေးထားပြီး သူ့ဆီကတစ်စုံတရာပြန်ယူချင်နေသည်။ ယူမယ့်ယူတော့လည်း ထိပ်ပြောင်အောင်ယူသွားသည်။

သူ့အရွယ်နှင့်ရာထူးအရ TV တွင် ငယ်ရွယ်ပြီး အလားအလာကောင်းသော၊လုပ်နိုင်စွမ်းရှိသောဥက္ကဌမျိုးဖြစ်သင့်သည်။ သူရုံးခန်းအပြင်ထွက်ပြီဆိုလျှင် သူ့ကိုလိုက်ကြည့်ကာအရူးအမူးဖြစ်နေကြသော ရုံးသူတစ်စုရှိသည်။

ဖြစ်ချင်တော့ အရာအားလုံးက သူ့ဆံပင်ကြောင့်ပြောင်းလဲသွား၏။ အကြားရဆုံးက သူ့ငယ်ထိပ်အကြောင်းဆွေးနွေးကြခြင်းပင်။

သူအုပ်ထား၍ သူစိတ်တိုင်းကျခြယ်လှယ်နိုင်သော သူ့အတွင်းရေးမှူးတောင် Wechat တွင်သူများနှင့်သူ့ဆံပင်အကြောင်းပြောထားသောကြောင့် စိတ်တိုတိုနှင့်အလုပ်ထုတ်ပြီး နောက်တစ်ယောက်ခန့်လိုက်သည်။

ဆံပင်စိုက်ဖို့စိတ်ကူးမရှိခြင်းမဟုတ်။

ဆံပင်စိုက်မည့်အကြောင်းစုံစမ်းပြီးမှ လက်လျှော့လိုက်ခြင်းပင်။ မသိနိုင်သောပြဿနာများ၊ဖြစ်နိုင်သောပြဿနာများက အတွင်းရေးမသိသောသာမန်လူများကိုလှည့်စားရန် ဆေးရုံမှာရှိတတ်သည်။

သော*က် CEO နဲ့ မိန်းကလေးပရိသတ်များ။

ဒီအနေအထားရောက်ပြီးမှ အခုတော့သွားပြီ။

ထိုအချိန်တွင် ဝမ်တနန်က live ထဲမှရန်ကျန်းဖန်တို့အခြေအနေကိုမြင်ပြီး စိတ်လှုပ်ရှားလာသည်။

ဒီလိုအာနိသင်နဲ့ဆံပင်ပေါက်ဆေးမျိုးမြင်ဖူးတာ ဒါပထမဆုံးပင်။

မယုံနိုင်စရာ! ၄ ရက်ပဲရှိသေးတယ်!

သူ့ဥက္ကဌအိပ်မက်ကိုကယ်တင်နိုင်ပြီဟုခံစားမိပြီး live ကိုချက်ချင်းအလှူပေးချင်သွားသည်။

သင်ကြည့်နေသော live မှာ လက်ဆောင်ပေးရန်ပိတ်ထားပါသည်!

ထိုစာကြောင့် ဝမ်တနန်ဝမ်းနည်းသွားသည်။

ဘာလို့ပိတ်ထားတာလဲ?

ဆုပေးချင်တာလေ။

သူစိတ်လှုပ်ရှားလွန်းလို့ ဆုပေးချင်တာ။

ဒီတော့ သူစိတ်လှုပ်ရှားနေတာ ထွက်ပေါက်မရတော့ဘူးလား?

"ဘုရင်... ဘာလို့အရမ်းပျော်နေတာလဲ?''

နှာရောင်ကောက်ကောက်နှင့်အနောက်တိုင်းသားတစ်ဦးက ရုတ်တရက်ကလပ်ထဲလျှောက်လာပြီး ဝမ်တနန်ကိုမေးသည်။

ထိုနှာရောင်ကောက်လူဖြူ၏ခေါင်းကလည်း အခြေအနေဆိုးနေသည်။

ထိုလူမှာ ဂျာမန်တွင်စီးပွားရေးကြီးလုပ်နေသော Filis Aude အမည်ရှိဂျာမန်သားတစ်ဦးဖြစ်သည်။

ဂျာမန်မှာ ကမ္ဘာတွင်ထိပ်အပြောင်ဆုံးနိုင်ငံ ၃ နိုင်ငံထဲတွင်အပါအဝင်ဖြစ်ကြောင်း အားလုံးသိကြသည်။ ထိပ်ပြောင်နှုန်း ၄၂% ရှိ၏။

တစ်နည်းဆိုသော် လူ ၁၀ ယောက်မှာ ၄ ယောက်ကထိပ်ပြောင်သည်။

ဝမ်တနန်က သူ့ထက်အခြေအနေဆိုးနေသော Filis Aude ၏ခေါင်းကိုကြည့်ပြီး ချက်ချင်းမျှဝေလိုက်သည်_

"Filis... ခင်ဗျားအတွက်သတင်းကောင်းရှိတယ်... ကျုပ်တို့နိုင်ငံမှာ ဆံပင်ပေါက်ဆေးပေါ်နေပြီ... ၄ ရက်နဲ့ အာနိသင်ပြတာနော်''

"ဘာ? ဆံပင်ပေါက်ဆေး.. ၄ ရက်?''

သတင်းကြားကြားချင်း Filis Aude မျက်လုံးပြူးသွားပြီး အမှတ်တမဲ့သူ့ခေါင်းသူကိုင်ကြည့်လိုက်သည်။

ထို့နောက် Filis Aude က ဝမ်တနန်နားလှစ်ခနဲရောက်လာကာ ချင်းလင်စံအိမ် live ကိုကပ်ကြည့်လိုက်သည်။

Live ကြည့်ရင်း Filis Aude က မယုံနိုင်ပုံပေါက်လာသည်။ သူ့အဘိုးရော၊သူ့အဖေရော သူပါအကုန်လုံးထိပ်ပြောင်တွေချည်း။ ကြည့်ရတာ မျိုးရိုးလိုက်ပုံရသည်။ ၂၅ ကျော်ကတည်းက ဇာတိကပြလာ၏။

နောက်ပြီး ဒီပြဿနာက သူတို့နိုင်ငံမှာပိုပိုဆိုးလာသည်။

သူတို့ဒီထုတ်ကုန်ကိုဝယ်ပြီး ဂျာမနီမှာပြန်ရောင်းရင် ဂျာမန်တွေရူးများကုန်မလား?

ဒီထုတ်ကုန်ပေါက်သွားရင် အတော်များများက အပြေးအလွှားဝယ်ကြလိမ့်မည်။

ချင်လင်က ဒါတွေမသိ။ သူကရေပူစမ်းဆေးမှုန့် live ကိုသာအာရုံစိုက်ထားသည်။ ပရိသတ်အယောက် ၂၀ ကိုရေပူစမ်းဆေးမှုန့်စမ်းသုံးပြီး အာနိသင်ပြလာသည့်နောက်တွင် ရေပူစမ်းဆေးမှုန့်အရှိန်ကအမြင့်ဆုံးရောက်လာသည်။

နောက်ပြီး Tiktok တင်မဟုတ်၊ Wechat၊ မိုဘိုင်းနှင့်တခြားပလက်ဖောင်းများတွင်ပါတက်လာသည်။ အားလုံးက ရေပူစမ်းဆေးမှုန့်အကြောင်းဆွေးနွေးကြ၏။ တရားဝင်သတင်းများတွင်ပါ ထည့်ကြော်ငြာထားသည်။

ဒါကလည်း ဆံပင်ပြဿနာဘယ်လောက်ကြီးကြောင်းပြနေခြင်းပင်။

ချင်းလင်စံအိမ် live ဆက်လွှင့်သည်နှင့် ရန်ကျန်းဖန်တို့အစမ်းသပ်ခံများ၏ခေါင်းမှာ တစ်နေ့တခြားပြောင်းလဲလာသည်။

ဆံပင်ထွက်လာပြီဆိုတာနှင့် အရှည်မြန်သည်။ တစ်လ တစ်စင်တီမီတာ၊နှစ်စင်တီမီတာလောက်ရှည်သည်။

ထုတ်ကုန်အာနိသင်ကြောင့် အရင်ထွက်နှင့်နောက်ထွက် ဆံပင်အတိုအရှည်မညီပေ။

သို့ဆိုရင်တောင် ရန်ကျန်းဖန်တို့ဆံပင်မည်းမည်းများက ထူထူလာသောကြောင့် အားလုံးပိုအံ့ဩကုန်သည်။

ရက် ၄၀ ပြည့်ခါနီးတွင် ရန်ကျန်းဖန်တို့ live ထဲပြန်ရောက်လာပြီး အားလုံးအုံကြွသွားသည်။ တစ်ကျော့ပြန်ရေပန်းစားလာပြီး အတော်မြင့်တက်သွား၏။

အကြောင်းမှာ ဒီတစ်ကြိမ်တွင် ရန်ကျန်းဖန်တို့အယောက် ၂၀ ကို ဆံသဆရာသီးသန့်ခေါ်ပြီး ဆံပင်ညှပ်ထားသောကြောင့်ပင်။ ဆံစပ်ပြဿနာလုံးဝမရှိ။ ထိပ်ပြောင်သည့်ပြဿနာလုံးဝမရှိပေ။

ဤသည်က ကြော်ငြာ၏အစွမ်းမဟုတ်။ တကယ့်ထုတ်ကုန်၏အစွမ်းဖြစ်သည်။ ကြည့်ရှုသူများက ရေပူစမ်းဆေးမှုန့်၏အာနိသင်ကို ရက် ၄၀ လောက် စောင့်ကြည့်ခဲ့သည်။

အခုတော့ အယောက် ၂၀ လုံးက ဆံပင်ထူထူနှင့်၊ ဆံပင်ပုံအမျိုးမျိုးနှင့်။ လွန်ခဲ့သောတစ်လကပုံနှင့်ယှဉ်ရင် တစ်ယောက်တည်းဟုလုံးဝမထင်ရ။ အဖေနှင့်သားလိုဖြစ်နေသည်။

ဆံပင်ပြဿနာရှိသူနှင့်မရှိသူကြား ပုံပန်းသွင်ပြင်က တစ်ကမ္ဘာစာလောက်ခြားနေသည်။

ဒီညအိပ်မပျော်တဲ့သူတွေ ဘယ်လောက်တောင်များလိုက်မလဲ?

ချင်းလင်စံအိမ်ရဲ့ရေပူစမ်းဆေးမှုန့်က သူတို့ဆံပင်ပြဿနာကိုတကယ်ဖြေရှင်းပေးနိုင်ရင် သူတို့တောက်လျှောက်အပူမိလာတဲ့ပြဿနာကိုဖြေရှင်းနိုင်ပြီပေါ့။

ကမ္ဘာတစ်ဖက်၌_

အင်္ဂလန်ရှိတော်ဝင်နန်းတော်တစ်ခုတွင် တော်ဝင်မျိုးနွယ်တစ်ယောက်မှာ စိတ်ပျက်လက်ပျက်ပုံပေါက်နေသည်။ မနှစ်က ရုတ်တရက်ဆံပင်ပြဿနာတက်လာသောအခါ လူရှေ့သူရှေ့ထွက်ရသော၊လူမှုရေးဆက်ဆံရေးရှိသောတော်ဝင်မျိုးနွယ်တစ်ဦးအနေနှင့် သေလောက်အောင်စိတ်ညစ်ရသည်။

ဒီပြဿနာအတွက် နည်းအမျိုးမျိုးစမ်းသပ်ကြည့်သော်လည်း တစ်ခုမှမထိရောက်။

ရုတ်တရက် ခပ်ချောချောလူငယ်တစ်ယောက်က တရုတ်လူမျိုးတစ်ဦးနှင့်ဝင်လာပြီး စိတ်လှုပ်ရှားသံနှင့်_

"အဖေ... အဖေ့ပြဿနာကိုဖြေရှင်းနိုင်ပြီထင်တယ်''

"ဘာလဲ?''

တော်ဝင်မျိုးနွယ်က ဇဝေဇဝါနှင့်မေးသည်။

"အဖေ... ဒါအရှေ့တိုင်းကထုတ်ကုန်ရဲ့ live ဗီဒီယို... သူတို့ထုတ်ကုန်က အဖေ့ပြဿနာကိုဖြေရှင်းနိုင်တယ်''

လူငယ်ကအမြန်ရှင်းပြပြီး သူ့အဖေကိုဖုန်းပေးလိုက်သည်။

သူ့အဖေဒုက္ခကိုသူသိသောကြောင့် ဒီဆံပင်ပြဿနာကိုအဖြေရှာရန် သူလည်းလိုင်းပေါ်စာတင်ပြီးမေးခဲ့သည်။

အရှေ့တိုင်းကတစ်ယောက်က သူ့ကိုဆက်သွယ်လာပြီး ဆံပင်ပြဿနာကိုဖြေရှင်းနိုင်သောထုတ်ကုန်ရှိကြောင်းပြောသည်။

"ဒီလူတွေ ဘာပြောနေကြတာလဲ?''

တော်ဝင်မျိုးနွယ်က live ကိုကြည့်ပြီး လောလောနှင့်မေးသည်။

"မြန်မြန်လေး... ဘာသာပြန်ပြလိုက်''

လူငယ်က တရုတ်လူမျိုးကိုပြောလိုက်သည်။

တရုတ်ကခေါင်းညိမ့်ပြီး ချက်ချင်းရှေ့တိုးကာ ချင်းလင်စံအိမ် live လွှင့်သည့်အကြောင်းများကို ဘာသာပြန်ပြသည်။

ချင်းလင်စံအိမ်ရေပူစမ်းဆေးမှုန့်သုံးသူနှင့် ဓာတ်ပုံထဲကလူကတစ်ယောက်တည်းဟုသိပြီးနောက် တော်ဝင်မျိုးနွယ်မယုံနိုင်ပုံပေါက်သွားသည်။

"မြန်မြန်လုပ်!''

သူကအလောတကြီးထအော်သည်_

"ငါဒါလိုချင်တယ်... ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်!''

ဒီပစ္စည်းစစ်မစစ်မသိသော်လည်း သူစမ်းကြည့်ရမည်။

All Chapters