သန္ဓေခိုင်ဆေး! လုံးဝမဝယ်နိုင်!
Vol. 55 Ch. 812
ချင်းလင်အပန်းဖြေစံအိမ်_
ရုံးခန်း_
ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကိုအာရုံစိုက်ပြီး ဂိမ်းဇာတ်ကောင်ကိုနေ့စဉ်တာဝန်များလုပ်စေသည်။
နေ့စဉ်အလုပ်ကဘာမှမရသောကြောင့် ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်ပတ်သွားပြီး ဇာတ်ကွက်ရှိမရှိကြည့်စေသည်။
ဘာဇာတ်ကွက်မှမရှိ။
သို့သော် သူဒီနေ့ကံကောင်းသည်။ ဒေါက်တာ Dott ဆီရောက်သောအခါ ဆေးစရောင်းနေသည်ကိုတွေ့ရသည်။
သို့ရာတွင် စာရင်းတွင် ဆေးတစ်မျိုးသာရှိသည်:
သန္ဓေသားအတွက်အကျိုးရှိသောဆေး!
ထိုဆေးကြောင့် ချင်လင်အံ့ဩသွားသည်။
ဂိမ်းမိတ်ဆက်အရ ဂိမ်းထဲတွင်လက်ထပ်ပြီး ဒေါက်တာ Dott ဆေးမရောင်းခင် ကိုယ်ဝန်ရှိပြီးဖြစ်သည်။
ပြီးတော့ စျေးမပေါသော်လည်း ဂိမ်းထဲတွင် ကစားသူက သူ့မိန်းမအားနေ့တိုင်းတိုက်ရသည်။
ဒါပေမဲ့ မဟုတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် သူ့ဂိမ်းဇာတ်ကောင်က မိန်းမမှမရှိတာ။ ကိုယ်ဝန်ရှိဖို့ဆို ဝေးရော။
စနစ်၏အထူးသဘာဝကြောင့် ဂိမ်း၏မိန်းမယူသောအပိုင်းကိုတန်းကျော်သွားသည်။ ဒီလိုအခြေအနေမျိုးလုံးဝမကြုံခဲ့။
ဒေါက်တာ Dott က ဒီပစ္စည်းရောင်းမည်ဟုမထင်မိပေ။
သူအံ့ဩသွားသည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား တစ်ခါတည်း ၁၀ ဘူးဝယ်စေသည်။ စိုက်ပျိုးရေးခြံပြန်ရောက်သောအခါ ဂိမ်းထဲဝင်ပြီး မှတ်ချက်ဖတ်လိုက်သည်:
(သန္ဓေသားခိုင်ဆေး: အရည်အသွေး ၂!)
(ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် အလွန်အကျိုးရှိသောဆေးရည်ဖြစ်သည်။ ဆေးသောက်ပြီးလျှင် ကိုယ်ဝန်ဆောင်အတွက်လိုအပ်သော အာဟာရအမျိုးမျိုးပြည့်စုံရုံသာမက အထူးအာနိသင်လည်းရှိသည်:
သန္ဓေသားတိုးတက်ခြင်း +၂၊ သန္ဓေသားကျန်းမာခြင်း +၂၊ သန္ဓေသားဖွံ့ထွားခြင်း +၂၊ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးကောင်းခြင်း +၂!)
ဒီဆေးရည်က သန္ဓေသားဖွံ့ဖြိုးရန်အထောက်အကူဖြစ်သည်။ သန္ဓေသားတိုးတက်သည့်အရည်အသွေးက ပြောစရာမလို။ တစ်မိတည်းပေါက်သောကလေးတောင် ကြည့်ကောင်းခြင်း၊ ရုပ်ဆိုးခြင်း၊ တက်ကြွခြင်း၊ ထိုင်းမှိုင်းခြင်းရှိသည်။
သန္ဓေသားကျန်းမာရေးနှင့်ဖွံ့ထွားဖို့ကလည်း ရှင်းသည်။ တချို့သန္ဓေသားကကျန်းမာပြီး စကားပြောမြန်၊လမ်းလျှောက်မြန်သည်။ တချို့က ရောဂါပေါင်းစုံနှင့်မွေးလာပြီး စိတ်မမှန်သူလည်းရှိသည်။
ဒီအချက်ကြောင့် ထိုပြဿနာများကိုစိုးရိမ်စရာမလို။ သန္ဓေသားကကျန်းကျန်းမာမာမွေးလာပြီးနောက် တခြားကလေးများထက်ပိုကျန်းမာလိမ့်မည်။ ကိုယ်လုံးပိုထွားပြီး ထိုပြဿနာများရှိမည်မဟုတ်။
ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးကောင်းခြင်း +၂ မှာ ပြောစရာမလို။ အမျိုးသမီးများကိုယ်ဝန်ဆောင်သောအချိန်တွင် ပြဿနာအများဆုံးဖြစ်သည်။
ဒေါက်တာ Dott ကထုတ်ကုန်သာရောင်းပြီး လျှို့ဝှက်နည်းမပေးတာ နှမြောစရာ။ မဟုတ်ရင် ဒီပစ္စည်းက လူမျိုးတစ်မျိုးလုံးကို အတော်အတန်တိုးတက်စေလိမ့်မည်။
စဉ်းစားကြည့်မှ ကိုယ်ဝန်ဆောင်တိုင်းသာ ဒီဆေးရည်သောက်ရင် မွေးလာတဲ့ကလေးဘယ်လိုဖြစ်မလဲ? အနည်းဆုံး ခန္ဓာကိုယ်ကြံခိုင်ဖွံ့ဖြိုးမှုက လုံးဝကောင်းလိမ့်မည်။
လူမျိုးတစ်မျိုးလုံးဒီလိုဖြစ်ရင် အားလုံးခြုံငုံတိုးတက်လာမည်။
သူဝယ်ထားတဲ့ဆေးကိုချင်းလင်ဓာတ်ခွဲခန်းပို့ပြီး အစ်ကိုလီကိုသုတေသနလုပ်ခိုင်းရင်ကောင်းမလား?
အစ်ကိုလီမတတ်နိုင်ရင် ဒီအပိုင်းမှာကျွမ်းကျင်သောပါမောက္ခရန်ရှိသေးသည်။
သို့သော် ဒီပစ္စည်း၏ဇစ်မြစ်ကိုရှင်းပြရခက်သည်။
လျှို့ဝှက်နည်းဆိုရင်တောင် ဒီဆေးရည်ကိုဖော်ထားပြီးမှတော့ ဘာဆေးပစ္စည်းတွေပါမှန်းမသိဘူးဆိုတာ မဖြစ်နိုင်ဘူးမလား?
ဒီတော့ စဉ်းစားကြည့်တာ ပိုကောင်းမည်။
ကုမ္ပဏီတွေက ထုတ်ကုန်တစ်ခုကိုသုတေသနလုပ်ပြီး လျှို့ဝှက်နည်းဘာလို့လိုက်လဲ? ပိုက်ဆံရချင်လို့လေ။
လောလောဆယ် သူကပိုက်ဆံမလို။ သူ့ထုတ်ကုန်တွေနဲ့ ဝင်ငွေအများကြီးဖန်တီးနိုင်သည်။
သူ့အတွက်တော့ ပိုက်ဆံကကိန်းဂဏန်းသာဖြစ်ပြီး ဒီလိုစွန့်စားစရာမလိုချေ။
စုစုပေါင်း ၂၄ ပုလင်းပါ၍ တစ်ဘူးကို ၂၄ ရက်ခံသည်။ ၁၀ ဘူး ရက် ၂၄၀ စာရှိသောကြောင့် ကျောက်မိုချင်းကိုယ်ဝန်ဆောင်စဉ်သောက်နိုင်သည်။
ညပိုင်း_
ချင်လင်ကစံအိမ်သွားပြီး ကျောက်မိုချင်းကိုသွားကြိုသည်။
ဒါက သူ့နေ့စဉ်အလုပ်တစ်ခုပင်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများကစိတ်ခံစားလွယ်ပြီး အတွေးများတတ်သောကြောင့် ယောက်ျားဖြစ်သူက ပိုဂရုစိုက်ပေးဖို့လိုသည်။
ဒီလိုအချိန်မှာ လျစ်လျူရှုခံရရင် အတွေးများပြီး ကိုယ်ဝန်ဆောင်နှင့်ကလေးအတွက်မကောင်းပေ။
ထို့ကြောင့် မိန်းမကိုယ်ဝန်ဆောင်လျှင် ယောက်ျားဖြစ်သူက အပြင်ထွက်လျှော့ကာ အိမ်စောစောပြန်ပြီး မိန်းမနှင့်နေပေးသင့်သည်။
အပန်းဖြေစံအိမ်အတွင်းထဲရောက်ရောက်ချင်း ချင်လင်ကကျောက်မိုချင်းအား သန္ဓေခိုင်ဆေးပေးလိုက်သည်။
အခုကျောက်မိုချင်းဗိုက်ကလည်း နည်းနည်းပူနေပြီ။
"ယောက်ျား... ဒါကဘာလဲ?''
ကျောက်မိုချင်းက သန္ဓေခိုင်ဆေးကိုကြည့်ပြီးမေးသည်။
ချင်လင်ကရှင်းပြသည်_
"ဒါကလေးအတွက်ကောင်းတယ်... တစ်နေ့တစ်ပုလင်းသောက်... ဒါနဲ့ အခုကိုယ်ဝန်နဲ့ဆိုတော့ စံအိမ်ကကိစ္စတွေကိုယ်တိုင်မလုပ်နဲ့... တချို့ကိစ္စတွေကို အောက်ကလူတွေနဲ့လွှဲထားလိုက်... သူတို့လုပ်ပါစေ''
"အင်း!''
ချင်လင်ဂရုစိုက်မှန်း ကျောက်မိုချင်းသိသောကြောင့် ချက်ချင်းခေါင်းညိမ့်ပြီး သန္ဓေခိုင်ဆေးတစ်ပုလင်းယူသောက်လိုက်သည်။
ကိုယ်ဝန်ဆောင်ရတာ အလွန်ခက်ခဲသည်။
အစပိုင်းတွင် မကြာခဏဆိုသလို မူးဝေ၊ အားနည်း၊ အိပ်ချင်၊ ထိုင်းမှိုင်း၊ စားချဉ်ရည်ပြန် စသည့်လက္ခဏာများပြသည်။ အထူးသဖြင့် ကလေးရှိသောနေရာက နည်းနည်းလေးလံ၊ နာကျင်ပြီး အားယုတ်သည်။
သို့ရာတွင် သန္ဓေခိုင်ဆေးတစ်ပုလင်းသောက်ပြီးနောက် အချိန်တိုအတွင်း ကျောက်မိုချင်းမှာအတော်သက်သာသွားပြီး ထိုလက္ခဏာများအားလုံးပျောက်သွားသည်။
အထူးသဖြင့် ကလေးမွေးသောနေရာက သက်သောင့်သက်သာဖြစ်သွား၏။
အတော်ထူးဆန်းသောခံစားချက်ပင်!
…
နောက်တစ်နေ့_
ချင်လင်ကအိပ်ရာထကာ ဂိုဒေါင်သွားပြီး ဒီနေ့ပို့ရမည့်ပစ္စည်းများ စံအိမ်ပို့လိုက်သည်။ သူအပန်းဖြေစံအိမ်ရုံးခန်းပြန်ရောက်ပြီးမကြာမီ တန့်ကွမ်း၊ ချူယွဲ့၊ ခုံးလင်နှင့် လင်းလန်ဇီတို့ သူ့ဆီရောက်လာသည်။