← Chapters

ထူးထူးခြားခြားနတ်ဘုရားမဇာတ်ကွက်! မှော်ကျောက်! ၂

Vol. 55 Ch. 815

ထူးထူးခြားခြားနတ်ဘုရားမဇာတ်ကွက်! မှော်ကျောက်! ၂

Vol. 55 Ch. 815

သူစိုးရိမ်တာ မဖြေရှင်းနိုင်မှာကိုပင်။ သူတို့မှာနည်းလမ်းရှိရင် ရပြီ။

ဒီလိုဆိုမှတော့ သူတို့လက်ထဲအပ်ပြီး ယုံကြည်မှုပေးထားလိုက်မည်။

မျက်စိတစ်မှိတ်အတွင်း ၄ ရက်ကုန်သွား၏။

လွန်ခဲ့သော ၄ ရက်ကရေပူစမ်းဆေးမှုန့်ဝယ်ခဲ့သူများမှာ စမ်းသပ်အသုံးပြုပြီး အထူးရေပူစမ်းဆေးမှုန့်အာနိသင်စပြနေပြီဖြစ်သည်။

ဝမ်တနန်လည်း ဒီအတိုင်းပင်။ မှန်ထဲကြည့်လိုက်သောအခါ သူ့ထိပ်ပြောင်ကမတူတော့။

သူဝမ်းမသာရသေးခင် အလောတကြီးတံခါးလာခေါက်ပြီးအော်သံကြားရသည်_

"ဝမ်..ဝမ်... တံခါးဖွင့်ပါဦး!''

ဝမ်တနန်က မတတ်သာပုံနှင့်တံခါးဖွင့်လိုက်ရာ Filis Aude ကပြေးဝင်လာပြီး ချက်ချင်းသူ့ခေါင်းကိုနှိမ့်ပြသည်_

"ဝမ်.. ကြည့်... ပေါက်နေတာလား?''

ဝမ်တနန်ကလှမ်းကြည့်လိုက်ရာ အမှန်ပင် Filis Aude ၏ခေါင်းပေါ်တွင်လည်း ဆံပင်ပေါက်နေသည်။ သူကချက်ချင်းပင်_

"Filis... ဟုတ်တယ်... မင်းလည်းပေါက်နေပြီ''

Filis Aude ကအဖြေကြားသည်နှင့် လက်နှေးမနေဘဲဖုန်းမြန်မြန်ယူပြီး ဝမ်တနန်ဆီပေးကာ_

"ဝမ်... ငါ့ကိုဗီဒီယိုမြန်မြန်ရိုက်ပေးစမ်းပါ... ငါ့ခေါင်းဆောင်ဆီပို့ချင်လို့!''

ဝမ်တနန်က ခေါင်းညိမ့်လိုက်သည်။ ဂျာမနီမှာ Filis ရဲ့မိသားစုဘယ်လောက်ဩဇာရှိလဲ သူသိသည်။ နိုင်ငံ၏အသက်သွေးကြောကိုထိန်းချုပ်ထားသောသူဌေးကြီးတစ်ဦးပင်။

Filis Aude ကဗီဒီယိုရပြီး ချက်ချင်းကွန်ပျူတာရှေ့ထိုင်ကာ ဗီဒီယိုသွင်းလိုက်သည်။ ထို့နောက် အင်တာနက်ပေါ်မှချင်းလင်စံအိမ်ရေပူစမ်းဆေးမှုန့်အကြောင်းဗီဒီယိုများရှာပြီးတည်းဖြတ်ကာ သူ့မိသားစုဆီပို့လိုက်သည်။

ဒီအံ့ဖွယ်ထုတ်ကုန်ကို သူတို့မိသားစုလိုသည်။ သူတို့နိုင်ငံကလိုအပ်နေသောအရာလည်းဖြစ်သည်။

တစ်ဖက်တွင်_

နိုင်ငံတကာစာပို့ရုံးတစ်ခုတွင် စာပို့ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် သူမရှေ့မှလူငယ်ကိုထူးဆန်းသလိုကြည့်နေသည်။ အကြောင်းမှာ သူပို့သောလိပ်စာက:

Balmora ရဲတိုက်။

အဲဒီကိုဘယ်လိုလုပ်စာပို့ရတာလဲ?

အင်္ဂလန်တော်ဝင်မိသားစုနေတဲ့ရဲတိုက်ကိုစာပို့ရင် ပယ်ချခံရမှာ ဟုတ်ပြီလား?

အမျိုးသမီးဝန်ထမ်းက လူငယ်ကိုကြည့်ပြီး ရုတ်တရက်အတွေးပေါက်သွားသည်။

ဒီလူကသူ့ကိုစိတ်ဝင်စားလို့ ကိုယ်ယောင်လာပြတာလား?

ဘာပဲဖြစ်ဖြစ် သူမကလှ၍ ဒါမျိုးကြားဖူးသည်။ တချို့က ဒီနည်းသုံးပြီးစာပေးသည်။ တချို့ခပ်တုံးတုံးမိန်းမများက တစ်ဖက်ကအရည်အချင်းရှိ၍ဒါမျိုးပို့နိုင်သည်ဆိုပြီး အထင်ကြီးကြသည်။

ဒီအကွက်တွေရိုးနေပြီ။

ဝန်ထမ်းအမျိုးသမီးက စာကိုယူ၊စာရင်းသွင်းပြီး လူငယ်ဆီပုံစံစာရွက်ပေးလိုက်သည်။ သူ့ကိုစကားပြောဖို့အစီအစဉ်မရှိ။

သို့ရာတွင် ဝန်ထမ်းအမျိုးသမီးဒီလောက်အတွေးများနေမှန်းလူငယ်ကမသိချေ။ သူကစာရွက်ယူပြီးထွက်သွားလေသည်။

သူ့ဝမ်းကွဲက သူ့ကိုလာပို့ခိုင်းသည်။ သူစာပို့ရင် ပေါင် ၂ သန်းရမည်။ ပြီးတော့ သူတို့တစ်ယောက်တစ်ဝက်ခွဲယူကြမည်တဲ့။

သူ့ဝမ်းကွဲစကားကိုယုံသောကြောင့် ချက်ချင်းလာပို့ခြင်းပင်။

……

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က ရုံးခန်းထဲပြန်ရောက်ပြီး သူ့စိတ်ထဲမှဂိမ်းကိုကြည့်နေသည်။ နေ့စဉ်တာဝန်များလုပ်ပြီးနောက် သတ္တုမြို့တော်သွားပြီး ဇာတ်ကွက်ရှာပြန်သည်။

ဒီတစ်ကြိမ်တွင် ပန်းခြံထဲဝင်ဝင်ချင်း ဇာတ်ကွက်နှင့်ကြုံသည်။

သတ္တုမြို့တော်ပန်းခြံတွင် NPC အများကြီးစုဝေးနေသည်။ NPC နားကပ်လိုက်သောအခါ သူတို့ခေါင်းပေါ်တွင် စကားပြောပေါ်လာသည်။

"ဂန္တဝင်နတ်ဘုရားမအခမ်းအနား ပြန်စပြီလား?''

"နတ်ဘုရားမအခမ်းအနားလုပ်ခဲ့တာ ကြာသွားပြီ!''

"နတ်ဘုရားမတောင်ရေပူစမ်းဘေးမှာ နတ်ဘုရားမရုပ်ထုရှိတယ်တဲ့... အဲဒါဟိုးအရင်ကတည်းက နတ်ဘုရားမကိုပူဇော်တဲ့နေရာပဲ!''

"နတ်ဘုရားမကိုပူဇော်တဲ့အကြောင်းမသိတဲ့လူငယ်တွေအများကြီးရှိလိမ့်မယ်''

ချင်လင်က သတင်းတွေ့ပြီး အံ့ဩသွားသည်။

'စိုက်ပျိုးရေးပုံပြင်'မှာ စိတ်ကူးယဉ်အပြင်အဆင်များနှင့်တောင်ယာလယ်လုပ်သည့်ဂိမ်းဖြစ်ကြောင်း အားလုံးသိကြသည်။

ဂိမ်းထဲတွင် လူပုလေးများ၊ နတ်ဘုရားများနှင့် စိတ်ကူးယဉ်ဆန်သော NPC များပါသည်။

ဒီနတ်ဘုရားမက ဒီအတိုင်းပင်။



ဂိမ်းထဲတွင် နတ်ဘုရားမများကိုအောင်နိုင်ပြီး လက်ထပ်ရသော ကစားသမားများ၊ ဇာတ်မြှုပ်ကွက်များတောင်ရှိသည်။

အထူးသဖြင့် ကစားသူက နတ်ဘုရားမထံမှ အထူးလက်ဆောင်တချို့လည်းရနိုင်သည်။

ချင်လင်က နတ်ဘုရားမဇာတ်ကွက်ထွက်လာမည်မထင်မိ။

သူကကြော်ငြာဘုတ်ရှေ့အမြန်လျှောက်သွားပြီး တစ်ချက်နှိပ်လိုက်ရာ အသိပေးစာပေါ်လာသည်:

(နတ်ဘုရားမအခမ်းအနား စနေပြီ။ နတ်ဘုရားမတောင်သွားပြီး နတ်ပန်းရှာပါ။ နတ်ပန်းကို နတ်ဘုရားမစမ်းရေထဲချလျှင် နတ်ဘုရားမဆီမှလက်ဆောင်ရလိမ့်မည်။ နတ်ပန်းများများပစ်လျှင် နတ်ဘုရားမပေါ်လာနိုင်သည်!)

(နတ်ဘုရားမတောင်သွားပြီး နတ်ပန်းရှာလိုပါသလား?)

ထိုစာကြောင့် နတ်ဘုရားမဇာတ်ကွက်က အရင်ဂိမ်းနှင့်နည်းနည်းကွဲကြောင်း ချင်လင်သိလိုက်သည်။ အနှစ်သာရတော့ သိပ်ကွာဟချက်မရှိ။ နှစ်မျိုးစလုံးက လက်ဆောင်ရရန် ပန်းပစ်ရသည်။

ချင်လင်က ရှာမည်ကိုတန်းရွေးလိုက်ရာ နောက်ထပ်စာပေါ်လာသည်:

(နတ်ဘုရားမတောင်ဆီသွားပါ။ နတ်ပန်းပေါ်နေပြီ!)

ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကို နတ်ဘုရားမတောင်သွားစေသည်။ မကြာခင် တောင်ထိပ်ပေါ်တွင် ထူးထူးခြားခြားငါးရောင်စပ်ပန်းကိုတွေ့သည်။

ငါးရောင်စပ်ပန်းက အလွန်ထူးခြားသည်။ အရင်ကနတ်ဘုရားမတောင်ပေါ်မှာမတွေ့ဖူးသလို အသစ်လည်းမထွက်ခဲ့။ သူ့ဇာတ်ကောင်ကိုကောက်ခိုင်းလိုက်ရာ သူထင်ထားတဲ့အတိုင်း အသိပေးစာပေါ်လာသည်။

(ငါးရောင်စပ်နတ်ဘုရားမပန်းခူးလိုက်ပါပြီ။ ပန်းအရောင်များလေလေ နတ်ဘုရားမကသဘောကျလေလေဖြစ်သည်။ အခုနတ်ဘုရားမကိုပူဇော်ရန် နတ်ဘုရားမစမ်းထဲနတ်ပန်းပစ်နိုင်ပါပြီ။ ရှေ့လျှောက် နတ်ဘုရားမတောင်ပေါ်တွင် နတ်ပန်းများကျပန်းပေါ်ပါမည်!)

အသိပေးစာဖတ်ပြီး ချင်လင်ကငါးရောင်စပ်နတ်ပန်းယူကာ နတ်ဘုရားမစမ်းဆီသွားလိုက်သည်။

နတ်ဘုရားမစမ်းက နွေဦးသတ္တုတွင်းနားရှိသည်။ ရေပူစမ်းနားတွင် သီးခြားအဆောက်အဦးများရှိပြီး ဘေးတွင်ရှိသောစမ်းက နတ်ဘုရားမစမ်းဖြစ်သည်။

နတ်ဘုရားမစမ်းတွင် နတ်ဘုရားမရုပ်ထုရှိသည်။ သို့သော် အရင်ကသူလာတိုင်း ဒီရုပ်ထုကိုမမြင်။ နတ်ဘုရားမဇာတ်ကွက်မထွက်သေး၍ဖြစ်မည်။

ဒီတစ်ကြိမ်တွင် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားစမ်းဆီထပ်သွားစေရာ စမ်းနားတွင်ပေါ်နေသောနတ်ဘုရားမရုပ်ထုကိုတွေ့သည်။ သူ့ဂိမ်းဇာတ်ကောင်ကိုအိတ်ထဲမှငါးရောင်စပ်ပန်းထုတ်စေပြီး နတ်ဘုရားမစမ်းထဲပစ်လိုက်သည်။

ခဏအကြာ နတ်ဘုရားမရုပ်ထုက ထူးထူးခြားခြားလင်းလာ၏။ အလင်းရောင်ပျောက်သည်နှင့် အသံထွက်လာသည်။

(လက်ဆောင်အတွက်ကျေးဇူးပါ... ဒီပန်းတွေ တကယ်သဘောကျတယ်... သင့်ကိုလက်ဆောင်ပေးပါမယ်!)

ထို့နောက် နတ်ဘုရားမစမ်းထဲလက်ဆောင်သေတ္တာတစ်လုံးမျောလာပြီး ဂိမ်းဇာတ်ကောင်လက်ထဲရောက်လာသည်။

(နတ်ဘုရားမရတနာသေတ္တာရတဲ့အတွက် ဂုဏ်ယူပါတယ်... သေတ္တာဖွင့်ပြီး နတ်ဘုရားမဆီမှကျပန်းလက်ဆောင်တစ်ခုရပါမယ်!)

ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်ကိုရတနာသေတ္တာဖွင့်စေသည်။ ခဏအကြာ နောက်ထပ်စာပေါ်လာ၏။

(ဂုဏ်ယူပါတယ်... နတ်ဘုရားမရတနာသေတ္တာဖွင့်ပြီး မျောကျောက်ရပါပြီ!)

"ဒီပစ္စည်းက...''

အသိပေးစာမြင်ပြီး ချင်လင်မျက်လုံးအရောင်တောက်သွားသည်။ ဒီပစ္စည်းက ဂိမ်းထဲမှာ စိတ်ကူးယဉ်ဆန်သည်။

ဂိမ်းပုံစံအဟောင်းထဲတွင် ဒီပစ္စည်းက အရည်အချင်းစသည်တို့ကို ဂိမ်းဇာတ်ကောင်နားလည်အောင်လုပ်ပေးနိုင်စွမ်းရှိသည်။

ထိုအရည်အချင်းများတွင် ဟင်းချက်လက်ရာနှင့်မျိုးစေ့ပျိုးထောင်သောအရည်အချင်းများပါသည်။ ပုံစံအသစ်မှာ ဒီလိုအာနိသင်မျိုးရှိမရှိ သူမသိခြင်းသာ။

ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေပြီး မျောကျောက်ထုတ်လိုက်သည်။

မျောကျောက်မှာကြီးလွန်းသဖြင့် ဂိမ်းဇာတ်ကောင်ခါးနားရောက်တော့မည်။

သူကချက်ချင်း ရုံးခန်းတံခါးပိတ်ပြီး ဂိမ်းထဲဝင်လိုက်သည်။

ထို့နောက် မျောကျောက်မှတ်ချက်ကိုကြည့်လိုက်သည်:

(မျောကျောက်: နတ်ဘုရား!)

(နတ်ဘုရားမတောင်မှနတ်ဘုရား၏လက်ဆောင်ဖြစ်သည်။ လရောင်ရှိသောပတ်ဝန်းကျင်တွင် အထူးအာနိသင်ရှိသည်:

လုပ်ငန်းတစ်ခု၏ထိပ်ပိုင်းရောက်နေသောအခါ မျောကျောက်အလင်းရောင်အောက်တွင် အထူးနားလည်ခြင်း +၃၊ ထွင်းဖောက်သိမြင်ခြင်း +၃!)

( ကန့်သတ်ချက်များ:

(၁။ ရေစီးရှိသောနေရာကိုရွေးရမည်။ ရွေးချယ်ပြီးနောက် အာနိသင်ပြလိမ့်မည်။ တခြားနေရာတွင် ထိရောက်မည်မဟုတ်။)

(၂။ ရေတွင် နတ်ဘုရားမစမ်း သယံဇာတများပါဖို့လိုသည်။ သယံဇာတများကုန်သွားပါက ထိရောက်မည်မဟုတ်!)

"သော*က်! သော*က်!''

မျောကျောက်မှတ်ချက်ကိုမြင်ပြီး ချင်လင်ထဆဲသည်။

ဒီပစ္စည်းက ဂိမ်းနှင့်မတူ။ အရင်ဂိမ်းထက်ပိုကောင်းသည်။

'တာအိုကျောက်'ဟူသော တချို့စိတ်ကူးယဉ်ဝတ္ထုများနှင့်တူသည်။

အစ်ကိုလီရဲ့အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်တာက တန့်နေတယ်မလား? ဒီမျောကျောက်က သူ့အတွက်အထောက်အကူဖြစ်မလား?

သုံးဖို့ကန့်သတ်ချက်များနေခြင်းသာ။ ပထမအနေနှင့် နယ်ပယ်တစ်ခုရှိထိပ်တန်းလူများကိုကျော်ဖြတ်နိုင်မှသာ အာနိသင်ပြမည်။

နောက်ပြီး တခြားအာနိသင်နှစ်ခုက သူနှင့်ဆက်စပ်နေပုံရသည်။ သဘောက ဒီနေရာမှာသာသုံးနိုင်ပြီး တခြားနေရာမှာသုံးမရ။

မျောကျောက်ကိုအဝေးယူသွားရင်တောင် နတ်ဘုရားမစမ်းရေပါဖို့လိုသေးသည်။

ဒါကဂိမ်းထဲမှာသာရှိသောအရာပင်။

All Chapters