အံ့ဖွယ်အာနိသင်!
Vol. 55 Ch. 816
ချင်လင်က မျောကျောက်အာနိသင်ကိုဖတ်ပြီး လုံးဝပစ္စည်းကောင်းမှန်းသိလိုက်သည်။
အထူးသဖြင့် ဒီပစ္စည်းကသူနှင့်ဆက်နေသည်။ နေရာရွေးပြီးသည်နှင့် တခြားနေရာမှာမသုံးနိုင်တော့။ သူနေရာရွေးထားရင်တောင် နတ်ဘုရားမစမ်းရေမရှိဘဲမသုံးနိုင်ပေ။
အခုချင်လင်က မျောကျောက်ကိုအပန်းဖြေစံအိမ်မှာထားချင်သည်။
မျောကျောက်ကသေးသေးမဟုတ်။ ဇာတ်ကောင်၏ခါးအထိရှည်သည်။
လက်တွေ့တွင် သူ့ခါးအထိရှည်ပြီး အနည်းဆုံးပေါင် ၃၀၀ လောက်ရှိသည်။
နောက်ပြီး နတ်ဘုရားမစမ်းရေပါသောကြောင့် ရေကန်ဆောက်ရမည်။ မျောကျောက်ကိုရေကန်အလယ်တွင်ထားပြီး စမ်းရေဖြည့်ရမည်။
ထိုအတွေးနှင့် ချင်လင်ကဂိမ်းထဲမှထွက်ပြီး ဖုန်းထုတ်ကာ ချန်ရိကျန်းနှင့်စွန်းမင်ကိုဆက်လိုက်သည်။
"သူဌေးချင်... ဖုန်းဆက်တဲ့အတွက် ဝမ်းသာမိပါတယ်... ဘာလုပ်ပေးရမလဲ?''
ဖုန်းထဲမှ စွန်းမင်၏အားတက်သရောအသံထွက်လာသည်။
သူ့အတွက်တော့ ချင်လင်ဖုန်းဆက်တာ ဂုဏ်ယူစရာပင်။
မသိလိုက်မသိဘာသာနှင့် သူဌေးချင်က ရုံချန်းသားတိုင်းမျှော်လင့်ရာပြယုဂ်တစ်ခုဖြစ်လာသည်။
ချင်လင်လည်း သူ့ရည်ရွယ်ချက်ကိုတန်းပြောပြသည်_
"ဒါရိုက်တာစွန်း... ကျွန်တော့အပန်းဖြေစံအိမ်မှာ ပြင်ဆင်ချင်တာလေးတွေရှိလို့... လူနည်းနည်းလောက်လွှတ်ပေးပါလား?''
စွန်းမင်ကနားထောင်ပြီး ချက်ချင်းကတိပေးလိုက်သည်_
"သူဌေးချင်... မပူပါနဲ့... ကျွန်တော်လွှတ်ပေးပါမယ်''
မကြာမီ လူတစ်စုကိုစွန်းမင်ကိုယ်တိုင်ဦးဆောင်ပြီး ချင်းလင်အပန်းဖြေစံအိမ်ရောက်လာသည်။ သူကချင်လင်ကိုတန်းရှာပြီးမေးသည်_
"သူဌေးချင်... ခင်ဗျားပြင်ဆင်ချင်တဲ့နေရာမှာလုပ်ချင်တာတွေကို ကျွန်တော်ကိုယ်တိုင်နားထောင်ပါမယ်''
ထိုအချိန်တွင် စွန်းမင်မှာ ရုံချန်းပထမဆောက်လုပ်ရေး၏သူဌေးနှင့်လုံးဝမတူဘဲ တောက်တိုမယ်ရကောင်လေးနှင့်တူနေသည်။
တခြားသူများက သူဌေးချင်အတွက်လက်တိုလက်တောင်းလုပ်ခွင့်မရတာတောင်ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အခုတလော ရေပူစမ်းဆေးမှုန့်ကိုသူစိတ်ဝင်စားနေသည်။ ဒီထုတ်ကုန်ဘယ်လောက်နာမည်ကြီးလဲမပြောနှင့်တော့။
သန်း ၅၀ သောထိပ်ပြောင်များက ရောင်းအားသန်း ၃၀ ရအောင်ဖြည့်ပေးလိမ့်မည်ဟု သူတွက်မိသည်။
ဆံပင်ကျွတ်သူ သန်း ၄၆၀ က တစ်လ ၁၀ ထုပ်ပဲဝယ်ရင်တောင် ဘီလီယံ ၂၃၀ ဖိုးရောင်းရမည်။
ဒီလူတွေက သူတို့ကိုယ်သူတို့ဂရုစိုက်ရန် ကုန်တာနှင့်သေချာပေါက်ထပ်ဝယ်လိမ့်မည်။
နောက်ပြီး ဆံပင်ပြဿနာမရှိသူကလည်း ကြိုတင်ကာကွယ်သည့်အနေနှင့်ဝယ်ကြလိမ့်မည်။ ပြီးတော့ ချင်းလင်အစားအသောက်ကုမ္ပဏီမှ ဖျော်ရည်၊ ခရမ်းချဉ်ဆော့၊ ချင်းလင်စံအိမ်နှင့် ချင်းလင်ဓာတ်ခွဲခန်းတွေရှိသည်။
သူဌေးချင်ရဲ့ကြွယ်ဝမှုက မကြာမီ စာရင်းမရှိသောလုပ်ငန်းတွင်အချမ်းသာဆုံး၊ ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာနိုင်သည်။
အချမ်းသာဆုံးလူအတွက်တောက်တိုမယ်ရလုပ်တာ ရှက်စရာလား?
မဟုတ်။ ဒါဂုဏ်ယူစရာ။ သူများတွေကိုကြွားလို့တောင်ရသည်။
ချင်လင်လည်း စွန်းမင်ကိုအပန်းဖြေစံအိမ်ပန်းခြံထဲခေါ်လာပြီး_
"ဒါရိုက်တာစွန်း... ဒီပန်းခြံကို စမ်းရေပုံစံပြောင်းဖို့စီစဉ်နေတာ... ထူးထူးခြားခြားအလှကျောက်တုံးတွေလည်းထားချင်တယ်''
ချင်လင်ကအတိုချုံးပြောပြရာ စွန်းမင်ကဘယ်လိုလုပ်ရမလဲသဘောပေါက်သွားသည်။ ထို့နောက် သူ့လူများကိုအလုပ်စစေ၏။
တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်ဟောင်နှင့် တော်ဝင်ပညာရှင်လင်းတို့ကလျှောက်လာပြီး စွန်းမင်တို့အလုပ်လုပ်နေသည်ကိုမြင်သွားသည်။ သူတို့ကဇဝေဇဝါနှင့်ရပ်လိုက်သည်။
"သူဌေးချင်... ပန်းခြံကိုပြန်ပြင်ချင်လို့လား?''
တော်ဝင်ပညာရှင်လီကမေးသည်။ သူ့မျက်စိထဲတွင် ပန်းခြံထဲရှိသစ်ပင်ပန်းမန်များကပြီးပြည့်စုံသည်။
ချင်လင်ကပြုံးပြီး_
"ကျွန်တော် ထူးထူးဆန်းဆန်းကျောက်တုံးရထားလို့ပါ... လရောင်အောက်မှာအလင်းရောင်ထွက်တာ... ညပုလဲနဲ့အတူတူပဲ''
တော်ဝင်ပညာရှင်လီကပြုံးပြုံးနှင့်_
"ညလင်းပုလဲမှမဟုတ်ပါဘူး... မီးတောင်ကျောက်တွေလည်း ညမှာလင်းတယ်... ညလင်းတဲ့ Bolonia ကျောက်နဲ့ သန္တာဖီရှိုးတွေလည်းရှိတယ်... လင်းပုံလင်းနည်းပဲကွာတာ''
ထိုစကားကြောင့် ချင်လင်ဘာမှမသိသလိုခံစားလိုက်ရသည်။
မျောကျောက်က လရောင်ကိုစုပ်ယူပြီးအရောင်ထွက်လာရင် သူဘယ်လိုရှင်းပြရမလဲတွေးတောနေဆဲပင်။ ညလင်းတဲ့ကျောက်တွေဒီလောက်များမှန်း ဘယ်သိမလဲ? တော်ဝင်ပညာရှင်လီတို့သိပ္ပံပညာရှင်များ၏မျက်စိထဲတွင် သာမန်လိုဖြစ်နေသည်။
သူဒီအကြောင်း သိပ်တွေးစရာမလိုတော့။
စွန်းမင်၏ပြန်လည်ပြင်ဆင်ရေးအရှိန်က အလွန်မြန်သည်။ တစ်ပတ်မပြည့်ခင် ပန်းခြံကိုပြန်ပြင်ပြီးသွားသည်။
ပန်းခြံ၏အနားယူသောနေရာတွင် ဖန်တီးထားသောစမ်းချောင်းရှိသည်။ အထဲတွင်စီးဆင်းနေသောရေကို အပန်းဖြေစံအိမ်၏ရေသွယ်စနစ်နှင့်ချိတ်ဆက်ထားသော်လည်း ပြုပြင်ဆန်းသစ်ထားသည်။
ချင်လင်က ပြောင်းလဲသွားသောပုံကိုမြင်ပြီး အတော်ကျေနပ်နေသည်။ စွန်းမင်ကိုအလုပ်လွှဲထားပြီးနောက် ဂိုဒေါင်ဆီထရပ်ကားနှင့်သွားလိုက်သည်။ ထို့နောက် အတွေးနှင့်မျောကျောက်ကိုအပြင်ထုတ်ပြီး ထရပ်ကားပေါ်တင်သည်။
မျောကျောက်တင်ပြီးနောက် အပန်းဖြေစံအိမ်ဘက်ထရပ်ကားပြန်မောင်းသွားသည်။
ပေါင် ၃၀၀ မျောကျောက်ကို စွမ်းအားပင်အသီးနှစ်လုံး၏အစွမ်းနှင့်ရွှေ့နိုင်သော်လည်း မကြွားရဲ။ ယွီရွှေ့ကိုခေါ်ပြီး စမ်းချောင်းဆီရွှေ့ခိုင်းသည်။
မျောကျောက်ကို စမ်းရေအလယ်တွင်ထားလိုက်အခါ ဂိမ်းထဲမှအသိပေးစာပေါ်လာသည်။
(မျောကျောက်တည်နေရာကိုရွေးချင်ပါသလား? ရွေးပြီးပြန်မပြောင်းရပါ!)
ချင်လင်အံ့ဩသွားသည်။
ဒီလိုအခြေအနေမျိုးဖြစ်တာ ဒါပထမဆုံးဆိုသော်လည်း အတည်ပြုမည်ကိုရွေးလိုက်သည်။
မျောကျောက်ဆိုတာ ဒီနေရာမှာထားရမှာ!
(မျောကျောက်တည်နေရာရွေးပြီးပါပြီ။ ပြောင်း၍မရပါ။ မျောကျောက်အာနိသင်က တခြားနေရာမှာမပေါ်နိုင်ပါ!
လက်ရှိမျောကျောက်အာနိသင်ပြရန် လိုအပ်ချက်ရှိသည်!)
ချင်လင်ရွေးပြီးနောက် စနစ်အသိပေးသံထွက်လာပြန်သည်။
သူကတုံ့ဆိုင်းမနေဘဲ ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်အား ပုံးအလွတ်များသယ်ကာ နတ်ဘုရားမစမ်းချောင်းသွားပြီး စမ်းရေခပ်စေသည်။ ထို့နောက် စိုက်ပျိုးရေးခြံပြန်လာစေ၏။
သုံးလေးကြိမ်လုပ်ပြီးနောက် စိုက်ပျိုးရေးခြံနေရာလွတ်တွင် နတ်ဘုရားမစမ်းရေပုံး ၁၀ ပုံးကျော်ရှိလာသည်။
ဒီတစ်ခါ ချင်လင်ဒုက္ခခံစရာမလို။ အပန်းဖြေစံအိမ်အတွင်းပိုင်းသွားပြီး ဂိမ်းထဲဝင်ကာ နတ်ဘုရားမစမ်းရေယူလိုက်သည်။ ထို့နောက် သူဖန်တီးထားသောစမ်းချောင်းဆီသယ်သွားပြီးလောင်းထည့်သည်။
(မျောကျောက်လိုအပ်ချက်ပြည့်စုံပါပြီ။ လရောင်သာရင် အလင်းထွက်မည်။ အလင်းအောက်တွင် မျောကျောက်အာနိသင်ပြမည်!)
ချင်လင်က နတ်ဘုရားမစမ်းရေကိုဖန်တီးထားသောစမ်းချောင်းထဲထည့်အပြီးတွင် စနစ်အသိပေးစာထွက်လာခြင်းပင်။
တစ်နည်းဆိုသော် ညရောက်ရင် မျောကျောက်အာနိသင်ပြပြီ။
အခု ညဘက်လရောင်ထွက်ဖို့စောင့်ရုံသာ။ မျောကျောက်အာနိသင်ကို သူစမ်းကြည့်နိုင်ပြီ။ အစ်ကိုလီနှင့်စမ်းသပ်ဖို့တောင် စဉ်းစားထားသည်။
အဲဒီအချိန်ကျရင် အစ်ကိုလီကိုတမင်သက်သက်ခေါ်လာပြီး အပူချိန်နိမ့်မျိုးစိတ်သီးနှံအကြောင်း စဉ်းစားခိုင်းမည်။ ဒီကနေ တချို့တလေရချင်ရနိုင်သည်။
ဒီလိုတကယ်ဖြစ်နိုင်ရင် ရှေ့လျှောက် ချင်းလင်အပန်းဖြေစံအိမ်မှာသိပ္ပံသုတေသနတာဝန်ခံတွေအားလာဖြည့်တဲ့အခါ ညပိုင်းလာလာထိုင်ပြီး ဉာဏ်အလင်းရနိုင်သည်။
ဒါအမျိုးသားသိပ္ပံသုတေသနမှာ ပါဝင်ဆောင်ရွက်ရာမကျဘူးလား?
ချင်လင်ကတွေးလေလေ မျှော်လင့်မိလေလေပင်။
သို့သော် ညရောက်သောအခါ သူနည်းနည်းစိတ်ဓာတ်ကျသွားသည်။
ကောင်းကင်မှာတိမ်မည်းများဖုံးနေသောကြောင့် လကိုမမြင်နိုင်။
မျှော်လင့်ထားတာတွေ အလကားဖြစ်ကုန်ပြီလား?
နေ့တိုင်းတိမ်မည်းတွေရှိနေရင် လရောင်မရတာကြာသွားမည်။
သို့သော် ညပိုင်းတွင် ပန်းခြံထဲမြူနှင်းလိုအလင်းရောင်ဖြာနေသောကြောင့် သူအံ့ဩသွားသည်။ သူ့ပတ်ဝန်းကျင်ကိုငုံပြီး သစ်ပင်များကိုတောင်လွှမ်းခြုံထားသည်။
ထူးခြားဖြစ်စဉ်ပင်။
မျောကျောက်က အစွမ်းပြနေပြီ။ လကပေါ်မလာသေး။
ချင်လင်ကနည်းနည်းထူးဆန်းသည်ဟုခံစားမိပြီး ချက်ချင်းလိုင်းပေါ်တက်ကြည့်လိုက်သည်။ မထင်မှတ်ဘဲ ဗဟုသုတရလိုက်ပြန်သည်။ လကနေ့တိုင်းထွက်ပြီး နေအလင်းရောင်မကုန်သေးသရွေ့ နေ့တိုင်းလရောင်ရှိမည်တဲ့။
သို့သော် အများအားဖြင့် လကိုတိမ်မည်းများဖုံးနေတတ်သည်။ တိမ်မည်းများက လူ၏အမြင်ကိုကွယ်ထားသည်။ လကိုမမြင်ရသော်လည်း လရောင်ကိုလုံးဝကွယ်မထားနိုင်။ ဖောက်ဝင်သောအလင်းများရှိတတ်စမြဲပင်။
နေ့လယ်ပိုင်းတွင် လရောင်ရှိသော်လည်းနေရောင်နှင့်ရောနေသောကြောင့် လရောင်ကိုလုံးဝမမြင်ရဟုတောင် အင်တာနက်ပေါ်တွင်ဆိုထားသည်။
သို့သော် လရောင်ကအမှန်ပင်ရှိသည်။
သူအသိတိုးပြန်ပြီ။
တစ်နည်းပြောရရင် သူလရောင်ကိုမမြင်ရပေမဲ့ လရောင်ကရှိသည်။ မျောကျောက်က လရောင်အများကြီးမလို၊ လရောင်ဖြစ်ဖို့သာလိုကြောင်း သိသာသည်။
ချင်လင်က စမ်းချောင်းနားအမြန်လျှောက်သွားရာ မျောကျောက်၏အလင်းဖျော့ဖျော့က သူ့ကိုယ်ပေါ်ကျလာသည်။
ထိုအလင်းရောင်အောက်တွင် အလွန်နေသာထိုင်သာရှိသည်။
သို့ရာတွင် ချင်လင်မှာလရောင်အောက်အကြာကြီးနေသော်လည်း အထူးဉာဏ်ပွင့်ခြင်း၊ အရည်အချင်းတက်ခြင်းများမရှိ။ သူ့စိတ်ထဲမှဟင်းချက်နည်းအမျိုးမျိုးနှင့်ဆေးဖော်နည်းများကိုတွေးကြည့်သော်လည်း အလုပ်မဖြစ်ပေ။
ဒီဟင်းချက်တဲ့အပိုင်းမှာ သူကအတော်ဆုံးတစ်ယောက်ဟုဆိုနိုင်သည်။
အခုဘာအာနိသင်မှမပြတာ အရည်အချင်းတွေကစနစ်ကရတာနဲ့ဆက်စပ်နေလို့လား?
ထို့ကြောင့် သူကပန်းခြံအပြင်ပြန်ထွက်လာပြီး အစ်ကိုလီကိုဖုန်းဆက်ခေါ်ကာ စမ်းကြည့်မည်။
မျောကျောက်၏အလင်းကို အပန်းဖြေစံအိမ်ထဲမှတခြားသူများ မြန်မြန်ဆန်ဆန်သတိထားမိသွားသည်။
ပထမဆုံးက ဝန်ဆောင်မှုပေးသောဝန်ထမ်းများပင်။ မျောကျောက်မှထွက်သောအလင်းရောင်ကိုမြင်ပြီး အတော်အံ့ဩနေကြသည်။
ဘာပဲဖြစ်ဖြစ် သူတို့ကဗဟုသုတနည်းသောသာမန်လူများပင်။
တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်ဟောင်နှင့် တော်ဝင်ပညာရှင်လင်းတို့က မနေနိုင်ဘဲ ပန်းခြံထဲလျှောက်လာကြသည်။
ချင်လင်က ညလင်းကျောက်ရထားမှန်းသိသော်လည်း အလင်းကဒီလောက်ထွက်မည်မထင်မိ။
ပြီးတော့ ပန်းခြံတဝက်ကျော်ကျော်ကိုဖုံးလွှမ်းထားသည်။
ပတ်ဝန်းကျင်မြူဆိုင်းနေသောမြင်ကွင်းက တကယ်လှသည်။
ဆရာကြီးဝူခိုင်လည်း မျောကျောက်မြင်ကွင်းကိုတွေ့သွားသည်။ တစ်နေရာလုံးကိုမျောကျောက်အလင်းလွှမ်းခြုံထားပုံကြောင့် သူ့မျက်လုံးများဝင်းလက်သွား၏။
ပန်းချီဆရာတစ်ဦးအနေနှင့် တမူထူးခြားသောအနုပညာအယူအဆကိုမြင်မိသည်။
ဒီအတောအတွင်း ချင်းလင်အပန်းဖြေစံအိမ်ထဲတွင် ပန်းချီကားအများကြီးဆွဲပြီး စိတ်ကူးစိတ်သန်းများလည်းရသည်။
အခု အရင်ကလုံးဝမမြင်ဖူးသော သူ့ရှေ့ကမြင်ကွင်းကိုကြည့်ရင်း ပုံဆွဲကြည့်ချင်စိတ်ပေါက်လာ၏။
ထို့ကြောင့် ဘုတ်ပြားယူပြီး အပန်းဖြေစံအိမ်ပန်းခြံဘက်ခြေဦးလှည့်လိုက်သည်။ စမ်းချောင်းနားရောက်သောအခါ ဘုတ်ပြားချလိုက်သည်။
သို့သော် သူပုံစဆွဲမည်အပြုတွင် သူ့စိတ်ထဲ၌ လျှပ်တပြတ်အတွေးပေါ်လာသည်။ သူ့ကိုယ်ပိုင်ပန်းချီလက်ရာအပေါ် အမြင်တချို့ရလာသည်ထင်သည်။
သူ့ကိုတောက်လျှောက်ဒုက္ခပေးနေသော ပန်းချီလက်ရာနှင့်အနုပညာပြဿနာက ရုတ်တရက်အလင်းရသွားသလိုပင်။
သူယုံရခက်ခက်ဖြစ်သွားသည်။
သူ့ပန်းချီလက်ရာက ထင်တိုင်းမပေါက်တာကြာခဲ့ပြီ။ ဒီနေရာကိုဝင်လိုက်တဲ့ခဏမှာ ဒီမြင်ကွင်းကိုဆွဲချင်သွားမည်ဟုမထင်မိ။ အမှန်ပင်ဉာဏ်ပွင့်ပြီး ကျော်ဖြတ်နိုင်တော့မည်။
သူကချက်ချင်းပင် သူ့ဘုတ်ပြားကိုထောင်ပြီးဆင်လိုက်သည်။ ပတ်ဝန်းကျင်မြင်ကွင်းကိုကြည့်ပြီးနောက်တွင် ပန်းချီစဆွဲတော့လေသည်။